Premier League

အာဆင်နယ်ဟာ တခြားအသင်းတွေနဲ့နှိုင်းယှဉ်ရင် အဆင့်နိမ့်နေရတာ ဘာကြောင့်ဆိုတာ ဝေဖန်လိုက်တဲ့ ဂယ်ရီ နဗီး

အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် စမစ် ရိုးက အက်စ်တန် ဗီလာကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး အာဆင်နယ်အဝတ်လဲခန်းထဲက ခေါင်းဆောင် ၃ ဦးကို ပြောပြခဲ့ပေမယ့် ဂယ်ရီ နဗီးကတော့ ကွဲပြားခြားနားတဲ့ အမြင်ရှိနေတာဖြစ်ပါတယ်။

စမစ် ရိုးက အသင်းခေါင်းဆောင် အူဘာမီယန်းနဲ့ ဗဟိုခံစစ်ကစားသမား ၂ ဦးဖြစ်တဲ့ ဂါဘရီယယ်လ်နဲ့ ဘန် ဝှိုက်တို့ဟာ အဝတ်လဲခန်းအတွင်းက ခေါင်းဆောင်တွေဖြစ်ကြတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဂယ်ရီ နဗီးက အဲဒီကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပေမယ့် တခြားပရီးမီးယားလိဂ်အသင်းတွေက ကစားသမားတွေနဲ့ယှဉ်ရင် အဆင့်နိမ့်နေတယ်လို့ ပြောကြားခဲ့ပြီး ချဲလ်ဆီး၊ လီဗာပူးလ်၊ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ လူစာရင်းဲမှာ အာဆင်နယ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ ခေါင်းဆောင်တွေ ရှိတဲ့အကြောင်းကို ထပ်လောင်းပြောကြားခဲ့တာဖြစ်ပါတယ်။

“ရိုးရိုးသားသားပြောရရင် ခေါင်းဆောင် အနည်းငယ်ရှိနေပါတယ်။ အသင်းခေါင်းဆောင် အူဘာမီယန်းက အမြဲတမ်း စကားပြောတယ်။ ဂါဘရီယယ်လ်နဲ့ ဘန်တို့ကလည်း အတူတူပါပဲ။ ကျွန်တော်တို့က အတူတူဆိုရင် တောင့်တင်းတဲ့အစုအဖွဲ့လို့ ခံစားရပြီး ကျွန်တော်တို့အတူတူ ကစားရင် တကယ်ကို ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ အမြဲတမ်း တစ်ယောက်နဲ့တစ်ယောက် ကွင်းတွင်းမှာရော ကွင်းပြင်ပမှာပါ ကူညီနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ အဲဒါက တကယ်ပဲ စတင်ပြီး ပြသနေပါပြီ”

“ဒီလို အတွေ့အကြုံရင့်တဲ့ကစားသမားတွေနဲ့ ကစားရတာက အချိန်တော်တော်များများမှာ နည်းနည်း ထူးဆန်းပေမယ့် ကျွန်တော်တို့အတူတူ ကွင်းထဲကို ခြေချတဲ့အခါမှာ အရမ်းကောင်းမွန်ပြီး အပြန်အလှန် နားလည်မှုက တကယ်ကို တစုတစည်းတည်းဖြစ်သွားသလို ခံစားရပါတယ်”လို့ စမစ် ရိုးက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂယ်ရီ နဗီးကတော့ စမစ် ရိုးရဲ့ပြောကြားချက်ကို “သူတို့မှာ တကယ်ကို ထူးချွန်တဲ့စီနီယာကစားသမားတွေ မရှိပါဘူး။ လာကာဇက်၊ အူဘာမီယန်း၊ ဂါဘရီယယ်လ်တို့က ဒီနေ့ညမှာ အရမ်းကောင်းခဲ့ကြပေမယ့် သူတို့တွေက လိဂ်ရဲ့ထိပ်ဆုံးမှာရှိနေတဲ့ တခြားအသင်းတွေအချို့က ထူးချွန်တဲ့ခေါင်းဆောင်တွေနဲ့ယှဉ်ရင် အဆင့်နိမ့်နေပါတယ်။ အဲဒါက သူတို့အတွက် ပြဿနာပဲ”

“သူတို့တွေက ကစားသမားကောင်းတွေပါ။ အဲဒါနဲ့ပတ်သက်ပြီး ဘာမှပြဿနာမရှိပါဘူး။ ဒါပေမယ့် ခင်ဗျား ဇယားထိပ်နားမှာရှိနေတဲ့ တခြားအသင်းတွေကို ကြည့်လိုက်ရင် သူတို့မှာ နေရာအလိုက် လုံးဝ ထိပ်တန်းဖြစ်နေတဲ့ ကစားသမားတွေ ရှိနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းနည်းပြ အာတီတာက အက်စ်တန် ဗီလာနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့တဲ့ စမစ် ရိုးရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ ရင့်ကျက်ဖွံ့ဖြိုးလာနေပေမယ့် တခြားနေရာတွေမှာလည်း တိုးတက်အောင်လုပ်ဖို့ လိုအပ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ စမစ္ ရိုးက အက္စ္တန္ ဗီလာကို ၃-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီး အာဆင္နယ္အဝတ္လဲခန္းထဲက ေခါင္းေဆာင္ ၃ ဦးကို ေျပာျပခဲ့ေပမယ့္ ဂယ္ရီ နဗီးကေတာ့ ကြဲျပားျခားနားတဲ့ အျမင္ရွိေနတာျဖစ္ပါတယ္။

စမစ္ ရိုးက အသင္းေခါင္းေဆာင္ အူဘာမီယန္းနဲ႔ ဗဟိုခံစစ္ကစားသမား ၂ ဦးျဖစ္တဲ့ ဂါဘရီယယ္လ္နဲ႔ ဘန္ ဝွိုက္တို႔ဟာ အဝတ္လဲခန္းအတြင္းက ေခါင္းေဆာင္ေတြျဖစ္ၾကတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဂယ္ရီ နဗီးက အဲဒီကစားသမားေတြရဲ့ စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးခဲ့ေပမယ့္ တျခားပရီးမီးယားလိဂ္အသင္းေတြက ကစားသမားေတြနဲ႔ယွဥ္ရင္ အဆင့္နိမ့္ေနတယ္လို႔ ေျပာၾကားခဲ့ၿပီး ခ်ဲလ္ဆီး၊ လီဗာပူးလ္၊ မန္ခ်က္စတာစီးတီးအသင္းတို႔ရဲ့ လူစာရင္းဲမွာ အာဆင္နယ္နဲ႔ ႏွိုင္းယွဥ္မယ္ဆိုရင္ ပိုမိုေကာင္းမြန္တဲ့ ေခါင္းေဆာင္ေတြ ရွိတဲ့အေၾကာင္းကို ထပ္ေလာင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ရိုးရိုးသားသားေျပာရရင္ ေခါင္းေဆာင္ အနည္းငယ္ရွိေနပါတယ္။ အသင္းေခါင္းေဆာင္ အူဘာမီယန္းက အျမဲတမ္း စကားေျပာတယ္။ ဂါဘရီယယ္လ္နဲ႔ ဘန္တို႔ကလည္း အတူတူပါပဲ။ ကၽြန္ေတာ္တို႔က အတူတူဆိုရင္ ေတာင့္တင္းတဲ့အစုအဖြဲ႕လို႔ ခံစားရၿပီး ကၽြန္ေတာ္တို႔အတူတူ ကစားရင္ တကယ္ကို ေကာင္းမြန္ပါတယ္။ ကၽြန္ေတာ္တို႔ အျမဲတမ္း တစ္ေယာက္နဲ႔တစ္ေယာက္ ကြင္းတြင္းမွာေရာ ကြင္းျပင္ပမွာပါ ကူညီနိုင္ဖို႔ ႀကိဳးပမ္းေနပါတယ္။ အဲဒါက တကယ္ပဲ စတင္ၿပီး ျပသေနပါၿပီ”

“ဒီလို အေတြ႕အၾကဳံရင့္တဲ့ကစားသမားေတြနဲ႔ ကစားရတာက အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ နည္းနည္း ထူးဆန္းေပမယ့္ ကၽြန္ေတာ္တို႔အတူတူ ကြင္းထဲကို ေျခခ်တဲ့အခါမွာ အရမ္းေကာင္းမြန္ၿပီး အျပန္အလွန္ နားလည္မႈက တကယ္ကို တစုတစည္းတည္းျဖစ္သြားသလို ခံစားရပါတယ္”လို႔ စမစ္ ရိုးက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဂယ္ရီ နဗီးကေတာ့ စမစ္ ရိုးရဲ့ေျပာၾကားခ်က္ကို “သူတို႔မွာ တကယ္ကို ထူးခၽြန္တဲ့စီနီယာကစားသမားေတြ မရွိပါဘူး။ လာကာဇက္၊ အူဘာမီယန္း၊ ဂါဘရီယယ္လ္တို႔က ဒီေန႔ညမွာ အရမ္းေကာင္းခဲ့ၾကေပမယ့္ သူတို႔ေတြက လိဂ္ရဲ့ထိပ္ဆုံးမွာရွိေနတဲ့ တျခားအသင္းေတြအခ်ိဳ႕က ထူးခၽြန္တဲ့ေခါင္းေဆာင္ေတြနဲ႔ယွဥ္ရင္ အဆင့္နိမ့္ေနပါတယ္။ အဲဒါက သူတို႔အတြက္ ျပႆနာပဲ”

“သူတို႔ေတြက ကစားသမားေကာင္းေတြပါ။ အဲဒါနဲ႔ပတ္သက္ၿပီး ဘာမွျပႆနာမရွိပါဘူး။ ဒါေပမယ့္ ခင္ဗ်ား ဇယားထိပ္နားမွာရွိေနတဲ့ တျခားအသင္းေတြကို ၾကည့္လိုက္ရင္ သူတို႔မွာ ေနရာအလိုက္ လုံးဝ ထိပ္တန္းျဖစ္ေနတဲ့ ကစားသမားေတြ ရွိေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းနည္းၿပ အာတီတာက အက္စ္တန္ ဗီလာနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ဂိုးသြင္းယူနိုင္ခဲ့သလို ဂိုးဖန္တီးမႈလည္း ျပဳလုပ္နိုင္ခဲ့တဲ့ စမစ္ ရိုးရဲ့ စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးခဲ့ၿပီး အသက္ ၂၁ ႏွစ္အရြယ္ကစားသမားဟာ ရင့္က်က္ဖြံ့ၿဖိဳးလာေနေပမယ့္ တျခားေနရာေတြမွာလည္း တိုးတက္ေအာင္လုပ္ဖို႔ လိုအပ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.