Premier League

ဆိုးလ်ရှားက သူ့ကိုယ်သူ ဖာဂီထင်နေတယ်လို့ စွပ်စွဲခဲ့တဲ့ လီဗာပူးလ်ပရိသတ်များ

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဘရူနို ဖာနန်ဒက်စ်ဟာ ဒဏ်ရာပြဿနာကြောင့် လီဗာပူးလ်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပါဝင်ကစားပေးနိုင်မှာမဟုတ်ဘူးလို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးလ်အသင်း ပရိသတ်တွေက အဲဒီသတင်းကို တစ်စက်လေးမှ ယုံကြည်ခြင်းမရှိကြဘဲ နော်ဝေလူမျိုးနည်းပြဟာ စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုခဲ့ကြပါတယ်။ ယာဂန် ကလော့ပ်ရဲ့ လီဗာပူးလ်ဟာ တနင်္ဂနွေနေ့ညနေမှာ ပရီးမီးယားလိဂ်အဓိကပြိုင်ဘက်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ရင်ဆိုင်ဖို့အတွက် အိုးထရက်ဖို့ဒ်ကို လာရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆိုးလ်ရှားက တနင်္ဂနွေနေ့ပွဲစဉ်မတိုင်မီ ပေါ်တူဂီ ကွင်းလယ်ဖန်တီးရှင်နဲ့ပတ်သက်ပြီး ကြီးမားတဲ့ မေးခွန်းထုတ်မှုတွေ ဖြစ်လာအောင် ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို ရောက်ရှိခဲ့ချိန်ကတည်းက အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ခဲ့သူဖြစ်ပါတယ်။

သာမန်အားဖြင့် ဘရူနို ဖာနန်ဒက်စ် ပွဲထွက်လူစာရင်းမှာ မပါဝင်ခြင်းက နောက်ဆုံး ပရီးမီးယားလိဂ် ၃ ပွဲစလုံးမှာ အနိုင်မရရှိခဲ့တဲ့ ယူနိုက်တက်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာမှာဖြစ်ပါတယ်။ အဲဒီလို ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လီဗာပူးလ်ပရိသတ်တွေကတော့ ဒီသတင်းတွေကို ယုံကြည်ခြင်းမရှိဘဲ ဆိုးလ်ရှားဟာ ၎င်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဖာဂီ ကိန်းအောင်းနေတယ်လို့ ထင်မြင်ယူဆနေတာဖြစ်ကြောင်း စွပ်စွဲခဲ့ကြပါတယ်။

“ဟားဟား။ အိုလေက သူ့ကိုယ်သူ ဖာဂီလို့ ထင်နေတာ”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး “စိတ်ဓာတ်စစ်ဆင်ရေးပေါ့ ဟားဟား။ သူက ကြံ့ခိုင်မှု တစ်ဝက်ပဲရှိတဲ့ မက်ဂွိုင်းယားကိုတောင် ၂ ပွဲဆက်တိုက် ကစားစေခဲ့တာလေ”လို့ နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၅၉ ပွဲမှာ သွင်းဂိုး ၃၀ နဲ့ ဂိုးဖန်တီးမှု အကြိမ် ၂၀ ပြုလုပ်ပေးခဲ့တဲ့ကစားသမားဖြစ်ပြီး ကွင်းလယ်တိုက်စစ်ကစားသမားတစ်ယောက်အတွက် မယုံနိုင်ဖွယ် ကိန်းဂဏန်းတွေဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့် မပါဝင်မှုက လီဗာပူးလ်အတွက် သတင်းကောင်းလို့ ဆိုရမှာဖြစ်ပြီး ယာဂန် ကလော့ပ်အတွက်လည်း စိတ်ကျေနပ်စရာဖြစ်လိမ့်မယ်ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန် ရရှိထားပြီး အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်မှာ နိုင်ပွဲရရှိမယ့်အသင်းအဖြစ် ရေပန်းအစားဆုံးဖြစ်နေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားက ဘ႐ူနို ဖာနန္ဒက္စ္ဟာ ဒဏ္ရာျပႆနာေၾကာင့္ လီဗာပူးလ္အသင္းနဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္အတြက္ ပါဝင္ကစားေပးနိုင္မွာမဟုတ္ဘူးလို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း လီဗာပူးလ္အသင္း ပရိသတ္ေတြက အဲဒီသတင္းကို တစ္စက္ေလးမွ ယုံၾကည္ျခင္းမရွိၾကဘဲ ေနာ္ေဝလူမ်ိဳးနည္းျပဟာ စိတ္ဓာတ္စစ္ဆင္ေရး ျပဳလုပ္ဖို႔ ႀကိဳးပမ္းေနတာျဖစ္တယ္လို႔ စြပ္စြဲ ေျပာဆိုခဲ့ၾကပါတယ္။ ယာဂန္ ကေလာ့ပ္ရဲ့ လီဗာပူးလ္ဟာ တနဂၤေႏြေန႔ညေနမွာ ပရီးမီးယားလိဂ္အဓိကၿပိဳင္ဘက္ျဖစ္တဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းကို ရင္ဆိုင္ဖို႔အတြက္ အိုးထရက္ဖို႔ဒ္ကို လာေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဆိုးလ္ရွားက တနဂၤေႏြေန႔ပြဲစဥ္မတိုင္မီ ေပၚတူဂီ ကြင္းလယ္ဖန္တီးရွင္နဲ႔ပတ္သက္ၿပီး ႀကီးမားတဲ့ ေမးခြန္းထုတ္မႈေတြ ျဖစ္လာေအာင္ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ၿပီး ဖာနန္ဒက္စ္ဟာ ယူနိုက္တက္ကို ေရာက္ရွိခဲ့ခ်ိန္ကတည္းက အေရးႀကီးတဲ့အစိတ္အပိုင္းျဖစ္ခဲ့သူျဖစ္ပါတယ္။

သာမန္အားျဖင့္ ဘ႐ူနို ဖာနန္ဒက္စ္ ပြဲထြက္လူစာရင္းမွာ မပါဝင္ျခင္းက ေနာက္ဆုံး ပရီးမီးယားလိဂ္ ၃ ပြဲစလုံးမွာ အနိုင္မရရွိခဲ့တဲ့ ယူနိုက္တက္အတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ျဖစ္လာမွာျဖစ္ပါတယ္။ အဲဒီလို ျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ လီဗာပူးလ္ပရိသတ္ေတြကေတာ့ ဒီသတင္းေတြကို ယုံၾကည္ျခင္းမရွိဘဲ ဆိုးလ္ရွားဟာ ၎ရဲ့ ခႏၶာကိုယ္ထဲမွာ ဖာဂီ ကိန္းေအာင္းေနတယ္လို႔ ထင္ျမင္ယူဆေနတာျဖစ္ေၾကာင္း စြပ္စြဲခဲ့ၾကပါတယ္။

“ဟားဟား။ အိုေလက သူ႔ကိုယ္သူ ဖာဂီလို႔ ထင္ေနတာ”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ၿပီး “စိတ္ဓာတ္စစ္ဆင္ေရးေပါ့ ဟားဟား။ သူက ႀကံ့ခိုင္မႈ တစ္ဝက္ပဲရွိတဲ့ မက္ဂြိဳင္းယားကိုေတာင္ ၂ ပြဲဆက္တိုက္ ကစားေစခဲ့တာေလ”လို႔ ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

ဘ႐ူနို ဖာနန္ဒက္စ္ဟာ မန္ခ်က္စတာယူနိုက္တက္အသင္းအတြက္ ပရီးမီးယားလိဂ္ပြဲစဥ္ ၅၉ ပြဲမွာ သြင္းဂိုး ၃၀ နဲ႔ ဂိုးဖန္တီးမႈ အႀကိမ္ ၂၀ ျပဳလုပ္ေပးခဲ့တဲ့ကစားသမားျဖစ္ၿပီး ကြင္းလယ္တိုက္စစ္ကစားသမားတစ္ေယာက္အတြက္ မယုံနိုင္ဖြယ္ ကိန္းဂဏန္းေတြျဖစ္ပါတယ္။

ေပၚတူဂီၾကယ္ပြင့္ မပါဝင္မႈက လီဗာပူးလ္အတြက္ သတင္းေကာင္းလို႔ ဆိုရမွာျဖစ္ၿပီး ယာဂန္ ကေလာ့ပ္အတြက္လည္း စိတ္ေက်နပ္စရာျဖစ္လိမ့္မယ္ဆိုတာ သံသယ ျဖစ္စရာမရွိပါဘူး။ လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္ပြဲစဥ္ ၁၈ ပြဲဆက္တိုက္ ရႈံးပြဲမရွိ စံခ်ိန္ ရရွိထားၿပီး အိုးထရက္ဖို႔ဒ္မွာ ယွဥ္ၿပိဳင္ကစားမယ့္ ပြဲစဥ္မွာ နိုင္ပြဲရရွိမယ့္အသင္းအျဖစ္ ေရပန္းအစားဆုံးျဖစ္ေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.