La Liga Premier League Transfer News

ဘာစီလိုနာနဲ႔ ဆီမီဒိုအတြက္ အလဲအထပ္မရဘဲ ေျပာင္းေရႊ႕ေၾကးေပးရမယ့္ မန္စီးတီး

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဘာစီလိုနာအသင္းကေန ေရာင္းခ်မယ့္ ေနာက္ခံလူ နယ္လ္ဆင္ ဆီမီဒိုအတြက္ လာမယ့္အပတ္အတြင္းမွာ အေျပာင္းအေရႊ႕လုပ္ေဆာင္ႏိုင္ဖို႔ ရွိေနၿပီး သူ႕ကို ေခၚယူဖို႔ ကစားသမားအလိုက္ ရယူဖို႔ထက္ ေငြသားသက္သက္ပဲ ေပးေခ်သြားရမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

ကနဦး သတင္းေတြအရေတာ့ မန္စီးတီးနဲ႔ ဘာစီလိုနာတုိ႔ဟာ ညာေနာက္ခံလူေတြျဖစ္ၾကတဲ့ ဂ်ဳိအာအို ကန္ဆယ္လိုနဲ႔ နယ္လ္ဆင္ ဆီမီဒိုတုိ႔ကို တုိက္႐ိုက္လဲလွယ္သြားဖို႔ ရွိေနတယ္လို႔ ဆုိခဲ့ေပမယ့္ ကာတာလန္ကလပ္ဘက္က ဒီသေဘာတူညီမွဳကို ျပဳလုပ္ဖို႔ထက္ သူတုိ႔ကစားသမားကို ေရာင္းခ်သြားဖို႔ပဲ ရွိတယ္လုိ႔ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ လက္ရွိမွာေတာ့ ကိုဗစ္-၁၉ ေၾကာင့္ ခက္ခဲလာတဲ့ ဘဏၰာေရးအေျခအေနကို ေထာက္ကူေပးႏုိင္ဖို႔ ဘာစီလိုနာအသင္းအေနနဲ႔ အသက္ ၂၆ ႏွစ္အရြယ္ ေပၚတူဂီ ညာေနာက္ခံလူကို ေငြသားသက္သက္သာ ေပးေခ်ဖို႔ ေတာင္းဆုိခဲ့သလို ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္ ၃၅ သန္း သတ္မွတ္ခဲ့တာလည္းျဖစ္ပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ မန္စီးတီးဘက္က ျပန္လည္ေပးအပ္မယ့္ ကန္ဆယ္လိုကို အေရးတႀကီး အလိုမရွိဘဲ ဆာဂ်ီ ေရာ္ဘတ္တိုနဲ႔ တျခား အရန္ကစားသမားေတြက ဒီေနရာအတြက္ အသင့္ရွိေနတဲ့အျပင္ ေျပာင္းေရႊ႕ေၾကးနဲ႔ သက္သာသြားမယ့္ လစာေငြကို အလိုရွိတာေၾကာင့္ ဆီမီဒိုကို ေရာင္းခ်ဖို႔ပဲ အလိုရွိတယ္လို႔ တုံ႔ျပန္ခဲ့တာလည္းျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ေတာ့ အနည္းငယ္စဥ္းစားရခက္တဲ့ အေနအထားကို ေရာက္ရွိေနၿပီး သူတုိ႔အေနနဲ႔ ေနာက္ခံအလယ္လူ တစ္ဦးကိုလည္း ေခၚယူရဦးမွာျဖစ္လို႔ ဆီမီဒိုကိုသာ ေခၚယူခဲ့မယ္ဆုိရင္ အေျပာင္းအေရႊ႕ေဈးကြက္မွာ ဒိတ္ဒိတ္ၾကဲခံစစ္မွဴးတစ္ဦးကိုေတာ့ ထပ္မံေခၚယူဖို႔ ခက္ခဲဖြယ္ရွိေၾကာင္းလည္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: EXPRESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဘာစီလိုနာအသင်းကနေ ရောင်းချမယ့် နောက်ခံလူ နယ်လ်ဆင် ဆီမီဒိုအတွက် လာမယ့်အပတ်အတွင်းမှာ အပြောင်းအရွှေ့လုပ်ဆောင်နိုင်ဖို့ ရှိနေပြီး သူ့ကို ခေါ်ယူဖို့ ကစားသမားအလိုက် ရယူဖို့ထက် ငွေသားသက်သက်ပဲ ပေးချေသွားရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကနဦး သတင်းတွေအရတော့ မန်စီးတီးနဲ့ ဘာစီလိုနာတို့ဟာ ညာနောက်ခံလူတွေဖြစ်ကြတဲ့ ဂျိုအာအို ကန်ဆယ်လိုနဲ့ နယ်လ်ဆင် ဆီမီဒိုတို့ကို တိုက်ရိုက်လဲလှယ်သွားဖို့ ရှိနေတယ်လို့ ဆိုခဲ့ပေမယ့် ကာတာလန်ကလပ်ဘက်က ဒီသဘောတူညီမှုကို ပြုလုပ်ဖို့ထက် သူတို့ကစားသမားကို ရောင်းချသွားဖို့ပဲ ရှိတယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ကိုဗစ်-၁၉ ကြောင့် ခက်ခဲလာတဲ့ ဘဏ္ဏာရေးအခြေအနေကို ထောက်ကူပေးနိုင်ဖို့ ဘာစီလိုနာအသင်းအနေနဲ့ အသက် ၂၆ နှစ်အရွယ် ပေါ်တူဂီ ညာနောက်ခံလူကို ငွေသားသက်သက်သာ ပေးချေဖို့ တောင်းဆိုခဲ့သလို ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၃၅ သန်း သတ်မှတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ မန်စီးတီးဘက်က ပြန်လည်ပေးအပ်မယ့် ကန်ဆယ်လိုကို အရေးတကြီး အလိုမရှိဘဲ ဆာဂျီ ရော်ဘတ်တိုနဲ့ တခြား အရန်ကစားသမားတွေက ဒီနေရာအတွက် အသင့်ရှိနေတဲ့အပြင် ပြောင်းရွှေ့ကြေးနဲ့ သက်သာသွားမယ့် လစာငွေကို အလိုရှိတာကြောင့် ဆီမီဒိုကို ရောင်းချဖို့ပဲ အလိုရှိတယ်လို့ တုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းအနေနဲ့တော့ အနည်းငယ်စဉ်းစားရခက်တဲ့ အနေအထားကို ရောက်ရှိနေပြီး သူတို့အနေနဲ့ နောက်ခံအလယ်လူ တစ်ဦးကိုလည်း ခေါ်ယူရဦးမှာဖြစ်လို့ ဆီမီဒိုကိုသာ ခေါ်ယူခဲ့မယ်ဆိုရင် အပြောင်းအရွှေ့ဈေးကွက်မှာ ဒိတ်ဒိတ်ကြဲခံစစ်မှူးတစ်ဦးကိုတော့ ထပ်မံခေါ်ယူဖို့ ခက်ခဲဖွယ်ရှိကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: EXPRESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.