Premier League

အသင္းကို ဇန္နဝါရီအတြက္ ကစားသမားအေၾကြးေတာင္းခ်င္ေနတဲ့ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္

ခ်ဲလ္ဆီးအသင္းရဲ႕ အေျပာင္းအေရႊ႕ကာလႏွစ္ခုကို ေဆာင္ရြက္မွဳ ပိတ္ပင္ခံထားခဲ့ရတာကို ၿပီးခဲ့တဲ့ ေဆာင္းရာသီမွာ အယူခံအႏုိင္ရခဲ့ၿပီး ဇန္နဝါရီအတြက္ ကစားသမားေခၚယူခြင့္ရခဲ့ေပမယ့္ မေခၚယူႏုိင္ခဲ့တဲ့အေပၚ နည္းျပ ဖရန္႔ လမ္းပတ္အေနနဲ႔ စိတ္ပ်က္ေနခဲ့ၿပီး ေႏြရာသီမွာ ဒီအတြက္ ကစားသမားခြဲတမ္း ပုိမိုရရွိၿပီး အသင္းသစ္ကို တည္ေဆာက္ဖို႔ စိတ္အားထက္သန္ေနပါတယ္။

ကိုဗစ္-၁၉ ေၾကာင့္ အေျပာင္းအေရႊ႕ေဈးကြက္က သိပ္မလွဳပ္ေတာ့ေပမယ့္ လမ္းပတ္ကေတာ့ ဇန္နဝါရီမွာ တုံ႔ဆုိင္းေနခဲ့တဲ့ အသင္းရဲ႕ ပ်က္ကြက္မွဳအတြက္ပါ အစားျပန္လိုခ်င္ေနတာျဖစ္ၿပီး ကစားသမား ၄-၅ ေယာက္ေလာက္ အလိုရွိေနသလို ပထမဦးဆုံးတစ္ေယာက္ကိုေတာ့ အုိင္းယက္စ္ရဲ႕ ဇီယက္ခ်္နဲ႔ ခ်ဲလ္ဆီးရဲ႕ တာဝန္ခံ မာရီနာ ဂရာေနာ့ဗ္စကာယာက ႏွစ္သိမ့္ေပးခဲ့ၿပီးျဖစ္ပါတယ္။

လမ္းပတ္က အသင္းရဲ႕ လူငယ္ေတြအတြက္ေတာ့ ေက်နပ္ေနၿပီး “ကၽြန္ေတာ့္အေနနဲ႔ လက္ရွိရရွိထားတဲ့ လူအင္အားအတြက္ေတာ့ စိတ္လွဳပ္ရွားမိပါတယ္။ ဒီလူငယ္ေတြကို အေျခခံၿပီး လိုအပ္ခ်က္တဲ့ ေနရာတခ်ဳိ႕ကို ကၽြန္ေတာ္တုိ႔ ျဖည့္ဆည္းႏုိင္ခဲ့ရင္ ေတာ္ေတာ္ေလး ဟုတ္သြားမွာပါ”လို႔ ဆိုပါတယ္။

“ဇန္နဝါရီက ကၽြန္ေတာ္တုိ႔ ဘယ္သူ႕ကိုမွ မေခၚႏုိင္ခဲ့ဘူး။ ေႏြကလည္း ေခၚခြင့္ မရွိခဲ့ေတာ့ ကၽြန္ေတာ္တုိ႔အတြက္ အခ်ိန္မဟုတ္ခဲ့ဘူးေပါ့ေလ။ လက္ရွိမွာေတာ့ ဒီအသင္းကို ေသြးသစ္ေတြ ျဖည့္ဆည္းၿပီး ပုိမိုလန္းဆန္းတက္ၾကြတဲ့ပုံစံမ်ဳိး ျဖစ္လာဖို႔ ကၽြန္ေတာ္ ေမွ်ာ္လင့္ၿပီး ရင္ခုန္ေနပါတယ္… အင္အားျဖည့္တင္းရမယ္ဆုိတာ အားလုံးလည္း သိၾကပါတယ္”လို႔လည္း ခ်ဲလ္ဆီးနည္းျပက သူ႕ရဲ႕ သေဘာထားကို ျပသလိုက္တာပါ။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ေတာ့ တုိက္စစ္ပုိင္းမွာ RB လုိက္ပ္ဇစ္တုိက္စစ္မွဴး တီမို ဗာနာကို ေခၚယူဖို႔ အေျခအေနေကာင္းေနသလို ကြင္းလယ္ အတြက္ေတာ့ ဘာစီလိုနာရဲ႕ ဖလိပီ ေကာ္တင္ညဳိကို အာဆင္နယ္နဲ႔ အၿပဳိင္လုရဖို႔ ရွိေနၿပီး ခံစစ္ပုိင္းအတြက္ေတာ့ ဘယ္ေနာက္ခံလူတစ္ေယာက္နဲ႔ အေျခအေနေပးရင္ ဗဟိုေနာက္ခံလူနဲ႔ ဂိုးသမားကိုပါ အေျပာင္းအလဲလုပ္သြားဖြယ္ရွိေနတယ္လို႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ကာလနှစ်ခုကို ဆောင်ရွက်မှု ပိတ်ပင်ခံထားခဲ့ရတာကို ပြီးခဲ့တဲ့ ဆောင်းရာသီမှာ အယူခံအနိုင်ရခဲ့ပြီး ဇန်နဝါရီအတွက် ကစားသမားခေါ်ယူခွင့်ရခဲ့ပေမယ့် မခေါ်ယူနိုင်ခဲ့တဲ့အပေါ် နည်းပြ ဖရန့် လမ်းပတ်အနေနဲ့ စိတ်ပျက်နေခဲ့ပြီး နွေရာသီမှာ ဒီအတွက် ကစားသမားခွဲတမ်း ပိုမိုရရှိပြီး အသင်းသစ်ကို တည်ဆောက်ဖို့ စိတ်အားထက်သန်နေပါတယ်။

ကိုဗစ်-၁၉ ကြောင့် အပြောင်းအရွှေ့ဈေးကွက်က သိပ်မလှုပ်တော့ပေမယ့် လမ်းပတ်ကတော့ ဇန်နဝါရီမှာ တုံ့ဆိုင်းနေခဲ့တဲ့ အသင်းရဲ့ ပျက်ကွက်မှုအတွက်ပါ အစားပြန်လိုချင်နေတာဖြစ်ပြီး ကစားသမား ၄-၅ ယောက်လောက် အလိုရှိနေသလို ပထမဦးဆုံးတစ်ယောက်ကိုတော့ အိုင်းယက်စ်ရဲ့ ဇီယက်ချ်နဲ့ ချဲလ်ဆီးရဲ့ တာဝန်ခံ မာရီနာ ဂရာနော့ဗ်စကာယာက နှစ်သိမ့်ပေးခဲ့ပြီးဖြစ်ပါတယ်။

လမ်းပတ်က အသင်းရဲ့ လူငယ်တွေအတွက်တော့ ကျေနပ်နေပြီး “ကျွန်တော့်အနေနဲ့ လက်ရှိရရှိထားတဲ့ လူအင်အားအတွက်တော့ စိတ်လှုပ်ရှားမိပါတယ်။ ဒီလူငယ်တွေကို အခြေခံပြီး လိုအပ်ချက်တဲ့ နေရာတချို့ကို ကျွန်တော်တို့ ဖြည့်ဆည်းနိုင်ခဲ့ရင် တော်တော်လေး ဟုတ်သွားမှာပါ”လို့ ဆိုပါတယ်။

“ဇန်နဝါရီက ကျွန်တော်တို့ ဘယ်သူ့ကိုမှ မခေါ်နိုင်ခဲ့ဘူး။ နွေကလည်း ခေါ်ခွင့် မရှိခဲ့တော့ ကျွန်တော်တို့အတွက် အချိန်မဟုတ်ခဲ့ဘူးပေါ့လေ။ လက်ရှိမှာတော့ ဒီအသင်းကို သွေးသစ်တွေ ဖြည့်ဆည်းပြီး ပိုမိုလန်းဆန်းတက်ကြွတဲ့ပုံစံမျိုး ဖြစ်လာဖို့ ကျွန်တော် မျှော်လင့်ပြီး ရင်ခုန်နေပါတယ်… အင်အားဖြည့်တင်းရမယ်ဆိုတာ အားလုံးလည်း သိကြပါတယ်”လို့လည်း ချဲလ်ဆီးနည်းပြက သူ့ရဲ့ သဘောထားကို ပြသလိုက်တာပါ။

ချဲလ်ဆီးအသင်းအနေနဲ့တော့ တိုက်စစ်ပိုင်းမှာ RB လိုက်ပ်ဇစ်တိုက်စစ်မှူး တီမို ဗာနာကို ခေါ်ယူဖို့ အခြေအနေကောင်းနေသလို ကွင်းလယ် အတွက်တော့ ဘာစီလိုနာရဲ့ ဖလိပီ ကော်တင်ညိုကို အာဆင်နယ်နဲ့ အပြိုင်လုရဖို့ ရှိနေပြီး ခံစစ်ပိုင်းအတွက်တော့ ဘယ်နောက်ခံလူတစ်ယောက်နဲ့ အခြေအနေပေးရင် ဗဟိုနောက်ခံလူနဲ့ ဂိုးသမားကိုပါ အပြောင်းအလဲလုပ်သွားဖွယ်ရှိနေတယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.