Other Leagues Premier League Transfer News

အီဂါလိုကို ဆက္လက္ထိန္းသိမ္းဖို႔ ေပါင္ဆယ္သန္းခြဲ ကုန္က်ခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္

မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ အငွားေခၚယူထားခဲ့တဲ့ တုိက္စစ္မွဴး အိုဒီယြန္ အီဂါလိုကို လာမယ့္ ေဆာင္းရာသီအထိ ဆက္လက္ထိန္းသိမ္းဖို႔ သေဘာတူညီမွဳ ရယူႏုိင္ခဲ့ရာမွာ ရွန္ဟိုင္းရွင္ဟြာအသင္းဆီ ထပ္မံေပးေခ်ရတဲ့ ကုန္က်စရိတ္အျဖစ္ ေပါင္ဆယ္သန္းခြဲ က်သင့္ခဲ့တယ္လို႔ သိရပါတယ္။

အိုလီဂန္နာ ဆုိးလ္ရွားရဲ႕ သေဘာက်မွဳကို ရရွိထားခဲ့ၿပီး ၈ ပြဲကစား ၄ ဂိုး သြင္းယူႏုိင္ခဲ့တဲ့ ႏုိင္ဂ်ီးရီးယားလက္ေရြးစင္တုိက္စစ္မွဴးအတြက္ ယူႏုိက္တက္အသင္းအေနနဲ႔ သူ႕ရဲ႕ ရွန္ဟိုင္းရွင္ဟြာအသင္းမွာ ရရွိေနတဲ့ တစ္ပတ္လုပ္ခ ေပါင္သုံးသိန္းရဲ႕ ထက္ဝက္ကိုလည္း က်ခံေပးခဲ့ရၿပီး ေျပာင္းေရႊ႕ေၾကးနဲ႔ စုစုေပါင္းက အထက္က ပမာဏကို ျဖစ္ေစခဲ့တယ္လုိ႔ ဆုိပါတယ္။

လာမယ့္ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီ ၃၁ ရက္ေန႔အထိ အုိးလ္ထရက္ဖို႔ဒ္မွာ ဆက္လက္ရွိေနေတာ့မယ့္ မန္ခ်က္စတာယူႏုိက္တက္အားေပးသူ တုိက္စစ္မွဴးအတြက္ အသင္းႏွစ္သင္းၾကားမွာ အၿပီးသတ္ေခၚယူခြင့္နဲ႔ ပတ္သက္လို႔ တစ္စုံတစ္ရာ သေဘာတူညီမွဳေတာ့ မရွိခဲ့ဘူးလို႔ သိရၿပီး ေလာေလာဆယ္ သေဘာတူညီတဲ့ ခုနစ္လတာ ကာလအတြက္ေတာ့ ေပါင္ ၆ သန္း က်သင့္ခဲ့တာလည္းျဖစ္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္နည္းျပ ဆုိးလ္ရွားနဲ႔ တာဝန္ရွိသူေတြရဲ႕ အီဂါလိုကို ေဆာင္းရာသီအထိ ဆက္လက္ထိန္းသိမ္းမယ္ဆုိတဲ့ လုပ္ရပ္ကေတာ့ ပရိသတ္ေတြကို သူတုိ႔ရဲ႕ အေျပာင္းအေရႊ႕ပစ္မွတ္ေတြကို ေမွ်ာ္လင့္ႏုိင္ဖို႔ အတိတ္စိမ္းေပးခဲ့သလိုလည္းျဖစ္ေနၿပီး တုိက္စစ္မွဴးသစ္ ေခၚယူဖို႔ထက္ ဖာဒီနန္အႀကံေပးဖူးတဲ့ ေတာင္ပံတုိက္စစ္၊ ကြင္းလယ္နဲ႔ ခံစစ္ေတြကိုပဲ အားျဖည့္သြားဖို႔ ဆုိေနသလိုလည္းျဖစ္ခဲ့ပါတယ္။

ရွန္ဟိုင္းရွင္ဟြာအသင္းအတြက္ေတာ့ ျပန္လည္စတင္ဖို႔ မေသခ်ာေသးတဲ့ တ႐ုတ္ဆူပါလိဂ္နဲ႔ ႏုိင္ငံျခားသားေတြအတြက္ ခြင့္ျပဳဖို႔ ခက္ခဲေနတဲ့ ဗီဇာအတြက္ လိုက္ေလ်ာညီေထြတဲ့ ေဆာင္ရြက္မွဳလည္းျဖစ္ႏုိင္ၿပီး အေကာင္းဆုံးေရြးခ်ယ္မွဳတစ္ခုကို အသင္းနဲ႔ ႏုိင္ဂ်ီးရီးယားတုိက္စစ္မွဴး အီဂါလိုအတြက္ ျပဳလုပ္တဲ့အေနနဲ႔ အငွားစာခ်ဳပ္သက္တမ္းတုိးခြင့္ ျပဳခဲ့တာျဖစ္ေၾကာင္း အသင္းကေန ေၾကျငာခ်က္ထုတ္ျပန္သြားေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ အငှားခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူး အိုဒီယွန် အီဂါလိုကို လာမယ့် ဆောင်းရာသီအထိ ဆက်လက်ထိန်းသိမ်းဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ရာမှာ ရှန်ဟိုင်းရှင်ဟွာအသင်းဆီ ထပ်မံပေးချေရတဲ့ ကုန်ကျစရိတ်အဖြစ် ပေါင်ဆယ်သန်းခွဲ ကျသင့်ခဲ့တယ်လို့ သိရပါတယ်။

အိုလီဂန်နာ ဆိုးလ်ရှားရဲ့ သဘောကျမှုကို ရရှိထားခဲ့ပြီး ၈ ပွဲကစား ၄ ဂိုး သွင်းယူနိုင်ခဲ့တဲ့ နိုင်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်မှူးအတွက် ယူနိုက်တက်အသင်းအနေနဲ့ သူ့ရဲ့ ရှန်ဟိုင်းရှင်ဟွာအသင်းမှာ ရရှိနေတဲ့ တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းရဲ့ ထက်ဝက်ကိုလည်း ကျခံပေးခဲ့ရပြီး ပြောင်းရွှေ့ကြေးနဲ့ စုစုပေါင်းက အထက်က ပမာဏကို ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်ရှိနေတော့မယ့် မန်ချက်စတာယူနိုက်တက်အားပေးသူ တိုက်စစ်မှူးအတွက် အသင်းနှစ်သင်းကြားမှာ အပြီးသတ်ခေါ်ယူခွင့်နဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ သဘောတူညီမှုတော့ မရှိခဲ့ဘူးလို့ သိရပြီး လောလောဆယ် သဘောတူညီတဲ့ ခုနစ်လတာ ကာလအတွက်တော့ ပေါင် ၆ သန်း ကျသင့်ခဲ့တာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားနဲ့ တာဝန်ရှိသူတွေရဲ့ အီဂါလိုကို ဆောင်းရာသီအထိ ဆက်လက်ထိန်းသိမ်းမယ်ဆိုတဲ့ လုပ်ရပ်ကတော့ ပရိသတ်တွေကို သူတို့ရဲ့ အပြောင်းအရွှေ့ပစ်မှတ်တွေကို မျှော်လင့်နိုင်ဖို့ အတိတ်စိမ်းပေးခဲ့သလိုလည်းဖြစ်နေပြီး တိုက်စစ်မှူးသစ် ခေါ်ယူဖို့ထက် ဖာဒီနန်အကြံပေးဖူးတဲ့ တောင်ပံတိုက်စစ်၊ ကွင်းလယ်နဲ့ ခံစစ်တွေကိုပဲ အားဖြည့်သွားဖို့ ဆိုနေသလိုလည်းဖြစ်ခဲ့ပါတယ်။

ရှန်ဟိုင်းရှင်ဟွာအသင်းအတွက်တော့ ပြန်လည်စတင်ဖို့ မသေချာသေးတဲ့ တရုတ်ဆူပါလိဂ်နဲ့ နိုင်ငံခြားသားတွေအတွက် ခွင့်ပြုဖို့ ခက်ခဲနေတဲ့ ဗီဇာအတွက် လိုက်လျောညီထွေတဲ့ ဆောင်ရွက်မှုလည်းဖြစ်နိုင်ပြီး အကောင်းဆုံးရွေးချယ်မှုတစ်ခုကို အသင်းနဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါလိုအတွက် ပြုလုပ်တဲ့အနေနဲ့ အငှားစာချုပ်သက်တမ်းတိုးခွင့် ပြုခဲ့တာဖြစ်ကြောင်း အသင်းကနေ ကြေငြာချက်ထုတ်ပြန်သွားကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.