Premier League

လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ခ်ီးက်ဴးမွဳအတြက္ တုံ႔ျပန္သြားခဲ့တဲ့ မာတီနယ္လီ

အာဆင္နယ္အသင္းရဲ႕ လူငယ္တုိက္စစ္မွဴး ဂါဘရီယယ္လ္ မာတီနယ္လီဟာ ဒီရာစုရဲ႕ အထြန္းေတာက္လာႏုိင္ဆုံး ကစားသမားတစ္ဦးလို႔ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ခ်ီးက်ဴးမွဳအတြက္ ဂုဏ္ယူေၾကာင္း တုံ႔ျပန္ေျပာၾကားသြားခဲ့တယ္လုိ႔ သိရပါတယ္။

လီဗာပူးလ္အသင္းနဲ႔ ငါးဂိုးစီ သေရက်ခဲ့တဲ့ ကာရာေဘာင္းဖလားပြဲစဥ္မွာ ေျခစြမ္းျပခဲ့တဲ့ မာတီနယ္လီကို ဂ်ာမန္နည္းျပ ကေလာ့ပ္က ေအာက္တိုဘာလထဲမွာ ခ်ီးက်ဴးခဲ့တာျဖစ္ၿပီး အေၾကာင္းတုိက္ဆုိင္လို႔ မာကာသတင္းစာနဲ႔ အင္တာဗ်ဴးလုပ္ခဲ့တဲ့ ဘရာဇီးလ္တုိက္စစ္မွဴးေလးက ဒီအေၾကာင္းကို ခုမွ ျပန္လည္ၿပီး ေဆြးေႏြးျဖစ္ခဲ့တာလည္းျဖစ္ပါတယ္။

“ကၽြန္ေတာ့္အေနနဲ႔ ကမာၻ႕အေကာင္းဆုံးနည္းဗ်ဴဟာရွင္တစ္ဦးဆီကေန ဒီလိုခ်ီးက်ဴးတာကို ၾကားရတဲ့အတြက္ အရမ္းဂုဏ္ယူမိတာေပါ့ဗ်ာ”လို႔ အသက္ ၁၈ ႏွစ္အရြယ္ တုိက္စစ္မွဴးက စပိန္သတင္းစာကို ေျပာၾကားသြားခဲ့ၿပီး ဆက္ၿပီး ႀကဳိးစားသြားမယ္လုိ႔လည္း ဆုိခဲ့ပါတယ္။

“ကၽြန္ေတာ့္အေနနဲ႔ တည္တည္ၿငိမ္ၿငိမ္နဲ႔ ဒီကစားပုံကို ဆက္လက္ထိန္းသိမ္းထားႏိုင္ဖို႔ လုပ္ေဆာင္ေနပါတယ္။ အာ႐ုံအျပည့္အဝ စူးစိုက္ၿပီး ဒီထက္ ပုိႀကီးမားတဲ့အရာေတြကို စိန္ေခၚႏိုင္ဖို႔ကိုလည္း ႀကဳိးစားသြားမွာပါ”လို႔ မာတီနယ္လီက ေျပာၾကားသြားပါတယ္။

ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတုိ႔နဲ႔ ပတ္သက္တဲ့ သတင္းေတြအတြက္ေတာ့ မာတီနယ္လီက ဘာကမ္းလွမ္းမွဳမွ မရွိေၾကာင္းနဲ႔ သူ႕အေနနဲ႔ အာဆင္နယ္အေၾကာင္းကိုပဲ ေခါင္းထဲထည့္ထားၿပီး ေလ့က်င့္သင္ၾကားေနတယ္လုိ႔လည္း တုံ႔ျပန္သြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီဟာ ဒီရာစုရဲ့ အထွန်းတောက်လာနိုင်ဆုံး ကစားသမားတစ်ဦးလို့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ရဲ့ ချီးကျူးမှုအတွက် ဂုဏ်ယူကြောင်း တုံ့ပြန်ပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။

လီဗာပူးလ်အသင်းနဲ့ ငါးဂိုးစီ သရေကျခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ မာတီနယ်လီကို ဂျာမန်နည်းပြ ကလော့ပ်က အောက်တိုဘာလထဲမှာ ချီးကျူးခဲ့တာဖြစ်ပြီး အကြောင်းတိုက်ဆိုင်လို့ မာကာသတင်းစာနဲ့ အင်တာဗျူးလုပ်ခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူးလေးက ဒီအကြောင်းကို ခုမှ ပြန်လည်ပြီး ဆွေးနွေးဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။

“ကျွန်တော့်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးနည်းဗျူဟာရှင်တစ်ဦးဆီကနေ ဒီလိုချီးကျူးတာကို ကြားရတဲ့အတွက် အရမ်းဂုဏ်ယူမိတာပေါ့ဗျာ”လို့ အသက် ၁၈ နှစ်အရွယ် တိုက်စစ်မှူးက စပိန်သတင်းစာကို ပြောကြားသွားခဲ့ပြီး ဆက်ပြီး ကြိုးစားသွားမယ်လို့လည်း ဆိုခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ဒီကစားပုံကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ အာရုံအပြည့်အဝ စူးစိုက်ပြီး ဒီထက် ပိုကြီးမားတဲ့အရာတွေကို စိန်ခေါ်နိုင်ဖို့ကိုလည်း ကြိုးစားသွားမှာပါ”လို့ မာတီနယ်လီက ပြောကြားသွားပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့နဲ့ ပတ်သက်တဲ့ သတင်းတွေအတွက်တော့ မာတီနယ်လီက ဘာကမ်းလှမ်းမှုမှ မရှိကြောင်းနဲ့ သူ့အနေနဲ့ အာဆင်နယ်အကြောင်းကိုပဲ ခေါင်းထဲထည့်ထားပြီး လေ့ကျင့်သင်ကြားနေတယ်လို့လည်း တုံ့ပြန်သွားခဲ့ကြောင်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.