Premier League

မရှိမဖြစ် ဆားလိုမျိုး သူတို့မပါရင် အသင်းပါအခြေမလှဖြစ်တဲ့ EPLအသင်း ၁၁ သင်းမှ ကစားသမား ၁၁ ဦး

အက်ဘ်ဒူလာယေး ဒူကူယေးဟာ ရာဖေးလ် ဘင်နီတက်ဇ်အတွက် ဖြေရှင်းရမယ့် ပြဿနာပေးခဲ့ပြီး ဒဏ်ရာကြောင့် အနားယူရမယ့်ကာလ ပိုမိုတိုးမြင့်လာမယ်ဆိုတဲ့သတင်းနဲ့အတူ အဲဗာတန်အတွက် ထိုးနှက်ချက် ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်ကစားသမားဟာ အဲဗာတန်အတွက် အဓိကကျတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ကစားပေးနေသူဖြစ်ပြီး ၎င်းရဲ့ ကိန်းဂဏန်းတွေက ကွင်းအတွင်း အသင်းအပေါ် ဘယ်လောက် လွှမ်းမိုးမှုရှိလဲဆိုတာ ပြသနေတာဖြစ်ပါတယ်။ အဲဗာတန်ဟာ ဒူကူယေးမပါတဲ့ပွဲတွေမှာ ၂၂.၂ ရာခိုင်နှုန်းသာ အနိုင်ရရှိခဲ့ပြီး ကွင်းလယ်ကြယ်ပွင့်ကစားသမား ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းမှာ ပါဝင်တဲ့ပွဲစဉ်တွေမှာတော့ ၅၁.၁ ရာခိုင်နှုန်းအထိ နိုင်ပွဲ ရရှိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ်ကလပ်အသင်းတွေအပေါ်မှာ လွှမ်းမိုးမှုကြီးမားပြီး သူမပါရင် ဘာမှလုပ်လို့မရလောက်တော့တဲ့အထိ ဖြစ်နေတဲ့ ကလပ်အသင်း ၈ သင်းကို ဖော်ပြပေးလိုက်ပါတယ်။

အာဆင်နယ်( အာရွန် ရမ်းစ်ဒေးလ်)

ရာသီအစမှာ အာဆင်နယ်ပရိသတ်တွေအနေနဲ့ ဒီနာမည်နဲ့ ကစားသမားမပါရင် ဘာမှ လုပ်လို့မရနိုင်ဘူးလို့ တွေးခဲ့ကြမှာမဟုတ်ပါဘူး။ ရမ်းစ်ဒေးလ်ရဲ့ လက်စွမ်းဟာ လီနိုရဲ့နေရာမှာ အစားထိုးဝင်ရောက်ခဲ့ပြီးတဲ့အချိန်ကတည်းက ခံစစ်မှာ အများဆုံးလိုအပ်နေတဲ့ ကြံ့ကြံ့ခံနိုင်မှုအချို့ကို ထောက်ပံ့ပေးနိုင်တဲ့ အဓိကသော့ချက် ဖြစ်နေတာဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂိုးသမားဟာ ကျောနံပါတ် ၁ နေရာမှာ ပါဝင်ကစားပေးခဲ့ချိန်ကတည်းက လိဂ်ပွဲစဉ် ၅ ပွဲမှာ ၃ ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး အာဆင်နယ်ဟာ ရမ်းစ်ဒေးလ်နဲ့အတူ ရှုံးပွဲမရှိစံချိန် ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်(အိုင်ဗန် တိုနီ)

ချန်ပီယံရှစ်မှာ ခြေစွမ်းထွန်းတောက်ခဲ့တဲ့ အိုင်ဗန် တိုနီဟာ ၎င်းရဲ့ မျက်စိမလွှဲနိုင်လောက်အောင် ကောင်းမွန်တဲ့ပုံစံကို ထိပ်တန်းပြိုင်ပွဲမှာ ဆက်လက် ပြသနေသူဖြစ်ပါတယ်။ အိုင်ဗန်ရဲ့ ရုပ်ပိုင်းဆိုင်ရာတောင့်တင်းမှုက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးခံစစ်အချို့ ဖြေရှင်းဖို့ ရုန်းကန်နေရတဲ့အရာအဖြစ် မြင်တွေ့ခဲ့ရတာဖြစ်ပြီး လီဗာပူးလ်၊ အာဆင်နယ်တို့နဲ့ပွဲစဉ်မှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ ဂိုးတွေကတော့ အခုမှ စတင်သွင်းယူလာနေတာဖြစ်ပြီး ယခုရာသီဆက်လက်ကစားနေဆဲဖြစ်တာကြောင့် အိုင်ဗန်အနေနဲ့ ၎င်းရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ်ကို ဆက်လက် တိုးမြှင့်နိုင်ဦးမှာဖြစ်ပါတယ်။

ချဲလ်ဆီး(အေဒူယာ မန်ဒီ)

ကျစ်လစ်တောင့်တင်းတဲ့ ဂိုးသမားတစ်ယောက်ရဲ့အရေးပါမှုက အောင်မြင်မှုရရှိဖို့ အရေးပါတယ်ဆိုတာ သက်သေပြသနေတဲ့ နောက်ထပ်အသင်းက ချဲလ်ဆီးဖြစ်ပါတယ်။ ယခုရာသီမှာပဲ ဆီနီဂေါလက်ရွေးစင်ဂိုးသမားဟာ ချဲလ်ဆီးအတွက် လက်စွမ်းပြရင်း အနိုင် ၃ မှတ် ကို ရယူပေးနေတာဖြစ်ပြီး အနီးစပ်ဆုံးဥပမာပြပါဆိုရင် ဘရန့်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်က ကြောက်မက်ဖွယ်လက်စွမ်းကို ညွှန်ပြရမှာဖြစ်ပါတယ်။ ဘယ်လွန်ဒေါဆန်ခါတင်စာရင်းမှာ ငြင်းပယ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး အထူးသဖြင့် ချဲလ်ဆီးအသင်းဖော်တွေဆီက မန်ဒီအတွက် မကျေမနပ်အသံတွေ ထွက်ပေါ်ခဲ့တဲ့အထိ ဆီနီဂေါဂိုးသမားဟာ တူဟယ်ရဲ့အသင်းအတွက် ဘယ်လောက်အရေးပါသူလဲဆိုတာ သိသာစေခဲ့ပါတယ်။

ခရစ္စတယ် ပဲလေ့စ်(ဝီလ်ဖရီးဒ် ဇာဟာ)

ဆဲလ်ဟပ်စ်တ်ပါ့ခ်က ထွက်ခွာမယ့်သူအဖြစ် ဟိုးအရင်ကနေ လက်ရှိအချိန်အထိ သတင်းတွေ ထွက်ပေါ်နေခဲ့တဲ့ ဇာဟာဟာ အသင်းအတွက် အဓိက ကစားသမားဖြစ်နေခဲ့တာ မန်ယူနိုက်တက်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက ဖြစ်ပါတယ်။ နည်းပြသစ် ပက်ထရစ် ဗီအဲရာလက်ထက်မှာလည်း ဇာဟာဟာ ဘယ်တောင်ပံကနေ ခံစစ်တွေကို ဆက်လက်ထိုးဖောက်နေရင်း ဘာမှ ကွာခြားမှုမရှိတဲ့ကစားသမားဖြစ်ပါတယ်။

အဲဗာတန်(အက်ဘ်ဒူလာယေး ဒူကူယေး)

အဲဗာတန်နည်းပြ ဘင်နီတက်ဇ်မှာ ဒဏ်ရာပြဿနာတွေ တော်တော်လေး ရှိနေခဲ့ပြီးဖြစ်ပေမယ့် နောက်ဆုံးထွက်ပေါ်လာတဲ့ အက်ဘ်ဒူလာယေး ဒူကူယေးရဲ့ ဒဏ်ရာပြဿနာက အသိသာအထင်ရှားဆုံး ဖြစ်မယ်ထင်ပါတယ်။ အက်ဘ်ဒူလာယေး ဒူကူယေး ကွင်းထဲမှာ ရှိနေတဲ့အချိန်မှာ အဲဗာတန်အသင်းရဲ့နိုင်ပွဲစံချိန်ဟာ ၅၁ ရာခိုင်နှုန်းအထိ ရှိပြီး ကွင်းလယ်ကြယ်ပွင့်မပါဝင်ချိန်မှာတော့ ၂၂ ရာခိုင်နှုန်းသာ ရှိတာဖြစ်ပါတယ်။ အသင်းအတွက် အက်ဘ်ဒူလာယေး ဒူကူယေးရဲ့ အရေးပါမှုဟာ ရှင်းလင်းနေပြီး ဘင်နီတက်ဇ်အတွက် အသင်းရဲ့အားအထားရဆုံး ကစားသမား ကာလရှည်အနားယူရမှာက အဓိက ပြဿနာကြီး ဖြစ်လာမှာဖြစ်ပါတယ်။

လိဒ်စ်( ရာဖင်ညာ)

မာဆယ်လို ဘီယယ်လ်ဆာရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီက မြင့်မားတဲ့ခြေစွမ်းအတိုင်း ပြန်လည်ပြသနိုင်ဖို့ ရုန်းကန်နေရချိန်မှာ ၎င်းတို့ရဲ့ ဘရာဇီးလ်တိုက်စစ်မှူးက မှန်ကန်တဲ့ ဦးတည်ချက်ကို ဆွဲခေါ်နေရဆဲဖြစ်ပါတယ်။ ရာဖင်ညာရဲ့ သွင်းဂိုး ၃ ဂိုးက ပက်ထရစ် ဘမ်းဖို့ဒ် ချန်ထားခဲ့တဲ့ ကွက်လပ်ကို ကူညီဖြည့်ဆည်းပေးနိုင်ခဲ့ပြီး ရေထဲနစ်နေတဲ့ လိဒ်စ်အတွက် နှာခေါင်းဖော်နိုင်ခဲ့ရာမှာ အဓိကသော့ချက်ဖြစ်ခဲ့တာဖြစ်ပါတယ်။

လက်စတာစီးတီး(ဂျေမီ ဗာဒီ)

အင်္ဂလန်တိုက်စစ်မှူး ဂျေမီ ဗာဒီဟာ သူမပါရင် လက်စတာစီးတီးအသင်း ဘာမှ လုပ်လို့မရတဲ့ အဓိကကစားသမားအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး အသက် ၃၄ နှစ်အရွယ်ရှိနေတာတောင် ပြိုင်ဘက်ခံစစ်တွေကို မောပန်းခြင်းမရှိတဲ့ ပြေးနှုန်းနဲ့ ထိတ်လန့်စေသူဖြစ်ပါတယ်။ ဗာဒီဟာ ယခုရာသီ ပရီးမီးယားလိဂ် ၈ ပွဲမှာ ၇ ဂိုးအထိ သွင်းယူထားပြီး ၎င်းရဲ့ ခြေစွမ်းကျဆင်းခြင်းမရှိသေးဘူးဆိုတာကို သက်သေပြသထားတာဖြစ်ပါတယ်။

လီဗာပူးလ်(မိုဟာမက် ဆာလား)

မိုဟာမက် ဆာလား မရှိတာကို ဘာမှ မခံစားရတဲ့အသင်း ကမ္ဘာပေါ်မှာ ရှိမှာမဟုတ်ပါဘူး။ လက်ရှိ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးနဲ့ပတ်သက်ပြီး ရှင်းရှင်းပြောရရင် နှစ်ချို့လေ အရသာရှိလေဖြစ်တဲ့ ဝိုင်လိုမျိုး ဖြစ်ပါတယ်။ ဆာလားဟာ ယခုရာသီ လီဗာပူးလ်ရဲ့ လိဂ်ပွဲ ၈ ပွဲမှာ ၇ ပွဲအထိ ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ခြေစွမ်း ကျဆင်းတဲ့ လက္ခဏာမျိုး သေးသေးလေးတောင် ပြသခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီး((ဂန်ဒိုဂန်)

ကီဗင် ဒီဘရိုင်းနားရဲ့ ညာခြေက မှော်တုတ်တံဖြစ်ပြီး သူ့ရဲ့ ဘယ်ခြေကလည်း မဆိုးပါဘူး။ ပြီးတော့ ဖီးလ် ဖိုဒန်က နည်းပြ ဂွါဒီယိုလာလက်အောက်မှာ ခုန်ပျံကျော်လွှားပြီး ထိပ်တန်းအဆင့်ခြေစွမ်းကို ရောက်လာတယ်ဆိုတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ မန်ချက်စတာစီးတီးအသင်းကို ဘာက စည်းချက်ညီအောင် လုပ်ပေးနေတာလဲဆိုတာ မြင်ချင်တယ်ဆိုရင်တော့ ဂျာမန်ကွင်းလယ်ကစားသမားထက်ပိုပြီး ဘာကိုမှ ရှာနေစရာမလိုတော့ပါဘူး။ ဂန်ဒိုဂန် ပါဝင်မှုက ဒီရာသီမှာ အလွမ်းမိုးနိုင်စွမ်း ခြေစွမ်းနဲ့ တိုက်ဆိုင်မှုလို့ ပြောရလောက်အောင် အာဆင်နယ်ကို ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့သလို လက်စတာစီးတီးကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း အနိုင်ရရှိစေနိုင်မယ့် စွမ်းဆောင်ရည်ကို ပြသခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်(ဘရူနို ဖာနန်ဒက်စ်)

ယခုရာသီ အိုးထရက်ဖို့ဒ်က စိတ်လှုပ်ရှားမှုအားလုံးက နောက်ထပ် ပေါ်တူဂီကြယ်ပွင့်တစ်ဦးနားမှာ ဝဲလည်နေပေမယ့် ဘရူနို ဖာနန်ဒက်စ်က လွှမ်းမိုးမှုအရှိဆုံးကစားသမားအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ယူနိုက်တက်အတွက် အကြိမ်ပေါင်းများစွာမှာ ပေါ်လာသင့်တဲ့အချိန် ပေါ်လာခဲ့ပြီးဖြစ်ပေမယ့် ဖာနန်ဒက်စ်ရဲ့ ကွင်းလယ်က ခြေစွမ်းတည်ငြိမ်မှုဟာ ယူနိုက်တက်လိုအပ်နေသေးတဲ့ အရာဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ သွင်းဂိုး ၄ ဂိုး၊ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားပြီးဖြစ်ပေမယ့် အက်စ်တန် ဗီလာနဲ့ ပွဲစဉ်က ဆိုးရွားတဲ့ ပင်နယ်တီလွဲချော်မှုသာ မဖြစ်ခဲ့ရင် ဒီထက်ပိုမို သွင်းဂိုးများပြားနေမှာဖြစ်ပါတယ်။

ဝက်စ်ဟမ်း(အန်တိုနီယို)

အန်တိုနီယိုရဲ့ ဝက်စ်ဟမ်းအတွက် ကွင်းအတွင်း လွှမ်းမိုးနိုင်စွမ်းက အကန့်အသတ်မရှိဘူးလို့ သိထားပါတယ်။ ကိုယ်တိုင် ဂိုးသွင်းတာဖြစ်ဖြစ်၊ အသင်းဖော်အတွက် ဂိုးဖန်တီးပေးတာဖြစ်ဖြစ် သူ့ရဲ့ တိုက်စစ်စွမ်းရည်ကြောင့် ဒေးဗစ် မိုရက်စ်ရဲ့ အသင်းဟာ ယခုရာသီ အမှတ်ပေးဇယား အပေါ်တက်လာနိုင်ခဲ့တာဖြစ်ပြီး ဥရောပဝင်ခွင့်နေရာမှာ ခိုင်မာတဲ့ အုတ်မြစ်ချဖို့ ကြိုးပမ်းနေပြီဖြစ်ပါတယ်။ အန်တိုနီယိုဟာ ဝက်စ်ဟမ်းအတွက် ယခုရာသီ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးထားပြီး အသက် ၃၁ နှစ်အရွယ်ကစားသမားဟာ သူမပါရင် ဘာမှလုပ်လို့မရတဲ့အထိ ဝက်စ်ဟမ်းအပေါ် လွှမ်းမိုးမှုရှိသူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အက္ဘ္ဒူလာေယး ဒူကူေယးဟာ ရာေဖးလ္ ဘင္နီတက္ဇ္အတြက္ ေျဖရွင္းရမယ့္ ျပႆနာေပးခဲ့ၿပီး ဒဏ္ရာေၾကာင့္ အနားယူရမယ့္ကာလ ပိုမိုတိုးျမင့္လာမယ္ဆိုတဲ့သတင္းနဲ႔အတူ အဲဗာတန္အတြက္ ထိုးႏွက္ခ်က္ ျဖစ္လာခဲ့တာျဖစ္ပါတယ္။

ကြင္းလယ္ကစားသမားဟာ အဲဗာတန္အတြက္ အဓိကက်တဲ့အစိတ္အပိုင္းအျဖစ္ ပါဝင္ကစားေပးေနသူျဖစ္ၿပီး ၎ရဲ့ ကိန္းဂဏန္းေတြက ကြင္းအတြင္း အသင္းအေပၚ ဘယ္ေလာက္ လႊမ္းမိုးမႈရွိလဲဆိုတာ ျပသေနတာျဖစ္ပါတယ္။ အဲဗာတန္ဟာ ဒူကူေယးမပါတဲ့ပြဲေတြမွာ ၂၂.၂ ရာခိုင္ႏႈန္းသာ အနိုင္ရရွိခဲ့ၿပီး ကြင္းလယ္ၾကယ္ပြင့္ကစားသမား ပြဲထြက္ကစားသမား ၁၁ ဦးစာရင္းမွာ ပါဝင္တဲ့ပြဲစဥ္ေတြမွာေတာ့ ၅၁.၁ ရာခိုင္ႏႈန္းအထိ နိုင္ပြဲ ရရွိခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ပရီးမီးယားလိဂ္ကလပ္အသင္းေတြအေပၚမွာ လႊမ္းမိုးမႈႀကီးမားၿပီး သူမပါရင္ ဘာမွလုပ္လို႔မရေလာက္ေတာ့တဲ့အထိ ျဖစ္ေနတဲ့ ကလပ္အသင္း ၈ သင္းကို ေဖာ္ျပေပးလိုက္ပါတယ္။

အာဆင္နယ္( အာရြန္ ရမ္းစ္ေဒးလ္)

ရာသီအစမွာ အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ ဒီနာမည္နဲ႔ ကစားသမားမပါရင္ ဘာမွ လုပ္လို႔မရနိုင္ဘူးလို႔ ေတြးခဲ့ၾကမွာမဟုတ္ပါဘူး။ ရမ္းစ္ေဒးလ္ရဲ့ လက္စြမ္းဟာ လီနိုရဲ့ေနရာမွာ အစားထိုးဝင္ေရာက္ခဲ့ၿပီးတဲ့အခ်ိန္ကတည္းက ခံစစ္မွာ အမ်ားဆုံးလိုအပ္ေနတဲ့ ႀကံ့ႀကံ့ခံနိုင္မႈအခ်ိဳ႕ကို ေထာက္ပံ့ေပးနိုင္တဲ့ အဓိကေသာ့ခ်က္ ျဖစ္ေနတာျဖစ္ပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ ဂိုးသမားဟာ ေက်ာနံပါတ္ ၁ ေနရာမွာ ပါဝင္ကစားေပးခဲ့ခ်ိန္ကတည္းက လိဂ္ပြဲစဥ္ ၅ ပြဲမွာ ၃ ပြဲအထိ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ေပးခဲ့ၿပီး အာဆင္နယ္ဟာ ရမ္းစ္ေဒးလ္နဲ႔အတူ ရႈံးပြဲမရွိစံခ်ိန္ ထိန္းသိမ္းထားနိုင္ဆဲျဖစ္ပါတယ္။

ဘရန႔္ဖို႔ဒ္(အိုင္ဗန္ တိုနီ)

ခ်န္ပီယံရွစ္မွာ ေျခစြမ္းထြန္းေတာက္ခဲ့တဲ့ အိုင္ဗန္ တိုနီဟာ ၎ရဲ့ မ်က္စိမလႊဲနိုင္ေလာက္ေအာင္ ေကာင္းမြန္တဲ့ပုံစံကို ထိပ္တန္းၿပိဳင္ပြဲမွာ ဆက္လက္ ျပသေနသူျဖစ္ပါတယ္။ အိုင္ဗန္ရဲ့ ႐ုပ္ပိုင္းဆိုင္ရာေတာင့္တင္းမႈက ပရီးမီးယားလိဂ္ရဲ့ အေကာင္းဆုံးခံစစ္အခ်ိဳ႕ ေျဖရွင္းဖို႔ ႐ုန္းကန္ေနရတဲ့အရာအျဖစ္ ျမင္ေတြ႕ခဲ့ရတာျဖစ္ၿပီး လီဗာပူးလ္၊ အာဆင္နယ္တို႔နဲ႔ပြဲစဥ္မွာ ဂိုးမသြင္းနိုင္ခဲ့ေပမယ့္လည္း အဓိကအခန္းက႑ကေန ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။ ဂိုးေတြကေတာ့ အခုမွ စတင္သြင္းယူလာေနတာျဖစ္ၿပီး ယခုရာသီဆက္လက္ကစားေနဆဲျဖစ္တာေၾကာင့္ အိုင္ဗန္အေနနဲ႔ ၎ရဲ့ သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ကို ဆက္လက္ တိုးျမႇင့္နိုင္ဦးမွာျဖစ္ပါတယ္။

ခ်ဲလ္ဆီး(ေအဒူယာ မန္ဒီ)

က်စ္လစ္ေတာင့္တင္းတဲ့ ဂိုးသမားတစ္ေယာက္ရဲ့အေရးပါမႈက ေအာင္ျမင္မႈရရွိဖို႔ အေရးပါတယ္ဆိုတာ သက္ေသျပသေနတဲ့ ေနာက္ထပ္အသင္းက ခ်ဲလ္ဆီးျဖစ္ပါတယ္။ ယခုရာသီမွာပဲ ဆီနီေဂါလက္ေရြးစင္ဂိုးသမားဟာ ခ်ဲလ္ဆီးအတြက္ လက္စြမ္းျပရင္း အနိုင္ ၃ မွတ္ ကို ရယူေပးေနတာျဖစ္ၿပီး အနီးစပ္ဆုံးဥပမာျပပါဆိုရင္ ဘရန႔္ဖို႔ဒ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္က ေၾကာက္မက္ဖြယ္လက္စြမ္းကို ညႊန္ျပရမွာျဖစ္ပါတယ္။ ဘယ္လြန္ေဒါဆန္ခါတင္စာရင္းမွာ ျငင္းပယ္ခံခဲ့ရတာနဲ႔ပတ္သက္ၿပီး အထူးသျဖင့္ ခ်ဲလ္ဆီးအသင္းေဖာ္ေတြဆီက မန္ဒီအတြက္ မေက်မနပ္အသံေတြ ထြက္ေပၚခဲ့တဲ့အထိ ဆီနီေဂါဂိုးသမားဟာ တူဟယ္ရဲ့အသင္းအတြက္ ဘယ္ေလာက္အေရးပါသူလဲဆိုတာ သိသာေစခဲ့ပါတယ္။

ခရစၥတယ္ ပဲေလ့စ္(ဝီလ္ဖရီးဒ္ ဇာဟာ)

ဆဲလ္ဟပ္စ္တ္ပါ့ခ္က ထြက္ခြာမယ့္သူအျဖစ္ ဟိုးအရင္ကေန လက္ရွိအခ်ိန္အထိ သတင္းေတြ ထြက္ေပၚေနခဲ့တဲ့ ဇာဟာဟာ အသင္းအတြက္ အဓိက ကစားသမားျဖစ္ေနခဲ့တာ မန္ယူနိုက္တက္ကေန ေျပာင္းေရႊ႕လာခဲ့တဲ့ လြန္ခဲ့တဲ့ ၇ ႏွစ္ကတည္းက ျဖစ္ပါတယ္။ နည္းျပသစ္ ပက္ထရစ္ ဗီအဲရာလက္ထက္မွာလည္း ဇာဟာဟာ ဘယ္ေတာင္ပံကေန ခံစစ္ေတြကို ဆက္လက္ထိုးေဖာက္ေနရင္း ဘာမွ ကြာျခားမႈမရွိတဲ့ကစားသမားျဖစ္ပါတယ္။

အဲဗာတန္(အက္ဘ္ဒူလာေယး ဒူကူေယး)

အဲဗာတန္နည္းၿပ ဘင္နီတက္ဇ္မွာ ဒဏ္ရာျပႆနာေတြ ေတာ္ေတာ္ေလး ရွိေနခဲ့ၿပီးျဖစ္ေပမယ့္ ေနာက္ဆုံးထြက္ေပၚလာတဲ့ အက္ဘ္ဒူလာေယး ဒူကူေယးရဲ့ ဒဏ္ရာျပႆနာက အသိသာအထင္ရွားဆုံး ျဖစ္မယ္ထင္ပါတယ္။ အက္ဘ္ဒူလာေယး ဒူကူေယး ကြင္းထဲမွာ ရွိေနတဲ့အခ်ိန္မွာ အဲဗာတန္အသင္းရဲ့နိုင္ပြဲစံခ်ိန္ဟာ ၅၁ ရာခိုင္ႏႈန္းအထိ ရွိၿပီး ကြင္းလယ္ၾကယ္ပြင့္မပါဝင္ခ်ိန္မွာေတာ့ ၂၂ ရာခိုင္ႏႈန္းသာ ရွိတာျဖစ္ပါတယ္။ အသင္းအတြက္ အက္ဘ္ဒူလာေယး ဒူကူေယးရဲ့ အေရးပါမႈဟာ ရွင္းလင္းေနၿပီး ဘင္နီတက္ဇ္အတြက္ အသင္းရဲ့အားအထားရဆုံး ကစားသမား ကာလရွည္အနားယူရမွာက အဓိက ျပႆနာႀကီး ျဖစ္လာမွာျဖစ္ပါတယ္။

လိဒ္စ္( ရာဖင္ညာ)

မာဆယ္လို ဘီယယ္လ္ဆာရဲ့အသင္းဟာ ၿပီးခဲ့တဲ့ရာသီက ျမင့္မားတဲ့ေျခစြမ္းအတိုင္း ျပန္လည္ျပသနိုင္ဖို႔ ႐ုန္းကန္ေနရခ်ိန္မွာ ၎တို႔ရဲ့ ဘရာဇီးလ္တိုက္စစ္မႉးက မွန္ကန္တဲ့ ဦးတည္ခ်က္ကို ဆြဲေခၚေနရဆဲျဖစ္ပါတယ္။ ရာဖင္ညာရဲ့ သြင္းဂိုး ၃ ဂိုးက ပက္ထရစ္ ဘမ္းဖို႔ဒ္ ခ်န္ထားခဲ့တဲ့ ကြက္လပ္ကို ကူညီျဖည့္ဆည္းေပးနိုင္ခဲ့ၿပီး ေရထဲနစ္ေနတဲ့ လိဒ္စ္အတြက္ ႏွာေခါင္းေဖာ္နိုင္ခဲ့ရာမွာ အဓိကေသာ့ခ်က္ျဖစ္ခဲ့တာျဖစ္ပါတယ္။

လက္စတာစီးတီး(ေဂ်မီ ဗာဒီ)

အဂၤလန္တိုက္စစ္မႉး ေဂ်မီ ဗာဒီဟာ သူမပါရင္ လက္စတာစီးတီးအသင္း ဘာမွ လုပ္လို႔မရတဲ့ အဓိကကစားသမားအျဖစ္ ဆက္လက္ရွိေနဆဲျဖစ္ၿပီး အသက္ ၃၄ ႏွစ္အရြယ္ရွိေနတာေတာင္ ၿပိဳင္ဘက္ခံစစ္ေတြကို ေမာပန္းျခင္းမရွိတဲ့ ေျပးႏႈန္းနဲ႔ ထိတ္လန႔္ေစသူျဖစ္ပါတယ္။ ဗာဒီဟာ ယခုရာသီ ပရီးမီးယားလိဂ္ ၈ ပြဲမွာ ၇ ဂိုးအထိ သြင္းယူထားၿပီး ၎ရဲ့ ေျခစြမ္းက်ဆင္းျခင္းမရွိေသးဘူးဆိုတာကို သက္ေသျပသထားတာျဖစ္ပါတယ္။

လီဗာပူးလ္(မိုဟာမက္ ဆာလား)

မိုဟာမက္ ဆာလား မရွိတာကို ဘာမွ မခံစားရတဲ့အသင္း ကမၻာေပၚမွာ ရွိမွာမဟုတ္ပါဘူး။ လက္ရွိ ကမၻာ့အေကာင္းဆုံးတိုက္စစ္မႉးနဲ႔ပတ္သက္ၿပီး ရွင္းရွင္းေျပာရရင္ ႏွစ္ခ်ိဳ႕ေလ အရသာရွိေလျဖစ္တဲ့ ဝိုင္လိုမ်ိဳး ျဖစ္ပါတယ္။ ဆာလားဟာ ယခုရာသီ လီဗာပူးလ္ရဲ့ လိဂ္ပြဲ ၈ ပြဲမွာ ၇ ပြဲအထိ ဂိုးသြင္းယူထားနိုင္ခဲ့ၿပီး ေျခစြမ္း က်ဆင္းတဲ့ လကၡဏာမ်ိဳး ေသးေသးေလးေတာင္ ျပသခဲ့ျခင္းမရွိတာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီး((ဂန္ဒိုဂန္)

ကီဗင္ ဒီဘရိုင္းနားရဲ့ ညာေျခက ေမွာ္တုတ္တံျဖစ္ၿပီး သူ႔ရဲ့ ဘယ္ေျခကလည္း မဆိုးပါဘူး။ ၿပီးေတာ့ ဖီးလ္ ဖိုဒန္က နည္းၿပ ဂြါဒီယိုလာလက္ေအာက္မွာ ခုန္ပ်ံေက်ာ္လႊားၿပီး ထိပ္တန္းအဆင့္ေျခစြမ္းကို ေရာက္လာတယ္ဆိုတာလည္း ဟုတ္ပါတယ္။ ဒါေပမယ့္ သင့္အေနနဲ႔ မန္ခ်က္စတာစီးတီးအသင္းကို ဘာက စည္းခ်က္ညီေအာင္ လုပ္ေပးေနတာလဲဆိုတာ ျမင္ခ်င္တယ္ဆိုရင္ေတာ့ ဂ်ာမန္ကြင္းလယ္ကစားသမားထက္ပိုၿပီး ဘာကိုမွ ရွာေနစရာမလိုေတာ့ပါဘူး။ ဂန္ဒိုဂန္ ပါဝင္မႈက ဒီရာသီမွာ အလြမ္းမိုးနိုင္စြမ္း ေျခစြမ္းနဲ႔ တိုက္ဆိုင္မႈလို႔ ေျပာရေလာက္ေအာင္ အာဆင္နယ္ကို ၅-၀ နဲ႔ အနိုင္ရခဲ့တဲ့ပြဲမွာ ဂိုးသြင္းနိုင္ခဲ့သလို လက္စတာစီးတီးကို အနိုင္ရခဲ့တဲ့ပြဲမွာလည္း အနိုင္ရရွိေစနိုင္မယ့္ စြမ္းေဆာင္ရည္ကို ျပသခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္(ဘ႐ူနို ဖာနန္ဒက္စ္)

ယခုရာသီ အိုးထရက္ဖို႔ဒ္က စိတ္လႈပ္ရွားမႈအားလုံးက ေနာက္ထပ္ ေပၚတူဂီၾကယ္ပြင့္တစ္ဦးနားမွာ ဝဲလည္ေနေပမယ့္ ဘ႐ူနို ဖာနန္ဒက္စ္က လႊမ္းမိုးမႈအရွိဆုံးကစားသမားအျဖစ္ ရွိေနဆဲျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ ယူနိုက္တက္အတြက္ အႀကိမ္ေပါင္းမ်ားစြာမွာ ေပၚလာသင့္တဲ့အခ်ိန္ ေပၚလာခဲ့ၿပီးျဖစ္ေပမယ့္ ဖာနန္ဒက္စ္ရဲ့ ကြင္းလယ္က ေျခစြမ္းတည္ၿငိမ္မႈဟာ ယူနိုက္တက္လိုအပ္ေနေသးတဲ့ အရာျဖစ္ပါတယ္။ ဖာနန္ဒက္စ္ဟာ သြင္းဂိုး ၄ ဂိုး၊ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ထားၿပီးျဖစ္ေပမယ့္ အက္စ္တန္ ဗီလာနဲ႔ ပြဲစဥ္က ဆိုးရြားတဲ့ ပင္နယ္တီလြဲေခ်ာ္မႈသာ မျဖစ္ခဲ့ရင္ ဒီထက္ပိုမို သြင္းဂိုးမ်ားျပားေနမွာျဖစ္ပါတယ္။

ဝက္စ္ဟမ္း(အန္တိုနီယို)

အန္တိုနီယိုရဲ့ ဝက္စ္ဟမ္းအတြက္ ကြင္းအတြင္း လႊမ္းမိုးနိုင္စြမ္းက အကန႔္အသတ္မရွိဘူးလို႔ သိထားပါတယ္။ ကိုယ္တိုင္ ဂိုးသြင္းတာျဖစ္ျဖစ္၊ အသင္းေဖာ္အတြက္ ဂိုးဖန္တီးေပးတာျဖစ္ျဖစ္ သူ႔ရဲ့ တိုက္စစ္စြမ္းရည္ေၾကာင့္ ေဒးဗစ္ မိုရက္စ္ရဲ့ အသင္းဟာ ယခုရာသီ အမွတ္ေပးဇယား အေပၚတက္လာနိုင္ခဲ့တာျဖစ္ၿပီး ဥေရာပဝင္ခြင့္ေနရာမွာ ခိုင္မာတဲ့ အုတ္ျမစ္ခ်ဖို႔ ႀကိဳးပမ္းေနၿပီျဖစ္ပါတယ္။ အန္တိုနီယိုဟာ ဝက္စ္ဟမ္းအတြက္ ယခုရာသီ သြင္းဂိုး ၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ေပးထားၿပီး အသက္ ၃၁ ႏွစ္အရြယ္ကစားသမားဟာ သူမပါရင္ ဘာမွလုပ္လို႔မရတဲ့အထိ ဝက္စ္ဟမ္းအေပၚ လႊမ္းမိုးမႈရွိသူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.