Premier League

ဆရာကာပြန် အာခေါင်လှံစူးပြီး အမ်းမရိတ်စ်က တံထွေးခွက်ထဲ မျောခဲ့ရတဲ့ မာတီနက်ဇ်

အာဆင်နယ်အသင်းပရိသတ်တွေဟာ သောကြာနေ့က အမ်းမရိတ်စ်မှာ အပြန်မလှခဲ့တဲ့ အသင်းရဲ့ ဂိုးသမားဟောင်း အီမီလီယာနို မာတီနက်ဇ်အပေါ် ၎င်းတို့ရဲ့ ခံစားချက်ကို ရှင်းရှင်းလင်းလင်း ပြသခဲ့ပါတယ်။

အာဆင်နယ်ဂိုးသမားဟောင်းဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ မြောက်လန်ဒန်ကနေ ထွက်ခွာပြီး အက်စ်တန် ဗီလာအသင်းကို ပြောင်းရွှေ့ပြီးကတည်းက ထူးထူးခြားခြား လက်စွမ်းတိုးတက်လာခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ လက်စွမ်းအထက်မြက်ဆုံးဂိုးသမားတွေထဲက တစ်ဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မာတီနက်ဇ်ဟာ ယခုနွေရာသီမှာ အာဂျင်တီးနားအသင်းက ခါးသီးပြိုင်ဘက် ဘရာဇီးလ်ကို အနိုင်ယူပြီး ကိုပါအမေရိကဖလားကို ရရှိအောင် ကူညီပေးခဲ့ပြီးနောက် နိုင်ငံအသင်းအတွက်လည်း သူရဲကောင်းဖြစ်ခဲ့တာဖြစ်ပါတယ်။

အမှန်တော့ ကလပ်နဲ့ လက်ရွေးစင်အသင်းအတွက် ပြသခဲ့တဲ့ မာတီနက်ဇ်ရဲ့လက်စွမ်းကြောင့် ပရိသတ်တွေဟာ ဘာကြောင့် နည်းပြ အာတီတာအနေနဲ့ အာဂျင်တီးနားဂိုးသမားကို ရောင်းထုတ်ခဲ့တာလဲဆိုတာ သိချင်ခဲ့ကြပြီး အာဆင်နယ်အသင်းဟာ ယခုရာသီမှာ ရမ်းစ်ဒေးလ်ကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ သောကြာနေ့ညက အမ်းမရိတ်စ်ကို ပြန်လည်ခြေချချိန်မှာ အာတီတာကို မှားယွင်းကြောင်း သက်သေပြဖို့ အခွင့်အရေးရရှိခဲ့ပေမယ့် အက်စ်တန် ဗီလာအသင်းဟာ ပထမပိုင်းမှာပဲ ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့တာကြောင့် ခက်ခဲတဲ့အချိန်တွေကိုသာ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

အိမ်ရှင် အာဆင်နယ်အသင်းအတွက် သောမတ်စ် ပါတေးက ဂိုးသွင်းယူပေးခဲ့ပြီးနောက် ပရိသတ်တွေဟာ ပိုလို့တောင် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ချင်လာကြပြီး အမ်းမရိတ်စ်ကွင်းရဲ့ တစ်နေရာက ပရိသတ်တွေဟာ “မင်းက ချီးထုပ်ပဲ မာတီနက်ဇ်လို့”လို့ အော်ဟစ်နေခဲ့တာကို ကြားခဲ့ရပါတယ်။

ဒုတိယမြောက်ဂိုးကို ခွင့်ပြုခဲ့ရပြီးနောက် အသက် ၂၉ နှစ်အရွယ် ဂိုးသမားအတွက် အရာအားလုံးက ပိုလို့တောင် ဆိုးရွားလာခဲ့ပြီး အူဘာမီယန်းရဲ့ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့ပေမယ့် ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးက ၂ ဆင့်ကန်သွင်းယူသွားခဲ့လို့ ဘယ်လိုမှ မကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

သောကြာနေ့ညပွဲစဉ်အပြီးမှာ အာတီတာက မာတီနက်ဇ်ကို ရောင်းထုတ်ခဲ့တဲ့ ၎င်းရဲ့ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ အသင်းရဲ့အကျိုးစီးပွားအတွက်ကော သူ့ဆန္ဒအတွက်ပါ အကောင်းဆုံးဖြစ်နိုင်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာပါ။ ဒါပေမယ့် အဓိကပါဝင်ခဲ့သူကလည်း အီမီဖြစ်ခဲ့ပါတယ်။ သူ့ကို ကျွန်တော်နေရာပေးခဲ့ပြီး ကျွန်တော့်ရဲ့လက်အောက်မှာ ပွဲကြီးတွေမှာ ကောင်းကောင်း ပွဲထွက်ကစားနိုင်ခဲ့ပြီး သူဟာကစားသမားကောင်းဖြစ်တယ်ဆိုတာ ညွှန်ပြစရာ ရခဲ့တယ်။ အသင်းပြောင်းတာက သူ့အတွက် အရေးပေါ်ကိစ္စဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူက နံပါတ် ၁ ဂိုးသမားနေရာအတွက် မစောင့်ဆိုင်းချင်ပဲ ချက်ချင်းကစားချင်ခဲ့လို့ပါ။ သူက အရမ်းကောင်းတဲ့ ကစားသမားလေးပါ”

“ကျွန်တော် သူနဲ့အတူတူ ကစားခဲ့ပြီး သူ့ကို နည်းပြခဲ့ရတယ်။ သူ့အတွက် ကျွန်တော် ပျော်ရွှင်မိတယ်လို့ ပြောနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်နဲ့ အက်စ်တန် ဗီလာတို့ရဲ့ပွဲစဉ်မှာ မာတီနက်ဇ်အတွက် နောက်ထပ်ထူးခြားတဲ့ဖြစ်စဉ် တစ်ခုရှိခဲ့သေးပြီး အာဆင်နယ်အသင်းက ပင်နယ်တီ ကန်သွင်းမယူခင်မှာ အသင်းဖော်ဟောင်း လာကာဇက်နဲ့ စကားများခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမပြီးဆုံးခင်မှာ ဒိုင်လူကြီး ခရိတ်ဂျ် ပေါ်ဆန်က VAR နဲ့ ပြန်လည်စစ်ဆေးကြည့်ရှုခဲ့ပြီးနောက် အာဆင်နယ်ကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပြီး မြောက်လန်ဒန်အသင်းဟာ ဒုတိယမြောက်ဦးဆောင်ဂိုး ရရှိမယ့် အခွင့်အရေးပေးခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ဒိုင်လူကြီးက အစပိုင်းတုန်းက လာကာဇက်ဟာ ဒိုင်ဗင် ပစ်ခဲ့တယ်ဆိုပြီး အာဆင်နယ်အသင်းရဲ့ ပင်နယ်တီတောင်းဆိုမှုကို ငြင်းပယ်ခဲ့ပြီးမှ ဆုံးဖြတ်ချက်ကို ပြန်ပြင်ဆင်ခဲ့တာကြောင့် မာတီနက်ဇ်ဟာ ဒေါသထွက်ခဲ့ကြတဲ့ အက်စ်တန် ဗီလာကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ ၎င်းရဲ့ လူသိများကျော်ကြားတဲ့ စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ဖို့အတွက် ပင်နယ်တီကန်သွင်းဖို့ လုပ်နေတဲ့ အူဘာမီယန်းရှိရာဆီ လာရောက်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး လာကာဇက်က ကြားဝင်ပြီး အာဂျင်တီးနားဂိုးသမားကို ဂိုးစည်းရှိရာ ပြန်သွားဖို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မတိုင်မီကတည်းက အသင်းဟောင်းနဲ့ပတ်သက်ပြီး ပြောခဲ့တဲ့မှတ်ချက်စကားကြောင့် အာဆင်နယ်ပရိသတ်တွေရဲ့ ဒေါသထွက်ခြင်းကို ခံခဲ့ရသူဖြစ်ပြီး သောကြာနေ့ညပွဲစဉ်အတွင်းမှာ လက်စွမ်းပြရင်း လက်စားချေဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ အမ်းမရိတ်စ်မှာ အိပ်မက်ဆိုးတွေ မက်ခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အာဆင္နယ္အသင္းပရိသတ္ေတြဟာ ေသာၾကာေန႔က အမ္းမရိတ္စ္မွာ အျပန္မလွခဲ့တဲ့ အသင္းရဲ႕ ဂိုးသမားေဟာင္း အီမီလီယာႏို မာတီနက္ဇ္အေပၚ ၎တို႔ရဲ႕ ခံစားခ်က္ကို ရွင္းရွင္းလင္းလင္း ျပသခဲ့ပါတယ္။

အာဆင္နယ္ဂိုးသမားေဟာင္းဟာ ၿပီးခဲ့တဲ့ရာသီကုန္မွာ ေျမာက္လန္ဒန္ကေန ထြက္ခြာၿပီး အက္စ္တန္ ဗီလာအသင္းကို ေျပာင္းေ႐ႊ႕ၿပီးကတည္းက ထူးထူးျခားျခား လက္စြမ္းတိုးတက္လာခဲ့သူျဖစ္ၿပီး ပရီးမီးယားလိဂ္ရဲ႕ လက္စြမ္းအထက္ျမက္ဆုံးဂိုးသမားေတြထဲက တစ္ဦးျဖစ္လာခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ မာတီနက္ဇ္ဟာ ယခုေႏြရာသီမွာ အာဂ်င္တီးနားအသင္းက ခါးသီးၿပိဳင္ဘက္ ဘရာဇီးလ္ကို အႏိုင္ယူၿပီး ကိုပါအေမရိကဖလားကို ရရွိေအာင္ ကူညီေပးခဲ့ၿပီးေနာက္ ႏိုင္ငံအသင္းအတြက္လည္း သူရဲေကာင္းျဖစ္ခဲ့တာျဖစ္ပါတယ္။

အမွန္ေတာ့ ကလပ္နဲ႔ လက္ေ႐ြးစင္အသင္းအတြက္ ျပသခဲ့တဲ့ မာတီနက္ဇ္ရဲ႕လက္စြမ္းေၾကာင့္ ပရိသတ္ေတြဟာ ဘာေၾကာင့္ နည္းျပ အာတီတာအေနနဲ႔ အာဂ်င္တီးနားဂိုးသမားကို ေရာင္းထုတ္ခဲ့တာလဲဆိုတာ သိခ်င္ခဲ့ၾကၿပီး အာဆင္နယ္အသင္းဟာ ယခုရာသီမွာ ရမ္းစ္ေဒးလ္ကို ေပါင္သန္း ၃၀ နဲ႔ ေခၚယူခဲ့ရတာျဖစ္ပါတယ္။

မာတီနက္ဇ္ဟာ ေသာၾကာေန႔ညက အမ္းမရိတ္စ္ကို ျပန္လည္ေျခခ်ခ်ိန္မွာ အာတီတာကို မွားယြင္းေၾကာင္း သက္ေသျပဖို႔ အခြင့္အေရးရရွိခဲ့ေပမယ့္ အက္စ္တန္ ဗီလာအသင္းဟာ ပထမပိုင္းမွာပဲ ၂-၀ နဲ႔ ရႈံးနိမ့္ေနခဲ့တာေၾကာင့္ ခက္ခဲတဲ့အခ်ိန္ေတြကိုသာ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

အိမ္ရွင္ အာဆင္နယ္အသင္းအတြက္ ေသာမတ္စ္ ပါေတးက ဂိုးသြင္းယူေပးခဲ့ၿပီးေနာက္ ပရိသတ္ေတြဟာ ပိုလို႔ေတာင္ ၾကမ္းၾကမ္းတမ္းတမ္း တိုက္ခိုက္ခ်င္လာၾကၿပီး အမ္းမရိတ္စ္ကြင္းရဲ႕ တစ္ေနရာက ပရိသတ္ေတြဟာ “မင္းက ခ်ီးထုပ္ပဲ မာတီနက္ဇ္လို႔”လို႔ ေအာ္ဟစ္ေနခဲ့တာကို ၾကားခဲ့ရပါတယ္။

ဒုတိယေျမာက္ဂိုးကို ခြင့္ျပဳခဲ့ရၿပီးေနာက္ အသက္ ၂၉ ႏွစ္အ႐ြယ္ ဂိုးသမားအတြက္ အရာအားလုံးက ပိုလို႔ေတာင္ ဆိုး႐ြားလာခဲ့ၿပီး အူဘာမီယန္းရဲ႕ ပင္နယ္တီကို ကာကြယ္ႏိုင္ခဲ့ေပမယ့္ ဂါဘြန္လက္ေ႐ြးစင္တိုက္စစ္မႉးက ၂ ဆင့္ကန္သြင္းယူသြားခဲ့လို႔ ဘယ္လိုမွ မကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ေသာၾကာေန႔ညပြဲစဥ္အၿပီးမွာ အာတီတာက မာတီနက္ဇ္ကို ေရာင္းထုတ္ခဲ့တဲ့ ၎ရဲ႕ဆုံးျဖတ္ခ်က္ဟာ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ျဖစ္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
“ကြၽန္ေတာ္တို႔ အသင္းရဲ႕အက်ိဳးစီးပြားအတြက္ေကာ သူ႔ဆႏၵအတြက္ပါ အေကာင္းဆုံးျဖစ္ႏိုင္တဲ့ ဆုံးျဖတ္ခ်က္ကို ခ်ခဲ့တာပါ။ ဒါေပမယ့္ အဓိကပါဝင္ခဲ့သူကလည္း အီမီျဖစ္ခဲ့ပါတယ္။ သူ႔ကို ကြၽန္ေတာ္ေနရာေပးခဲ့ၿပီး ကြၽန္ေတာ့္ရဲ႕လက္ေအာက္မွာ ပြဲႀကီးေတြမွာ ေကာင္းေကာင္း ပြဲထြက္ကစားႏိုင္ခဲ့ၿပီး သူဟာကစားသမားေကာင္းျဖစ္တယ္ဆိုတာ ၫႊန္ျပစရာ ရခဲ့တယ္။ အသင္းေျပာင္းတာက သူ႔အတြက္ အေရးေပၚကိစၥျဖစ္ခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူက နံပါတ္ ၁ ဂိုးသမားေနရာအတြက္ မေစာင့္ဆိုင္းခ်င္ပဲ ခ်က္ခ်င္းကစားခ်င္ခဲ့လို႔ပါ။ သူက အရမ္းေကာင္းတဲ့ ကစားသမားေလးပါ”

“ကြၽန္ေတာ္ သူနဲ႔အတူတူ ကစားခဲ့ၿပီး သူ႔ကို နည္းျပခဲ့ရတယ္။ သူ႔အတြက္ ကြၽန္ေတာ္ ေပ်ာ္႐ႊင္မိတယ္လို႔ ေျပာႏိုင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ အာဆင္နယ္နဲ႔ အက္စ္တန္ ဗီလာတို႔ရဲ႕ပြဲစဥ္မွာ မာတီနက္ဇ္အတြက္ ေနာက္ထပ္ထူးျခားတဲ့ျဖစ္စဥ္ တစ္ခုရွိခဲ့ေသးၿပီး အာဆင္နယ္အသင္းက ပင္နယ္တီ ကန္သြင္းမယူခင္မွာ အသင္းေဖာ္ေဟာင္း လာကာဇက္နဲ႔ စကားမ်ားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမၿပီးဆုံးခင္မွာ ဒိုင္လူႀကီး ခရိတ္ဂ်္ ေပၚဆန္က VAR နဲ႔ ျပန္လည္စစ္ေဆးၾကည့္ရႈခဲ့ၿပီးေနာက္ အာဆင္နယ္ကို ပင္နယ္တီကန္ခြင့္ေပးခဲ့ၿပီး ေျမာက္လန္ဒန္အသင္းဟာ ဒုတိယေျမာက္ဦးေဆာင္ဂိုး ရရွိမယ့္ အခြင့္အေရးေပးျခင္း ခံခဲ့ရတာျဖစ္ပါတယ္။ ဒိုင္လူႀကီးက အစပိုင္းတုန္းက လာကာဇက္ဟာ ဒိုင္ဗင္ ပစ္ခဲ့တယ္ဆိုၿပီး အာဆင္နယ္အသင္းရဲ႕ ပင္နယ္တီေတာင္းဆိုမႈကို ျငင္းပယ္ခဲ့ၿပီးမွ ဆုံးျဖတ္ခ်က္ကို ျပန္ျပင္ဆင္ခဲ့တာေၾကာင့္ မာတီနက္ဇ္ဟာ ေဒါသထြက္ခဲ့ၾကတဲ့ အက္စ္တန္ ဗီလာကစားသမားေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္ခဲ့တာျဖစ္ပါတယ္။

မာတီနက္ဇ္ဟာ ၎ရဲ႕ လူသိမ်ားေက်ာ္ၾကားတဲ့ စိတ္ဓာတ္စစ္ဆင္ေရး ျပဳလုပ္ဖို႔အတြက္ ပင္နယ္တီကန္သြင္းဖို႔ လုပ္ေနတဲ့ အူဘာမီယန္းရွိရာဆီ လာေရာက္ခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး လာကာဇက္က ၾကားဝင္ၿပီး အာဂ်င္တီးနားဂိုးသမားကို ဂိုးစည္းရွိရာ ျပန္သြားဖို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

မာတီနက္ဇ္ဟာ အာဆင္နယ္အသင္းနဲ႔ ပြဲစဥ္မတိုင္မီကတည္းက အသင္းေဟာင္းနဲ႔ပတ္သက္ၿပီး ေျပာခဲ့တဲ့မွတ္ခ်က္စကားေၾကာင့္ အာဆင္နယ္ပရိသတ္ေတြရဲ႕ ေဒါသထြက္ျခင္းကို ခံခဲ့ရသူျဖစ္ၿပီး ေသာၾကာေန႔ညပြဲစဥ္အတြင္းမွာ လက္စြမ္းျပရင္း လက္စားေခ်ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘဲ အမ္းမရိတ္စ္မွာ အိပ္မက္ဆိုးေတြ မက္ခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.