Premier League

ဆာလားနဲ့ ရော်နယ်လ်ဒိုကို တန်းမညှိပေမယ့် ဘယ်နေရာမှာ ဘယ်သူပိုကောင်းလဲ ပြောပြခဲ့တဲ့ ကလော့ပ်

လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်က ပရီးမီးယားလိဂ်ရဲ့အထင်ကရ ကစားသမား ၂ ဦးဖြစ်တဲ့ မိုဟာမက် ဆာလားနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ထဲက ဘယ်သူအကောင်းဆုံးလဲဆိုတာကို ရွေးချယ်ဖို့ တွန့်ဆုတ်နေခဲ့ပြီး ကစားသမား ၂ ဦးစလုံးဟာ သိသာထင်ရှားတဲ့အရည်အသွေးတွေ ရှိကြသူတွေလို့ ပြောကြားခဲ့ပါတယ်။

ကလော့ပ်က မိုဟာမက် ဆာလားနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကို နှိုင်းယှဉ်ဖို့ တွန့်ဆုတ်နေခဲ့ပေမယ့် လီဗာပူးလ်တိုက်စစ်မှူးက ဘယ်ခြေ ပိုမိုကောင်းမွန်ပြီး မန်ယူနိုက်တက်ကြယ်ပွင့်ကတော့ လေထဲမှာ ပိုမိုကောင်းမွန်တဲ့ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့အဆင့်ကစားသမား ၂ ဦးဟာ တနင်္ဂနွေနေ့ အိုးထရက်ဖို့ဒ်မှာ တွေ့ဆုံသွားရတော့မှာဖြစ်ပြီး တကမ္ဘာလုံးက အဲဒီပရီးမီးယားလိဂ်ပွဲစဉ်ကို အာရုံစိုက်နေကြမှာဖြစ်ပါတယ်။ ဒါပေမယ့် ကလော့ပ်က သိသာထင်ရှားတဲ့အရည်အသွေးတွေနဲ့ ထိပ်တန်းစွမ်းဆောင်ရှင်တွေထဲက တစ်ဦးကို ရွေးချယ်ရမယ့်အချိန်ရောက်လာတဲ့အခါမှာ ဘယ်ဘက်ကိုမှ မရွေးချယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆာလားနဲ့ ရော်နယ်လ်ဒိုတို့ကြားက ဆင်တူတာလေးတွေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ကလော့ပ်က “ဘာကြောင့် ကျွန်တော်တို့ နှိုင်းယှဉ်ရမှာလဲ။ ၂ ယောက်စလုံးက ကမ​္ဘာ့အဆင့်ကစားသမားတွေပါ။ ကျွန်တော်ကတော့ မိုရဲ့ ဘယ်ခြေက ပိုမိုကောင်းမွန်ပြီး ခရစ္စတီယာနိုက လေထဲနဲ့ သူ့ရဲ့ညာခြေမှာ ပိုမို တောင့်တင်းတာဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ပဲ ပြောရမှာပါ”

“၂ ယောက်စလုံးက လျင်မြန်ပြီး ဂိုးတွေ သွင်းယူချင်ကြပေမယ့် ကျွန်တော် နှိုင်းယှဉ်ရတာကို စိတ်မဝင်စားပါဘူး။ ဆောရီးပဲ”လို့ ပြောကြားခဲ့ပါတယ်။ မိုဟာမက် ဆာလားဟာ ယခုရာသီ လီဗာပူးလ်အတွက် ၁၁ ပွဲမှာ ၁၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး တကိုယ်တော်အားထုတ်မှုနဲ့ သွင်းယူခဲ့တဲ့ဂိုးတွေကြောင့် ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံနေရတာဖြစ်ပါတယ်။

ဘယ်လွန်ဒေါ ၅ ဆုရှင်အဖြစ် ရပ်တည်နေခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ၂၀၂၁-၂၀၂၂ ရာသီမှာ မန်ချက်စတာယူနိုက်တက်အတွက် သွင်းဂိုး ၆ ဂိုး သွင်းယူပေးထားတဲ့ ကစားသမားဖြစ်ပြီး ဗီလာရီးရဲလ်၊ အတ္တလန္တာအသင်းတို့နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ အသင်းကို နောက်ကျသွင်းဂိုးတွေနဲ့ ကယ်တင်ခဲ့သူလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ဆာလားနဲ့ ရော်နယ်လ်ဒိုတို့ကို ဘယ်လိုနှိုင်းယှဉ်မလဲလို့ သတင်းစာရှင်းလင်းပွဲအတွင်း မေးမြန်းခြင်းခံခဲ့ရတဲ့အခါမှာ ရော်နယ်ဒိုကို အမြဲတမ်း အားပေးထောက်ခံခဲ့ပေမယ့် ခုလူတွေပြောနေသလို လက်ရှိမှာ မို ဆာလားက အကောင်းဆုံးပုံစံမှာ ရှိနေတယ်လို့ ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းနည္းၿပ ယာဂန္ ကေလာ့ပ္က ပရီးမီးယားလိဂ္ရဲ့အထင္ကရ ကစားသမား ၂ ဦးျဖစ္တဲ့ မိုဟာမက္ ဆာလားနဲ႔ ခရစၥတီယာနို ေရာ္နယ္လ္ဒိုတို႔ထဲက ဘယ္သူအေကာင္းဆုံးလဲဆိုတာကို ေရြးခ်ယ္ဖို႔ တြန႔္ဆုတ္ေနခဲ့ၿပီး ကစားသမား ၂ ဦးစလုံးဟာ သိသာထင္ရွားတဲ့အရည္အေသြးေတြ ရွိၾကသူေတြလို႔ ေျပာၾကားခဲ့ပါတယ္။

ကေလာ့ပ္က မိုဟာမက္ ဆာလားနဲ႔ ခရစၥတီယာနို ေရာ္နယ္လ္ဒိုတို႔ကို ႏွိုင္းယွဥ္ဖို႔ တြန႔္ဆုတ္ေနခဲ့ေပမယ့္ လီဗာပူးလ္တိုက္စစ္မႉးက ဘယ္ေၿခ ပိုမိုေကာင္းမြန္ၿပီး မန္ယူနိုက္တက္ၾကယ္ပြင့္ကေတာ့ ေလထဲမွာ ပိုမိုေကာင္းမြန္တဲ့ကစားသမားျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ကမၻာ့အဆင့္ကစားသမား ၂ ဦးဟာ တနဂၤေႏြေန႔ အိုးထရက္ဖို႔ဒ္မွာ ေတြ႕ဆုံသြားရေတာ့မွာျဖစ္ၿပီး တကမၻာလုံးက အဲဒီပရီးမီးယားလိဂ္ပြဲစဥ္ကို အာ႐ုံစိုက္ေနၾကမွာျဖစ္ပါတယ္။ ဒါေပမယ့္ ကေလာ့ပ္က သိသာထင္ရွားတဲ့အရည္အေသြးေတြနဲ႔ ထိပ္တန္းစြမ္းေဆာင္ရွင္ေတြထဲက တစ္ဦးကို ေရြးခ်ယ္ရမယ့္အခ်ိန္ေရာက္လာတဲ့အခါမွာ ဘယ္ဘက္ကိုမွ မေရြးခ်ယ္နိုင္ခဲ့တာျဖစ္ပါတယ္။

ဆာလားနဲ႔ ေရာ္နယ္လ္ဒိုတို႔ၾကားက ဆင္တူတာေလးေတြနဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့ရာမွာ ကေလာ့ပ္က “ဘာေၾကာင့္ ကၽြန္ေတာ္တို႔ ႏွိုင္းယွဥ္ရမွာလဲ။ ၂ ေယာက္စလုံးက ကမ​ၻာ့အဆင့္ကစားသမားေတြပါ။ ကၽြန္ေတာ္ကေတာ့ မိုရဲ့ ဘယ္ေျခက ပိုမိုေကာင္းမြန္ၿပီး ခရစၥတီယာနိုက ေလထဲနဲ႔ သူ႔ရဲ့ညာေျခမွာ ပိုမို ေတာင့္တင္းတာျဖစ္ေကာင္း ျဖစ္နိုင္တယ္လို႔ပဲ ေျပာရမွာပါ”

“၂ ေယာက္စလုံးက လ်င္ျမန္ၿပီး ဂိုးေတြ သြင္းယူခ်င္ၾကေပမယ့္ ကၽြန္ေတာ္ ႏွိုင္းယွဥ္ရတာကို စိတ္မဝင္စားပါဘူး။ ေဆာရီးပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။ မိုဟာမက္ ဆာလားဟာ ယခုရာသီ လီဗာပူးလ္အတြက္ ၁၁ ပြဲမွာ ၁၂ ဂိုးအထိ သြင္းယူထားနိုင္ခဲ့ၿပီျဖစ္ၿပီး တကိုယ္ေတာ္အားထုတ္မႈနဲ႔ သြင္းယူခဲ့တဲ့ဂိုးေတြေၾကာင့္ ကမၻာ့အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ျခင္းခံေနရတာျဖစ္ပါတယ္။

ဘယ္လြန္ေဒါ ၅ ဆုရွင္အျဖစ္ ရပ္တည္ေနခဲ့တဲ့ ေရာ္နယ္လ္ဒိုဟာ ၂၀၂၁-၂၀၂၂ ရာသီမွာ မန္ခ်က္စတာယူနိုက္တက္အတြက္ သြင္းဂိုး ၆ ဂိုး သြင္းယူေပးထားတဲ့ ကစားသမားျဖစ္ၿပီး ဗီလာရီးရဲလ္၊ အတၱလႏၲာအသင္းတို႔နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာ အသင္းကို ေနာက္က်သြင္းဂိုးေတြနဲ႔ ကယ္တင္ခဲ့သူလည္း ျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားကေတာ့ ဆာလားနဲ႔ ေရာ္နယ္လ္ဒိုတို႔ကို ဘယ္လိုႏွိုင္းယွဥ္မလဲလို႔ သတင္းစာရွင္းလင္းပြဲအတြင္း ေမးျမန္းျခင္းခံခဲ့ရတဲ့အခါမွာ ေရာ္နယ္ဒိုကို အျမဲတမ္း အားေပးေထာက္ခံခဲ့ေပမယ့္ ခုလူေတြေျပာေနသလို လက္ရွိမွာ မို ဆာလားက အေကာင္းဆုံးပုံစံမွာ ရွိေနတယ္လို႔ ဝန္ခံေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.