Ligue1 UCL&UEL

မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ကြောင့် ပီအက်စ်ဂျီက ချန်ပီယံလိဂ်ရကို ရရတော့မယ်လို့ ပြောခဲ့တဲ့ ရော်နယ်ဒင်ညို

ပီအက်စ်ဂျီအသင်းဟာ ယခုရာသီ ချန်ပီယံလိဂ်ဖလားကို ရရှိဖို့အတွက် ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းအဖြစ် ယူဆခြင်း ခံထားရပြီး ကြယ်ပွင့်တွေ ပြည့်နှက်နေတဲ့အသင်းဖြစ်တဲ့အတွက် မြင့်မားတဲ့မျှော်မှန်းချက် ထားခြင်းခံနေရတာလည်း ဖြစ်ပါတယ်။

ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူး ရော်နယ်ဒင်ညိုက ပီအက်စ်ဂျီအသင်းမှာ လက်ရှိ ရှိနေတဲ့ ကစားသမားတွေရဲ့ အရည်အသွေးကြောင့် ဒီတစ်ကြိမ်မှာတော့ ဥရောပမှာ အောင်မြင်မှု ရရှိဖို့ ဖြစ်နိုင်နေပြီလို့ ယုံကြည်နေတာဖြစ်ပါတယ်။ “ဟုတ်ပါတယ်။ အောင်မြင်မှုရဖို့က ဖြစ်နိုင်ပါတယ်။ အသင်းက အခု ဘယ်လိုအချိန်မျိုးမှာမဆို ဂိုးတွေ သွင်းယူနိုင်တဲ့အသင်းပါ။ ခင်ဗျားမှာ ဒီလို အရမ်းကောင်းတဲ့ ကစားသမားတွေရှိနေတဲ့အခါမှာ အောင်မြင်မှု မရနိုင်ဘူးလို့ တွေးကြည့်ဖို့တောင် ခက်ပါတယ်”

ပီအက်စ်ဂျီအသင်းဟာ ကမ္ဘာ့အဆင့်ကစားသမားတွေ စုဖွဲ့ထားပေမယ့်လည်း ယခုရာသီမှာ အသင်းအဖွဲ့အဖြစ် သွားနိုင်ခြင်းမရှိသေးတာဖြစ်ပြီး အထူးသဖြင့် ပြည်တွင်းအဆင့်မှာ ဖြစ်ပါတယ်။ ရော်နယ်ဒင်ညိုက ပိုချက်တီနိုရဲ့ အသင်းဟာ အတူတကွ အစေးမကပ်မီ အချိန်ယူဖို့သာ လိုအပ်နေတာဖြစ်ပြီး အင်အားစုကြီးတစ်ခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ခင်ဗျားအနေနဲ့ ကစားဟန်တစ်ခုအတွက် ပုံစံကျသွားဖို့ အချိန်အနည်းငယ်လောက်သာ လိုအပ်နေတာပါ။ ခင်ဗျား အတူတူ တွဲကစားတာကို အသားကျအောင် လုပ်ရမှာပါ။ အဲဒါက ဘောလုံးမှာ သာမန်ပါပဲ”။ ရော်နယ်ဒင်ညိုဟာ ပီအက်စ်ဂျီကစားသမားအဖြစ်နဲ့ ဥရောပဘောလုံးအတွေ့အကြုံကို ပထမဆုံး ရရှိခဲ့သူဖြစ်ပြီး ၂၀၀၁ ခုနှစ် နွေရာသီမှာ ဂရီမီယိုအသင်းကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်မှာ သမိုင်းတွေဖြစ်လာမယ့် ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းမှာ ကစားခဲ့တဲ့ ၂ နှစ်အတွင်း ဘရာဇီးလ်ဂန္တဝင်ကစားသမားဟာ ပြိုင်ပွဲစုံ ၇၇ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၇ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲစဉ်ကို စိတ်ပျက်ဖွယ် ရလဒ်နဲ့သာ စတင်နိုင်ခဲ့ပေမယ့် အဲဒီပွဲစဉ်ပြီးကတည်းက ချန်ပီယံလိဂ်မှာ ထူးခြားတဲ့ နိုင်ပွဲတွေ ရယူနိုင်ခဲ့ပြီး အုပ်စု ဒုတိယအကျော့ပွဲစဉ်တွေ မတိုင်မီ အုပ်စုပထမအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့လက ကလပ်ဘရုဂျ်နဲ့ တစ်ဖက် ၁ ဂိုးစီ စိတ်ပျက်ဖွယ် သရေကျခဲ့ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်မှာတော့ မန်ချက်စတာစီးတီးကို အနိုင်ယူပြီး ထူးခြားတဲ့တိုးတက်မှုကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ညက လိုက်ပ်ဇစ်ကို ၃-၂ နဲ့ နိုင်ပွဲ ရရှိခဲ့ပြီး နောက်ထပ်ခြေတစ်လှမ်းတိုးနိုင်ခဲ့ပြီးနောက် ပိုချက်တီနိုရဲ့အသင်းဟာ အုပ်စု A မှာ ရမှတ် ၇ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီ၊ နေမာ၊ ခီလီယန် အမ်ဘာပေ၊ ဆာဂျီယို ရာမို့စ်၊ ဗာရက်တီတို့လို ကမ္ဘာ့အဆင့် ကစားသမားတွေရှိနေတဲ့ ပီအက်စ်ဂျီအသင်းအနေနဲ့ ယခုရာသီ ချန်ပီယံလိဂ်မှာ သမိုင်းရေးထိုးနိုင်စွမ်းရှိတဲ့အသင်းဆိုတာ သံသယဖြစ်စရာမရှိဘဲ ဥရောပချန်ပီယံအဖြစ် ရာသီသိမ်းမလားဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီအသင္းဟာ ယခုရာသီ ခ်န္ပီယံလိဂ္ဖလားကို ရရွိဖို႔အတြက္ ေရပန္းအစားဆုံးအသင္းေတြထဲက တစ္သင္းအျဖစ္ ယူဆျခင္း ခံထားရၿပီး ၾကယ္ပြင့္ေတြ ျပည့္ႏွက္ေနတဲ့အသင္းျဖစ္တဲ့အတြက္ ျမင့္မားတဲ့ေမၽွာ္မွန္းခ်က္ ထားျခင္းခံေနရတာလည္း ျဖစ္ပါတယ္။

ဘရာဇီးလ္ဂႏၲဝင္တိုက္စစ္မႉး ေရာ္နယ္ဒင္ညိဳက ပီအက္စ္ဂ်ီအသင္းမွာ လက္ရွိ ရွိေနတဲ့ ကစားသမားေတြရဲ့ အရည္အေသြးေၾကာင့္ ဒီတစ္ႀကိမ္မွာေတာ့ ဥေရာပမွာ ေအာင္ျမင္မႈ ရရွိဖို႔ ျဖစ္နိုင္ေနၿပီလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။ “ဟုတ္ပါတယ္။ ေအာင္ျမင္မႈရဖို႔က ျဖစ္နိုင္ပါတယ္။ အသင္းက အခု ဘယ္လိုအခ်ိန္မ်ိဳးမွာမဆို ဂိုးေတြ သြင္းယူနိုင္တဲ့အသင္းပါ။ ခင္ဗ်ားမွာ ဒီလို အရမ္းေကာင္းတဲ့ ကစားသမားေတြရွိေနတဲ့အခါမွာ ေအာင္ျမင္မႈ မရနိုင္ဘူးလို႔ ေတြးၾကည့္ဖို႔ေတာင္ ခက္ပါတယ္”

ပီအက္စ္ဂ်ီအသင္းဟာ ကမၻာ့အဆင့္ကစားသမားေတြ စုဖြဲ႕ထားေပမယ့္လည္း ယခုရာသီမွာ အသင္းအဖြဲ႕အျဖစ္ သြားနိုင္ျခင္းမရွိေသးတာျဖစ္ၿပီး အထူးသျဖင့္ ျပည္တြင္းအဆင့္မွာ ျဖစ္ပါတယ္။ ေရာ္နယ္ဒင္ညိဳက ပိုခ်က္တီနိုရဲ့ အသင္းဟာ အတူတကြ အေစးမကပ္မီ အခ်ိန္ယူဖို႔သာ လိုအပ္ေနတာျဖစ္ၿပီး အင္အားစုႀကီးတစ္ခု ျဖစ္လာလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ခင္ဗ်ားအေနနဲ႔ ကစားဟန္တစ္ခုအတြက္ ပုံစံက်သြားဖို႔ အခ်ိန္အနည္းငယ္ေလာက္သာ လိုအပ္ေနတာပါ။ ခင္ဗ်ား အတူတူ တြဲကစားတာကို အသားက်ေအာင္ လုပ္ရမွာပါ။ အဲဒါက ေဘာလုံးမွာ သာမန္ပါပဲ”။ ေရာ္နယ္ဒင္ညိဳဟာ ပီအက္စ္ဂ်ီကစားသမားအျဖစ္နဲ႔ ဥေရာပေဘာလုံးအေတြ႕အၾကဳံကို ပထမဆုံး ရရွိခဲ့သူျဖစ္ၿပီး ၂၀၀၁ ခုႏွစ္ ေႏြရာသီမွာ ဂရီမီယိုအသင္းကေန ပီအက္စ္ဂ်ီကို ေျပာင္းေရႊ႕ခဲ့ၿပီးေနာက္ ၂၀၀၃ ခုႏွစ္မွာ သမိုင္းေတြျဖစ္လာမယ့္ ဘာစီလိုနာကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းမွာ ကစားခဲ့တဲ့ ၂ ႏွစ္အတြင္း ဘရာဇီးလ္ဂႏၲဝင္ကစားသမားဟာ ၿပိဳင္ပြဲစုံ ၇၇ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၂၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၇ ႀကိမ္အထိ ျပဳလုပ္ေပးနိုင္ခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ယခုရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ့ အုပ္စုအဖြင့္ပြဲစဥ္ကို စိတ္ပ်က္ဖြယ္ ရလဒ္နဲ႔သာ စတင္နိုင္ခဲ့ေပမယ့္ အဲဒီပြဲစဥ္ၿပီးကတည္းက ခ်န္ပီယံလိဂ္မွာ ထူးျခားတဲ့ နိုင္ပြဲေတြ ရယူနိုင္ခဲ့ၿပီး အုပ္စု ဒုတိယအေက်ာ့ပြဲစဥ္ေတြ မတိုင္မီ အုပ္စုပထမအျဖစ္ ရပ္တည္နိုင္ခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ၿပီးခဲ့တဲ့လက ကလပ္ဘ႐ုဂ်္နဲ႔ တစ္ဖက္ ၁ ဂိုးစီ စိတ္ပ်က္ဖြယ္ သေရက်ခဲ့ၿပီး ၿပီးခဲ့တဲ့ရက္သတၱပတ္မွာေတာ့ မန္ခ်က္စတာစီးတီးကို အနိုင္ယူၿပီး ထူးျခားတဲ့တိုးတက္မႈကို ျပသနိုင္ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ အဂၤါေန႔ညက လိုက္ပ္ဇစ္ကို ၃-၂ နဲ႔ နိုင္ပြဲ ရရွိခဲ့ၿပီး ေနာက္ထပ္ေျခတစ္လွမ္းတိုးနိုင္ခဲ့ၿပီးေနာက္ ပိုခ်က္တီနိုရဲ့အသင္းဟာ အုပ္စု A မွာ ရမွတ္ ၇ မွတ္နဲ႔ အုပ္စုဗိုလ္အျဖစ္ ရပ္တည္နိုင္ခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီ၊ ေနမာ၊ ခီလီယန္ အမ္ဘာေပ၊ ဆာဂ်ီယို ရာမို႔စ္၊ ဗာရက္တီတို႔လို ကမၻာ့အဆင့္ ကစားသမားေတြရွိေနတဲ့ ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ယခုရာသီ ခ်န္ပီယံလိဂ္မွာ သမိုင္းေရးထိုးနိုင္စြမ္းရွိတဲ့အသင္းဆိုတာ သံသယျဖစ္စရာမရွိဘဲ ဥေရာပခ်န္ပီယံအျဖစ္ ရာသီသိမ္းမလားဆိုတာကို ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.