Match Report Premier League UCL&UEL

ပုံမှန်ခြေစွမ်းနဲ့ ယူရိုပါလိဂ်မှာလည်း နိုင်ပွဲဆက်ပြီး အုပ်စုကို ဦးဆောင်တဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းအနေနဲ့ ယူရိုပါလိဂ် အိမ်ကွင်းပွဲစဉ်အဖြစ် ဘယ်လ်ဂျီယမ်ကလပ် ဂျင့်ခ်နဲ့ ကစားခဲ့ရပြီး ပထမကစားသမားနဲ့ အရန်တွေကို ပေါင်းစပ်ပြီး ပွဲထုတ်ခဲ့ပါတယ်။ ဂိုးမှာ အာရီယိုးလား၊ ခံစစ်မှာ ခရက်စ်ဝဲလ်၊ ဒီယော့ပ်၊ ဒေါ်ဆန်နဲ့ ဂျွန်ဆန်၊ ကွင်းလယ်မှာ ဆိုးချက်ခ်၊ ရိုက်စ်နဲ့ လန်ဇီနီ၊ တောင်ပံတွေမှာ ဗလာရှစ်ချ်နဲ့ ဘိုဝင်၊ တိုက်စစ်မှာ ယာမိုလန်ကိုတို့ ပါဝင်လာခဲ့ပြီး ဒါက သင့်တင့်မျှတတဲ့ လူစာရင်းလည်းဖြစ်ခဲ့တာပါ။

စောစောစီးစီးမှာပဲ ဝက်စ်ဟမ်းတို့ ဂိုးသွင်းခံရမလိုဖြစ်ခဲ့ပေမယ့် ဂျင့်ခ်ရဲ့ တိုက်စစ်က ထိုးဖောက်ပြေးထွက်စဉ်မှာ လူကျွံနေလို့ သက်သာခဲ့ရသလို ဗလာရှစ်ချ်နဲ့ ဘိုဝင်တို့ကတော့ အခွင့်အရေးတွေကို အသုံးမချနိုင်ဘဲဖြစ်နေခဲ့ပြီး လေးလံနေတဲ့ ဒေါ်ဆန်နဲ့ ဒီယော့ပ်တို့ ခံစစ်ကလည်း ပြိုင်ဘက်အသင်းကို မကြာခဏ အခွင့်အရေးတွေ ပေးနေခဲ့ပါတယ်။

ယာမိုလန်ကိုကတော့ နာမည်ကြီးတုန်းက ခြေစွမ်းမျိုး ရှိမနေခဲ့သလို သူ့ရဲ့ လျင်မြန်တဲ့ Inverted Style ကစားပုံကလည်း ပျောက်ဆုံးနေပြီး တောင်ပံတွေမှာ လွတ်လွတ်လပ်လပ်ကစားခွင့်ကို ဘိုဝင်ကို ဦးစားပေးထားရချိန်မှာ ယူကရိန်းသားအနေနဲ့ အထောင်တိုက်စစ်နေရာမှာ သိပ်ပြီး အံမဝင်သလိုဖြစ်နေပြီး ဒေးဗစ်မွိုက်စ်အတွက်တော့ အန်တိုနီယိုကို မထည့်ရင် နောက်ထပ်တိုက်စစ်မှူးတစ်ဦးကို ရှာဖွေဖို့တော့ လိုအပ်နေခဲ့တာပါ။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပြီး ခရက်စ်ဝဲလ်ရဲ့ ထောင့်ကန်ဘောကို ဒေါ်ဆန်က ခေါင်းတိုက်သွင်းခဲ့ရာမှာ ထိချက်က သိပ်မပြင်းခဲ့ပေမယ့် ဂိုးအပေါ်ထောင့်ဘက်ကို သွားခဲ့ချိန်မှာ ဂျင့်ခ်ဂိုးသမားနဲ့ မမီမကန်း ခေါင်းတိုက်ဖျက်တဲ့ နောက်ခံလူကြား နားလည်မှုလွဲပြီး မကာကွယ်နိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာ တစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဝက်စ်ဟမ်းဂိုးသမား အာရီယိုးလားကတော့ အကောင်းဆုံးပုံစံမှာ ရှိမနေဘဲ အဆင်သင့်မဖြစ်သေးတာကို တွေ့ရပြီး ဖာဘီယန်စကီးရဲ့ ပထမ နေရာကို ခြိမ်းခြောက်နိုင်မယ့် အခြေအနေမှာ မရှိသေးသလို အဝင်အထွက်တွေမှာ ဆုံးဖြတ်ချက်မမှန်ဘဲ မလိုအပ်ဘဲ စွန့်စားမှုတွေက အသင်းကို ထိခိုက်နစ်နာစေဖို့တောင် နီးစပ်ခဲ့သေးတာပါ။

ပွဲချိန် ၅၇ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ ဒုတိယဂိုးရခဲ့ပြီး ပထမဂိုးရခဲ့တဲ့ ပုံစံနဲ့ နီးနီးစပ်စပ်ပဲ ထောင့်ကန်အလံတိုင်နားမှာရတဲ့ ဖရီးကစ်ကို ခရက်စ်ဝဲလ်ကပဲ ကန်တင်ပေးခဲ့ရာမှာ အနီးတိုင်နားမှာ နေရာယူထားတဲ့ နောက်ခံလူ ဒီယော့ပ်က ခေါင်းတိုက်သွင်းနိုင်ခဲ့လို့ နောက်တစ်ဂိုးရဖို့ ကြိုးစားနေတဲ့ တွဲဖက်ခံစစ်မှူး ဒေါ်ဆန် နောက်ကျသွားခဲ့ရတာလည်းဖြစ်ပါတယ်။

တစ်မိနစ်အကြာမှာတော့ ဂျင့်ခ်ကွင်းလယ်က လူပေးမှားရာကနေ ယာမိုလန်ကို လုယူနိုင်ခဲ့ပြီး လန်ဇီနီက ထိုးပေးလိုက်တဲ့ ဘောလုံးကို ဘိုဝင်က တစ်ကိုယ်တော်ဆွဲပြေးပြီး ခံစစ်ကြားကနေ ချိုးကန်သွင်းခဲ့ရာမှာ ဂိုးသမား ဗန်ဒဗော့ထ်ရဲ့ ခြေထောက်နဲ့ထိပြီး ဂိုးဝင်သွားခဲ့လို့ ဝက်စ်ဟမ်းတို့ တတိယဂိုးနဲ့ အနိုင်ပြတ်သားစေခဲ့တာလည်းဖြစ်ပါတယ်။

ယူရိုသန်း ၃၀ နဲ့ ခေါ်ယူထားခဲ့ရပြီး ၇ ပွဲမှာ တစ်ဂိုးမှ မရသေးဘဲ ပွဲမတိုးသေးတဲ့ ဗလာရှစ်ချ်ကတော့ ဘယ်တောင်ပံမှာ အလုပ်မဖြစ်ခဲ့သေးတာကို တွေ့ရပြီး ခြေနုတ်ခြေသိမ်းနဲ့ အလျင်အမြန် ဆုံးဖြတ်တုံ့ပြန်ရမယ့်အချိန်တွေမှာ နှေးကွေးနေခဲ့သလို CSKA မှာ ခြေစွမ်းမပြခင် အဲဗာတန်မှာတုန်းက ဘာမှမဟုတ်တဲ့ ပုံစံမျိုးပဲဖြစ်နေခဲ့ပြီး ဂျင်းဖြစ်မသွားအောင်တော့ မွိုက်စ်တစ်ယောက် ကြိုးစားရဦးမယ့်အဖြစ်ကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဂျင့်ခ်တို့ သိက္ခာဆည်ဂိုးရဖို့အတွက် ပြန်ဖိကစားခဲ့ကြပေမယ့် အောင်မြင်ခြင်းမရှိဘဲ ဝက်စ်ဟမ်းတို့အနေနဲ့ Clean Sheet ရဖို့ ထိန်းကစားသွားခဲ့တာကြောင့် ပွဲချိန်အပြည့်မှာ သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ယူရိုပါလိဂ်ရဲ့ အုပ်စု(H)ကိုတော့ ၃ ပွဲကစား ၃ ပွဲနိုင် ရဂိုး ၇ ဂိုး၊ ပေးဂိုးမရှိဘဲ ရမှတ် ၉ မှတ်နဲ့ အောက်က အသင်းတွေကို ၆ မှတ်ဖြတ် ဦးဆောင်ထားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝက္စ္ဟမ္းအသင္းအေနနဲ႔ ယူ႐ိုပါလိဂ္ အိမ္ကြင္းပြဲစဥ္အျဖစ္ ဘယ္လ္ဂ်ီယမ္ကလပ္ ဂ်င့္ခ္နဲ႔ ကစားခဲ့ရၿပီး ပထမကစားသမားနဲ႔ အရန္ေတြကို ေပါင္းစပ္ၿပီး ပြဲထုတ္ခဲ့ပါတယ္။ ဂိုးမွာ အာရီယိုးလား၊ ခံစစ္မွာ ခရက္စ္ဝဲလ္၊ ဒီေယာ့ပ္၊ ေဒၚဆန္နဲ႔ ဂြၽန္ဆန္၊ ကြင္းလယ္မွာ ဆိုးခ်က္ခ္၊ ႐ိုက္စ္နဲ႔ လန္ဇီနီ၊ ေတာင္ပံေတြမွာ ဗလာရွစ္ခ်္နဲ႔ ဘိုဝင္၊ တိုက္စစ္မွာ ယာမိုလန္ကိုတို႔ ပါဝင္လာခဲ့ၿပီး ဒါက သင့္တင့္မွ်တတဲ့ လူစာရင္းလည္းျဖစ္ခဲ့တာပါ။

ေစာေစာစီးစီးမွာပဲ ဝက္စ္ဟမ္းတို႔ ဂိုးသြင္းခံရမလိုျဖစ္ခဲ့ေပမယ့္ ဂ်င့္ခ္ရဲ႕ တိုက္စစ္က ထိုးေဖာက္ေျပးထြက္စဥ္မွာ လူကြၽံေနလို႔ သက္သာခဲ့ရသလို ဗလာရွစ္ခ်္နဲ႔ ဘိုဝင္တို႔ကေတာ့ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ဘဲျဖစ္ေနခဲ့ၿပီး ေလးလံေနတဲ့ ေဒၚဆန္နဲ႔ ဒီေယာ့ပ္တို႔ ခံစစ္ကလည္း ၿပိဳင္ဘက္အသင္းကို မၾကာခဏ အခြင့္အေရးေတြ ေပးေနခဲ့ပါတယ္။

ယာမိုလန္ကိုကေတာ့ နာမည္ႀကီးတုန္းက ေျခစြမ္းမ်ိဳး ရွိမေနခဲ့သလို သူ႔ရဲ႕ လ်င္ျမန္တဲ့ Inverted Style ကစားပုံကလည္း ေပ်ာက္ဆုံးေနၿပီး ေတာင္ပံေတြမွာ လြတ္လြတ္လပ္လပ္ကစားခြင့္ကို ဘိုဝင္ကို ဦးစားေပးထားရခ်ိန္မွာ ယူကရိန္းသားအေနနဲ႔ အေထာင္တိုက္စစ္ေနရာမွာ သိပ္ၿပီး အံမဝင္သလိုျဖစ္ေနၿပီး ေဒးဗစ္မြိဳက္စ္အတြက္ေတာ့ အန္တိုနီယိုကို မထည့္ရင္ ေနာက္ထပ္တိုက္စစ္မႉးတစ္ဦးကို ရွာေဖြဖို႔ေတာ့ လိုအပ္ေနခဲ့တာပါ။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ ဝက္စ္ဟမ္းတို႔ အဖြင့္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ခရက္စ္ဝဲလ္ရဲ႕ ေထာင့္ကန္ေဘာကို ေဒၚဆန္က ေခါင္းတိုက္သြင္းခဲ့ရာမွာ ထိခ်က္က သိပ္မျပင္းခဲ့ေပမယ့္ ဂိုးအေပၚေထာင့္ဘက္ကို သြားခဲ့ခ်ိန္မွာ ဂ်င့္ခ္ဂိုးသမားနဲ႔ မမီမကန္း ေခါင္းတိုက္ဖ်က္တဲ့ ေနာက္ခံလူၾကား နားလည္မႈလြဲၿပီး မကာကြယ္ႏိုင္ခဲ့လို႔ ပထမပိုင္းအၿပီးမွာ တစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ဝက္စ္ဟမ္းဂိုးသမား အာရီယိုးလားကေတာ့ အေကာင္းဆုံးပုံစံမွာ ရွိမေနဘဲ အဆင္သင့္မျဖစ္ေသးတာကို ေတြ႕ရၿပီး ဖာဘီယန္စကီးရဲ႕ ပထမ ေနရာကို ၿခိမ္းေျခာက္ႏိုင္မယ့္ အေျခအေနမွာ မရွိေသးသလို အဝင္အထြက္ေတြမွာ ဆုံးျဖတ္ခ်က္မမွန္ဘဲ မလိုအပ္ဘဲ စြန႔္စားမႈေတြက အသင္းကို ထိခိုက္နစ္နာေစဖို႔ေတာင္ နီးစပ္ခဲ့ေသးတာပါ။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ ဝက္စ္ဟမ္းတို႔ ဒုတိယဂိုးရခဲ့ၿပီး ပထမဂိုးရခဲ့တဲ့ ပုံစံနဲ႔ နီးနီးစပ္စပ္ပဲ ေထာင့္ကန္အလံတိုင္နားမွာရတဲ့ ဖရီးကစ္ကို ခရက္စ္ဝဲလ္ကပဲ ကန္တင္ေပးခဲ့ရာမွာ အနီးတိုင္နားမွာ ေနရာယူထားတဲ့ ေနာက္ခံလူ ဒီေယာ့ပ္က ေခါင္းတိုက္သြင္းႏိုင္ခဲ့လို႔ ေနာက္တစ္ဂိုးရဖို႔ ႀကိဳးစားေနတဲ့ တြဲဖက္ခံစစ္မႉး ေဒၚဆန္ ေနာက္က်သြားခဲ့ရတာလည္းျဖစ္ပါတယ္။

တစ္မိနစ္အၾကာမွာေတာ့ ဂ်င့္ခ္ကြင္းလယ္က လူေပးမွားရာကေန ယာမိုလန္ကို လုယူႏိုင္ခဲ့ၿပီး လန္ဇီနီက ထိုးေပးလိုက္တဲ့ ေဘာလုံးကို ဘိုဝင္က တစ္ကိုယ္ေတာ္ဆြဲေျပးၿပီး ခံစစ္ၾကားကေန ခ်ိဳးကန္သြင္းခဲ့ရာမွာ ဂိုးသမား ဗန္ဒေဗာ့ထ္ရဲ႕ ေျခေထာက္နဲ႔ထိၿပီး ဂိုးဝင္သြားခဲ့လို႔ ဝက္စ္ဟမ္းတို႔ တတိယဂိုးနဲ႔ အႏိုင္ျပတ္သားေစခဲ့တာလည္းျဖစ္ပါတယ္။

ယူ႐ိုသန္း ၃၀ နဲ႔ ေခၚယူထားခဲ့ရၿပီး ၇ ပြဲမွာ တစ္ဂိုးမွ မရေသးဘဲ ပြဲမတိုးေသးတဲ့ ဗလာရွစ္ခ်္ကေတာ့ ဘယ္ေတာင္ပံမွာ အလုပ္မျဖစ္ခဲ့ေသးတာကို ေတြ႕ရၿပီး ေျခႏုတ္ေျခသိမ္းနဲ႔ အလ်င္အျမန္ ဆုံးျဖတ္တုံ႔ျပန္ရမယ့္အခ်ိန္ေတြမွာ ေႏွးေကြးေနခဲ့သလို CSKA မွာ ေျခစြမ္းမျပခင္ အဲဗာတန္မွာတုန္းက ဘာမွမဟုတ္တဲ့ ပုံစံမ်ိဳးပဲျဖစ္ေနခဲ့ၿပီး ဂ်င္းျဖစ္မသြားေအာင္ေတာ့ မြိဳက္စ္တစ္ေယာက္ ႀကိဳးစားရဦးမယ့္အျဖစ္ကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဂ်င့္ခ္တို႔ သိကၡာဆည္ဂိုးရဖို႔အတြက္ ျပန္ဖိကစားခဲ့ၾကေပမယ့္ ေအာင္ျမင္ျခင္းမရွိဘဲ ဝက္စ္ဟမ္းတို႔အေနနဲ႔ Clean Sheet ရဖို႔ ထိန္းကစားသြားခဲ့တာေၾကာင့္ ပြဲခ်ိန္အျပည့္မွာ သုံးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ယူ႐ိုပါလိဂ္ရဲ႕ အုပ္စု(H)ကိုေတာ့ ၃ ပြဲကစား ၃ ပြဲႏိုင္ ရဂိုး ၇ ဂိုး၊ ေပးဂိုးမရွိဘဲ ရမွတ္ ၉ မွတ္နဲ႔ ေအာက္က အသင္းေတြကို ၆ မွတ္ျဖတ္ ဦးေဆာင္ထားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.