International Ligue1

အောင်မြင်မှုတွေနဲ့အတူ အမုန်းတီးဆုံးလူတစ်ယောက်ကို ပါးစပ်ပိတ်စေခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ ကမ္ဘာတလွှားမှာ ပရိသတ်ပေါင်း သန်းချီရှိသူဖြစ်ပေမယ့် ဆစ် ဆက်ဆဲရိုကတော့ အဲဒီ သန်းပေါင်းများစွာထဲက တစ်ယောက်မဟုတ်ပုံ ပေါ်ပါတယ်။

ကနေဒါနိုင်ငံသား ဘောလုံးဝေဖန်သူဟာ မက်ဆီကို နှစ်ပေါင်းများစွာ ဝေဖန်ထိုးနှက်ခဲ့သူဖြစ်ပြီး ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဘာစီလိုနာဂန္တဝင်ကို ဝေဖန်ခဲ့တဲ့ပြောစကားဟာ နိုင်ငံတကာသတင်းဌာန ခေါင်းစည်းတွေမှာ ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းက ခရိုအေးရှားကို ၃-၀ နဲ့ အရှက်ရဖွယ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွက် ဆက်ဆဲရိုက မက်ဆီကို နိုင်ငံတကာအောင်မြင်မှု မရယူနိုင်တဲ့ အလိမ်အညာအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်ခဲ့တာဖြစ်ပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ ဆက်ဆဲရိုက “ဒီပြိုင်ပွဲက မက်ဆီရဲ့ လိမ်ညာမှုက ဘယ်သူမှ ပြောချင်ကြမယ့် အကြောင်းအရာမဟုတ်ပါဘူး။ ကျွန်တော်က အလိမ်အညာလို့ ပြောခဲ့ပါတယ်။ ပြည်တွင်းပြိုင်ပွဲတွေမှာဆိုရင် သူက ဘာစီလိုနာမှာ အရာအားလုံး အနိုင်ရရှိခဲ့ပါတယ်။ အခုကနေ မက်ဆီက ဘာလဲဆိုတာကို ခင်ဗျား သိပြီ။ သူတို့တွေ ဘာစီလိုနာမှာ အကောင်းဆုံးအရာတွေကို အနိုင်ရခဲ့တဲ့အချိန်မှာ မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာ၊ ဒါဗိ ဗီယာတို့ပေ့ါ။ အဲဒီလူတွေက အသင်းအဖွဲ့ဖြစ်ခဲ့တယ်”

“သူတို့တွေ ၂၀၀၈ ခုနှစ်မှာ အဓိကပြိုင်ပွဲတွေအတွက် မတူညီတဲ့နေရာတွေကို သွားခဲ့ကြတဲ့အချိန်မှာ ဇာဗီ၊ အင်နီယေစတာ၊ ဒါဗိ ဗီယာနဲ့ ဘာစီလိုနာက ကျန်တဲ့ စပိန်ကစားသမားတွေအားလုံးက ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တယ်။ ယူရို ၂၀၀၈၊ ၂၀၁၀ ကမ္ဘာ့ဖလား၊ ယူရို ၂၀၁၂ စတဲ့ဖလားတွေပေါ့။ မက်ဆီကတော့ အဲဒီလို အဓိကထောက်တိုင်မပါဝင်ဘဲ ကွင်းထဲမှာ ခြေချတဲ့စက္ကန့်တွေမှာ သာမန်ပဲ ဖြစ်ခဲ့ပါတယ်။ ခင်ဗျား အဲဒါကို ကိုပါအမေရိကမှာ မြင်တွေ့ခဲ့မှာပါ။ ခင်ဗျား အဲဒါကို ကမ္ဘာ့ဖလားမှာ မြင်တွေ့ခဲ့မှာပါ”

“အခုဆိုရင် သူက ကမ္ဘာ့ဖလားဂိုးမသွင်းယူနိုင်တာ ၆၇၅ မိနစ်တိတိ ရှိနေခဲ့ပါပြီ။ ဘာလို့လဲဆိုတော့ ဇာဗီက အဲဒီမှာမရှိနေလို့၊ အင်နီယေစတာက အဲဒီမှာ မရှိနေလို့၊ ဘာလို့လဲဆိုတော့ ဒါဗိ ဗီယာက အဲဒီမှာ မရှိနေလို့ပါ။ ကျွန်တော့်ဘဝမှာ မြင်ခဲ့ဖူးတဲ့ အကောင်းဆုံးကစားသမားဆိုတာက ဘယ်သူနဲ့မဆို တွဲကစားနိုင်တယ်ဗျ။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဆို ဘယ်လိုနဲ့မဆို တွဲကစားနိုင်တယ်။ မိုက်ကယ် ကားရစ်လား၊ ဒါရင်း ဖလက်ချာလား”လို့ ပြောကြားခဲ့ပါတယ်။ အခု ဘာကြောင့် ဆက်ဆဲရိုက မက်ဆီဟာ အင်နီယေစတာ၊ ဇာဗီတို့မပါရင် သာမန်ပဲလို့ ပြောခဲ့တာနဲ့ပတ်သက်ပြီး အတွင်းကျကျ ဆန်းစစ်သွားမှာဖြစ်ပြီး ကားရစ်နဲ့ ဖလက်ချာကို ဆိုးရွားတဲ့ကစားသမားပုံစံမျိုး ပြောသွားတာကလည်း လုံးဝကို ထူးဆန်းပါတယ်။

၂၀၂၁ ခုနှစ်မှာ ပြန်တုံ့ပြန်နိုင်ခဲ့ပြီဖြစ်တဲ့ မက်ဆီ

ဒါပေမယ့်လည်း အမှန်ကတော့ မက်ဆီကို ဝေဖန်နေသူတွေဟာ အဲဒီတုန်းက အာဂျင်တီးနားအတွက် မက်ဆီက စိတ်ပျက်စရာကောင်းခဲ့တယ်ဆိုတဲ့အရာကို လက်ခံခဲ့ကြပြီး ယခုနွေရာသီမှာ အာဂျင်တီးနားကို ကိုပါအမေရိကအောင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ မက်ဆီက အဲဒီလို ပြောခဲ့တဲ့သူတွေကို အရူးနဲ့တူအောင် လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ မက်ဆီကို အားကစားလောကမှာ ဂုဏ်သိက္ခာအကြီးမားဆုံး ဖလားတွေထဲက တစ်ခုကို အနိုင်ရရှိခဲ့တဲ့ပြိုင်ပွဲမှာ အကောင်းဆုံးကစားသမားနဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့တဲ့အတွက် လိမ်ညာမှုလို့ ခေါ်လို့မရသလို သာမန်လို့လည်း ပြောလို့မရနိုင်တော့ပါဘူး။

မက်ဆီဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ ၄၉ ပွဲကစားခဲ့ရာမှာ သွင်းဂိုး ၄၀၊ ဂိုးဖန်တီးမှု ၁၄ ကြိမ်၊ ပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမားဆု ၂၇ ကြိမ်၊ လာလီဂါရဲ့ထိပ်တန်းဂိုးသွင်းရှင်၊ ကိုပါအမေရိကရဲ့ထိပ်တန်းဂိုးသွင်းရှင်၊ ကိုပါအမေရိကပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမား၊ ကိုပါဒယ်ရေး ချန်ပီယံ စတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပြီး ဘယ်လွန်ဒေါ ၇ ကြိမ်မြောက် ရရှိဖို့ ထိုက်တန်ကြောင်း ပြသခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာလည်း ဇာဗီ၊ အင်နီယေစတာ၊ ဒါဗိ ဗီယာတို့မပါဝင်တော့ဘဲ ခြေစွမ်းကျဆင်းနေတဲ့ ဘာစီလိုနာအသင်းကို ပုခုံးထမ်းတင်ပေးခဲ့ပြီး ယခုနွေရာသီမှာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့တာက မက်ဆီက တစ်သင်းတည်းကစားတတ်လို့ ပြောနေကြတဲ့သူတွေကို နှုတ်ဆိတ်သွားစေခဲ့မယ်လို့ ခံစားရပါတယ်။

ဒါပေမယ့် ဆက်ဆဲရိုဟာ အာဂျင်တီးနားအတွက် လီယွန်နယ် မက်ဆီက ကိုပါအမေရိကအောင်ပွဲ ရယူပေးခဲ့ပြီးနောက်မှာလည်း စိတ်မကျေနပ်သေးပုံ ရပြီး အာဂျင်တီးနား ဖလားရရှိခဲ့ပြီးနောက် တွစ်တာမှာ “နောက်ဆုံးမှာတော့ လက်လှမ်းမမီနိုင်တဲ့ကြယ်ပွင့်နဲ့ ၁၀ သင်းပဲ ယှဉ်ပြိုင်တဲ့ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့အတွက် လီယွန်နယ် မက်ဆီကို ဂုဏ်ပြုပါတယ်။ ကစားသမားရဲ့အရေးအကြီးဆုံးပွဲစဉ်တွေထဲက တစ်ပွဲမှာ စံချိန်တင် သွင်းဂိုးမရှိ၊ ဂိုးဖန်တီးမှုမရှိခဲ့တဲ့အတွက်လည်း မက်ဆီကို ဂုဏ်ပြုပါတယ်။ ကောင်းလိုက်တဲ့ ဂန္တဝင်ကြီးဗျာ”လို့ သရော်လှောင်ပြောင်ပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

အဲဒီလို ပြောကြေးသာဆို ယူရို ၂၀၁၆ ဗိုလ်လုပွဲမှာ ရော်နယ်လ်ဒိုရော ဂိုးသွင်းနိုင်ခဲ့လို့လား။ ပေါ်တူဂီကလည်း ပြိုင်ပွဲတလျှောက်လုံးမှာ မိနစ် ၉၀ ကစားရတဲ့ ပွဲစဉ်တစ်ပွဲကို အနိုင်ရခဲ့တဲ့ တစ်ခုတည်းသော အသင်းလား မေးခွန်းပြန်ထုတ်စရာရှိလာမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဘယ်လိုပဲတွေးတွေး မက်ဆီကို အမုန်းဆုံးလူနဲ့ သံသယအရှိဆုံးလူက ဆက်ဆဲရိုဆိုတာ ရှင်းသွားပါတယ်။ ဆက်ဆဲရိုတစ်ယောက် အခုလောက်ဆို ပီအက်စ်ဂျီမှာလည်း ချန်ပီယံလိဂ်သွင်းဂိုးတွေနဲ့ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိနေတဲ့ မက်ဆီကြောင့် ပြောစရာစကားတွေ ဆွံ့အနေလိမ့်မယ်လို့ မျှော်မှန်းရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီယြန္နယ္ မက္ဆီဟာ ကမၻာတလႊားမွာ ပရိသတ္ေပါင္း သန္းခ်ီရွိသူျဖစ္ေပမယ့္ ဆစ္ ဆက္ဆဲရိုကေတာ့ အဲဒီ သန္းေပါင္းမ်ားစြာထဲက တစ္ေယာက္မဟုတ္ပုံ ေပၚပါတယ္။

ကေနဒါနိုင္ငံသား ေဘာလုံးေဝဖန္သူဟာ မက္ဆီကို ႏွစ္ေပါင္းမ်ားစြာ ေဝဖန္ထိုးႏွက္ခဲ့သူျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ ကမၻာ့ဖလားၿပိဳင္ပြဲအတြင္း ဘာစီလိုနာဂႏၲဝင္ကို ေဝဖန္ခဲ့တဲ့ေျပာစကားဟာ နိုင္ငံတကာသတင္းဌာန ေခါင္းစည္းေတြမွာ ပ်ံ႕ႏွံ့သြားခဲ့တာျဖစ္ပါတယ္။ အာဂ်င္တီးနားအသင္းက ခရိုေအးရွားကို ၃-၀ နဲ႔ အရွက္ရဖြယ္ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြက္ ဆက္ဆဲရိုက မက္ဆီကို နိုင္ငံတကာေအာင္ျမင္မႈ မရယူနိုင္တဲ့ အလိမ္အညာအျဖစ္ ျပင္းျပင္းထန္ထန္ ေဝဖန္ထိုးႏွက္ခဲ့တာျဖစ္ပါတယ္။

The Sun ရဲ့ ေဖာ္ျပခ်က္အရ ဆက္ဆဲရိုက “ဒီၿပိဳင္ပြဲက မက္ဆီရဲ့ လိမ္ညာမႈက ဘယ္သူမွ ေျပာခ်င္ၾကမယ့္ အေၾကာင္းအရာမဟုတ္ပါဘူး။ ကၽြန္ေတာ္က အလိမ္အညာလို႔ ေျပာခဲ့ပါတယ္။ ျပည္တြင္းၿပိဳင္ပြဲေတြမွာဆိုရင္ သူက ဘာစီလိုနာမွာ အရာအားလုံး အနိုင္ရရွိခဲ့ပါတယ္။ အခုကေန မက္ဆီက ဘာလဲဆိုတာကို ခင္ဗ်ား သိၿပီ။ သူတို႔ေတြ ဘာစီလိုနာမွာ အေကာင္းဆုံးအရာေတြကို အနိုင္ရခဲ့တဲ့အခ်ိန္မွာ မက္ဆီ၊ ဇာဗီ၊ အင္နီေယစတာ၊ ဒါဗိ ဗီယာတို႔ေပ့ါ။ အဲဒီလူေတြက အသင္းအဖြဲ႕ျဖစ္ခဲ့တယ္”

“သူတို႔ေတြ ၂၀၀၈ ခုႏွစ္မွာ အဓိကၿပိဳင္ပြဲေတြအတြက္ မတူညီတဲ့ေနရာေတြကို သြားခဲ့ၾကတဲ့အခ်ိန္မွာ ဇာဗီ၊ အင္နီေယစတာ၊ ဒါဗိ ဗီယာနဲ႔ ဘာစီလိုနာက က်န္တဲ့ စပိန္ကစားသမားေတြအားလုံးက ၿပိဳင္ပြဲမွာ အနိုင္ရရွိခဲ့တယ္။ ယူရို ၂၀၀၈၊ ၂၀၁၀ ကမၻာ့ဖလား၊ ယူရို ၂၀၁၂ စတဲ့ဖလားေတြေပါ့။ မက္ဆီကေတာ့ အဲဒီလို အဓိကေထာက္တိုင္မပါဝင္ဘဲ ကြင္းထဲမွာ ေျခခ်တဲ့စကၠန႔္ေတြမွာ သာမန္ပဲ ျဖစ္ခဲ့ပါတယ္။ ခင္ဗ်ား အဲဒါကို ကိုပါအေမရိကမွာ ျမင္ေတြ႕ခဲ့မွာပါ။ ခင္ဗ်ား အဲဒါကို ကမၻာ့ဖလားမွာ ျမင္ေတြ႕ခဲ့မွာပါ”

“အခုဆိုရင္ သူက ကမၻာ့ဖလားဂိုးမသြင္းယူနိုင္တာ ၆၇၅ မိနစ္တိတိ ရွိေနခဲ့ပါၿပီ။ ဘာလို႔လဲဆိုေတာ့ ဇာဗီက အဲဒီမွာမရွိေနလို႔၊ အင္နီေယစတာက အဲဒီမွာ မရွိေနလို႔၊ ဘာလို႔လဲဆိုေတာ့ ဒါဗိ ဗီယာက အဲဒီမွာ မရွိေနလို႔ပါ။ ကၽြန္ေတာ့္ဘဝမွာ ျမင္ခဲ့ဖူးတဲ့ အေကာင္းဆုံးကစားသမားဆိုတာက ဘယ္သူနဲ႔မဆို တြဲကစားနိုင္တယ္ဗ်။ ခရစၥတီယာနို ေရာ္နယ္လ္ဒိုဆို ဘယ္လိုနဲ႔မဆို တြဲကစားနိုင္တယ္။ မိုက္ကယ္ ကားရစ္လား၊ ဒါရင္း ဖလက္ခ်ာလား”လို႔ ေျပာၾကားခဲ့ပါတယ္။ အခု ဘာေၾကာင့္ ဆက္ဆဲရိုက မက္ဆီဟာ အင္နီေယစတာ၊ ဇာဗီတို႔မပါရင္ သာမန္ပဲလို႔ ေျပာခဲ့တာနဲ႔ပတ္သက္ၿပီး အတြင္းက်က် ဆန္းစစ္သြားမွာျဖစ္ၿပီး ကားရစ္နဲ႔ ဖလက္ခ်ာကို ဆိုးရြားတဲ့ကစားသမားပုံစံမ်ိဳး ေျပာသြားတာကလည္း လုံးဝကို ထူးဆန္းပါတယ္။

၂၀၂၁ ခုႏွစ္မွာ ျပန္တုံ႔ျပန္နိုင္ခဲ့ၿပီျဖစ္တဲ့ မက္ဆီ

ဒါေပမယ့္လည္း အမွန္ကေတာ့ မက္ဆီကို ေဝဖန္ေနသူေတြဟာ အဲဒီတုန္းက အာဂ်င္တီးနားအတြက္ မက္ဆီက စိတ္ပ်က္စရာေကာင္းခဲ့တယ္ဆိုတဲ့အရာကို လက္ခံခဲ့ၾကၿပီး ယခုေႏြရာသီမွာ အာဂ်င္တီးနားကို ကိုပါအေမရိကေအာင္ပြဲရရွိေအာင္ စြမ္းေဆာင္ေပးနိုင္ခဲ့တဲ့ မက္ဆီက အဲဒီလို ေျပာခဲ့တဲ့သူေတြကို အ႐ူးနဲ႔တူေအာင္ လုပ္နိုင္ခဲ့ၿပီျဖစ္ပါတယ္။ မက္ဆီကို အားကစားေလာကမွာ ဂုဏ္သိကၡာအႀကီးမားဆုံး ဖလားေတြထဲက တစ္ခုကို အနိုင္ရရွိခဲ့တဲ့ၿပိဳင္ပြဲမွာ အေကာင္းဆုံးကစားသမားနဲ႔ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ခဲ့တဲ့အတြက္ လိမ္ညာမႈလို႔ ေခၚလို႔မရသလို သာမန္လို႔လည္း ေျပာလို႔မရနိုင္ေတာ့ပါဘူး။

မက္ဆီဟာ ၂၀၂၁ ခုႏွစ္အတြင္းမွာ ၄၉ ပြဲကစားခဲ့ရာမွာ သြင္းဂိုး ၄၀၊ ဂိုးဖန္တီးမႈ ၁၄ ႀကိမ္၊ ပြဲစဥ္တေလၽွာက္အေကာင္းဆုံးကစားသမားဆု ၂၇ ႀကိမ္၊ လာလီဂါရဲ့ထိပ္တန္းဂိုးသြင္းရွင္၊ ကိုပါအေမရိကရဲ့ထိပ္တန္းဂိုးသြင္းရွင္၊ ကိုပါအေမရိကၿပိဳင္ပြဲရဲ့အေကာင္းဆုံးကစားသမား၊ ကိုပါဒယ္ေရး ခ်န္ပီယံ စတဲ့ ေအာင္ျမင္မႈေတြ ရရွိခဲ့ၿပီး ဘယ္လြန္ေဒါ ၇ ႀကိမ္ေျမာက္ ရရွိဖို႔ ထိုက္တန္ေၾကာင္း ျပသခဲ့ၿပီးျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေတြမွာလည္း ဇာဗီ၊ အင္နီေယစတာ၊ ဒါဗိ ဗီယာတို႔မပါဝင္ေတာ့ဘဲ ေျခစြမ္းက်ဆင္းေနတဲ့ ဘာစီလိုနာအသင္းကို ပုခုံးထမ္းတင္ေပးခဲ့ၿပီး ယခုေႏြရာသီမွာ ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေရႊ႕ခဲ့တာက မက္ဆီက တစ္သင္းတည္းကစားတတ္လို႔ ေျပာေနၾကတဲ့သူေတြကို ႏႈတ္ဆိတ္သြားေစခဲ့မယ္လို႔ ခံစားရပါတယ္။

ဒါေပမယ့္ ဆက္ဆဲရိုဟာ အာဂ်င္တီးနားအတြက္ လီယြန္နယ္ မက္ဆီက ကိုပါအေမရိကေအာင္ပြဲ ရယူေပးခဲ့ၿပီးေနာက္မွာလည္း စိတ္မေက်နပ္ေသးပုံ ရၿပီး အာဂ်င္တီးနား ဖလားရရွိခဲ့ၿပီးေနာက္ တြစ္တာမွာ “ေနာက္ဆုံးမွာေတာ့ လက္လွမ္းမမီနိုင္တဲ့ၾကယ္ပြင့္နဲ႔ ၁၀ သင္းပဲ ယွဥ္ၿပိဳင္တဲ့ၿပိဳင္ပြဲမွာ အနိုင္ရခဲ့တဲ့အတြက္ လီယြန္နယ္ မက္ဆီကို ဂုဏ္ျပဳပါတယ္။ ကစားသမားရဲ့အေရးအႀကီးဆုံးပြဲစဥ္ေတြထဲက တစ္ပြဲမွာ စံခ်ိန္တင္ သြင္းဂိုးမရွိ၊ ဂိုးဖန္တီးမႈမရွိခဲ့တဲ့အတြက္လည္း မက္ဆီကို ဂုဏ္ျပဳပါတယ္။ ေကာင္းလိုက္တဲ့ ဂႏၲဝင္ႀကီးဗ်ာ”လို႔ သေရာ္ေလွာင္ေျပာင္ၿပီး ေရးသားခဲ့တာျဖစ္ပါတယ္။

အဲဒီလို ေျပာေၾကးသာဆို ယူရို ၂၀၁၆ ဗိုလ္လုပြဲမွာ ေရာ္နယ္လ္ဒိုေရာ ဂိုးသြင္းနိုင္ခဲ့လို႔လား။ ေပၚတူဂီကလည္း ၿပိဳင္ပြဲတေလၽွာက္လုံးမွာ မိနစ္ ၉၀ ကစားရတဲ့ ပြဲစဥ္တစ္ပြဲကို အနိုင္ရခဲ့တဲ့ တစ္ခုတည္းေသာ အသင္းလား ေမးခြန္းျပန္ထုတ္စရာရွိလာမွာျဖစ္ပါတယ္။ ေနာက္ဆုံးမွာေတာ့ ဘယ္လိုပဲေတြးေတြး မက္ဆီကို အမုန္းဆုံးလူနဲ႔ သံသယအရွိဆုံးလူက ဆက္ဆဲရိုဆိုတာ ရွင္းသြားပါတယ္။ ဆက္ဆဲရိုတစ္ေယာက္ အခုေလာက္ဆို ပီအက္စ္ဂ်ီမွာလည္း ခ်န္ပီယံလိဂ္သြင္းဂိုးေတြနဲ႔ ပုံမွန္ေျခစြမ္း ျပန္လည္ရရွိေနတဲ့ မက္ဆီေၾကာင့္ ေျပာစရာစကားေတြ ဆြံ့အေနလိမ့္မယ္လို႔ ေမၽွာ္မွန္းရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.