Bundesliga Premier League Transfer News

ဆန္ခ်ဳိအျပင္ ဟာဗတ္ဇ္ကိုပါ ပစ္မွတ္ထားေနၿပီး ကမ္းလွမ္းဖို႔ လုပ္ေနတဲ့ ဆုိးလ္ရွား

မန္ခ်က္စတာယူႏုိက္တက္အသင္းနည္းျပ အိုလီဂန္နာ ဆုိးလ္ရွားအေနနဲ႔ ေႏြရာသီပစ္မွတ္အျဖစ္ ေဒါ့မြန္ရဲ႕ ေဂ်ဒန္ ဆန္ခ်ဳိကို ပစ္မွတ္ထားေနသလို ေလဗာကူဆင္ရဲ႕ ကြင္းလယ္တုိက္စစ္ကစားသမား ခုိင္ ဟာဗတ္ဇ္ကိုလည္း ပစ္မွတ္ထားေနၿပီး မၾကာခင္မွာ ကမ္းလွမ္းသြားဖို႔ စီစဥ္ေနပါတယ္။

ၿပီးခဲ့တဲ့ ပက္ဒါဘြန္းနဲ႔ ဘြန္ဒက္စ္လီဂါပြဲစဥ္မွာ ဟက္ထရစ္သြင္းယူခဲ့တဲ့ ေဒါ့မြန္ကစားသမား ဆန္ခ်ဳိအတြက္ ေဆြးေႏြးမွဳေတြကလည္း ရွိေနဆဲျဖစ္ၿပီး ဆုိးလ္ရွားအတြက္ေတာ့ ကြင္းလယ္တုိက္စစ္၊ ညာေတာင္ပံနဲ႔ ေရွ႕တန္းလူေနရာေတြမွာ ကစားႏိုင္တဲ့ ဟာဗက္ဇ္ကိုပါ ခ်ိန္ရြယ္လာခဲ့တာလည္း ျဖစ္ပါတယ္။

ဒီႏွစ္အေျပာင္းအေရႊ႕ေဈးကြက္ထဲမွာ လက္ထဲမွာ ေငြရွိေနတဲ့အသင္းမ်ဳိး နည္းပါးေနၿပီး ဒီအခ်ိန္မွာ ဟာဗက္ဇ္ကို ေခၚယူႏုိင္ဖို႔ ဘုိင္ယန္ျမဴးနစ္ဘက္က လုပ္ေဆာင္ႏုိင္ဖို႔ မရွိခ်ိန္မွာ ယူႏုိက္တက္အေနနဲ႔ ေပါင္သန္း ၅၀ နဲ႔ စတင္ကမ္းလွမ္းဖို႔ ရွိေနသလို ကိုဗစ္-၁၉ သက္ေရာက္မွဳအရလည္း မူလသတ္မွတ္ေဈးထက္ ေလွ်ာ့ခ်ႏုိင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

ေလဗာကူဆင္အသင္းဘက္ကေတာ့ လာမယ့္ ဇြန္လ ၁၁ ရက္ေန႔မွာ အသက္ ၂၀ ျပည့္ေျမာက္မယ့္ ဂ်ာမန္လူငယ္အတြက္ ေပါင္သန္း ၉၀ ေလာက္ ေလသံပစ္ထားခဲ့ေပမယ့္ ဒီကာလမွာေတာ့ အမွန္တကယ္ ေငြေၾကးအသုံးျပဳၿပီး ကမ္းလွမ္းတဲ့ အသင္းေတြအတြက္ ေဈးႏွဳန္း ေလွ်ာ့ခ်ေပးႏုိင္သလို ဒီေႏြမွာ စာခ်ဳပ္ႏွစ္ႏွစ္သာ က်န္ေတာ့မွာျဖစ္လို႔ ေပါင္သန္း ၉၀ နဲ႔ ၅၀ ၾကား အလယ္ေလာက္မွာ အေရာင္းအဝယ္ျဖစ္လာႏုိင္ဖို႔လည္း ရွိပါတယ္။

အသင္းနဲ႔အတူ ဒီရာသီမွာ ၃၈ ပြဲကစား၊ ၁၅ ဂိုးသြင္းၿပီး ၈ ဂိုး ဖန္တီးေပးထားတဲ့ ဟာဗတ္ဇ္ကုိ ပရီးမီးယားလိဂ္အသင္းေတြထဲက ယွဥ္ၿပဳိင္ေခၚယူမယ့္ ၿပဳိင္ဘက္မ်ဳိး ရွိလာဖို႔လည္း နည္းပါးေနၿပီး မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ လြတ္လပ္စြာ ေဆြးေႏြးသြားႏုိင္ဖို႔ ရွိေနတယ္လို႔ ခန္႔မွန္းေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ နွေရာသီပစ်မှတ်အဖြစ် ဒေါ့မွန်ရဲ့ ဂျေဒန် ဆန်ချိုကို ပစ်မှတ်ထားနေသလို လေဗာကူဆင်ရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ခိုင် ဟာဗတ်ဇ်ကိုလည်း ပစ်မှတ်ထားနေပြီး မကြာခင်မှာ ကမ်းလှမ်းသွားဖို့ စီစဉ်နေပါတယ်။

ပြီးခဲ့တဲ့ ပက်ဒါဘွန်းနဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဟက်ထရစ်သွင်းယူခဲ့တဲ့ ဒေါ့မွန်ကစားသမား ဆန်ချိုအတွက် ဆွေးနွေးမှုတွေကလည်း ရှိနေဆဲဖြစ်ပြီး ဆိုးလ်ရှားအတွက်တော့ ကွင်းလယ်တိုက်စစ်၊ ညာတောင်ပံနဲ့ ရှေ့တန်းလူနေရာတွေမှာ ကစားနိုင်တဲ့ ဟာဗက်ဇ်ကိုပါ ချိန်ရွယ်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနှစ်အပြောင်းအရွှေ့ဈေးကွက်ထဲမှာ လက်ထဲမှာ ငွေရှိနေတဲ့အသင်းမျိုး နည်းပါးနေပြီး ဒီအချိန်မှာ ဟာဗက်ဇ်ကို ခေါ်ယူနိုင်ဖို့ ဘိုင်ယန်မြူးနစ်ဘက်က လုပ်ဆောင်နိုင်ဖို့ မရှိချိန်မှာ ယူနိုက်တက်အနေနဲ့ ပေါင်သန်း ၅၀ နဲ့ စတင်ကမ်းလှမ်းဖို့ ရှိနေသလို ကိုဗစ်-၁၉ သက်ရောက်မှုအရလည်း မူလသတ်မှတ်ဈေးထက် လျှော့ချနိုင်ဖို့ မျှော်လင့်နေပါတယ်။

လေဗာကူဆင်အသင်းဘက်ကတော့ လာမယ့် ဇွန်လ ၁၁ ရက်နေ့မှာ အသက် ၂၀ ပြည့်မြောက်မယ့် ဂျာမန်လူငယ်အတွက် ပေါင်သန်း ၉၀ လောက် လေသံပစ်ထားခဲ့ပေမယ့် ဒီကာလမှာတော့ အမှန်တကယ် ငွေကြေးအသုံးပြုပြီး ကမ်းလှမ်းတဲ့ အသင်းတွေအတွက် ဈေးနှုန်း လျှော့ချပေးနိုင်သလို ဒီနွေမှာ စာချုပ်နှစ်နှစ်သာ ကျန်တော့မှာဖြစ်လို့ ပေါင်သန်း ၉၀ နဲ့ ၅၀ ကြား အလယ်လောက်မှာ အရောင်းအဝယ်ဖြစ်လာနိုင်ဖို့လည်း ရှိပါတယ်။

အသင်းနဲ့အတူ ဒီရာသီမှာ ၃၈ ပွဲကစား၊ ၁၅ ဂိုးသွင်းပြီး ၈ ဂိုး ဖန်တီးပေးထားတဲ့ ဟာဗတ်ဇ်ကို ပရီးမီးယားလိဂ်အသင်းတွေထဲက ယှဉ်ပြိုင်ခေါ်ယူမယ့် ပြိုင်ဘက်မျိုး ရှိလာဖို့လည်း နည်းပါးနေပြီး မန်ချက်စတာယူနိုက်တက်အနေနဲ့ လွတ်လပ်စွာ ဆွေးနွေးသွားနိုင်ဖို့ ရှိနေတယ်လို့ ခန့်မှန်းနေကြကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.