Premier League

တရားဝင္ကမ္းလွမ္းမွဳ ေရာက္မလာခဲ့ေသးတဲ့ အူဘာမီယန္းအတြက္ အာဆင္နယ္ စာခ်ဳပ္သစ္ကမ္းလွမ္း

လက္ရွိအခ်ိန္အထိ စိတ္ဝင္စားေနခဲ့ၾကတဲ့ အသင္းေတြဆီက တရားဝင္ကမ္းလွမ္းမွဳမ်ဳိး ေရာက္ရွိမလာခဲ့ေသးတဲ့ အူဘာမီယန္းအတြက္ အာဆင္နယ္အသင္းအေနနဲ႔ ေနာက္ဆုံးမွာေတာ့ စာခ်ဳပ္သစ္ ထပ္မံကမ္းလွမ္းလုိက္ၿပီျဖစ္ေၾကာင္း သတင္းေတြ ထြက္ေပၚလာခဲ့ၿပီး ပီအက္စ္ဂ်ီအသင္းရဲ႕ ေနာက္ဆုတ္သြားမွဳက ဒီအေျခအေနကို တြန္းပုိ႔ခဲ့တာလို႔ ေဒးလီးေမးလ္က ေဖာ္ျပလုိက္ပါတယ္။

လာလီဂါအင္အားႀကီးေတြျဖစ္ၾကတဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာအသင္းေတြက မေခၚယူႏုိင္ေတာ့ဘဲ လက္ေလွ်ာ့ထားခဲ့ခ်ိန္မွာ အူဘာမီယန္းကို လိုခ်င္တဲ့ အသင္းအေနနဲ႔ အင္တာမီလန္နဲ႔ ပီအက္စ္ဂ်ီ ႏွစ္သင္းသာ က်န္ရွိေတာ့တာျဖစ္ၿပီး က်န္တဲ့ ပရီးမီးယားလိဂ္အသင္းေတြကို သူ႕အေနနဲ႔ ေရြးခ်ယ္ဖြယ္မရွိသလို အသင္းကလည္း ေရာင္းခ်သြားဖို႔ စိတ္ကူးမရွိတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ပီအက္စ္ဂ်ီအသင္းအေနနဲ႔ အင္တာမီလန္တိုက္စစ္မွဴး ေမာ္႐ို အီကာဒီကို ေျပာင္းေရႊ႕ေၾကးနဲ႔ တျခားခံစားခြင့္ စုစုေပါင္း ယူ႐ိုသန္း ၆၀ ဝန္းက်င္နဲ႔ သေဘာတူညီသြားႏုိင္ခဲ့လို႔ ဂါဘြန္သားအတြက္ ေနာက္ဆုတ္သြားခဲ့ၿပီျဖစ္ၿပီး အာဆင္နယ္အသင္းအတြက္ေတာ့ စိတ္သက္သာစရာျဖစ္လာခဲ့ခ်ိန္မွာ ခုလိုမ်ဳိး စာခ်ဳပ္သစ္ကို ေဆြးေႏြးလာခဲ့တာျဖစ္ပါတယ္။

စီးရီးေအအင္အားႀကီး အင္တာမီလန္ကေတာ့ စကတည္းက လစာေငြ ျမင့္ျမင့္မားမား အသုံးျပဳတတ္တဲ့ အသင္းမဟုတ္တဲ့အျပင္ နည္းျပ အန္တိုနီယို ကြန္တီက အူဘာမီယန္းရဲ႕ လုပ္ခေငြကို မတတ္ႏုိင္ဘူးလို႔ ဝန္ခံထားၿပီး ေျပာင္းေရႊ႕မယ္ဆုိရင္ သူ႕အေနနဲ႔ လစာေလွ်ာ့ယူရမယ့္ အေနအထားမ်ဳိးေၾကာင့္ ေနာက္ဆုံးမွာ အမ္းမရိတ္ပဲ့ကိုင္ရွင္သစ္ မီခယ္လ္ အာတီတာနဲ႔ အနာဂတ္က ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ ေပၚထြန္းလာခဲ့တာ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းအတြက္ ကစားထားၿပီးတဲ့ စုစုေပါင္း ၉၇ ပြဲမွာ ၆၁ ဂိုး သြင္းယူထားတဲ့ အသက္ ၃၁ ႏွစ္အရြယ္ တုိက္စစ္မွဴးအေနနဲ႔ သူေမွ်ာ္မွန္းထားတဲ့ လစာေငြမ်ဳိးနဲ႔ စာခ်ဳပ္သစ္ကို တာဝန္ရွိသူေတြဆီက ရရွိဖြယ္ရွိေနၿပီး ပရိသတ္ေတြအေနနဲ႔ေတာ့ အသင္းရဲ႕ အဓိက ဂိုးသြင္းရွင္ကို ဆက္လက္ရွိေနေစႏုိင္ဖို႔ နီးစပ္ေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လက်ရှိအချိန်အထိ စိတ်ဝင်စားနေခဲ့ကြတဲ့ အသင်းတွေဆီက တရားဝင်ကမ်းလှမ်းမှုမျိုး ရောက်ရှိမလာခဲ့သေးတဲ့ အူဘာမီယန်းအတွက် အာဆင်နယ်အသင်းအနေနဲ့ နောက်ဆုံးမှာတော့ စာချုပ်သစ် ထပ်မံကမ်းလှမ်းလိုက်ပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ပီအက်စ်ဂျီအသင်းရဲ့ နောက်ဆုတ်သွားမှုက ဒီအခြေအနေကို တွန်းပို့ခဲ့တာလို့ ဒေးလီးမေးလ်က ဖော်ပြလိုက်ပါတယ်။

လာလီဂါအင်အားကြီးတွေဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတွေက မခေါ်ယူနိုင်တော့ဘဲ လက်လျှော့ထားခဲ့ချိန်မှာ အူဘာမီယန်းကို လိုချင်တဲ့ အသင်းအနေနဲ့ အင်တာမီလန်နဲ့ ပီအက်စ်ဂျီ နှစ်သင်းသာ ကျန်ရှိတော့တာဖြစ်ပြီး ကျန်တဲ့ ပရီးမီးယားလိဂ်အသင်းတွေကို သူ့အနေနဲ့ ရွေးချယ်ဖွယ်မရှိသလို အသင်းကလည်း ရောင်းချသွားဖို့ စိတ်ကူးမရှိတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းအနေနဲ့ အင်တာမီလန်တိုက်စစ်မှူး မော်ရို အီကာဒီကို ပြောင်းရွှေ့ကြေးနဲ့ တခြားခံစားခွင့် စုစုပေါင်း ယူရိုသန်း ၆၀ ဝန်းကျင်နဲ့ သဘောတူညီသွားနိုင်ခဲ့လို့ ဂါဘွန်သားအတွက် နောက်ဆုတ်သွားခဲ့ပြီဖြစ်ပြီး အာဆင်နယ်အသင်းအတွက်တော့ စိတ်သက်သာစရာဖြစ်လာခဲ့ချိန်မှာ ခုလိုမျိုး စာချုပ်သစ်ကို ဆွေးနွေးလာခဲ့တာဖြစ်ပါတယ်။

စီးရီးအေအင်အားကြီး အင်တာမီလန်ကတော့ စကတည်းက လစာငွေ မြင့်မြင့်မားမား အသုံးပြုတတ်တဲ့ အသင်းမဟုတ်တဲ့အပြင် နည်းပြ အန်တိုနီယို ကွန်တီက အူဘာမီယန်းရဲ့ လုပ်ခငွေကို မတတ်နိုင်ဘူးလို့ ဝန်ခံထားပြီး ပြောင်းရွှေ့မယ်ဆိုရင် သူ့အနေနဲ့ လစာလျှော့ယူရမယ့် အနေအထားမျိုးကြောင့် နောက်ဆုံးမှာ အမ်းမရိတ်ပဲ့ကိုင်ရှင်သစ် မီခယ်လ် အာတီတာနဲ့ အနာဂတ်က မျှော်လင့်ချက်ရောင်ခြည် ပေါ်ထွန်းလာခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းအတွက် ကစားထားပြီးတဲ့ စုစုပေါင်း ၉၇ ပွဲမှာ ၆၁ ဂိုး သွင်းယူထားတဲ့ အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ သူမျှော်မှန်းထားတဲ့ လစာငွေမျိုးနဲ့ စာချုပ်သစ်ကို တာဝန်ရှိသူတွေဆီက ရရှိဖွယ်ရှိနေပြီး ပရိသတ်တွေအနေနဲ့တော့ အသင်းရဲ့ အဓိက ဂိုးသွင်းရှင်ကို ဆက်လက်ရှိနေစေနိုင်ဖို့ နီးစပ်နေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.