Premier League Transfer News

အာဆင္နယ္အသင္းကို ေျပာင္းေတာ့မယ္လို႔ ဖေရဆာရဲ႕ ေအးဂ်င့္သစ္ေၾကာင့္ ခန္႔မွန္းေနၾက

ဘုန္းေမာက္အသင္းကေန လာမယ့္ရာသီကုန္မွာ ထြက္ခြာေတာ့မယ့္ ကြင္းလယ္ကစားသမား ႐ိုင္ယန္ ဖေရဆာဟာ သူ႕ရဲ႕ လက္ရွိေအးဂ်င့္နဲ႔ လမ္းခြဲလုိက္ၿပီး သူ႕ကို ထိထိေရာက္ေရာက္ ကူညီေဆာင္ရြက္ေပးႏိုင္မယ့္ ေအးဂ်င့္သစ္တစ္ဦးကို ရွာေဖြခဲ့ရာမွာ အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအတြက္ ေဆာင္ရြက္ေနတဲ့ ေအးဂ်င့္ကို ငွားရမ္းလုိက္ၿပီျဖစ္ပါတယ္။

ေပါလ္ မာတင္လို႔ အမည္ရတဲ့ ေအးဂ်င့္ဟာ လက္ရွိအခ်ိန္ကစၿပီး အသက္ ၂၅ ႏွစ္အရြယ္ စေကာ့တလန္လက္ေရြးစင္ကစားသမားရဲ႕ ညႇိႏွဳိင္းေဆြးေႏြးမွဳ ကိစၥအဝဝကို တာဝန္ယူေတာ့မွာလည္းျဖစ္ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကို ေရာက္ဖို႔ အသံေတြ တိတ္သြားခဲ့သလို အာဆင္နယ္အသင္းနဲ႔ အသံေတြ ကေတာ့ ပုိမိုထြက္ရွိလာခဲ့ပါတယ္။

ဘုန္းေမာက္အသင္းနဲ႔အတူ ၂၀၁၈-၁၉ ရာသီမွာ ေျခစြမ္းျပသခဲ့ၿပီး ပရီးမီးယားလိဂ္ သြင္းဂိုး ၇ ဂိုးနဲ႔ ဖန္တီးမွဳ ၁၄ ႀကိမ္ မွတ္တမ္းတင္ႏုိင္ခဲ့တဲ့ ဖေရဆာဟာ အသင္းေျပာင္းဖို႔ ပိတ္ပင္ခံခဲ့ရသလို လစာေငြအရလည္း စာခ်ဳပ္သစ္ကို တုိးတက္ရရွိခဲ့ျခင္းမရွိတာေၾကာင့္ ေအးဂ်င့္ေဟာင္း ဂၽြန္ မကၠလိရွ္ကို လမ္းခြဲဖို႔ ဆုံးျဖတ္ခဲ့တာလည္းျဖစ္ႏုိင္ပါတယ္။

ဖေရဆာဟာ ဘုန္းေမာက္အသင္းမွာ တစ္ပတ္လုပ္ခ ေပါင္ ၂၇၀၀၀ ရရွိေနသူျဖစ္ၿပီး အသင္းႀကီးတစ္သင္းကို ေျပာင္းေရႊ႕ႏုိင္ခဲ့မယ္ဆုိရင္ေတာ့ လုပ္ခ ႏွစ္ဆနဲ႔ အထက္ ရရွိသြားႏုိင္သူျဖစ္ၿပီး ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္းကေတာ့ အာဆင္နယ္အသင္းအေနနဲ႔ သူ႕ကို ေခၚယူဖို႔ ယုံၾကည္မွဳ အျပည့္ရွိေနၿပီလို႔ ေဖာ္ျပခဲ့တာကေတာ့ လက္ရွိအေၾကာင္းရင္းေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။

လက္ရွိေျပာင္းလဲလိုက္တဲ့ ေအးဂ်င့္ကေတာ့ သူ႕ကို အလိုရွိေနတဲ့ အာဆင္နယ္အသင္းရဲ႕ နည္းျပ အာတီတာနဲ႔ တစ္ဦးတည္းျဖစ္ေနတာကေတာ့ အေျပာင္းအေရႊ႕ စိတ္ဝင္စားသူေတြ ပိုမိုခန္႔မွန္းလို႔ေကာင္းတဲ့ အေထာက္အထားတစ္ခုျဖစ္ေနၿပီး ေဆြးေႏြးညႇိႏွဳိင္းဖို႔ လြယ္ကူသြားတဲ့ ဖေရဆာကို လာမယ့္ရာသီမွာ အမ္းမရိတ္သားတစ္ဦးအျဖစ္ ျမင္ေတြ႕ရမလား ေစာင့္ၾကည့္ရဖို႔ ေဖာ္ျပေပးလုိက္ပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘုန်းမောက်အသင်းကနေ လာမယ့်ရာသီကုန်မှာ ထွက်ခွာတော့မယ့် ကွင်းလယ်ကစားသမား ရိုင်ယန် ဖရေဆာဟာ သူ့ရဲ့ လက်ရှိအေးဂျင့်နဲ့ လမ်းခွဲလိုက်ပြီး သူ့ကို ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးနိုင်မယ့် အေးဂျင့်သစ်တစ်ဦးကို ရှာဖွေခဲ့ရာမှာ အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအတွက် ဆောင်ရွက်နေတဲ့ အေးဂျင့်ကို ငှားရမ်းလိုက်ပြီဖြစ်ပါတယ်။

ပေါလ် မာတင်လို့ အမည်ရတဲ့ အေးဂျင့်ဟာ လက်ရှိအချိန်ကစပြီး အသက် ၂၅ နှစ်အရွယ် စကော့တလန်လက်ရွေးစင်ကစားသမားရဲ့ ညှိနှိုင်းဆွေးနွေးမှု ကိစ္စအဝဝကို တာဝန်ယူတော့မှာလည်းဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးစ်အသင်းကို ရောက်ဖို့ အသံတွေ တိတ်သွားခဲ့သလို အာဆင်နယ်အသင်းနဲ့ အသံတွေ ကတော့ ပိုမိုထွက်ရှိလာခဲ့ပါတယ်။

ဘုန်းမောက်အသင်းနဲ့အတူ ၂၀၁၈-၁၉ ရာသီမှာ ခြေစွမ်းပြသခဲ့ပြီး ပရီးမီးယားလိဂ် သွင်းဂိုး ၇ ဂိုးနဲ့ ဖန်တီးမှု ၁၄ ကြိမ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ ဖရေဆာဟာ အသင်းပြောင်းဖို့ ပိတ်ပင်ခံခဲ့ရသလို လစာငွေအရလည်း စာချုပ်သစ်ကို တိုးတက်ရရှိခဲ့ခြင်းမရှိတာကြောင့် အေးဂျင့်ဟောင်း ဂျွန် မက္ကလိရှ်ကို လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်နိုင်ပါတယ်။

ဖရေဆာဟာ ဘုန်းမောက်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၂၇၀၀၀ ရရှိနေသူဖြစ်ပြီး အသင်းကြီးတစ်သင်းကို ပြောင်းရွှေ့နိုင်ခဲ့မယ်ဆိုရင်တော့ လုပ်ခ နှစ်ဆနဲ့ အထက် ရရှိသွားနိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကတော့ အာဆင်နယ်အသင်းအနေနဲ့ သူ့ကို ခေါ်ယူဖို့ ယုံကြည်မှု အပြည့်ရှိနေပြီလို့ ဖော်ပြခဲ့တာကတော့ လက်ရှိအကြောင်းရင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

လက်ရှိပြောင်းလဲလိုက်တဲ့ အေးဂျင့်ကတော့ သူ့ကို အလိုရှိနေတဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာနဲ့ တစ်ဦးတည်းဖြစ်နေတာကတော့ အပြောင်းအရွှေ့ စိတ်ဝင်စားသူတွေ ပိုမိုခန့်မှန်းလို့ကောင်းတဲ့ အထောက်အထားတစ်ခုဖြစ်နေပြီး ဆွေးနွေးညှိနှိုင်းဖို့ လွယ်ကူသွားတဲ့ ဖရေဆာကို လာမယ့်ရာသီမှာ အမ်းမရိတ်သားတစ်ဦးအဖြစ် မြင်တွေ့ရမလား စောင့်ကြည့်ရဖို့ ဖော်ပြပေးလိုက်ပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.