Match Report Premier League

လမ်းမှန်ပေါ်သို့ ခြေလှမ်းများနဲ့ အာဆင်နယ် 3-1 ဗီလာပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

လမ်းမှန်ပေါ်သို့ ခြေလှမ်းများ
ဒီနေ့ပွဲမှာ အာဆင်နယ်တို့အနေနဲ့ သူတို့အတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ လုပ်အားနှုန်းကို ဖော်ပြနိုင်ခဲ့ပြီး ဘန်လေနဲ့ နော့ဝစ်ချ်တို့ကို အနိုင်ရခဲ့တဲ့ ပွဲတွေထက်လည်း ပိုကောင်းခဲ့သလို စပါးစ်နဲ့ ပွဲထက်လည်း ခြေစွမ်းကို အချိန်ကြာကြာ ထိန်းထားနိုင်ခဲ့ပါတယ်။ တစ်သင်းလုံးအနေနဲ့ ဒီလိုမျိုး စွမ်းဆောင်ရည်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့တော့ လိုအပ်နေပြီး ဒုတိယပိုင်းမှာ မိတ်လန်းနိုင်းလ်စ်ကို လဲလိုက်လို့ ကွင်းလယ် တိုင်ပတ်ခဲ့ရတာမျိုး မဖြစ်အောင်လည်း ရှောင်ရှားနိုင်ဖို့ လိုပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲကတော့ ကစားသမားတွေ အားလုံးအနေနဲ့ လမ်းကြောင်းမှန်ပေါ်ကို သွားနေကြတယ်လို့ ခံစားမိစေပြီး ၉ ပွဲမှာ ၁၄ မှတ်နဲ့ ဥရောပဝင်ခွင့်ကို ပြန်လည်မျှော်လင့်နိုင်တဲ့ အနေအထားကို ရောက်လာခဲ့တာပါ။

အထသွက်သွက်နဲ့ ရက်စက်တဲ့ ဂန်းနားများ
ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ဂန်းနားတွေအနေနဲ့ သူတို့ရဲ့ အနိုင်ရနိုင်တဲ့ပွဲကို လွှင့်ပစ်ခဲ့ပြီး ကွင်းလယ်ကလည်း ပွဲပန်းနေသလိုပုံစံနဲ့ လျော့ရဲရဲ ကစားခဲ့ကြတာပါ။ ဒီနေ့ပွဲမှာတော့ ပဲလေ့စ်ကို ယှဉ်ပြိုင်စဉ်ကနဲ့ ခြားနားလွန်းခဲ့ပြီး သောမတ်စ် ပါတေးက အကောင်းဆုံးကစားပြနိုင်ခဲ့သလို သူ့ရဲ့ ပထမဆုံး အာဆင်နယ်အတွက် သွင်းဂိုးကိုလည်း ရယူသွားခဲ့ပြီး ဂါနာမှာလိုမျိုး ဂိုးတွေ ထပ်မြူးဦးမလား စောင့်ကြည့်ရတော့မှာလည်းဖြစ်ပါတယ်။ တိုက်စစ်ဦးစားပေး ကစားဟန်နဲ့ စဉ်ဆက်မပြတ် ထိုးဖောက်တဲ့ ပုံစံက ရွှေရောင်နေ့ရက်တွေကို ပြန်လည်ခံစားမိစေပြီး ဒါကမှ အာဆင်နယ်လို့ ပြောရဖို့ လမ်းစပေါ်လာခဲ့တာပါ။

ကိုယ်ဖော်တဲ့ဆေး ကိုယ်မစားနိုင်တဲ့ ဗီလာ
ဗီလာနည်းပြ ဒင်းန် စမစ်ကတော့ အာဆင်နယ်လို တောင်ပံတွေကို အားပြုတဲ့ အသင်းနဲ့ တွေ့ဆုံရာမှာ အမှားကျူးလွန်သွားခဲ့ပြီး သူတို့ရွေးတဲ့ ဗဟိုအခြေပြု ၃-၄-၁-၂ က ကိုယ်ဖော်တဲ့ဆေး ကိုယ်မစားနိုင်ဘဲဖြစ်ခဲ့ရပါတယ်။ တိုက်စစ်မှူးနှစ်ယောက်နောက်က ဘွင်ဒီယာက အလယ်မှာ ကစားချိန်မှာ အာဆင်နယ်အားသန်တဲ့ တောင်ပံတွေကို ပြန်လည်ခြိမ်းခြောက်မယ့်သူတွေ မပါဝင်နိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ လုပ်တိုင်းခံနေရတဲ့ ပုံစံမျိုးဖြစ်ခဲ့သလို ခံစစ်သာ ကစားခဲ့ရပြီး အမှားတွေကနေ နှစ်ဂိုးခွင့်ပြုခဲ့ရတာပါ။ ဒီအမှားကို သိလို့ ဒုတိယပိုင်းမှာ တောင်ပံသမား ဘေလီကို ထည့်ပြီး ပြင်ဆင်ချိန်မှာတော့ ဆေးမမီဘဲ ကောင်တာမိခဲ့ပြီး သုံးဂိုးဖြစ်သွားချိန်မှာ တစ်ဂိုးသာ ပြန်လည်ရယူနိုင်တော့တာလည်းဖြစ်ပါတယ်။

စမစ်ရိုးအတွက် စိတ်အားထက်သန်ပြင်းပြမှုတွေနဲ့ အမ်းမရိတ်
လူဆိုတာက ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်ဆိုသလို အစွဲစိတ် ပြင်းထန်လှပါတယ်။ ဘောလုံးလောကမှာလည်း ဒါထက်တောင် ပိုသေးလို့ ပြောရမှာဖြစ်ပြီး လန်ဒန်မြို့ရဲ့ ခရွိုင်ဒန်အရပ်ကလာတဲ့ ဒေသခံ စမစ်ရိုးကိုမှ အာဆင်နယ်ပရိသတ်တွေက တစ်ခဲနက် အားပေးပြီး အားပေးရကျိုးလည်း နပ်ခဲ့ပါတယ်။ ပထမပိုင်းမှာ ထောင့်ကန်ဘောကနေ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း အူဘာမီယန်းရဲ့ ဖန်တီးမှုကနေ တစ်ဂိုးရယူနိုင်ခဲ့လို့ ဒါက ပွဲကြိုမှာ မာတီနက်ဇ်ရဲ့ လေတိုက်ခံထားရတဲ့ ပရိသတ်တွေအဖို့တော့ ကျေနပ်စရာဖြစ်ခဲ့ပြီး အားပေးသံတွေလည်း ဆူညံနေခဲ့တာပါ။

ကြိုးစားပေမယ့် ဆိုးရွားသွားတဲ့ မာတီနက်ဇ်
ပွဲကြိုမှာ အသင်းဟောင်းကို ပိုင်ဆိုင်ဖို့ မထိုက်တန်ဘူးလို့ လေတိုက်ထားခဲ့တာက သူ့အတွက် ပိုမိုကြိုးစားလက်စွမ်းပြရမယ့် အနေအထားလို့ သူလည်း ကောင်းကောင်းကြီးသိမှာပါ။ ဒါကြောင့် ဒီနေ့ပွဲမှာ အာဆင်နယ်တို့ရဲ့ ဂိုးပေါက်ကန်သွင်းမှု ၆ ကြိမ်ကို ကာကွယ်ပေးသွားခဲ့ပြီး ဆာကာရဲ့ အပိုင် အခွင့်အရေးနဲ့ အူဘာမီယန်းရဲ့ ပင်နယ်တီတို့ကို ကာကွယ်ပြသွားခဲ့ပေမယ့် အရင်နှစ်ပွဲက ပေးဂိုးမရှိစံချိန် ကျိုးပျက်ပြီး သုံးဂိုးအထိ ပေးခဲ့ရပါတယ်။ အာဆင်နယ်တို့ ရရှိခဲ့တဲ့ ဂိုးတွေမှာတော့ သူ့အမှားလို့ ဆိုဖို့ခက်ပြီး ခံစစ်အမှားတွေကြောင့်သာ အာဆင်နယ်ပရိသတ်တွေကို ပွဲအပြီးမှာ လှောင်ပြောင်ခွင့် ပေးလိုက်ရတာလည်းဖြစ်ပါတယ်။

လာကာဇက်ကို ယုံကြည်ခြင်းရဲ့ အသီးအပွင့်
ပြီးခဲ့တဲ့ ပဲလေ့စ်နဲ့ပွဲမှာ နောက်ဆုံးမိနစ်ထိချက်နဲ့ ချေပဂိုးကို သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး လာကာဇက်ကို ဒီနေ့မှာ ပွဲထွက်သုံးစွဲခဲ့ပြီး သူ့ရဲ့ အတိုးအလှုပ်တွေက ဗီလာတို့ ခံစစ်ပျက်ယွင်းသွားခဲ့ရတာပါ။ အသင်းအတွက် ပင်နယ်တီ ရှာဖွေပေးနိုင်ခဲ့သလို လူလည်ကျပြီး ဝါရီလာပွားတဲ့ ဂိုးသမား မာတီနက်ဇ်ကိုလည်း တားဆီးသွားခဲ့ပြီး သူ့ရဲ့ ခပ်မိုက်မိုက် ခပ်ရဲရဲပုံစံက အာဆင်နယ်တိုက်စစ်မှာ အသွင်သစ်ကို ဖြစ်စေပါတယ်။ ဒီနေ့ပွဲမှာ ဒဏ်ရာ အနည်းငယ်ရရှိသွားပေမယ့် ပြုံးပြုံးရွှင်ရွှင်နဲ့ ဘာကုသမှုမှ လုပ်စရာမလိုခဲ့တဲ့ ပြင်သစ်သားကြီးရဲ့ ပုံစံက ပရိသတ်တွေကို အတိုင်းအတာတစ်ခုအထိ စိတ်အေးစေသလို ခြေစွမ်းကလည်း ကျေနပ်မှု ရရှိစေခဲ့တာပါ။

ဒီရာသီအတွက် အကောင်းဆုံး စိုးမိုးမှုနဲ့ အာဆင်နယ်
အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးပေါက်ကန်သွင်းမှု ၂၂ ကြိမ်ရှိခဲ့ပြီး ဒီထဲကမှ ၉ ကြိမ်အထိ ဂိုးပေါက်တည့်ခဲ့တာဟာ လက်ရှို ၂၀၂၁-၂၂ ရာသီမှာ သူတို့အတွက် အများဆုံးမှတ်တမ်းလည်းဖြစ်ခဲ့ပြီး ထိရောက်တဲ့ ပုံစံကောင်းကိုလည်း ပြသခဲ့တာပါ။ နည်းပြ အာတီတာလက်အောက်မှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီက ဝက်စ်ဘရွန်းကို ၁၂ ကြိမ် ဂိုးပေါက်တည့်အပြီးမှာ ဒုတိယအများဆုံးလည်းဖြစ်ခဲ့ပြီး ကွင်းလယ်က ဆမ်ဘီလို ကွန်ဂါတို့အဖွဲ့သာ ငှက်ပစ်မနေခဲ့ရင် ဒီထက်ပိုပြီး အခွင့်အရေးတွေ ပိုင်ဆိုင်နိုင်ခဲ့မှာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လမ္းမွန္ေပၚသို႔ ေျခလွမ္းမ်ား
ဒီေန႔ပြဲမွာ အာဆင္နယ္တို႔အေနနဲ႔ သူတို႔အတြက္ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္နဲ႔ လုပ္အားႏႈန္းကို ေဖာ္ျပႏိုင္ခဲ့ၿပီး ဘန္ေလနဲ႔ ေနာ့ဝစ္ခ်္တို႔ကို အႏိုင္ရခဲ့တဲ့ ပြဲေတြထက္လည္း ပိုေကာင္းခဲ့သလို စပါးစ္နဲ႔ ပြဲထက္လည္း ေျခစြမ္းကို အခ်ိန္ၾကာၾကာ ထိန္းထားႏိုင္ခဲ့ပါတယ္။ တစ္သင္းလုံးအေနနဲ႔ ဒီလိုမ်ိဳး စြမ္းေဆာင္ရည္ကို ဆက္လက္ထိန္းသိမ္းထားႏိုင္ဖို႔ေတာ့ လိုအပ္ေနၿပီး ဒုတိယပိုင္းမွာ မိတ္လန္းႏိုင္းလ္စ္ကို လဲလိုက္လို႔ ကြင္းလယ္ တိုင္ပတ္ခဲ့ရတာမ်ိဳး မျဖစ္ေအာင္လည္း ေရွာင္ရွားႏိုင္ဖို႔ လိုပါတယ္။ ဒါေပမယ့္ ဒီေန႔ပြဲကေတာ့ ကစားသမားေတြ အားလုံးအေနနဲ႔ လမ္းေၾကာင္းမွန္ေပၚကို သြားေနၾကတယ္လို႔ ခံစားမိေစၿပီး ၉ ပြဲမွာ ၁၄ မွတ္နဲ႔ ဥေရာပဝင္ခြင့္ကို ျပန္လည္ေမွ်ာ္လင့္ႏိုင္တဲ့ အေနအထားကို ေရာက္လာခဲ့တာပါ။

အထသြက္သြက္နဲ႔ ရက္စက္တဲ့ ဂန္းနားမ်ား
ၿပီးခဲ့တဲ့ တနလၤာေန႔တုန္းက ဂန္းနားေတြအေနနဲ႔ သူတို႔ရဲ႕ အႏိုင္ရႏိုင္တဲ့ပြဲကို လႊင့္ပစ္ခဲ့ၿပီး ကြင္းလယ္ကလည္း ပြဲပန္းေနသလိုပုံစံနဲ႔ ေလ်ာ့ရဲရဲ ကစားခဲ့ၾကတာပါ။ ဒီေန႔ပြဲမွာေတာ့ ပဲေလ့စ္ကို ယွဥ္ၿပိဳင္စဥ္ကနဲ႔ ျခားနားလြန္းခဲ့ၿပီး ေသာမတ္စ္ ပါေတးက အေကာင္းဆုံးကစားျပႏိုင္ခဲ့သလို သူ႔ရဲ႕ ပထမဆုံး အာဆင္နယ္အတြက္ သြင္းဂိုးကိုလည္း ရယူသြားခဲ့ၿပီး ဂါနာမွာလိုမ်ိဳး ဂိုးေတြ ထပ္ျမဴးဦးမလား ေစာင့္ၾကည့္ရေတာ့မွာလည္းျဖစ္ပါတယ္။ တိုက္စစ္ဦးစားေပး ကစားဟန္နဲ႔ စဥ္ဆက္မျပတ္ ထိုးေဖာက္တဲ့ ပုံစံက ေ႐ႊေရာင္ေန႔ရက္ေတြကို ျပန္လည္ခံစားမိေစၿပီး ဒါကမွ အာဆင္နယ္လို႔ ေျပာရဖို႔ လမ္းစေပၚလာခဲ့တာပါ။

ကိုယ္ေဖာ္တဲ့ေဆး ကိုယ္မစားႏိုင္တဲ့ ဗီလာ
ဗီလာနည္းျပ ဒင္းန္ စမစ္ကေတာ့ အာဆင္နယ္လို ေတာင္ပံေတြကို အားျပဳတဲ့ အသင္းနဲ႔ ေတြ႕ဆုံရာမွာ အမွားက်ဴးလြန္သြားခဲ့ၿပီး သူတို႔ေ႐ြးတဲ့ ဗဟိုအေျချပဳ ၃-၄-၁-၂ က ကိုယ္ေဖာ္တဲ့ေဆး ကိုယ္မစားႏိုင္ဘဲျဖစ္ခဲ့ရပါတယ္။ တိုက္စစ္မႉးႏွစ္ေယာက္ေနာက္က ဘြင္ဒီယာက အလယ္မွာ ကစားခ်ိန္မွာ အာဆင္နယ္အားသန္တဲ့ ေတာင္ပံေတြကို ျပန္လည္ၿခိမ္းေျခာက္မယ့္သူေတြ မပါဝင္ႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ လုပ္တိုင္းခံေနရတဲ့ ပုံစံမ်ိဳးျဖစ္ခဲ့သလို ခံစစ္သာ ကစားခဲ့ရၿပီး အမွားေတြကေန ႏွစ္ဂိုးခြင့္ျပဳခဲ့ရတာပါ။ ဒီအမွားကို သိလို႔ ဒုတိယပိုင္းမွာ ေတာင္ပံသမား ေဘလီကို ထည့္ၿပီး ျပင္ဆင္ခ်ိန္မွာေတာ့ ေဆးမမီဘဲ ေကာင္တာမိခဲ့ၿပီး သုံးဂိုးျဖစ္သြားခ်ိန္မွာ တစ္ဂိုးသာ ျပန္လည္ရယူႏိုင္ေတာ့တာလည္းျဖစ္ပါတယ္။

စမစ္႐ိုးအတြက္ စိတ္အားထက္သန္ျပင္းျပမႈေတြနဲ႔ အမ္းမရိတ္
လူဆိုတာက ပုဂၢိဳလ္ခင္မွ တရားမင္တယ္ဆိုသလို အစြဲစိတ္ ျပင္းထန္လွပါတယ္။ ေဘာလုံးေလာကမွာလည္း ဒါထက္ေတာင္ ပိုေသးလို႔ ေျပာရမွာျဖစ္ၿပီး လန္ဒန္ၿမိဳ႕ရဲ႕ ခ႐ြိဳင္ဒန္အရပ္ကလာတဲ့ ေဒသခံ စမစ္႐ိုးကိုမွ အာဆင္နယ္ပရိသတ္ေတြက တစ္ခဲနက္ အားေပးၿပီး အားေပးရက်ိဳးလည္း နပ္ခဲ့ပါတယ္။ ပထမပိုင္းမွာ ေထာင့္ကန္ေဘာကေန တစ္ဂိုးဖန္တီးေပးႏိုင္ခဲ့သလို ဒုတိယပိုင္းမွာလည္း အူဘာမီယန္းရဲ႕ ဖန္တီးမႈကေန တစ္ဂိုးရယူႏိုင္ခဲ့လို႔ ဒါက ပြဲႀကိဳမွာ မာတီနက္ဇ္ရဲ႕ ေလတိုက္ခံထားရတဲ့ ပရိသတ္ေတြအဖို႔ေတာ့ ေက်နပ္စရာျဖစ္ခဲ့ၿပီး အားေပးသံေတြလည္း ဆူညံေနခဲ့တာပါ။

ႀကိဳးစားေပမယ့္ ဆိုး႐ြားသြားတဲ့ မာတီနက္ဇ္
ပြဲႀကိဳမွာ အသင္းေဟာင္းကို ပိုင္ဆိုင္ဖို႔ မထိုက္တန္ဘူးလို႔ ေလတိုက္ထားခဲ့တာက သူ႔အတြက္ ပိုမိုႀကိဳးစားလက္စြမ္းျပရမယ့္ အေနအထားလို႔ သူလည္း ေကာင္းေကာင္းႀကီးသိမွာပါ။ ဒါေၾကာင့္ ဒီေန႔ပြဲမွာ အာဆင္နယ္တို႔ရဲ႕ ဂိုးေပါက္ကန္သြင္းမႈ ၆ ႀကိမ္ကို ကာကြယ္ေပးသြားခဲ့ၿပီး ဆာကာရဲ႕ အပိုင္ အခြင့္အေရးနဲ႔ အူဘာမီယန္းရဲ႕ ပင္နယ္တီတို႔ကို ကာကြယ္ျပသြားခဲ့ေပမယ့္ အရင္ႏွစ္ပြဲက ေပးဂိုးမရွိစံခ်ိန္ က်ိဳးပ်က္ၿပီး သုံးဂိုးအထိ ေပးခဲ့ရပါတယ္။ အာဆင္နယ္တို႔ ရရွိခဲ့တဲ့ ဂိုးေတြမွာေတာ့ သူ႔အမွားလို႔ ဆိုဖို႔ခက္ၿပီး ခံစစ္အမွားေတြေၾကာင့္သာ အာဆင္နယ္ပရိသတ္ေတြကို ပြဲအၿပီးမွာ ေလွာင္ေျပာင္ခြင့္ ေပးလိုက္ရတာလည္းျဖစ္ပါတယ္။

လာကာဇက္ကို ယုံၾကည္ျခင္းရဲ႕ အသီးအပြင့္
ၿပီးခဲ့တဲ့ ပဲေလ့စ္နဲ႔ပြဲမွာ ေနာက္ဆုံးမိနစ္ထိခ်က္နဲ႔ ေခ်ပဂိုးကို သြင္းယူေပးခဲ့တဲ့ တိုက္စစ္မႉး လာကာဇက္ကို ဒီေန႔မွာ ပြဲထြက္သုံးစြဲခဲ့ၿပီး သူ႔ရဲ႕ အတိုးအလႈပ္ေတြက ဗီလာတို႔ ခံစစ္ပ်က္ယြင္းသြားခဲ့ရတာပါ။ အသင္းအတြက္ ပင္နယ္တီ ရွာေဖြေပးႏိုင္ခဲ့သလို လူလည္က်ၿပီး ဝါရီလာပြားတဲ့ ဂိုးသမား မာတီနက္ဇ္ကိုလည္း တားဆီးသြားခဲ့ၿပီး သူ႔ရဲ႕ ခပ္မိုက္မိုက္ ခပ္ရဲရဲပုံစံက အာဆင္နယ္တိုက္စစ္မွာ အသြင္သစ္ကို ျဖစ္ေစပါတယ္။ ဒီေန႔ပြဲမွာ ဒဏ္ရာ အနည္းငယ္ရရွိသြားေပမယ့္ ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႔ ဘာကုသမႈမွ လုပ္စရာမလိုခဲ့တဲ့ ျပင္သစ္သားႀကီးရဲ႕ ပုံစံက ပရိသတ္ေတြကို အတိုင္းအတာတစ္ခုအထိ စိတ္ေအးေစသလို ေျခစြမ္းကလည္း ေက်နပ္မႈ ရရွိေစခဲ့တာပါ။

ဒီရာသီအတြက္ အေကာင္းဆုံး စိုးမိုးမႈနဲ႔ အာဆင္နယ္
အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးေပါက္ကန္သြင္းမႈ ၂၂ ႀကိမ္ရွိခဲ့ၿပီး ဒီထဲကမွ ၉ ႀကိမ္အထိ ဂိုးေပါက္တည့္ခဲ့တာဟာ လက္ရႈိ ၂၀၂၁-၂၂ ရာသီမွာ သူတို႔အတြက္ အမ်ားဆုံးမွတ္တမ္းလည္းျဖစ္ခဲ့ၿပီး ထိေရာက္တဲ့ ပုံစံေကာင္းကိုလည္း ျပသခဲ့တာပါ။ နည္းျပ အာတီတာလက္ေအာက္မွာေတာ့ ၿပီးခဲ့တဲ့ ဇန္နဝါရီက ဝက္စ္ဘ႐ြန္းကို ၁၂ ႀကိမ္ ဂိုးေပါက္တည့္အၿပီးမွာ ဒုတိယအမ်ားဆုံးလည္းျဖစ္ခဲ့ၿပီး ကြင္းလယ္က ဆမ္ဘီလို ကြန္ဂါတို႔အဖြဲ႕သာ ငွက္ပစ္မေနခဲ့ရင္ ဒီထက္ပိုၿပီး အခြင့္အေရးေတြ ပိုင္ဆိုင္ႏိုင္ခဲ့မွာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.