Match Report Premier League

မေဆန်မောင့်ရဲ့ ဟက်ထရစ်နဲ့ နော့ဝစ်ချ်ကို ၇ ဂိုးပြတ်သွင်းတဲ့ ဇယားထိပ်က ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ သူတို့ရဲ့ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ လူကာကူးနဲ့ တီမို ဗာနာတို့ ဒဏ်ရာရနေချိန်မှာ ၃-၄-၁-၂ ပုံစံကနေ ၃-၄-၂-၁ ပုံစံကို ပြောင်းလဲသွားခဲ့ပြီး ခံစစ်မှာ ခရစ္စတင်ဆန်နဲ့ အက်ဇ်ပီလီကွေတာ၊ ကွင်းလယ်မှာ ကွန်တေတို့ကို အနားပေးထားခဲ့သလို နော့ဝစ်ချ်နဲ့ လွယ်ကူတဲ့ပွဲမှာ စမ်းသပ်မှုတွေကို နည်းပြ တူဟယ်လ်က ပြုလုပ်လာခဲ့ပါတယ်။

ညာနောက်ခံမှာ ရီးစ်ဂျိမ်းစ် ပါဝင်လာခဲ့သလို ကွင်းလယ်မှာ ဂျော်ဂျင်ညိုနဲ့ ကိုဗာချစ်တို့ တွဲကစားခဲ့ပြီး တိုက်စစ်မှာတော့ ဟဒ်ဆန်-အိုဒွိုင်းနဲ့ မေဆန်မောင်တို့က ဘယ်ညာတောင်ပံတွေမှာ ကစားခဲ့ကြသလို ဟာဗတ်ဇ်ကတော့ ဒီနေ့ခေတ်မှာ 9.5 လို့ အလွယ်ခေါ်တဲ့ False 9 နဲ့ No.10 Role ကို ပေါင်းစပ်ထားတဲ့ ပုံစံအဖြစ် ကွင်းလယ်နဲ့ ပူးပေါင်းပြီး ကစားသွားခဲ့တာပါ။

အဆင့် ၂၀ က နော့ဝစ်ချ်ကတော့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးတို့ရဲ့ ပြိုင်ဘက် မဟုတ်ခဲ့သလို သူတို့ရဲ့ ခံစစ်ဟာကွက်တွေကို လျင်မြန်တဲ့ အိမ်ရှင်တိုက်စစ်ကစားသမားတွေနဲ့ ကွင်းလယ်က မကြာခဏ ထိုးဖောက်နေခဲ့ပြီး ပွဲချိန် ၈ မိနစ်မှာတော့ ဂျော်ဂျင်ညိုပေးတဲ့ ဘောလုံးကို မေဆန်မောင့်က ဧရိယာအပြင်ကနေ အနိမ့်ဘောကန်ချက်ပြင်းပြင်းနဲ့ လှမ်းကန်ပြီး အသင်းအတွက် အဖွင့်ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာတော့ ကွင်းလယ်ကနေ ရူဒီဂါပေးတဲ့ ဘောလုံးကို ရခဲ့တဲ့ ကိုဗာချစ်က ဘယ်ခြမ်းကနေ နော့ဝစ်ချ်ခံစစ်ကို အငိုက်ဖမ်းပြီး ပြေးတက်သွားတဲ့ ဟဒ်ဆန်-အိုဒွိုင်းရဲ့ ပြေးလမ်းကြောင်းထဲ ခင်းပေးခဲ့ရာမှာ အင်္ဂလန်တောင်ပံသမားက ဂိုးသမား တင်မ် ကရူးလ်နဲ့ အတွေ့မှာ အဝေးတိုင်ဆီ အနိမ့်ဘော အသာအယာကန်သွင်းယူသွားခဲ့လို့ ချဲလ်ဆီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

လူကာကူးလို ဘောလုံးကိုင်ကစားသူတွေ မဟုတ်ကြဘဲ လျင်မြန်တဲ့ တိုက်စစ်သမားတွေနဲ့ ပွဲထွက်လာတဲ့ ချဲလ်ဆီးရှေ့တန်းအတွက် ကွင်းလယ်ကစားသမားတွေရဲ့ စိတ်ကြိုက်ပေးပို့နိုင်မှုတွေက ပျော်စရာလိုဖြစ်နေပြီး အိမ်ရှင်တွေအနေနဲ့ ပွဲကို ကောင်းကောင်းစိုးမိုးထားနိုင်ခဲ့သလို ဟာဗတ်ဇ်သာ တိုက်စစ်မှူးတစ်ယောက်လို အဆုံးသတ်နိုင်ခဲ့ရင် စောစောစီးစီး ဂိုးများသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၄၂ မိနစ်မှာတော့ ချဲလ်ဆီးတို့ တတိယဂိုးထပ်ရခဲ့ပြီး ကွင်းလယ်ကနေ ဂျော်ဂျင်ညိုပေးတဲ့ ဘောလုံးကို မေဆန်မောင့်က ပြေးတက်လာတဲ့ ရီးစ်ဂျိမ်းစ်ရဲ့ လမ်းကြောင်းထဲကို ကွက်တိခင်းပေးခဲ့ရာမှာ နော့ဝစ်ချ်နောက်တန်းထက် မြန်အောင်ပြေးနိုင်ခဲ့တဲ့ နောက်ခံလူက ဂိုးသမား ကရူးလ်အထွက်မှာ သူ့အပေါ်က Chipping ကျော်ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂိုးမှာ တိုက်စစ်မှူးနေရာက ဟာဗတ်ဇ်အနေနဲ့ အဆုံးသတ်ဖို့ နေရာကောင်းကို ပြေးဝင်ရမယ့် အခန်းကဏ္ဍကို ပျက်ကွက်နေခဲ့တာကြောင့် ဂျိမ်းစ်အနေနဲ့ ချိုးပေးရမယ့်အစား ကန်သွင်းဖို့ ဆုံးဖြတ်သွားခဲ့ရတာဖြစ်ပြီး ပထမပိုင်းအပြီးမှာတော့ အိမ်ရှင်ချဲလ်ဆီးတို့က နော့ဝစ်ချ်အပေါ် သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ညာခြမ်းက ကစားခဲ့တဲ့ မေဆန်မောင်ရဲ့ ရွေ့လျားမှုနဲ့ ဖန်တီးတိုက်စစ်ဆင်မှုတွေက တော်တော်လေး ကောင်းမွန်နေခဲ့တာကို တွေ့ရပြီး ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးတို့ အနည်းငယ် အထနှေးနေခဲ့သလို အာရုံစိုက်မှု တစ်ချက်ပေါ့လျော့တဲ့ သီယာဂို ဆေးလ်ဗားနဲ့ ချာလိုဘာတို့ကြောင့် သူတို့ရဲ့ ကြားကနေ ပြေးထွက်သွားတဲ့ ရာရှီကာရဲ့ ကန်ချက်ကို မန်ဒီ ကာကွယ်ခဲ့ရပြီး ဒါက နော့ဝစ်ချ်တို့ရဲ့ တစ်လုံးတည်းသော ဂိုးပေါက်တည့်မှုလည်းဖြစ်ခဲ့တာပါ။

ပွဲချိန် ၅၇ မိနစ်မှာတော့ ဂျော်ဂျင်ညို၊ မောင့်တို့ အပေးအယူလုပ်လာပြီး ဘောလုံးရလာခဲ့တဲ့ ကိုဗာချစ်က ဘယ်ခြမ်းမှာ လွတ်နေတဲ့ ချေးလ်ဝဲလ်ဆီ ချပေးခဲ့ရာမှာ အင်္ဂလန်နောက်ခံလူက အဝေးတိုင်ဆီ အနိမ့်ဘော ထောင့်ဖြတ်ကန်သွင်းပြီး သူ့အတွက် ဒီရာသီ ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် သွင်းဂိုးကို ရယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ ရာသီပိတ်ပွဲနဲ့ ပေါင်းလိုက်ရင် ကြားထဲမှာ ကစားခွင့်ရမထားတဲ့သူအနေနဲ့ ၄ ပွဲဆက်တိုက် ဂိုးရရှိခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာတော့ ချဲလ်ဆီးတို့ ပဉ္စမဂိုး သွင်းယူနိုင်ခဲ့ပြီး အပြန်အလှန်ကစားနေခဲ့တဲ့ နော့ဝစ်ချ်ကွင်းလယ်ကို ဘယ်တောင်ပံနေ ဖောက်ထွက်သွားခဲ့တဲ့ ဟဒ်ဆန်-အိုဒွိုင်းက ဖြတ်တင်ပေးခဲ့ရာမှာ လျှောထိုးပိတ်ဆို့ဖို့ ကြိုးစားတဲ့ နောက်ခံလူ မက်စ် အာရွန်စ်နဲ့ ထိပြီး ဂိုးသမား ကရူးလ်ရဲ့ တွက်ထားတဲ့ လမ်းကြောင်းနဲ့ လွဲသွားခဲ့တဲ့ ဘောလုံးက သူ့လက်နဲ့ထိပြီး ဂိုးထဲ ဝင်သွားခဲ့လို့ နှစ်ဆင့်သွင်းတဲ့ Own Goal လို့တောင် ဆိုနိုင်ခဲ့တာပါ။

ပွဲချိန် ၆၄ မိနစ်မှာတော့ ဂျော်ဂျင်ညိုကို အနားပေးပြီး လော့ဖ်တပ်စ်ချိခ်နဲ့ လဲကစားခဲ့သလို တစ်မိနစ်အကြာမှာတော့ ရီးစ်ဂျိမ်းစ်ကို တစ်ဝါထိထားရက်နဲ့ မိုက်မိုက်မဲမဲ ဖျက်ထုတ်တဲ့ နော့ဝစ်ချ်နောက်ခံလူ ဂစ်ဘ်ဆန် ဒုတိယအဝါနဲ့ အထုတ်ခံခဲ့ရတာကြောင့် ချဲလ်ဆီးတို့ လက်ကျန်အချိန်တွေကို တစ်ယောက်အသာနဲ့ ကစားခဲ့ရပါတယ်။

မိနစ် ၇၀ မှာတော့ ဟာဗတ်ဇ်အစား ဘာကလီနဲ့ ဟဒ်ဆန် အိုဒွိုင်းအစား ဇီးယက်ရှ်တို့ကို လူစားလဲခဲ့ပြီး ဒီနေ့ပွဲမှာမှ ဒီရာသီသွင်းဂိုး စရတဲ့ မေဆန်မောင့်ကတော့ ဘယ်ခြမ်းကို ပြောင်းကစားခဲ့သလို အင်္ဂလန်သားတွေရဲ့ ကွင်းလယ်ကစားအားက တော်တော်လေးကောင်းမွန်ခဲ့ပြီး ထိုးဖောက်မှုတွေ ဆက်လက်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ချေးလ်ဝဲလ်၊ လော့ဖ်တပ်စ်ချိခ်နဲ့ ဘာကလီတို့ရဲ့ ကန်ချက်တွေ လွဲချော်ခဲ့အပြီး ပွဲချိန် ၈၅ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ရူဒီဂါရဲ့ ဂိုးသွင်းမှုကို ပိတ်ဆို့တဲ့ နော်မန်က လက်နဲ့ ပုတ်မိခဲ့တာကြောင့် VAR နဲ့ ပင်နယ်တီ သတ်မှတ်ပေးခဲ့ပြီး ပထမတစ်ကြိမ်ကန်ရာမှာ မေဆန်မောင့်ရဲ့ ကန်ချက်ကို ဂိုးသမား ကရူးလ် ကာကွယ်နိုင်ခဲ့ပေမယ့် ဂိုးစည်းရှေ့ကို ရောက်နေခဲ့တာကြောင့် ဒုတိယတစ်ကြိမ် ကန်ရာမှာတော့ မောင့်ကပဲ အလယ်ကို ကန်သွင်းပြီး ဆဌမဂိုး ရယူနိုင်ခဲ့တာပါ။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ချဲလ်ဆီးတို့ သတ္တမဂိုး ရရှိခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ဇီးယက်ရှ်နဲ့ ဝမ်းတူးရိုက်ပြီး ချပေးတဲ့ ဘောလုံးကို လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားခဲ့တဲ့ လော့ဖ်တပ်စ်ချိခ်က ဧရိယာထဲအထိ ဆွဲဝင်ပြီး ဂိုးသမား ကရူးလ်နဲ့အတွေ့မှာ အတွင်းကို ချိုးပေးခဲ့တာကို မေဆန်မောင့်က သူ့ရဲ့ ဟက်ထရစ်အဖြစ် အပိုင်ကန်သွင်းရယူခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်ချ်က အော်သံတွေကို ဗုံးတစ်လုံးလို ပေါက်ကွဲစေနိုင်ခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ချဲလ်ဆီးတို့ ခုနစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြသလို လူကာကူးနဲ့ တီမို ဗာနာတို့ မပါချိန်မှာ ဟာဗတ်ဇ်လည်း ဂိုးမသွင်းဘဲ ကျန်တဲ့ ခံစစ်နဲ့ တိုက်စစ်တောင်ပံကစားသမားတွေက ဂိုးတွေ သွင်းယူသွားနိုင်ခဲ့ကြတာကတော့ ပျော်ရွှင်ကြည်နူး အားတက်စရာဖြစ်လာခဲ့ပြီး လာမယ့် ပွဲတွေအတွက်တော့ နည်းပြ တူဟယ်လ်နဲ့ ပရိသတ်တွေကို အားဆေးကျွေးလိုက်သလိုလည်းဖြစ်ခဲ့ရပါတယ်။

ဒီနေ့ပွဲရလဒ်ကြောင့် ချဲလ်ဆီးတို့အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားကို ၉ ပွဲကစား ၇ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံး၊ ရမှတ် ၂၂ မှတ်နဲ့ ပထမနေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး ဂိုးကွာခြားချက်မှာလည်း ၇ ဂိုး ထပ်မံစုဆောင်းနိုင်ခဲ့သလို အဓိကပြိုင်ဘက် လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ တွေ့ဆုံနေမှုကို မလွတ်တမ်း အခွင့်အရေး ယူနိုင်ခဲ့ကြောင်းလည်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ သူတို့ရဲ့ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ လူကာကူးနဲ့ တီမို ဗာနာတို့ ဒဏ်ရာရနေချိန်မှာ ၃-၄-၁-၂ ပုံစံကနေ ၃-၄-၂-၁ ပုံစံကို ပြောင်းလဲသွားခဲ့ပြီး ခံစစ်မှာ ခရစ္စတင်ဆန်နဲ့ အက်ဇ်ပီလီကွေတာ၊ ကွင်းလယ်မှာ ကွန်တေတို့ကို အနားပေးထားခဲ့သလို နော့ဝစ်ခ်ျနဲ့ လွယ်ကူတဲ့ပွဲမှာ စမ်းသပ်မှုတွေကို နည်းပြ တူဟယ်လ်က ပြုလုပ်လာခဲ့ပါတယ်။


အဆင့် ၂၀ က နော့ဝစ်ခ်ျကတော့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ချဲလ်ဆီးတို့ရဲ့ ပြိုင်ဘက် မဟုတ်ခဲ့သလို သူတို့ရဲ့ ခံစစ်ဟာကွက်တွေကို လျင်မြန်တဲ့ အိမ်ရှင်တိုက်စစ်ကစားသမားတွေနဲ့ ကွင်းလယ်က မကြာခဏ ထိုးဖောက်နေခဲ့ပြီး ပွဲချိန် ၈ မိနစ်မှာတော့ ဂျော်ဂျင်ညိုပေးတဲ့ ဘောလုံးကို မေဆန်မောင့်က ဧရိယာအပြင်ကနေ အနိမ့်ဘောကန်ချက်ပြင်းပြင်းနဲ့ လှမ်းကန်ပြီး အသင်းအတွက် အဖွင့်ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာတော့ ကွင်းလယ်ကနေ ရူဒီဂါပေးတဲ့ ဘောလုံးကို ရခဲ့တဲ့ ကိုဗာချစ်က ဘယ်ခြမ်းကနေ နော့ဝစ်ခ်ျခံစစ်ကို အငိုက်ဖမ်းပြီး ပြေးတက်သွားတဲ့ ဟဒ်ဆန်-အိုဒွိုင်းရဲ့ ပြေးလမ်းကြောင်းထဲ ခင်းပေးခဲ့ရာမှာ အင်္ဂလန်တောင်ပံသမားက ဂိုးသမား တင်မ် ကရူးလ်နဲ့ အတွေ့မှာ အဝေးတိုင်ဆီ အနိမ့်ဘော အသာအယာကန်သွင်းယူသွားခဲ့လို့ ချဲလ်ဆီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။


ပွဲချိန် ၄၂ မိနစ်မှာတော့ ချဲလ်ဆီးတို့ တတိယဂိုးထပ်ရခဲ့ပြီး ကွင်းလယ်ကနေ ဂျော်ဂျင်ညိုပေးတဲ့ ဘောလုံးကို မေဆန်မောင့်က ပြေးတက်လာတဲ့ ရီးစ်ဂျိမ်းစ်ရဲ့ လမ်းကြောင်းထဲကို ကွက်တိခင်းပေးခဲ့ရာမှာ နော့ဝစ်ခ်ျနောက်တန်းထက် မြန်အောင်ပြေးနိုင်ခဲ့တဲ့ နောက်ခံလူက ဂိုးသမား ကရူးလ်အထွက်မှာ သူ့အပေါ်က Chipping ကျော်ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂိုးမှာ တိုက်စစ်မှူးနေရာက ဟာဗတ်ဇ်အနေနဲ့ အဆုံးသတ်ဖို့ နေရာကောင်းကို ပြေးဝင်ရမယ့် အခန်းကဏ္ဍကို ပျက်ကွက်နေခဲ့တာကြောင့် ဂျိမ်းစ်အနေနဲ့ ချိုးပေးရမယ့်အစား ကန်သွင်းဖို့ ဆုံးဖြတ်သွားခဲ့ရတာဖြစ်ပြီး ပထမပိုင်းအပြီးမှာတော့ အိမ်ရှင်ချဲလ်ဆီးတို့က နော့ဝစ်ခ်ျအပေါ် သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ညာခြမ်းက ကစားခဲ့တဲ့ မေဆန်မောင်ရဲ့ ရွေ့လျားမှုနဲ့ ဖန်တီးတိုက်စစ်ဆင်မှုတွေက တော်တော်လေး ကောင်းမွန်နေခဲ့တာကို တွေ့ရပြီး ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးတို့ အနည်းငယ် အထနှေးနေခဲ့သလို အာရုံစိုက်မှု တစ်ချက်ပေါ့လျော့တဲ့ သီယာဂို ဆေးလ်ဗားနဲ့ ချာလိုဘာတို့ကြောင့် သူတို့ရဲ့ ကြားကနေ ပြေးထွက်သွားတဲ့ ရာရှီကာရဲ့ ကန်ချက်ကို မန်ဒီ ကာကွယ်ခဲ့ရပြီး ဒါက နော့ဝစ်ခ်ျတို့ရဲ့ တစ်လုံးတည်းသော ဂိုးပေါက်တည့်မှုလည်းဖြစ်ခဲ့တာပါ။


ပွဲချိန် ၆၂ မိနစ်မှာတော့ ချဲလ်ဆီးတို့ ပဉ္စမဂိုး သွင်းယူနိုင်ခဲ့ပြီး အပြန်အလှန်ကစားနေခဲ့တဲ့ နော့ဝစ်ခ်ျကွင်းလယ်ကို ဘယ်တောင်ပံနေ ဖောက်ထွက်သွားခဲ့တဲ့ ဟဒ်ဆန်-အိုဒွိုင်းက ဖြတ်တင်ပေးခဲ့ရာမှာ လျှောထိုးပိတ်ဆို့ဖို့ ကြိုးစားတဲ့ နောက်ခံလူ မက်စ် အာရွန်စ်နဲ့ ထိပြီး ဂိုးသမား ကရူးလ်ရဲ့ တွက်ထားတဲ့ လမ်းကြောင်းနဲ့ လွဲသွားခဲ့တဲ့ ဘောလုံးက သူ့လက်နဲ့ထိပြီး ဂိုးထဲ ဝင်သွားခဲ့လို့ နှစ်ဆင့်သွင်းတဲ့ Own Goal လို့တောင် ဆိုနိုင်ခဲ့တာပါ။

ပွဲချိန် ၆၄ မိနစ်မှာတော့ ဂျော်ဂျင်ညိုကို အနားပေးပြီး လော့ဖ်တပ်စ်ချိခ်နဲ့ လဲကစားခဲ့သလို တစ်မိနစ်အကြာမှာတော့ ရီးစ်ဂျိမ်းစ်ကို တစ်ဝါထိထားရက်နဲ့ မိုက်မိုက်မဲမဲ ဖျက်ထုတ်တဲ့ နော့ဝစ်ခ်ျနောက်ခံလူ ဂစ်ဘ်ဆန် ဒုတိယအဝါနဲ့ အထုတ်ခံခဲ့ရတာကြောင့် ချဲလ်ဆီးတို့ လက်ကျန်အချိန်တွေကို တစ်ယောက်အသာနဲ့ ကစားခဲ့ရပါတယ်။



နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ချဲလ်ဆီးတို့ သတ္တမဂိုး ရရှိခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ဇီးယက်ရှ်နဲ့ ဝမ်းတူးရိုက်ပြီး ချပေးတဲ့ ဘောလုံးကို လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားခဲ့တဲ့ လော့ဖ်တပ်စ်ချိခ်က ဧရိယာထဲအထိ ဆွဲဝင်ပြီး ဂိုးသမား ကရူးလ်နဲ့အတွေ့မှာ အတွင်းကို ချိုးပေးခဲ့တာကို မေဆန်မောင့်က သူ့ရဲ့ ဟက်ထရစ်အဖြစ် အပိုင်ကန်သွင်းရယူခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်ခ်ျက အော်သံတွေကို ဗုံးတစ်လုံးလို ပေါက်ကွဲစေနိုင်ခဲ့ပါတယ်။



REF: INTERNET SOURCES
SPORTS A2Z.