Match Report Premier League

မာတီနက်ဇ်ရဲ့ ပွဲကြိုလေတိုက်မှုကို သုံးဂိုးသွင်းပြီး နိုင်ပွဲနဲ့တုံ့ပြန်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ လျင်မြန်မှုနဲ့ တိုက်စစ်ဦးစားပေးပုံစံကို အသားပေးပြီး ပွဲထွက်လာခဲ့သလို ခံစစ်မှာ တီယာနီအစား နူနို တာဗာရက်စ်ကို သုံးခဲ့ပြီး ကွင်းလယ်မှာ ပါတေးနဲ့ ဆမ်ဘီ လိုကွန်ဂါကို တွဲသုံးခဲ့ချိန်မှာ တိုက်စစ်မှာတော့ လာကာဇက်ကို အထောင်ထားပြီး ဆာကာနဲ့ အူဘာမီယန်းတို့က တောင်ပံတွေမှာ ကစားလာခဲ့ပါတယ်။

အက်စတန်ဗီလာကတော့ သူတို့ရဲ့ ခံစစ်ဦးစားပေး ၃-၄-၁-၂ ပုံစံကို သုံးစွဲခဲ့ပြီး ဝါရင့်နဲ့ ပထမကစားသမားတွေ လူစုံပါဝင်လာခဲ့သလို ကွင်းလယ်မှာ အတင်းဝင် အတင်းဖျက်ပုံစံနဲ့ ခပ်ကျပ်ကျပ် ကစားဖို့ နည်းပြ ဒင်းန် စမစ်က စီစဉ်လာပြီး အဝေးကွင်းမှာ ရလဒ်ကောင်းနိုင်ဖို့ ပြင်ဆင်လာခဲ့တာပါ။

အိမ်ရှင်တို့ရဲ့ ဖန်တီးမှုနဲ့ Final Pass တွေက ကွင်းလယ်ထိပ်က စမစ်ရိုးပေါ် မှီခိုနေခဲ့တာကတော့ ဆိုးလွန်းပြီး လူငယ်ကစားသမားအနေနဲ့ လုံလောက်တဲ့ အတွေ့အကြုံနဲ့ ဖိအားခံနိုင်မှု မရှိချိန်မှာ ရှေ့တန်းတွေဆီ ဘောလုံးပေးပို့မှုတွေနဲ့ မစွန့်စားရဲဘဲ ဆိုင်းနေခဲ့တာတွေက အာဆင်နယ်တို့ကို တိုက်စစ်လမ်းကြောင်းတွေ ပိတ်ဆို့စေပါတယ်။

လူငယ်တွေရဲ့ လုပ်ချင်ကိုင်ချင်စိတ် များလွန်းနေတာကို အသင်းရဲ့ စီနီယာကစားသမားတွေတောင် မထိန်းနိုင်တာကို ကြည့်ရတာ နည်းပြ အာတီတာကများ ခွင့်ပြုထားတာလားလို့ တွေးစရာဖြစ်ပြီး အန္တရာယ်များတဲ့ တိုက်စစ်အနေအထားတွေမှာ တစ်ကိုယ်တော်ဖြုန်းတီးခဲ့တဲ့ တာဗာရက်စ်နဲ့ အဖြစ်မရှိဘဲ အဝေးကနေ လှမ်းလှမ်းကန်နေတဲ့ ဆမ်ဘီ လိုကွန်ဂါတို့က အရှိန်အဟုန်ကို ပျက်ပြားစေတာပါ။

ပွဲချိန် ၂၃ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုးရခဲ့ပြီး ဘယ်ထောင့်ကန်ဘောကို စမစ်ရိုး ကန်ပို့ပေးတာကနေ ဘန်ဝှိုက်ကို အာရုံစိုက်နေတဲ့ အက်စတန်ဗီလာခံစစ်ရဲ့ သတိလွတ် ပေါ့လျော့မှုကို အခွင့်ကောင်းယူခဲ့တဲ့ ကွင်းလယ်လူ ပါတေးက ခေါင်းတိုက်သွင်းခဲ့ရာမှာ သူ့ရဲ့ မြောက်လန်ဒန် ကစားသမားဘဝ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂိုးရအပြီးမှာ အာဆင်နယ်တို့ ပိုလှုပ်ရှားလာပြီး လာကာဇက်ရဲ့ လှုပ်ရှားမှုတွေက ဗီလာနောက်တန်းကို ဖရိုဖရဲဖြစ်စေခဲ့သလို ပွဲချိန် မိနစ် ၃၀ မှာ ဘယ်ခြမ်းက တာဗာရက်စ်ရဲ့ ဖြတ်တင်ဘောကို ဆာကာ လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရခဲ့ပေမယ့် မလိုအပ်ဘဲ လောကြီးလွန်းပြီး ညာခြေနဲ့ ကလေးကန် ကန်သွင်းခဲ့ရာမှာ သူ့အကြောင်း သိပြီးသား ဂိုးသမား မာတီနက်ဇ်က ကာကွယ်သွားနိုင်ခဲ့ပါတယ်။

အာဆင်နယ်တို့ ဒီနောက်ပိုင်းမှာ အခွင့်အရေးတွေကို ဖြုန်းတီးနေခဲ့ပြီး နာကျင်အချိန်ပိုမှာတော့ လာကာဇက်ရဲ့ တိုးအားကနေ ဘောလုံးဖျက်ရင်း ခြေထောက်ကိုပဲ ထိခဲ့တဲ့ ဗီလာနောက်ခံလူ တားဂက်ရဲ့ အမှားကြောင့် VAR ပြန်ကြည့်ပြီးမှ ဒိုင်လူကြီး ခရိတ် ပေါ်ဆန်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ပါတယ်။

ဒီအခွင့်အရေးကို နာကျင်အချိန်ပို ၆ မိနစ်မှာ အူဘာမီယန်းက ကန်သွင်းခဲ့ရာမှာ အကြောင်းသိနေတဲ့ ဂိုးသမား မာတီနက်ဇ်က ညာဘက်ကို ဒိုက်ပစ်ပြီး မှန်မှန်ကန်ကန် ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ဘောလုံးပြန်ထွက်အလာမှာ ဂါဘွန်သားက ထပ်မံပိတ်သွင်းနိုင်ခဲ့လို့ အာဆင်နယ်တို့ ဒုတိယဂိုး ရရှိခဲ့တာပါ။

ပထမပိုင်းမှာ အာဆင်နယ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး အက်စတန်ဗီလာတို့အနေနဲ့ ဒါကို ချေပနိုင်ဖို့ ဒုတိယပိုင်းအစမှာ နောက်ခံလူ တွမ်ဇီဘီအစား တောင်ပံကစားသမား လီယွန် ဘေလီကို လူစားလဲပြီး ၄-၄-၂ ပုံစံကို ပြောင်းကစားလာခဲ့သလို ဝပ်ကင်းစ်နဲ့ အင်းစ်တို့လည်း ခြိမ်းခြောက်မှုတချို့ ပြုလုပ်နိုင်ခဲ့ပါတယ်။

တိုမီယာစုရဲ့ အစွန်လူလိုလို အလယ်လိုလို နေရာယူပုံ မသဲကွဲတာကို ဗီလာဘယ်ခြမ်းက အခွင့်ကောင်းယူထိုးနှက်နေခဲ့ပြီး ဂျပန်သားရဲ့ ခံစစ်ကို ပြန်ဆင်းချိန်တွေမှာ ဟိုလိုလို ဒီလိုလို လုပ်နေတာတွေက အာဆင်နယ်တို့ ကုစားရမယ့် အဖျားအနာတစ်ရပ်ဖြစ်နေသလို ဆမ်ဘီ လိုကွန်ဂါ၊ စမစ်ရိုးနဲ့ ဆာကာတို့ရဲ့ အတွေ့အကြုံ မရင့်ကျက်သေးမှုတွေကလည်း ရှေ့မှာ ဘောလုံးလိုချင်နေတဲ့ အူဘာမီယန်းအတွက်တော့ စိတ်ပျက်စရာတွေပဲဖြစ်နေခဲ့တာပါ။

ပွဲချိန် ၅၅ မိနစ်မှာတော့ အာဆင်နယ်တို့ တတိယဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဗီလာကွင်းလယ်က မက်ဂင်း လူပေးမှားတာကနေ ကောင်တာ ပြန်တိုက်ခဲ့ပြီး အူဘာမီယန်းက သူ့ဆီရောက်လာတဲ့ ဘောလုံးကို မထိန်းဘဲ ပြေးတက်လာတဲ့ စမစ်ရိုးရဲ့ ပြေးလမ်းကြောင်းထဲ ထည့်ပေးခဲ့ရာမှာ ဘယ်ခြမ်းကနေ အပိုင်ကန်ခွင့်ရသွားခဲ့ပြီး သူ့ရဲ့ ကန်ချက်က နောက်ခံလူ တိုင်ရုန်းမင်းစ်နဲ့ အနည်းငယ်ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့တာပါ။

ပွဲချိန် ၆၂ မိနစ်မှာတော့ တားဂက်ရဲ့ တိကျသေသပ်တဲ့ ပေးပို့မှုကို ဘွင်ဒီယာ ကန်သွင်းခဲ့ပေမယ့် ဂိုးသမား ရမ်းစ်ဒေးလ် ပိတ်ဆို့ကာကွယ်နိုင်ခဲ့ပြီး ပွဲချိန် ၇၁ မိနစ်မှာတော့ အူဘာမီယန်းက စမစ်ရိုးရဲ့ ပေးပို့မှုကနေ ဝေ့ဝိုက်ကန်ချက်နဲ့ ပြန်လည်အကဲစမ်းခဲ့တာကလည်း ဂိုးသမား မာတီနက်ဇ်နဲ့ နီးလွန်းပြီး ဂိုးထပ်မရဘဲဖြစ်နေခဲ့ပါတယ်။

ဆမ်ဘီ လိုကွန်ဂါအစား မိတ်လန်းနိုင်းလ်စ်ကို ထည့်လိုက်တဲ့ လူစားလဲမှုကတော့ တော်တော်လေး ရုပ်ဆိုးခဲ့ပြီး AMN အနေနဲ့ ကွင်းလယ် စက်ဝိုင်းနားမှာပဲ လည်နေသလို စမစ်ရိုးလောက်တောင်မှ အဖျက်မှာ အကူအညီမရတာကြောင့် ဗီလာတို့ ပိုဖိကစားနိုင်ခဲ့ပြီး လာကာဇက်လို မမာဘဲ ပျော့တဲ့ အော်ဒီဂွါဒ်ကြောင့်လည်း အိမ်ရှင်တွေ သိပ်အလုပ်မဖြစ်ဘဲ အာရုံများလာခဲ့တာပါ။

ပွဲချိန် ၈၂ မိနစ်မှာတော့ အာဆင်နယ်ခံစစ် မပီပြင်မှုကို အခွင့်ကောင်းယူပြီး ညာတောင်ပံကနေ အတွင်းကို ဆွဲဝင်လာတဲ့ ဘေလီကို ဖျက်ထုတ်တာ မပြတ်သားခဲ့တဲ့ ပါတေးကြောင့် ဘောလုံးက ဆက်ပါသွားခဲ့ရာမှာ လူစားဝင်လူငယ် ဂျက်ကော့ဘ် ရမ်ဆေးက လျှပ်တစ်ပြက်ကန်သွင်းပြီး ဂိုးသမား ရမ်းစ်ဒေးလ်ကို ပေါက်ကွဲစေမှုနဲ့အတူ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ အာဆင်နယ်တို့ ခံစစ်ကို လုံခြုံအောင် ကြိုးစားကစားသွားခဲ့သလို ဗီလာတို့ကို နောက်ထပ်ဂိုးမပေးရအောင် ကြံ့ကြံ့ခံ ကစားသွားနိုင်ခဲ့တာကြောင့် ပွဲချိန်အပြည့်မှာ သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ရှေ့က အသင်းဟောင်းနဲ့ ရင်ဆိုင်တဲ့ နှစ်ပွဲမှာ တစ်ဂိုးမှ ပေးမထားရတဲ့ ဂိုးသမား မာတီနက်ဇ်ရဲ့ ပွဲကြိုလေတိုက်မှုကို သုံးဂိုးလက်ဆောင်ပေးပြီး အိမ်ကွင်းမှာ အောင်ပွဲခံနိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ လ်င္ျမန္မႈနဲ႔ တိုက္စစ္ဦးစားေပးပုံစံကို အသားေပးၿပီး ပြဲထြက္လာခဲ့သလို ခံစစ္မွာ တီယာနီအစား ႏူႏို တာဗာရက္စ္ကို သုံးခဲ့ၿပီး ကြင္းလယ္မွာ ပါေတးနဲ႔ ဆမ္ဘီ လိုကြန္ဂါကို တြဲသုံးခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ လာကာဇက္ကို အေထာင္ထားၿပီး ဆာကာနဲ႔ အူဘာမီယန္းတို႔က ေတာင္ပံေတြမွာ ကစားလာခဲ့ပါတယ္။

အက္စတန္ဗီလာကေတာ့ သူတို႔ရဲ႕ ခံစစ္ဦးစားေပး ၃-၄-၁-၂ ပုံစံကို သုံးစြဲခဲ့ၿပီး ဝါရင့္နဲ႔ ပထမကစားသမားေတြ လူစုံပါဝင္လာခဲ့သလို ကြင္းလယ္မွာ အတင္းဝင္ အတင္းဖ်က္ပုံစံနဲ႔ ခပ္က်ပ္က်ပ္ ကစားဖို႔ နည္းျပ ဒင္းန္ စမစ္က စီစဥ္လာၿပီး အေဝးကြင္းမွာ ရလဒ္ေကာင္းႏိုင္ဖို႔ ျပင္ဆင္လာခဲ့တာပါ။

အိမ္ရွင္တို႔ရဲ႕ ဖန္တီးမႈနဲ႔ Final Pass ေတြက ကြင္းလယ္ထိပ္က စမစ္႐ိုးေပၚ မွီခိုေနခဲ့တာကေတာ့ ဆိုးလြန္းၿပီး လူငယ္ကစားသမားအေနနဲ႔ လုံေလာက္တဲ့ အေတြ႕အႀကဳံနဲ႔ ဖိအားခံႏိုင္မႈ မရွိခ်ိန္မွာ ေရွ႕တန္းေတြဆီ ေဘာလုံးေပးပို႔မႈေတြနဲ႔ မစြန႔္စားရဲဘဲ ဆိုင္းေနခဲ့တာေတြက အာဆင္နယ္တို႔ကို တိုက္စစ္လမ္းေၾကာင္းေတြ ပိတ္ဆို႔ေစပါတယ္။

လူငယ္ေတြရဲ႕ လုပ္ခ်င္ကိုင္ခ်င္စိတ္ မ်ားလြန္းေနတာကို အသင္းရဲ႕ စီနီယာကစားသမားေတြေတာင္ မထိန္းႏိုင္တာကို ၾကည့္ရတာ နည္းျပ အာတီတာကမ်ား ခြင့္ျပဳထားတာလားလို႔ ေတြးစရာျဖစ္ၿပီး အႏၲရာယ္မ်ားတဲ့ တိုက္စစ္အေနအထားေတြမွာ တစ္ကိုယ္ေတာ္ျဖဳန္းတီးခဲ့တဲ့ တာဗာရက္စ္နဲ႔ အျဖစ္မရွိဘဲ အေဝးကေန လွမ္းလွမ္းကန္ေနတဲ့ ဆမ္ဘီ လိုကြန္ဂါတို႔က အရွိန္အဟုန္ကို ပ်က္ျပားေစတာပါ။

ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ အာဆင္နယ္တို႔ အဖြင့္ဂိုးရခဲ့ၿပီး ဘယ္ေထာင့္ကန္ေဘာကို စမစ္႐ိုး ကန္ပို႔ေပးတာကေန ဘန္ဝႈိက္ကို အာ႐ုံစိုက္ေနတဲ့ အက္စတန္ဗီလာခံစစ္ရဲ႕ သတိလြတ္ ေပါ့ေလ်ာ့မႈကို အခြင့္ေကာင္းယူခဲ့တဲ့ ကြင္းလယ္လူ ပါေတးက ေခါင္းတိုက္သြင္းခဲ့ရာမွာ သူ႔ရဲ႕ ေျမာက္လန္ဒန္ ကစားသမားဘဝ ပထမဆုံးဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂိုးရအၿပီးမွာ အာဆင္နယ္တို႔ ပိုလႈပ္ရွားလာၿပီး လာကာဇက္ရဲ႕ လႈပ္ရွားမႈေတြက ဗီလာေနာက္တန္းကို ဖ႐ိုဖရဲျဖစ္ေစခဲ့သလို ပြဲခ်ိန္ မိနစ္ ၃၀ မွာ ဘယ္ျခမ္းက တာဗာရက္စ္ရဲ႕ ျဖတ္တင္ေဘာကို ဆာကာ လြတ္လြတ္ကြၽတ္ကြၽတ္ ကန္ခြင့္ရခဲ့ေပမယ့္ မလိုအပ္ဘဲ ေလာႀကီးလြန္းၿပီး ညာေျခနဲ႔ ကေလးကန္ ကန္သြင္းခဲ့ရာမွာ သူ႔အေၾကာင္း သိၿပီးသား ဂိုးသမား မာတီနက္ဇ္က ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

အာဆင္နယ္တို႔ ဒီေနာက္ပိုင္းမွာ အခြင့္အေရးေတြကို ျဖဳန္းတီးေနခဲ့ၿပီး နာက်င္အခ်ိန္ပိုမွာေတာ့ လာကာဇက္ရဲ႕ တိုးအားကေန ေဘာလုံးဖ်က္ရင္း ေျခေထာက္ကိုပဲ ထိခဲ့တဲ့ ဗီလာေနာက္ခံလူ တားဂက္ရဲ႕ အမွားေၾကာင့္ VAR ျပန္ၾကည့္ၿပီးမွ ဒိုင္လူႀကီး ခရိတ္ ေပၚဆန္က ပင္နယ္တီ သတ္မွတ္ေပးခဲ့ပါတယ္။

ဒီအခြင့္အေရးကို နာက်င္အခ်ိန္ပို ၆ မိနစ္မွာ အူဘာမီယန္းက ကန္သြင္းခဲ့ရာမွာ အေၾကာင္းသိေနတဲ့ ဂိုးသမား မာတီနက္ဇ္က ညာဘက္ကို ဒိုက္ပစ္ၿပီး မွန္မွန္ကန္ကန္ ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ေဘာလုံးျပန္ထြက္အလာမွာ ဂါဘြန္သားက ထပ္မံပိတ္သြင္းႏိုင္ခဲ့လို႔ အာဆင္နယ္တို႔ ဒုတိယဂိုး ရရွိခဲ့တာပါ။

ပထမပိုင္းမွာ အာဆင္နယ္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး အက္စတန္ဗီလာတို႔အေနနဲ႔ ဒါကို ေခ်ပႏိုင္ဖို႔ ဒုတိယပိုင္းအစမွာ ေနာက္ခံလူ တြမ္ဇီဘီအစား ေတာင္ပံကစားသမား လီယြန္ ေဘလီကို လူစားလဲၿပီး ၄-၄-၂ ပုံစံကို ေျပာင္းကစားလာခဲ့သလို ဝပ္ကင္းစ္နဲ႔ အင္းစ္တို႔လည္း ၿခိမ္းေျခာက္မႈတခ်ိဳ႕ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

တိုမီယာစုရဲ႕ အစြန္လူလိုလို အလယ္လိုလို ေနရာယူပုံ မသဲကြဲတာကို ဗီလာဘယ္ျခမ္းက အခြင့္ေကာင္းယူထိုးႏွက္ေနခဲ့ၿပီး ဂ်ပန္သားရဲ႕ ခံစစ္ကို ျပန္ဆင္းခ်ိန္ေတြမွာ ဟိုလိုလို ဒီလိုလို လုပ္ေနတာေတြက အာဆင္နယ္တို႔ ကုစားရမယ့္ အဖ်ားအနာတစ္ရပ္ျဖစ္ေနသလို ဆမ္ဘီ လိုကြန္ဂါ၊ စမစ္႐ိုးနဲ႔ ဆာကာတို႔ရဲ႕ အေတြ႕အႀကဳံ မရင့္က်က္ေသးမႈေတြကလည္း ေရွ႕မွာ ေဘာလုံးလိုခ်င္ေနတဲ့ အူဘာမီယန္းအတြက္ေတာ့ စိတ္ပ်က္စရာေတြပဲျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ အာဆင္နယ္တို႔ တတိယဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ဗီလာကြင္းလယ္က မက္ဂင္း လူေပးမွားတာကေန ေကာင္တာ ျပန္တိုက္ခဲ့ၿပီး အူဘာမီယန္းက သူ႔ဆီေရာက္လာတဲ့ ေဘာလုံးကို မထိန္းဘဲ ေျပးတက္လာတဲ့ စမစ္႐ိုးရဲ႕ ေျပးလမ္းေၾကာင္းထဲ ထည့္ေပးခဲ့ရာမွာ ဘယ္ျခမ္းကေန အပိုင္ကန္ခြင့္ရသြားခဲ့ၿပီး သူ႔ရဲ႕ ကန္ခ်က္က ေနာက္ခံလူ တိုင္႐ုန္းမင္းစ္နဲ႔ အနည္းငယ္ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့တာပါ။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ တားဂက္ရဲ႕ တိက်ေသသပ္တဲ့ ေပးပို႔မႈကို ဘြင္ဒီယာ ကန္သြင္းခဲ့ေပမယ့္ ဂိုးသမား ရမ္းစ္ေဒးလ္ ပိတ္ဆို႔ကာကြယ္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ အူဘာမီယန္းက စမစ္႐ိုးရဲ႕ ေပးပို႔မႈကေန ေဝ့ဝိုက္ကန္ခ်က္နဲ႔ ျပန္လည္အကဲစမ္းခဲ့တာကလည္း ဂိုးသမား မာတီနက္ဇ္နဲ႔ နီးလြန္းၿပီး ဂိုးထပ္မရဘဲျဖစ္ေနခဲ့ပါတယ္။

ဆမ္ဘီ လိုကြန္ဂါအစား မိတ္လန္းႏိုင္းလ္စ္ကို ထည့္လိုက္တဲ့ လူစားလဲမႈကေတာ့ ေတာ္ေတာ္ေလး ႐ုပ္ဆိုးခဲ့ၿပီး AMN အေနနဲ႔ ကြင္းလယ္ စက္ဝိုင္းနားမွာပဲ လည္ေနသလို စမစ္႐ိုးေလာက္ေတာင္မွ အဖ်က္မွာ အကူအညီမရတာေၾကာင့္ ဗီလာတို႔ ပိုဖိကစားႏိုင္ခဲ့ၿပီး လာကာဇက္လို မမာဘဲ ေပ်ာ့တဲ့ ေအာ္ဒီဂြါဒ္ေၾကာင့္လည္း အိမ္ရွင္ေတြ သိပ္အလုပ္မျဖစ္ဘဲ အာ႐ုံမ်ားလာခဲ့တာပါ။

ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ အာဆင္နယ္ခံစစ္ မပီျပင္မႈကို အခြင့္ေကာင္းယူၿပီး ညာေတာင္ပံကေန အတြင္းကို ဆြဲဝင္လာတဲ့ ေဘလီကို ဖ်က္ထုတ္တာ မျပတ္သားခဲ့တဲ့ ပါေတးေၾကာင့္ ေဘာလုံးက ဆက္ပါသြားခဲ့ရာမွာ လူစားဝင္လူငယ္ ဂ်က္ေကာ့ဘ္ ရမ္ေဆးက လွ်ပ္တစ္ျပက္ကန္သြင္းၿပီး ဂိုးသမား ရမ္းစ္ေဒးလ္ကို ေပါက္ကြဲေစမႈနဲ႔အတူ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ အာဆင္နယ္တို႔ ခံစစ္ကို လုံၿခဳံေအာင္ ႀကိဳးစားကစားသြားခဲ့သလို ဗီလာတို႔ကို ေနာက္ထပ္ဂိုးမေပးရေအာင္ ႀကံ့ႀကံ့ခံ ကစားသြားႏိုင္ခဲ့တာေၾကာင့္ ပြဲခ်ိန္အျပည့္မွာ သုံးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး ေရွ႕က အသင္းေဟာင္းနဲ႔ ရင္ဆိုင္တဲ့ ႏွစ္ပြဲမွာ တစ္ဂိုးမွ ေပးမထားရတဲ့ ဂိုးသမား မာတီနက္ဇ္ရဲ႕ ပြဲႀကိဳေလတိုက္မႈကို သုံးဂိုးလက္ေဆာင္ေပးၿပီး အိမ္ကြင္းမွာ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.