UCL&UEL

လက်စတာစီးတီးအတွက် ခြေစမ်းပြပြီး တစ်ဦးတည်း ၄ ဂိုးသွင်းယူခဲ့တဲ့ ဒါကာ

ပတ်ဆန် ဒါကာဟာ လက်စတာစီးတီးအသင်းက စပါးတပ် မော်စကိုအသင်းကို ၄-၃ နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွင်းမှာ ၂-၀ နဲ့ နောက်ကနေ လိုက်ကစားနေရာကနေ ၄-၃ နဲ့ အနိုင်ရရှိအောင် မယုံနိုင်ဖွယ် တစ်ဦးတည်း ၄ ဂိုး သွင်းယူပေးခဲ့ပါတယ်။

စပါးတပ် မော်စကိုအသင်းဟာ ပထမပိုင်း ၁၁ မိနစ်မှာ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်း မပြီးဆုံးခင်မှာပဲ နောက်ထပ် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာမီမှာပဲ ဒါကာက လက်စတာစီးတီးအသင်းအတွက် တစ်ဂိုး ပြန်သွင်းယူပေးခဲ့ပြီး ဧည့်သည်အသင်းက ချက်ချင်း ပြန်လည် တုံ့ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းအတွက် ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၃ မိနစ်အကြာမှာ ဒါကာကပဲ တစ်ဖက် ၂ ဂိုးစီ ညီမျှသွားစေမယ့် ချေပဂိုးကို ထပ်မံသွင်းယူပေးခဲ့ပြီး ဇမ်ဘီယာလက်ရွေးစင်တိုက်စစ်မှူးဟာ နောက်ထပ် ၆ မိနစ်အကြာမှာ ဟက်ထရစ်ရရှိစေမယ့် သွင်းဂိုးကို ဘယ်ခြေနဲ့ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်တိုက်စစ်မှူးဟာ တစ်ဦးတည်း ၃ ဂိုး ဟက်ထရစ်သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပေမယ့်လည်း ဂိုးသွင်းချင်စိတ်ကို ရပ်တန့်နိုင်ခြင်းမရှိခဲ့ဘဲ ၇၄ မိနစ်မှာ စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပြီး ရုရှားမြေမှာ လက်စတာစီးတီးအတွက် ကြီးမားတဲ့နိုင်ပွဲကို ရယူပေးခဲ့တာဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းရဲ့ စပါးတပ် မော်စကိုအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ဟာ ၎င်းတို့ရဲ့ ဥရောပပြိုင်ပွဲမှာ ပထမဆုံး နိုင်ပွဲ ရယူနိုင်ခဲ့တာဖြစ်ပြီး ၃ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၄ မှတ် ရရှိခဲ့ပြီဖြစ်ပါတယ်။ ပတ်ဆန် ဒါကာဟာ လက်စတာစီးတီးအသင်းအတွက် ၆၃ နှစ်အတွင်း ပွဲစဉ်တစ်ပွဲမှာ ၄ ဂိုးအထိ သွင်းယူပေးနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပြီး ဇမ်ဘီယာတိုက်စစ်မှူးရဲ့ ကြောက်မက်ဖွယ်သွင်းဂိုးတွေသာ မပါဝင်ခဲ့ဘူးဆိုရင် လက်စတာစီးတီးအနေနဲ့ အုပ်စုကနေ လှည့်ပြန်ရကောင်း ပြန်ရနိုင်တဲ့အခြေအနေကို ရောက်သွားမှာဖြစ်ပါတယ်။

ဒါကာအတွက် မန်ချက်စတာယူနိုက်တက်အသင်းကို ၄-၂ နဲ့ အနိုင်ရရှိခဲ့ပွဲစဉ်မှာ အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် စပါးတပ်မော်စကိုအသင်းကို ၄-၃ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်း ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် အလွန်ကောင်းမွန်တဲ့ နေ့ရက်တွေ ဆက်လက်ပိုင်ဆိုင်နေတာဖြစ်ပြီး လက်စတာစီးတီးအသင်းအတွက်လည်း ယူရိုပါလိဂ် အုပ်စု (ဂ) မှာ ၃ ပွဲကစား ၄ မှတ်နဲ့ ဒုတိယနေရာကို တက်လှမ်းသွားပြီး နောက်တဆင့်တက်ဖို့အတွက် မျှော်လင့်ချက်ပြန်ရရှိသွားပြီဖြစ်ပါတယ်။

“ကျွန်တော့်အတွက်နဲ့အသင်းအတွက်တော့ အံ့အားသင့်ဖွယ် ရက်ပိုင်းလေးတွေ ဖြစ်ခဲ့ပါတယ်။ အသင်းက ကစားသမားတွေအားလုံးဆီကနေ တကယ်ကို ကောင်းမွန်တဲ့စွမ်းဆောင်ရည်ဖြစ်ခဲ့ပြီး ဒီညနေမှာ အသင်းကို ကူညီပေးနိုင်ခဲ့လို့ ကျွန်တော် ပျော်ရွှင်မိပါတယ်”လို့ ဒါကာက ပွဲအပြီးမှာ BT Sport ကို ပြောကြားခဲ့ပါတယ်။

“ဘယ်လိုပွဲမျိုးမှာမဆို ၄ ဂိုးသွင်းဖို့ဆိုတာ ခက်ခဲပေမယ့် ဥရောပ အဝေးကွင်းပွဲစဉ်မှာ သွင်းဖို့က ပိုလို့တောင် ခက်ပါသေးတယ်။ ဒီပွဲက ၄ ဂိုးက ထူးခြားတဲ့ အောင်မြင်မှုအစစ်ပါပဲ”လို့ နည်းပြ ဘရန်ဒန် ရော့ဂျားစ်က ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ပတ္ဆန္ ဒါကာဟာ လက္စတာစီးတီးအသင္းက စပါးတပ္ ေမာ္စကိုအသင္းကို ၄-၃ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္အတြင္းမွာ ၂-၀ နဲ႔ ေနာက္ကေန လိုက္ကစားေနရာကေန ၄-၃ နဲ႔ အႏိုင္ရရွိေအာင္ မယုံႏိုင္ဖြယ္ တစ္ဦးတည္း ၄ ဂိုး သြင္းယူေပးခဲ့ပါတယ္။

စပါးတပ္ ေမာ္စကိုအသင္းဟာ ပထမပိုင္း ၁၁ မိနစ္မွာ အဖြင့္ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ပထမပိုင္း မၿပီးဆုံးခင္မွာပဲ ေနာက္ထပ္ ဦးေဆာင္ဂိုး သြင္းယူႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ ၂-၀ နဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း သိပ္မၾကာမီမွာပဲ ဒါကာက လက္စတာစီးတီးအသင္းအတြက္ တစ္ဂိုး ျပန္သြင္းယူေပးခဲ့ၿပီး ဧည့္သည္အသင္းက ခ်က္ခ်င္း ျပန္လည္ တုံ႔ျပန္ႏိုင္ခဲ့တာျဖစ္ပါတယ္။

လက္စတာစီးတီးအသင္းအတြက္ ဒုတိယပိုင္း ျပန္လည္စတင္ၿပီး ၃ မိနစ္အၾကာမွာ ဒါကာကပဲ တစ္ဖက္ ၂ ဂိုးစီ ညီမွ်သြားေစမယ့္ ေခ်ပဂိုးကို ထပ္မံသြင္းယူေပးခဲ့ၿပီး ဇမ္ဘီယာလက္ေ႐ြးစင္တိုက္စစ္မႉးဟာ ေနာက္ထပ္ ၆ မိနစ္အၾကာမွာ ဟက္ထရစ္ရရွိေစမယ့္ သြင္းဂိုးကို ဘယ္ေျခနဲ႔ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ တစ္ဦးတည္း ၃ ဂိုး ဟက္ထရစ္သြင္းယူထားႏိုင္ခဲ့ၿပီျဖစ္ေပမယ့္လည္း ဂိုးသြင္းခ်င္စိတ္ကို ရပ္တန႔္ႏိုင္ျခင္းမရွိခဲ့ဘဲ ၇၄ မိနစ္မွာ စတုတၳေျမာက္ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့ၿပီး ႐ုရွားေျမမွာ လက္စတာစီးတီးအတြက္ ႀကီးမားတဲ့ႏိုင္ပြဲကို ရယူေပးခဲ့တာျဖစ္ပါတယ္။

လက္စတာစီးတီးအသင္းရဲ႕ စပါးတပ္ ေမာ္စကိုအသင္းကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္ဟာ ၎တို႔ရဲ႕ ဥေရာပၿပိဳင္ပြဲမွာ ပထမဆုံး ႏိုင္ပြဲ ရယူႏိုင္ခဲ့တာျဖစ္ၿပီး ၃ ပြဲ ကစားၿပီးခ်ိန္မွာ ရမွတ္ ၄ မွတ္ ရရွိခဲ့ၿပီျဖစ္ပါတယ္။ ပတ္ဆန္ ဒါကာဟာ လက္စတာစီးတီးအသင္းအတြက္ ၆၃ ႏွစ္အတြင္း ပြဲစဥ္တစ္ပြဲမွာ ၄ ဂိုးအထိ သြင္းယူေပးႏိုင္တဲ့ ပထမဆုံးကစားသမားျဖစ္လာခဲ့ၿပီး ဇမ္ဘီယာတိုက္စစ္မႉးရဲ႕ ေၾကာက္မက္ဖြယ္သြင္းဂိုးေတြသာ မပါဝင္ခဲ့ဘူးဆိုရင္ လက္စတာစီးတီးအေနနဲ႔ အုပ္စုကေန လွည့္ျပန္ရေကာင္း ျပန္ရႏိုင္တဲ့အေျခအေနကို ေရာက္သြားမွာျဖစ္ပါတယ္။

ဒါကာအတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ၄-၂ နဲ႔ အႏိုင္ရရွိခဲ့ပြဲစဥ္မွာ အသင္းအတြက္ ပထမဆုံးဂိုးကို သြင္းယူႏိုင္ခဲ့ၿပီးေနာက္ စပါးတပ္ေမာ္စကိုအသင္းကို ၄-၃ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာလည္း ၄ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာေၾကာင့္ အလြန္ေကာင္းမြန္တဲ့ ေန႔ရက္ေတြ ဆက္လက္ပိုင္ဆိုင္ေနတာျဖစ္ျပီး လက္စတာစီးတီးအသင္းအတြက္လည္း ယူရိုပါလိဂ္ အုပ္စု (ဂ) မွာ ၃ ပြဲကစား ၄ မွတ္နဲ႔ ဒုတိယေနရာကို တက္လွမ္းသြားျပီး ေနာက္တဆင့္တက္ဖို႔အတြက္ ေမွ်ာ္လင့္ခ်က္ျပန္ရရိွသြားျပီျဖစ္ပါတယ္။

“ကြၽန္ေတာ့္အတြက္နဲ႔အသင္းအတြက္ေတာ့ အံ့အားသင့္ဖြယ္ ရက္ပိုင္းေလးေတြ ျဖစ္ခဲ့ပါတယ္။ အသင္းက ကစားသမားေတြအားလုံးဆီကေန တကယ္ကို ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္ျဖစ္ခဲ့ၿပီး ဒီညေနမွာ အသင္းကို ကူညီေပးႏိုင္ခဲ့လို႔ ကြၽန္ေတာ္ ေပ်ာ္႐ႊင္မိပါတယ္”လို႔ ဒါကာက ပြဲအၿပီးမွာ BT Sport ကို ေျပာၾကားခဲ့ပါတယ္။

“ဘယ္လိုပြဲမ်ိဳးမွာမဆို ၄ ဂိုးသြင္းဖို႔ဆိုတာ ခက္ခဲေပမယ့္ ဥေရာပ အေဝးကြင္းပြဲစဥ္မွာ သြင္းဖို႔က ပိုလို႔ေတာင္ ခက္ပါေသးတယ္။ ဒီပြဲက ၄ ဂိုးက ထူးျခားတဲ့ ေအာင္ျမင္မႈအစစ္ပါပဲ”လို႔ နည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္က ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.