Match Report Premier League UCL&UEL

အာဆင်နယ်အနိုင်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၉)အတွက် ပေါလ်မာဆန်ရဲ့ ခန့်မှန်းချက်များ

အာဆင်နယ်-အက်စတန်ဗီလာ
အာဆင်နယ်ရဲ့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်က ပုံစံတွေက အောင်မှတ်ဝန်းကျင်တော့ ရရှိထားပေမယ့် လာမယ့် ဗီလာနဲ့ပွဲမှာတော့ သုံးပွဲဆက်တိုက် နိုင်ပွဲမပျောက်အောင် ကြိုးပမ်းရမှာပါ။ ပဲလေ့စ်နဲ့ပွဲက သူတို့အတွက် မထင်မှတ်ဘဲ နစ်နာခဲ့တယ်လို့ လူတွေက ပြောနေကြပေမယ့် ဒါက အာဆင်နယ်တွေ အနေနဲ့ ဖြစ်ရိုးဖြစ်စဉ်လို့ ဆိုရမယ့် ကိစ္စမျိုးပဲဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်လောက်အတွင်းမှာ သူတို့အနေနဲ့ ဒီလိုပွဲတွေကို အနိုင်ယူနိုင်စွမ်း မရှိတော့ဘူးလို့လည်း ခံစားမိပါတယ်။ ဗီလာကလည်း ပုံစံကောင်းမရဘဲဖြစ်နေပြီး ဝုလ်ဗ်စ်နဲ့ပွဲမှာ အိပ်မက်ဆိုး မက်ခဲ့ရသလို ၂-၀ နဲ့ ၁၀ မိနစ်အလိုအထိ ဦးဆောင်ထားပြီးမှ သုံးဂိုး ပေးပြီး ရှုံးခဲ့တာဖြစ်သလို မှားယွင်းတဲ့ လူစားလဲမှုတွေလည်း လုပ်ခဲ့ပါတယ်။ အနိုင်ရလဒ်အတွက်ဆိုရင် အိမ်ရှင် အာဆင်နယ်တို့ဘက်က ရှိချင်ပါတယ်။ (အာဆင်နယ် 2-1 ဗီလာ)

ချဲလ်ဆီး-နော့ဝစ်ချ်စီးတီး
ချဲလ်ဆီး ဂိုးဘယ်လောက်သွင်းတာကို မြင်ချင်ကြသလဲလို့ မေးရင် ဒီပွဲက အချိန်ကိုက်ပဲဖြစ်ပါလိမ့်မယ်။ လူကာကူးနဲ့ တီမို ဗာနာတို့ မပါပေမယ့် ခြေစွမ်းနဲ့ လူအင်အားက နှစ်သင်းကြားမှာ မိုးနဲ့မြေလောက် ဝေးကွာနေတုန်းပါ။ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားဖို့ဆိုတာ ပရီးမီးယားလိဂ် အဆင့် ၂၀ က အသင်းအတွက် ခက်ခဲလွန်းတဲ့ စမ်းသပ်ချက်ဖြစ်ပြီး အနည်းဆုံး ချဲလ်ဆီးတို့ သုံးဂိုးလောက် သွင်းမှာပါ။ နည်းပြ တူဟယ်လ်အနေနဲ့ ဟာဗတ်ဇ်ကို ပွဲထုတ်ဖို့ ဖြစ်လာနိုင်ပြီး တိုက်စစ်ပိုင်းမှာ ချဲလ်ဆီးတို့ အနည်းငယ် ရုန်းကန်ရနိုင်ပေမယ့် ဒီပွဲမှာ ဒါကို အဖြေရှာဖို့ အခွင့်အရေးကောင်းလည်းဖြစ်နေသလို ချန်ပီယံလိဂ် ဖိုင်နယ်က ဂိုးသွင်းရှင်အနေနဲ့ သူ့ရဲ့ အရည်အချင်းကို ပြသဖို့ အချိန်လည်းဖြစ်ပါတယ်။ (ချဲလ်ဆီး 3-0 နော့ဝစ်ချ်)

ခရစ္စတယ်လ်ပဲလေ့စ်-နယူးကာဆယ်လ်ယူနိုက်တက်
ကျွန်တော်ကတော့ ပဲလေ့စ်ကို ဗီယာရာ ကိုင်တွယ်တဲ့ ပုံစံကို ကြိုက်နှစ်သက်ပါတယ်။ သူက အသင်းကို တိုက်စစ်ကစားတဲ့ ပုံစံဆီ ပြောင်းလဲပြီး ကံကြမ္မာ မဖေးမခဲ့လို့သာ နောက်ဆုံးမိနစ် ချေပဂိုးတွေနဲ့ သူတို့တွေ ရလဒ်ဆိုးနေခဲ့တာပါ။ သူတို့ပုံစံက အထနှေးပေမယ့် ကောင်းမွန်တယ်လို့ ဆိုရမှာဖြစ်ပြီး နယူးကာဆယ်လ်ရဲ့ ပိုင်ရှင်အလွှဲအပြောင်းမှာ တိုင်ပတ်နေတဲ့ ပုံစံကို အခွင့်အရေးကောင်းယူနိုင်ပါလိမ့်မယ်။ စတိဗ် ဘရုစ် ထွက်ခွာသွားအပြီးမှာ အစားဝင် ယာယီနည်းပြနဲ့ လာမယ့် ပုံစံကို တန်းဆင်းဇုန်ကြားက တိုက်ပွဲမှာ ပဲလေ့စ်တို့ အချိန်ကိုက် အသုံးချမှာဖြစ်ပြီး အိမ်ကွင်းမှာ သုံးမှတ်ရယူသွားနိုင်ပါလိမ့်မယ်။ (ပဲလေ့စ် 2-1 နယူးကာဆယ်လ်)

လိဒ်စ်ယူနိုက်တက်-ဝုလ်ဗာဟမ့်ပ်တန်
ဗီလာနဲ့ပွဲမှာ အကောင်းဆုံးပြန်လာနိုင်ခဲ့သလို နောက်ဆုံး ၁၀ မိနစ်မှာ သုံးဂိုးသွင်းပြီး နိုင်ပွဲရယူသွားခဲ့တဲ့ ဝုလ်ဗ်စ်တို့ရဲ့ ပုံစံက အထင်ကြီးချင်စရာ ဖြစ်ပြီး အရင်က မိနစ် ၈၀ မှာ ရှုံးနေရင် ဘယ်တော့မှ ပြန်မလာနိုင်ခဲ့တဲ့ အစဉ်အလာကို ရပ်တန့်သွားခဲ့တာပါ။ လိဒ်စ်ယူနိုက်တက်တို့ကတော့ တစ်ဖက်မှာ ကျွန်တော့်ကို စိတ်ပျက်စေပါတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာ ဂိုးပေါက်တည့်အောင်တောင် မကန်နိုင်ခဲ့ဘဲ ပြီးခဲ့တဲ့ ရာသီက ပုံစံနဲ့ တခြားစီဖြစ်နေသလို တလွဲတွေချည်းဖြစ်နေခဲ့တာပါ။ ဒါပေမယ့် အိမ်ကွင်းမှာတော့ သူတို့တွေက ခြားနားတဲ့ ပုံစံရှိပြီး တန်းတက် ဝတ်ဖို့ဒ်ကို အနိုင်ယူထားခဲ့ပြီးမှာ နောက်ထပ် ဒုတိယမြောက်နိုင်ပွဲကို ရယူသွားနိုင်ဖို့ မျှော်လင့်ပါတယ်။ (လိဒ်စ် 2-1 ဝုလ်ဗ်စ်)

အဲဗာတန်-ဝတ်ဖို့ဒ်
ဝတ်ဖို့ဒ်အတွက်တော့ ဒါဟာ မာဆေးဆိုက်အသင်းနှစ်သင်းနဲ့ ဆက်တိုက်ဆုံတွေ့ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ ရုန်းကန်နေရတဲ့ ပုံစံကို ရာနီရေးရီ အနေနဲ့ လက်စတာနဲ့ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖူးသလိုမျိုး ပြောင်းလဲမပေးနိုင်သေးဘဲ စိတ်ပျက်နေရပုံပါပဲ။ အိမ်ကွင်းမှာ လီဗာပူးလ်တို့ရဲ့ ပညာပေးခြင်းကို ခံခဲ့ရအပြီးမှာ အဝေးကွင်းမှာလည်း သူတို့တွေ ထပ်ရှုံးဦးမယ်လို့ မျှော်လင့်ပါတယ်။ အဲဗာတန်ကတော့ ပြီးခဲ့တဲ့ပွဲမှာ ဝက်စ်ဟမ်းကို အိမ်ကွင်းရှုံးပွဲတွေ့ထားတဲ့ ရလဒ်ဆိုးကို အကောင်းဆုံး ချေဖျက်ဖို့ ကြိုးစားလာမှာဖြစ်လို့ ဒီပွဲမှာ သူတို့ရဲ့ ပရိသတ်တွေကို စွမ်းစွမ်းတမံ ကစားပြပါလိမ့်မယ်။ (အဲဗာတန် 2-0 ဝတ်ဖို့ဒ်)

ဆောက်သမ်တန်-ဘန်လေ
ဘန်လေကတော့ သူတို့ပုံစံနဲ့ သူတို့ လက်ခံနိုင်တဲ့ အသင်းတစ်သင်းဖြစ်ပြီး နိုင်ပွဲတွေလည်း အများကြီး မရှာနိုင်တဲ့ အသင်းမျိုးဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာ တင်ကျန်ဖို့တော့ လုပ်ပြတတ်တဲ့ အသင်းမျိုးပါ။ ဆောက်သမ်တန်ကတော့ ချီးကျူးရမယ့် စွမ်းဆောင်ရည်ကို ပြသနေပြီး အသင်းကပ္ပတိန် ဝါ့ဒ်ပရောက်စ် မပါတာတောင် ပေါက်ကွဲပြနိုင်စွမ်း ရှိနေခဲ့သလို ဒီတစ်ခါပွဲက ခန့်မှန်းရခက်နိုင်ပေမယ့် အိမ်ကွင်းအားသာချက်ကိုတော့ လျှော့တွက်လို့ မဖြစ်ပါဘူး။ သူတို့တွေအနေနဲ့ တိုက်စစ်ပိုင်းမှာ ရုန်းကန်နေရတာကို ထောက်ချင့်ရင် ဂိုးများမယ့် ပွဲမျိုးတော့ မဟုတ်နိုင်ဘူးလို့ ခန့်မှန်းရပြီး တစ်ဂိုးနဲ့ပဲ ကျေနပ်ရမှာပါ။ (ဆောက်သမ်တန် 1-0 ဘန်လေ)

ဘရိုက်တန်-မန်ချက်စတာစီးတီး
ဘရိုက်တန်က အသင်းကောင်းတစ်သင်းလို့ ကျွန်တော် အသိအမှတ်ပြုခဲ့ပြီးဖြစ်ပေမယ့် မန်စီးတီးကတော့ သူတို့တွေကို ဒုက္ခရောက်အောင် မရပ်မနား ဖိအားပေးနှိပ်စက်မယ့်အသင်းမျိုးပါ။ အိမ်ရှင်တွေ စင်ရော်တွေအနေနဲ့ တစ်ဖက်အသင်းကို ကောင်းကောင်းဒုက္ခပေးနိုင်ပေမယ့် ဂွါဒီယိုလာရဲ့ တိုက်စစ်ဆင်မှုက ဂရေဟမ် ပေါ့တာ ကိုင်တွယ်နိုင်တဲ့ ပမာဏထက် ပိုလွန်နေတယ်လို့တော့ ထင်မိပါတယ်။ မန်ချက်စတာစီးတီးတို့ပဲ အနိုင်ရသွားဦးမှာပါ။ (ဘရိုက်တန် 1-3 မန်စီးတီး)

ဝက်စ်ဟမ်းယူနိုက်တက်-တော့တင်ဟမ်ဟော့စပါးစ်
ဒီနေ့ပွဲက ကြီးမားတဲ့ ပြိုင်ဆိုင်မှုတစ်ရပ်ကို မြင်ရနိုင်ပြီး လန်ဒန်ဒါဘီမှာ ဝက်စ်ဟမ်းတို့ အိမ်ကွင်းနိုင်ပွဲရမယ်လို့ ထင်ပါတယ်။ သူတို့အနေနဲ့ လက်ရှိ ကစားပုံမှာ မတိမ်းမယိမ်းဖြစ်နေပေမယ့် ဝက်စ်ဟမ်းက စပါးစ်ထက်ပိုပြီး ညှစ်ထုတ်နိုင်သလို ပွဲကြီးတွေမှာ ကစားပုံကောင်းတတ်ပြီး ဒေးဗစ်မွိုက်စ် အနေနဲ့ ဒီပွဲအတွက် သူ့လူတွေကို သေချာအနားပေးထားခဲ့တာပါ။ စပါးစ်ကတော့ နယူးကာဆယ်နဲ့ပွဲမှာ ရလဒ်ကောင်းခဲ့ပေမယ့် သူတို့ပုံစံက ဝက်စ်ဟမ်းကို တားဆီးဖို့ မဖြစ်နိုင်သေးဘူးလို့ ထင်ရသလို ခြေစွမ်းအမှန်ကိုလည်း ထိန်းမထားနိုင်သေးဘဲဖြစ်နေပါတယ်။ အန်တိုနီယိုရော ဟာရီကိန်း တစ်ယောက်ကို ရွေးရင် အင်္ဂလန်ကပ္ပတိန်ကတော့ ပိုမိုသာလွန်တဲ့သူဖြစ်ပေမယ့် ဒီနေ့ပွဲမှာ ပြိုင်ဆိုင်မှုအပြီးမှာ ရာသီကုန်မှာလည်း ဝက်စ်ဟမ်းတို့ပဲ ပိုမိုမြင့်မားတဲ့ ရပ်တည်မှု ပြသနိုင်ဖို့ ယုံကြည်နေပါတယ်။ (ဝက်စ်ဟမ်း 2-1 စပါးစ်)

ဘရန့်ဖို့ဒ်-လက်စတာစီးတီး
ဘရန့်ဖို့ဒ်ကတော့ အံ့အားသင့်စရာတွေကို ပုံမှန်လုပ်ပြနိုင်တဲ့ အသင်းဖြစ်ပြီး ချဲလ်ဆီးနဲ့ပွဲမှာလည်း သူတို့ရဲ့ ကစားပုံက နောက်ပိုင်း နာရီဝက်မှာ အရမ်းကောင်းခဲ့တာပါ။ ဥရောပချန်ပီယံတွေအနေနဲ့ သူတို့နဲ့ အဆင့်အတန်းချင်းကွာတဲ့ အသင်းတစ်သင်းရဲ့ ဖိအားပေးမှုကို ခံခဲ့ရတာဖြစ်ပြီး အေဒူယာ မန်ဒီကြောင့် မဟုတ်ရင် ခုလောက်ဆို သူတို့ ကြေကွဲနေရနိုင်သလို ဘရန့်ဖို့ဒ်တို့ တစ်မှတ်အနည်းဆုံး ရသွားနိုင်တဲ့ အခြေအနေမျိုးဖြစ်ခဲ့တာပါ။ လက်စတာ ကတော့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ သူတို့ရဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ခံစစ်ပိုင်းရဲ့ မတည်ငြိမ်မှုတွေ များလွန်းတာကြောင့် ဒီနေ့ပွဲက တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ဂိုးသွင်းပြီး ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်တဲ့ သရေပွဲလို့ပဲ ယူဆမိပါတယ်။ (ဘရန့်ဖို့ဒ် 2-2 လက်စတာ)

မန်ချက်စတာယူနိုက်တက်-လီဗာပူးလ်
ဒီတစ်ပတ်ရဲ့ အကြီးမားဆုံးပွဲစဉ်မှာ လီဗာပူးလ်တို့က မန်ချက်စတာယူနိုက်တက်ကို ချေမှုန်းပြလိမ့်မယ်လို့ လူပြောများနေကြပါတယ်။ ဒါပေမယ့် ကျွန်တော်က သဘောမတူတဲ့အကြောင်းကို ပြောချင်ပါတယ်။ ဒီလိုပွဲမျိုးက အိုလီဂန်နာ ဆိုးလ်ရှားရဲ့ လက်အောက်မှာ မထင်မှတ်တဲ့ ပုံစံနဲ့ အနိုင်ယူတတ်တဲ့ ပွဲမျိုးထဲက တစ်ခုလည်းဖြစ်နေတာက တစ်ကြောင်း၊ သူတို့တွေအနေနဲ့ ဆိုးရွားတဲ့ ရလဒ်တွေနဲ့ ရှုံးပွဲဆက်မှာကို အဖြစ်မခံနိုင်တာကြောင့်တစ်ကြောင်း အိုးလ်ထရက်ဖို့ဒ်မှာ ဧည့်သည် လီဗာပူးလ်တို့ကို မနွေးထွေးဘဲ ကြမ်းတမ်းတဲ့ ကြိုဆိုမှုမျိုးပဲဖြစ်လာမှာပါ။ သူတို့နှစ်သင်းကြားက အစဉ်အလာကို အလွယ်တကူ ချိုးဖျက်နိုင်ဖို့ မရှိချိန်မှာ တောင်ပံတွေမှာတော့ ဆာလားက ခြေစွမ်းပြဦးမှာဖြစ်ပေမယ့် အိမ်ရှင်ပရိသတ်တွေရဲ့ အင်အားနဲ့ တစ်ဂိုးစီ သရေ ကျသွားလိမ့်မယ်လို့ပဲ ခန့်မှန်းချင်ပါတယ်။ (မန်ယူနိုက်တက် 1-1 လီဗာပူးလ်)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္-အက္စတန္ဗီလာ
အာဆင္နယ္ရဲ႕ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္က ပုံစံေတြက ေအာင္မွတ္ဝန္းက်င္ေတာ့ ရရွိထားေပမယ့္ လာမယ့္ ဗီလာနဲ႔ပြဲမွာေတာ့ သုံးပြဲဆက္တိုက္ ႏိုင္ပြဲမေပ်ာက္ေအာင္ ႀကိဳးပမ္းရမွာပါ။ ပဲေလ့စ္နဲ႔ပြဲက သူတို႔အတြက္ မထင္မွတ္ဘဲ နစ္နာခဲ့တယ္လို႔ လူေတြက ေျပာေနၾကေပမယ့္ ဒါက အာဆင္နယ္ေတြ အေနနဲ႔ ျဖစ္႐ိုးျဖစ္စဥ္လို႔ ဆိုရမယ့္ ကိစၥမ်ိဳးပဲျဖစ္ၿပီး လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္အတြင္းမွာ သူတို႔အေနနဲ႔ ဒီလိုပြဲေတြကို အႏိုင္ယူႏိုင္စြမ္း မရွိေတာ့ဘူးလို႔လည္း ခံစားမိပါတယ္။ ဗီလာကလည္း ပုံစံေကာင္းမရဘဲျဖစ္ေနၿပီး ဝုလ္ဗ္စ္နဲ႔ပြဲမွာ အိပ္မက္ဆိုး မက္ခဲ့ရသလို ၂-၀ နဲ႔ ၁၀ မိနစ္အလိုအထိ ဦးေဆာင္ထားၿပီးမွ သုံးဂိုး ေပးၿပီး ရႈံးခဲ့တာျဖစ္သလို မွားယြင္းတဲ့ လူစားလဲမႈေတြလည္း လုပ္ခဲ့ပါတယ္။ အႏိုင္ရလဒ္အတြက္ဆိုရင္ အိမ္ရွင္ အာဆင္နယ္တို႔ဘက္က ရွိခ်င္ပါတယ္။ (အာဆင္နယ္ 2-1 ဗီလာ)

ခ်ဲလ္ဆီး-ေနာ့ဝစ္ခ်္စီးတီး
ခ်ဲလ္ဆီး ဂိုးဘယ္ေလာက္သြင္းတာကို ျမင္ခ်င္ၾကသလဲလို႔ ေမးရင္ ဒီပြဲက အခ်ိန္ကိုက္ပဲျဖစ္ပါလိမ့္မယ္။ လူကာကူးနဲ႔ တီမို ဗာနာတို႔ မပါေပမယ့္ ေျခစြမ္းနဲ႔ လူအင္အားက ႏွစ္သင္းၾကားမွာ မိုးနဲ႔ေျမေလာက္ ေဝးကြာေနတုန္းပါ။ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ကစားဖို႔ဆိုတာ ပရီးမီးယားလိဂ္ အဆင့္ ၂၀ က အသင္းအတြက္ ခက္ခဲလြန္းတဲ့ စမ္းသပ္ခ်က္ျဖစ္ၿပီး အနည္းဆုံး ခ်ဲလ္ဆီးတို႔ သုံးဂိုးေလာက္ သြင္းမွာပါ။ နည္းျပ တူဟယ္လ္အေနနဲ႔ ဟာဗတ္ဇ္ကို ပြဲထုတ္ဖို႔ ျဖစ္လာႏိုင္ၿပီး တိုက္စစ္ပိုင္းမွာ ခ်ဲလ္ဆီးတို႔ အနည္းငယ္ ႐ုန္းကန္ရႏိုင္ေပမယ့္ ဒီပြဲမွာ ဒါကို အေျဖရွာဖို႔ အခြင့္အေရးေကာင္းလည္းျဖစ္ေနသလို ခ်န္ပီယံလိဂ္ ဖိုင္နယ္က ဂိုးသြင္းရွင္အေနနဲ႔ သူ႔ရဲ႕ အရည္အခ်င္းကို ျပသဖို႔ အခ်ိန္လည္းျဖစ္ပါတယ္။ (ခ်ဲလ္ဆီး 3-0 ေနာ့ဝစ္ခ်္)

ခရစၥတယ္လ္ပဲေလ့စ္-နယူးကာဆယ္လ္ယူႏိုက္တက္
ကြၽန္ေတာ္ကေတာ့ ပဲေလ့စ္ကို ဗီယာရာ ကိုင္တြယ္တဲ့ ပုံစံကို ႀကိဳက္ႏွစ္သက္ပါတယ္။ သူက အသင္းကို တိုက္စစ္ကစားတဲ့ ပုံစံဆီ ေျပာင္းလဲၿပီး ကံၾကမၼာ မေဖးမခဲ့လို႔သာ ေနာက္ဆုံးမိနစ္ ေခ်ပဂိုးေတြနဲ႔ သူတို႔ေတြ ရလဒ္ဆိုးေနခဲ့တာပါ။ သူတို႔ပုံစံက အထေႏွးေပမယ့္ ေကာင္းမြန္တယ္လို႔ ဆိုရမွာျဖစ္ၿပီး နယူးကာဆယ္လ္ရဲ႕ ပိုင္ရွင္အလႊဲအေျပာင္းမွာ တိုင္ပတ္ေနတဲ့ ပုံစံကို အခြင့္အေရးေကာင္းယူႏိုင္ပါလိမ့္မယ္။ စတိဗ္ ဘ႐ုစ္ ထြက္ခြာသြားအၿပီးမွာ အစားဝင္ ယာယီနည္းျပနဲ႔ လာမယ့္ ပုံစံကို တန္းဆင္းဇုန္ၾကားက တိုက္ပြဲမွာ ပဲေလ့စ္တို႔ အခ်ိန္ကိုက္ အသုံးခ်မွာျဖစ္ၿပီး အိမ္ကြင္းမွာ သုံးမွတ္ရယူသြားႏိုင္ပါလိမ့္မယ္။ (ပဲေလ့စ္ 2-1 နယူးကာဆယ္လ္)

လိဒ္စ္ယူႏိုက္တက္-ဝုလ္ဗာဟမ့္ပ္တန္
ဗီလာနဲ႔ပြဲမွာ အေကာင္းဆုံးျပန္လာႏိုင္ခဲ့သလို ေနာက္ဆုံး ၁၀ မိနစ္မွာ သုံးဂိုးသြင္းၿပီး ႏိုင္ပြဲရယူသြားခဲ့တဲ့ ဝုလ္ဗ္စ္တို႔ရဲ႕ ပုံစံက အထင္ႀကီးခ်င္စရာ ျဖစ္ၿပီး အရင္က မိနစ္ ၈၀ မွာ ရႈံးေနရင္ ဘယ္ေတာ့မွ ျပန္မလာႏိုင္ခဲ့တဲ့ အစဥ္အလာကို ရပ္တန႔္သြားခဲ့တာပါ။ လိဒ္စ္ယူႏိုက္တက္တို႔ကေတာ့ တစ္ဖက္မွာ ကြၽန္ေတာ့္ကို စိတ္ပ်က္ေစပါတယ္။ ေဆာက္သမ္တန္နဲ႔ပြဲမွာ ဂိုးေပါက္တည့္ေအာင္ေတာင္ မကန္ႏိုင္ခဲ့ဘဲ ၿပီးခဲ့တဲ့ ရာသီက ပုံစံနဲ႔ တျခားစီျဖစ္ေနသလို တလြဲေတြခ်ည္းျဖစ္ေနခဲ့တာပါ။ ဒါေပမယ့္ အိမ္ကြင္းမွာေတာ့ သူတို႔ေတြက ျခားနားတဲ့ ပုံစံရွိၿပီး တန္းတက္ ဝတ္ဖို႔ဒ္ကို အႏိုင္ယူထားခဲ့ၿပီးမွာ ေနာက္ထပ္ ဒုတိယေျမာက္ႏိုင္ပြဲကို ရယူသြားႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ (လိဒ္စ္ 2-1 ဝုလ္ဗ္စ္)

အဲဗာတန္-ဝတ္ဖို႔ဒ္
ဝတ္ဖို႔ဒ္အတြက္ေတာ့ ဒါဟာ မာေဆးဆိုက္အသင္းႏွစ္သင္းနဲ႔ ဆက္တိုက္ဆုံေတြ႕ခဲ့တာျဖစ္ပါတယ္။ သူတို႔ရဲ႕ ႐ုန္းကန္ေနရတဲ့ ပုံစံကို ရာနီေရးရီ အေနနဲ႔ လက္စတာနဲ႔ ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲဖူးသလိုမ်ိဳး ေျပာင္းလဲမေပးႏိုင္ေသးဘဲ စိတ္ပ်က္ေနရပုံပါပဲ။ အိမ္ကြင္းမွာ လီဗာပူးလ္တို႔ရဲ႕ ပညာေပးျခင္းကို ခံခဲ့ရအၿပီးမွာ အေဝးကြင္းမွာလည္း သူတို႔ေတြ ထပ္ရႈံးဦးမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ အဲဗာတန္ကေတာ့ ၿပီးခဲ့တဲ့ပြဲမွာ ဝက္စ္ဟမ္းကို အိမ္ကြင္းရႈံးပြဲေတြ႕ထားတဲ့ ရလဒ္ဆိုးကို အေကာင္းဆုံး ေခ်ဖ်က္ဖို႔ ႀကိဳးစားလာမွာျဖစ္လို႔ ဒီပြဲမွာ သူတို႔ရဲ႕ ပရိသတ္ေတြကို စြမ္းစြမ္းတမံ ကစားျပပါလိမ့္မယ္။ (အဲဗာတန္ 2-0 ဝတ္ဖို႔ဒ္)

ေဆာက္သမ္တန္-ဘန္ေလ
ဘန္ေလကေတာ့ သူတို႔ပုံစံနဲ႔ သူတို႔ လက္ခံႏိုင္တဲ့ အသင္းတစ္သင္းျဖစ္ၿပီး ႏိုင္ပြဲေတြလည္း အမ်ားႀကီး မရွာႏိုင္တဲ့ အသင္းမ်ိဳးျဖစ္ေပမယ့္ ပရီးမီးယားလိဂ္မွာ တင္က်န္ဖို႔ေတာ့ လုပ္ျပတတ္တဲ့ အသင္းမ်ိဳးပါ။ ေဆာက္သမ္တန္ကေတာ့ ခ်ီးက်ဴးရမယ့္ စြမ္းေဆာင္ရည္ကို ျပသေနၿပီး အသင္းကပၸတိန္ ဝါ့ဒ္ပေရာက္စ္ မပါတာေတာင္ ေပါက္ကြဲျပႏိုင္စြမ္း ရွိေနခဲ့သလို ဒီတစ္ခါပြဲက ခန႔္မွန္းရခက္ႏိုင္ေပမယ့္ အိမ္ကြင္းအားသာခ်က္ကိုေတာ့ ေလွ်ာ့တြက္လို႔ မျဖစ္ပါဘူး။ သူတို႔ေတြအေနနဲ႔ တိုက္စစ္ပိုင္းမွာ ႐ုန္းကန္ေနရတာကို ေထာက္ခ်င့္ရင္ ဂိုးမ်ားမယ့္ ပြဲမ်ိဳးေတာ့ မဟုတ္ႏိုင္ဘူးလို႔ ခန႔္မွန္းရၿပီး တစ္ဂိုးနဲ႔ပဲ ေက်နပ္ရမွာပါ။ (ေဆာက္သမ္တန္ 1-0 ဘန္ေလ)

ဘ႐ိုက္တန္-မန္ခ်က္စတာစီးတီး
ဘ႐ိုက္တန္က အသင္းေကာင္းတစ္သင္းလို႔ ကြၽန္ေတာ္ အသိအမွတ္ျပဳခဲ့ၿပီးျဖစ္ေပမယ့္ မန္စီးတီးကေတာ့ သူတို႔ေတြကို ဒုကၡေရာက္ေအာင္ မရပ္မနား ဖိအားေပးႏွိပ္စက္မယ့္အသင္းမ်ိဳးပါ။ အိမ္ရွင္ေတြ စင္ေရာ္ေတြအေနနဲ႔ တစ္ဖက္အသင္းကို ေကာင္းေကာင္းဒုကၡေပးႏိုင္ေပမယ့္ ဂြါဒီယိုလာရဲ႕ တိုက္စစ္ဆင္မႈက ဂေရဟမ္ ေပါ့တာ ကိုင္တြယ္ႏိုင္တဲ့ ပမာဏထက္ ပိုလြန္ေနတယ္လို႔ေတာ့ ထင္မိပါတယ္။ မန္ခ်က္စတာစီးတီးတို႔ပဲ အႏိုင္ရသြားဦးမွာပါ။ (ဘ႐ိုက္တန္ 1-3 မန္စီးတီး)

ဝက္စ္ဟမ္းယူႏိုက္တက္-ေတာ့တင္ဟမ္ေဟာ့စပါးစ္
ဒီေန႔ပြဲက ႀကီးမားတဲ့ ၿပိဳင္ဆိုင္မႈတစ္ရပ္ကို ျမင္ရႏိုင္ၿပီး လန္ဒန္ဒါဘီမွာ ဝက္စ္ဟမ္းတို႔ အိမ္ကြင္းႏိုင္ပြဲရမယ္လို႔ ထင္ပါတယ္။ သူတို႔အေနနဲ႔ လက္ရွိ ကစားပုံမွာ မတိမ္းမယိမ္းျဖစ္ေနေပမယ့္ ဝက္စ္ဟမ္းက စပါးစ္ထက္ပိုၿပီး ညႇစ္ထုတ္ႏိုင္သလို ပြဲႀကီးေတြမွာ ကစားပုံေကာင္းတတ္ၿပီး ေဒးဗစ္မြိဳက္စ္ အေနနဲ႔ ဒီပြဲအတြက္ သူ႔လူေတြကို ေသခ်ာအနားေပးထားခဲ့တာပါ။ စပါးစ္ကေတာ့ နယူးကာဆယ္နဲ႔ပြဲမွာ ရလဒ္ေကာင္းခဲ့ေပမယ့္ သူတို႔ပုံစံက ဝက္စ္ဟမ္းကို တားဆီးဖို႔ မျဖစ္ႏိုင္ေသးဘူးလို႔ ထင္ရသလို ေျခစြမ္းအမွန္ကိုလည္း ထိန္းမထားႏိုင္ေသးဘဲျဖစ္ေနပါတယ္။ အန္တိုနီယိုေရာ ဟာရီကိန္း တစ္ေယာက္ကို ေ႐ြးရင္ အဂၤလန္ကပၸတိန္ကေတာ့ ပိုမိုသာလြန္တဲ့သူျဖစ္ေပမယ့္ ဒီေန႔ပြဲမွာ ၿပိဳင္ဆိုင္မႈအၿပီးမွာ ရာသီကုန္မွာလည္း ဝက္စ္ဟမ္းတို႔ပဲ ပိုမိုျမင့္မားတဲ့ ရပ္တည္မႈ ျပသႏိုင္ဖို႔ ယုံၾကည္ေနပါတယ္။ (ဝက္စ္ဟမ္း 2-1 စပါးစ္)

ဘရန႔္ဖို႔ဒ္-လက္စတာစီးတီး
ဘရန႔္ဖို႔ဒ္ကေတာ့ အံ့အားသင့္စရာေတြကို ပုံမွန္လုပ္ျပႏိုင္တဲ့ အသင္းျဖစ္ၿပီး ခ်ဲလ္ဆီးနဲ႔ပြဲမွာလည္း သူတို႔ရဲ႕ ကစားပုံက ေနာက္ပိုင္း နာရီဝက္မွာ အရမ္းေကာင္းခဲ့တာပါ။ ဥေရာပခ်န္ပီယံေတြအေနနဲ႔ သူတို႔နဲ႔ အဆင့္အတန္းခ်င္းကြာတဲ့ အသင္းတစ္သင္းရဲ႕ ဖိအားေပးမႈကို ခံခဲ့ရတာျဖစ္ၿပီး ေအဒူယာ မန္ဒီေၾကာင့္ မဟုတ္ရင္ ခုေလာက္ဆို သူတို႔ ေၾကကြဲေနရႏိုင္သလို ဘရန႔္ဖို႔ဒ္တို႔ တစ္မွတ္အနည္းဆုံး ရသြားႏိုင္တဲ့ အေျခအေနမ်ိဳးျဖစ္ခဲ့တာပါ။ လက္စတာ ကေတာ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲမွာ သူတို႔ရဲ႕ အေကာင္းဆုံးပုံစံကို ျပသႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ခံစစ္ပိုင္းရဲ႕ မတည္ၿငိမ္မႈေတြ မ်ားလြန္းတာေၾကာင့္ ဒီေန႔ပြဲက တစ္ဖက္နဲ႔တစ္ဖက္ အျပန္အလွန္ဂိုးသြင္းၿပီး ပရိသတ္ေတြကို ေဖ်ာ္ေျဖမႈေပးႏိုင္တဲ့ သေရပြဲလို႔ပဲ ယူဆမိပါတယ္။ (ဘရန႔္ဖို႔ဒ္ 2-2 လက္စတာ)

မန္ခ်က္စတာယူႏိုက္တက္-လီဗာပူးလ္
ဒီတစ္ပတ္ရဲ႕ အႀကီးမားဆုံးပြဲစဥ္မွာ လီဗာပူးလ္တို႔က မန္ခ်က္စတာယူႏိုက္တက္ကို ေခ်မႈန္းျပလိမ့္မယ္လို႔ လူေျပာမ်ားေနၾကပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္က သေဘာမတူတဲ့အေၾကာင္းကို ေျပာခ်င္ပါတယ္။ ဒီလိုပြဲမ်ိဳးက အိုလီဂန္နာ ဆိုးလ္ရွားရဲ႕ လက္ေအာက္မွာ မထင္မွတ္တဲ့ ပုံစံနဲ႔ အႏိုင္ယူတတ္တဲ့ ပြဲမ်ိဳးထဲက တစ္ခုလည္းျဖစ္ေနတာက တစ္ေၾကာင္း၊ သူတို႔ေတြအေနနဲ႔ ဆိုး႐ြားတဲ့ ရလဒ္ေတြနဲ႔ ရႈံးပြဲဆက္မွာကို အျဖစ္မခံႏိုင္တာေၾကာင့္တစ္ေၾကာင္း အိုးလ္ထရက္ဖို႔ဒ္မွာ ဧည့္သည္ လီဗာပူးလ္တို႔ကို မေႏြးေထြးဘဲ ၾကမ္းတမ္းတဲ့ ႀကိဳဆိုမႈမ်ိဳးပဲျဖစ္လာမွာပါ။ သူတို႔ႏွစ္သင္းၾကားက အစဥ္အလာကို အလြယ္တကူ ခ်ိဳးဖ်က္ႏိုင္ဖို႔ မရွိခ်ိန္မွာ ေတာင္ပံေတြမွာေတာ့ ဆာလားက ေျခစြမ္းျပဦးမွာျဖစ္ေပမယ့္ အိမ္ရွင္ပရိသတ္ေတြရဲ႕ အင္အားနဲ႔ တစ္ဂိုးစီ သေရ က်သြားလိမ့္မယ္လို႔ပဲ ခန႔္မွန္းခ်င္ပါတယ္။ (မန္ယူႏိုက္တက္ 1-1 လီဗာပူးလ္)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.