UCL&UEL

ယူနိုက်တက်ရဲ့နိုင်ပွဲမှာ နောက်ကွယ်က ပံ့ပိုးပေးခဲ့တဲ့ ဟိုတယ်မီးဘေးအချက်ပေးစနစ်

အတ္တလန္တာကွင်းလယ်ကစားသမားရဲ့ ဇနီးဖြစ်သူ ရာဆားနား မာလီနော့ဗ်စကီးက မန်ချက်စတာယူနိုက်တက်နဲ့ အတ္တလန္တာတို့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ဟိုတယ်မှာ ဖြစ်ပွားခဲ့တဲ့ မီးဘေးအချက်ပေးသံနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်မှုကို အင်စတာဂရမ်မှာ ရေးသားခဲ့ပြီး အဲဒီနှောင့်ယှက်မှုနောက်ကွယ်မှာ ဒေသခံ ယူနိုက်တက်ပရိသတ်တွေ ပါဝင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အတ္တလန္တာကစားသမားတွေဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ညက ၎င်းတို့ရဲ့အသင်းဟိုတယ်မှာ ဆူညံတဲ့ မီးဘေးအချက်ပေးခေါင်းလောင်းသံ ၆ ကြိမ်အထိ ကြားခဲ့ရတာကြောင့် ကောင်းကောင်း မအိပ်စက်ခဲ့ရဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဟိုတယ်မှာ တည်းခိုခဲ့သူတစ်ဦးက တွစ်တာမှာ ဂက်စ်ပါရီနီနဲ့ အတ္တလန္တာအသင်းသားတွေ နေထိုင်ခဲ့တဲ့ အက်ဒ်ဝါ့ဒ်ဒီယမ်မန်ချက်စတာဟိုတယ်က အချက်ပေးခေါင်းလောင်းသံကို ဗုဒ္ဓဟူးနေ့နံနက်အစောပိုင်း ၄ နာရီ ၅၁ မိနစ်၊ ၅ နာရီ ၃၆ မိနစ်၊ ၆ နာရီ ၁၁ မိနစ်၊ ၆ နာရီ ၃၁ မိနစ်နဲ့ ၇ နာရီ ၁၃ မိနစ်တို့မှာ ကြားခဲ့ရတယ်လို့ ရေးသားခဲ့ပါတယ်။

အတ္တလန္တာကွင်းလယ်ကစားသမား ရပ်စ်လန် မာလီနော့ဗ်စကီးရဲ့ဇနီးက မန်ချက်စတာ ဒေသခံတွေဟာ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတဲ့ အတ္တလန္တာကစားသမားတွေကို နောက်ပြောင်ဖို့အတွက် အချက်ပေးခေါင်းလောင်းသံကို တမင်တကာ ချိန်ညှိထားခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး လာမယ့်လ အုပ်စုဒုတိယအကျော့ပွဲစဉ်မတိုင်မီ အတ္တလန္တာပရိသတ်တွေကိုတောင် နည်းပေးလမ်းပြလုပ်ခဲ့တာဖြစ်ပါတယ်။

“မန်ချက်စတာမှာ ငရဲကျခဲ့တဲ့ ညပဲ။ တစ်ညလုံး ဟိုတယ်က မီးဘေးအချက်ပေးသံက အသံအမြင့်ဆုံး ၅ ကြိမ်လောက် ထမြည်ခဲ့တယ်။ အသင်းက အဲဒီကို ရောက်တဲ့အချိန်ကျမှ အဲဒါက ဖြစ်ပျက်ခဲ့တာပါ။ ပြီးတော့ တစ်ညတည်းဖြစ်တာ။ အဲဒါက မတော်တဆလို့ ထင်လား။ ကျွန်မတော့ မထင်ဘူး”

“ဒေသခံလူထုဆီကနေ ဒီလို နွေးထွေးတဲ့ ကြိုဆိုမှုရလို့ အသည်းထဲက စိမ့်နေအောင် ကြောက်မိတယ်။ ကျွန်မတို့ ပရိသတ်တွေအနေနဲ့လည်း အသင်းကို ကျွန်မတို့ အိမ်ကွင်းပွဲစဉ်မှာ အားပေးလိမ့်မယ်လို့ မျှော်လင့်မိပြီး အီတလီက ဟိုတယ်မှာလည်း ဒီအတိုင်း တူညီတဲ့အရာမျိုး ရုတ်တရက်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ပွဲစဉ်မတိုင်မီ အတ္တလန္တာအသင်းဟာ ဗီလာရီးရဲလ်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေ၊ ယန်းဘွိုင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အုပ်စု F မှာ ထိပ်ဆုံးက ဦးဆောင်နေတာဖြစ်ပြီး ယူနိုက်တက် အုပ်စုတတိယနေရာမှာ ရပ်တည်နေခဲ့တာဖြစ်ပါတယ်။

ဂရိတ်တားမန်ချက်စတာရဲတပ်ဖွဲ့ကတော့ မြို့လည်ဟာ မျှော်မှန်းထားတာထက် အလုပ်ရှုပ်လိမ့်မယ်လို့ အများပြည်သူကို ပြောကြားခဲ့ပြီး ဗုဒ္ဓဟူးနေ့ညနေမတိုင်မီ ခရီးမထွက်ခင် စီစဉ်စရာရှိတာ စီစဉ်ထားဖို့ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ လာမယ့်လမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ အုပ်စု ဒုတိယအကျော့ပွဲစဉ်အဖြစ် အတ္တလန္တာအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ဖို့အတွက် ဘာဂါးမိုကို သွားရောက်ရမှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ည ပွဲစဉ်မှာ ၃-၂ နဲ့ အနိုင်ရရှိခဲ့တာကြောင့် အုပ်စုပထမအဖြစ်နဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အတၱလႏၲာကြင္းလယ္ကစားသမားရဲ့ ဇနီးျဖစ္သူ ရာဆားနား မာလီေနာ့ဗ္စကီးက မန္ခ်က္စတာယူနိုက္တက္နဲ႔ အတၱလႏၲာတို႔ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မတိုင္မီ ဟိုတယ္မွာ ျဖစ္ပြားခဲ့တဲ့ မီးေဘးအခ်က္ေပးသံနဲ႔ပတ္သက္ၿပီး မေက်မနပ္ျဖစ္မႈကို အင္စတာဂရမ္မွာ ေရးသားခဲ့ၿပီး အဲဒီေႏွာင့္ယွက္မႈေနာက္ကြယ္မွာ ေဒသခံ ယူနိုက္တက္ပရိသတ္ေတြ ပါဝင္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အတၱလႏၲာကစားသမားေတြဟာ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မတိုင္မီ ညက ၎တို႔ရဲ့အသင္းဟိုတယ္မွာ ဆူညံတဲ့ မီးေဘးအခ်က္ေပးေခါင္းေလာင္းသံ ၆ ႀကိမ္အထိ ၾကားခဲ့ရတာေၾကာင့္ ေကာင္းေကာင္း မအိပ္စက္ခဲ့ရဘူးလို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဟိုတယ္မွာ တည္းခိုခဲ့သူတစ္ဦးက တြစ္တာမွာ ဂက္စ္ပါရီနီနဲ႔ အတၱလႏၲာအသင္းသားေတြ ေနထိုင္ခဲ့တဲ့ အက္ဒ္ဝါ့ဒ္ဒီယမ္မန္ခ်က္စတာဟိုတယ္က အခ်က္ေပးေခါင္းေလာင္းသံကို ဗုဒၶဟူးေန႔နံနက္အေစာပိုင္း ၄ နာရီ ၅၁ မိနစ္၊ ၅ နာရီ ၃၆ မိနစ္၊ ၆ နာရီ ၁၁ မိနစ္၊ ၆ နာရီ ၃၁ မိနစ္နဲ႔ ၇ နာရီ ၁၃ မိနစ္တို႔မွာ ၾကားခဲ့ရတယ္လို႔ ေရးသားခဲ့ပါတယ္။

အတၱလႏၲာကြင္းလယ္ကစားသမား ရပ္စ္လန္ မာလီေနာ့ဗ္စကီးရဲ့ဇနီးက မန္ခ်က္စတာ ေဒသခံေတြဟာ ၿပိဳင္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ေနတဲ့ အတၱလႏၲာကစားသမားေတြကို ေနာက္ေျပာင္ဖို႔အတြက္ အခ်က္ေပးေခါင္းေလာင္းသံကို တမင္တကာ ခ်ိန္ညႇိထားခဲ့တယ္လို႔ စြပ္စြဲခဲ့ၿပီး လာမယ့္လ အုပ္စုဒုတိယအေက်ာ့ပြဲစဥ္မတိုင္မီ အတၱလႏၲာပရိသတ္ေတြကိုေတာင္ နည္းေပးလမ္းျပလုပ္ခဲ့တာျဖစ္ပါတယ္။

“မန္ခ်က္စတာမွာ ငရဲက်ခဲ့တဲ့ ညပဲ။ တစ္ညလုံး ဟိုတယ္က မီးေဘးအခ်က္ေပးသံက အသံအျမင့္ဆုံး ၅ ႀကိမ္ေလာက္ ထျမည္ခဲ့တယ္။ အသင္းက အဲဒီကို ေရာက္တဲ့အခ်ိန္က်မွ အဲဒါက ျဖစ္ပ်က္ခဲ့တာပါ။ ၿပီးေတာ့ တစ္ညတည္းျဖစ္တာ။ အဲဒါက မေတာ္တဆလို႔ ထင္လား။ ကၽြန္မေတာ့ မထင္ဘူး”

“ေဒသခံလူထုဆီကေန ဒီလို ေႏြးေထြးတဲ့ ႀကိဳဆိုမႈရလို႔ အသည္းထဲက စိမ့္ေနေအာင္ ေၾကာက္မိတယ္။ ကၽြန္မတို႔ ပရိသတ္ေတြအေနနဲ႔လည္း အသင္းကို ကၽြန္မတို႔ အိမ္ကြင္းပြဲစဥ္မွာ အားေပးလိမ့္မယ္လို႔ ေမၽွာ္လင့္မိၿပီး အီတလီက ဟိုတယ္မွာလည္း ဒီအတိုင္း တူညီတဲ့အရာမ်ိဳး ႐ုတ္တရက္ျဖစ္ေကာင္း ျဖစ္နိုင္ပါတယ္”လို႔ ေရးသားခဲ့ပါတယ္။

အိုးထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ပြဲစဥ္မတိုင္မီ အတၱလႏၲာအသင္းဟာ ဗီလာရီးရဲလ္နဲ႔ တစ္ဖက္ ၂ ဂိုးစီ သေရ၊ ယန္းဘြိဳင္းကို ၁-၀ နဲ႔ အနိုင္ရရွိခဲ့ၿပီးေနာက္ အုပ္စု F မွာ ထိပ္ဆုံးက ဦးေဆာင္ေနတာျဖစ္ၿပီး ယူနိုက္တက္ အုပ္စုတတိယေနရာမွာ ရပ္တည္ေနခဲ့တာျဖစ္ပါတယ္။

ဂရိတ္တားမန္ခ်က္စတာရဲတပ္ဖြဲ႕ကေတာ့ ၿမိဳ႕လည္ဟာ ေမၽွာ္မွန္းထားတာထက္ အလုပ္ရႈပ္လိမ့္မယ္လို႔ အမ်ားျပည္သူကို ေျပာၾကားခဲ့ၿပီး ဗုဒၶဟူးေန႔ညေနမတိုင္မီ ခရီးမထြက္ခင္ စီစဥ္စရာရွိတာ စီစဥ္ထားဖို႔ ညႊန္ၾကားခ်က္ထုတ္ျပန္ခဲ့ပါတယ္။ လာမယ့္လမွာ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အုပ္စု ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ အတၱလႏၲာအသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ဖို႔အတြက္ ဘာဂါးမိုကို သြားေရာက္ရမွာျဖစ္ၿပီး ဗုဒၶဟူးေန႔ည ပြဲစဥ္မွာ ၃-၂ နဲ႔ အနိုင္ရရွိခဲ့တာေၾကာင့္ အုပ္စုပထမအျဖစ္နဲ႔ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.