Match Report Premier League UCL&UEL

မာလ်မိုကို လွယ်လွယ်ကူကူ အနိုင်ရခဲ့ပေမယ့် ဒဏ်ရာတွေနဲ့ သိပ်မပျော်နိုင်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ လူစုံထုတ်ကစားခဲ့ပြီး ဂိုးသမား မန်ဒီ၊ နောက်တန်းမှာ အက်ဇ်ပီလီကွေတာ၊ သီယာဂို ဆေးလ်ဗား၊ ခရစ္စတင်ဆန်၊ ရူဒီဂါနဲ့ ချေးလ်ဝဲလ်၊ ကွင်းလယ်မှာ ဂျော်ဂျင်ညို၊ ကွန်တေနဲ့ မေဆန်မောင့်၊ တိုက်စစ်မှာ လူကာကူးနဲ့ တီမို ဗာနာတို့ ပွဲထွက်လာခဲ့ကြပြီး အိမ်ကွင်းမှာ အမှား အယွင်းမရှိတဲ့ နိုင်ပွဲကို ရယူဖို့ နည်းပြ တူဟယ်လ်အနေနဲ့ ပြင်ဆင်လာခဲ့ပါတယ်။

ကွင်းလယ်မှာ ဂျော်ဂျင်ညိုနဲ့ ကွန်တေတို့ရဲ့ ကစားအားကို မာလ်မို မယှဉ်နိုင်သလို ပြင်သစ်သားရဲ့ တိုးအားနဲ့ အီတလီသားရဲ့ အကွက်မြင်တဲ့ ဘောလုံးဖြန့်ဝေမှုတွေမှာ ချဲလ်ဆီးကို ကွင်းလယ်ကို စိုးမိုးခွင့် ကောင်းကောင်းရရှိခဲ့ပြီး ပွဲချိန် ၅ မိနစ်မှာကတည်းက လူကာကူးရဲ့ ပေးပို့မှုကို တီမို ဗာနာ ငှက်ပျောသီး အခွံနွှာစားရသလောက် အနေအထားနဲ့ ပိတ်သွင်းခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့လို့ အဖွင့်ဂိုးနဲ့ လွဲခဲ့တာပါ။

ပွဲချိန် ၈ မိနစ်မှာလည်း လူကာကူးရဲ့ ကန်ချက် လူထိပြီး ဂိုးထဲ ရောက်လာခဲ့တာကို မာလ်မိုဂိုးသမာ ဒါလင် ကြုံသလို ကာကွယ်ပုတ်ထုတ်ခဲ့ရပြီး ပွဲချိန် ၉ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို သီယာဂို ဆေးလ်ဗား ဖြတ်တင်ပေးရာမှာ ခရစ္စတင်ဆန်က တိုက်စစ်မှူးတွေ ငိုရလောက်တဲ့ ပုံစံနဲ့ မြေထောက် Volley ကန်သွင်းပြီး အိမ်ရှင်အသင်းအတွက် အဖွင့်ဂိုး စတင်ရှာဖွေပေးနိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာတော့ တီမို ဗာနာပေးတာကို လူကာကူးရဲ့ တစ်ကိုယ်တော်အစွမ်းနဲ့ ဂိုးသွင်းဖို့ ရှာဖွေစဉ်မှာ နောက်ကနေ ဖျက်ထုတ်ခဲ့တဲ့ မာလ်မိုခံစစ်သမား နီးလ်ဆန်ကြောင့် ပင်နယ်တီရခဲ့ပြီး ခြေထောက်နှစ်ချောင်းကြားမှာ ညပ်သွားပြီး ဒဏ်ရာပါ ရရှိသွားခဲ့တာကြောင့် ဘယ်လ်ဂျီယမ်သားကို စောစောစီးစီးမှာပဲ ဟာဗတ်ဇ်နဲ့ လူစားလဲကစားခဲ့ရတာပါ။

လူကာကူးကို ပြုစုကုသနေလို့ ကြာနေခဲ့တဲ့ ဒီပင်နယ်တီကိုတော့ ပွဲချိန် ၂၁ မိနစ်မှာ ကွင်းလယ်လူ ဂျော်ဂျင်ညိုက သူကန်နေကျပုံစံအတိုင်း ခုန်မကန်ဘဲ သမားရိုးကျ ကန်ချက်မျိုးနဲ့ ဂိုးသမားရဲ့ ညာဘက်အပေါ်ထောင့်ကို လှည့်ကစားကန်သွင်းယူနိုင်ခဲ့တာကြောင့် ချဲလ်ဆီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒီဂိုးသွင်းအပြီးမှာတော့ လူကာကူးအစား ဟာဗတ်ဇ် ဝင်လာခဲ့သလို ရှေ့တန်းမှာ ဂျာမန်တိုက်စစ်အတွဲဖြစ်သွားခဲ့ပြီး ပွဲချိန် မိနစ် ၄၀ မှာ ရတဲ့ အခွင့်အရေးကို လေဗာကူဆင်တိုက်စစ်မှူးဟောင်းအနေနဲ့ အသုံးမချနိုင်ခဲ့တာကြောင့် ချဲလ်ဆီးတို့ နစ်နာခဲ့ရသလို တီမို ဗာနာပါ ဒဏ်ရာရသွားခဲ့တာကြောင့် ဟဒ်ဆန်-အိုဒွိုင်းနဲ့ လူစားလဲကစားခဲ့ရပါတယ်။

ပထမပိုင်းမှာ ချဲလ်ဆီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်း ပြန်ကစားရာမှာတော့ ပွဲချိန် ၄၈ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဟဒ်ဆန်-အိုဒွိုင်း ထိုးပေးလိုက်တဲ့ ဘောလုံးက သိပ်အကောင်းကြီး မဟုတ်ပေမယ့် ဟာဗတ်ဇ်က ကြိုးစားပြေးထွက်ပြီး လူစားဝင် ဂိုးသမား ဒီယာဝါရာနဲ့ တစ်ယောက်ချင်း အတွေ့မှာ အသာကျော်ပြီး ကန်သွင်းနိုင်ခဲ့လို့ တတိယဂိုး ရရှိခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးတို့ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းအထက် ရရှိခဲ့တဲ့ပွဲမှာ နောက်ခံလူတွေပါ ရှေ့တက်ဖိအားပေးနေခဲ့ပြီး ပွဲချိန် ၅၅ မိနစ်မှာတော့ ဟာဗတ်ဇ် ပေးတာကို ရူဒီဂါ ကန်သွင်းမယ့်အချိန်မှာ နောက်ကနေ ပြေးဝင်ပြီး ကန်ခွင့်မရအောင် တွန်းချခဲ့တဲ့ မာလ်မိုခံစစ်မှူး လာဆန်ကြောင့် ဘောလုံးက တိုင်ထိသွားခဲ့ပေမယ့် ဒိုင်လူကြီး လေတီဇီယေးက ပင်နယ်တီ ထပ်မံသတ်မှတ်ပေးခဲ့ပြန်တာပါ။

ဒီပင်နယ်တီကိုလည်း ပွဲချိန် ၅၇ မိနစ်မှာ ကွင်းလယ်လူ ဂျော်ဂျင်ညိုကပဲ ဂိုးအဖြစ် ကန်သွင်းရယူနိုင်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ကန်နေကျပုံစံနဲ့ အနည်းငယ် ခုန်ပြီးမှ ဘယ်ဘက်ကို ဒိုင်ပစ်တဲ့ မယ်လ်မိုဂိုးသမား ဒီယာဝါရာရဲ့ အလှုပ်ကို စောင့်ပြီး ဆန့်ကျင်ဘက်ကို ကန်သွင်းရယူသွားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးတို့ လေးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့အပြီးမှာတော့ ကွန်တေ၊ ချေးလ်ဝဲလ်နဲ့ အက်ဇ်ပီလီကွေတာတို့နေရာတွေမှာ ဆာအူးလ် ညီးရက်ဇ်၊ မားကို့စ် အလွန်ဆိုနဲ့ ရီးစ်ဂျိမ်းစ်တို့ကို လူစားထည့်သွင်းပြီး ကစားသမား ၅ ယောက်အထိ လဲလှယ်သွားခဲ့သလို စနေနေ့မှာ ကစားရမယ့် နော့ဝစ်ချ်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲအတွက် နည်းပြ တူဟယ်လ်အနေနဲ့ ကြိုတင်စီမံသွားခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ချဲလ်ဆီးတို့ ဘောလုံးကိုင်ပြီး Clean Sheet နဲ့ ရလဒ်ကို ထိန်းကစားသွားခဲ့သလို ကစားသမားနှစ်ယောက်အထိ ဒဏ်ရာရထားခဲ့ချိန်မှာ မလိုအပ်တဲ့ စွန့်စားမှုတွေ မလုပ်တော့ဘဲ နိုင်ပွဲကို ရယူသွားခဲ့တာဖြစ်ပြီး ပွဲချိန်အပြည့်မှာတော့ လေးဂိုး-ဂိုးမရှိရလဒ်နဲ့ အောင်ပွဲခံခဲ့ပြီး အုပ်စု(H)မှာ ဦးဆောင်သူ ဂျူဗင်တပ်စ်ကို သုံးမှတ်အကွာနဲ့ ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ နည်းပြ တူဟယ်လ်ကတော့ ခြေကျင်းဝတ်နဲ့ ပေါင်နောက်ကြောဒဏ်ရာတွေ အသီးသီး ရရှိထားခဲ့တဲ့ တိုက်စစ်မှူးနှစ်ဦးကိုအနေနဲ့ အနားယူရနိုင်ကြောင်း ပြောကြားသွားခဲ့ပြီး နော့ဝစ်ချ်နဲ့ စနေနေ့ပွဲကတော့ တီမို ဗာနာနဲ့ လူကာကူးတို့ကို မသုံးဘဲနဲ့ အနိုင်ရနိုင်တဲ့ ပွဲမျိုးဖြစ်တာကြောင့် အချိန်ရသလို နိုဝင်ဘာလ ၂၀ ရက်နေ့မှာ လက်စတာနဲ့ မတွေ့ခင်အထိ ချဲလ်ဆီးတို့မှာ ပွဲကျပ်မရှိသေးတာကြောင့် အသက်ရှူချောင်နိုင်မှာတော့ဖြစ်ပါတယ်။

ချဲလ်ဆီးပရိသတ်တွေအတွက် ဂိုးပြတ်နိုင်ပွဲကြောင့် ပျော်ရွှင်ခဲ့ရပေမယ့် တိုက်စစ်မှူးနှစ်ဦးကို ဆုံးရှုံးခဲ့ရချိန်မှာ ခရစ္စတီယန် ပူလီရှစ်ချ်တစ်ယောက် ပြန်လာနိုင်တော့မယ့် သတင်းရှိနေလို့ အပျော်နဲ့ စိတ်ပျက်မှုတွေကတော့ ရောထွေးခဲ့ရပေမယ့် ဒီလောက်နဲ့တော့ သူတို့တွေရဲ့ စိတ်အားထက်သန်မှုတွေကို ရပ်တန့်နိုင်မှာ မဟုတ်ကြောင်းလည်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ လူစုံထုတ္ကစားခဲ့ၿပီး ဂိုးသမား မန္ဒီ၊ ေနာက္တန္းမွာ အက္ဇ္ပီလီေကြတာ၊ သီယာဂို ေဆးလ္ဗား၊ ခရစၥတင္ဆန္၊ ႐ူဒီဂါနဲ႔ ေခ်းလ္ဝဲလ္၊ ကြင္းလယ္မွာ ေဂ်ာ္ဂ်င္ညိဳ၊ ကြန္ေတနဲ႔ ေမဆန္ေမာင့္၊ တိုက္စစ္မွာ လူကာကူးနဲ႔ တီမို ဗာနာတို႔ ပြဲထြက္လာခဲ့ၾကၿပီး အိမ္ကြင္းမွာ အမွား အယြင္းမရွိတဲ့ ႏိုင္ပြဲကို ရယူဖို႔ နည္းျပ တူဟယ္လ္အေနနဲ႔ ျပင္ဆင္လာခဲ့ပါတယ္။

ကြင္းလယ္မွာ ေဂ်ာ္ဂ်င္ညိဳနဲ႔ ကြန္ေတတို႔ရဲ႕ ကစားအားကို မာလ္မို မယွဥ္ႏိုင္သလို ျပင္သစ္သားရဲ႕ တိုးအားနဲ႔ အီတလီသားရဲ႕ အကြက္ျမင္တဲ့ ေဘာလုံးျဖန႔္ေဝမႈေတြမွာ ခ်ဲလ္ဆီးကို ကြင္းလယ္ကို စိုးမိုးခြင့္ ေကာင္းေကာင္းရရွိခဲ့ၿပီး ပြဲခ်ိန္ ၅ မိနစ္မွာကတည္းက လူကာကူးရဲ႕ ေပးပို႔မႈကို တီမို ဗာနာ ငွက္ေပ်ာသီး အခြံႏႊာစားရသေလာက္ အေနအထားနဲ႔ ပိတ္သြင္းခြင့္ရခဲ့ေပမယ့္ လြဲေခ်ာ္ခဲ့လို႔ အဖြင့္ဂိုးနဲ႔ လြဲခဲ့တာပါ။

ပြဲခ်ိန္ ၈ မိနစ္မွာလည္း လူကာကူးရဲ႕ ကန္ခ်က္ လူထိၿပီး ဂိုးထဲ ေရာက္လာခဲ့တာကို မာလ္မိုဂိုးသမာ ဒါလင္ ႀကဳံသလို ကာကြယ္ပုတ္ထုတ္ခဲ့ရၿပီး ပြဲခ်ိန္ ၉ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို သီယာဂို ေဆးလ္ဗား ျဖတ္တင္ေပးရာမွာ ခရစၥတင္ဆန္က တိုက္စစ္မႉးေတြ ငိုရေလာက္တဲ့ ပုံစံနဲ႔ ေျမေထာက္ Volley ကန္သြင္းၿပီး အိမ္ရွင္အသင္းအတြက္ အဖြင့္ဂိုး စတင္ရွာေဖြေပးႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ တီမို ဗာနာေပးတာကို လူကာကူးရဲ႕ တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ဂိုးသြင္းဖို႔ ရွာေဖြစဥ္မွာ ေနာက္ကေန ဖ်က္ထုတ္ခဲ့တဲ့ မာလ္မိုခံစစ္သမား နီးလ္ဆန္ေၾကာင့္ ပင္နယ္တီရခဲ့ၿပီး ေျခေထာက္ႏွစ္ေခ်ာင္းၾကားမွာ ညပ္သြားၿပီး ဒဏ္ရာပါ ရရွိသြားခဲ့တာေၾကာင့္ ဘယ္လ္ဂ်ီယမ္သားကို ေစာေစာစီးစီးမွာပဲ ဟာဗတ္ဇ္နဲ႔ လူစားလဲကစားခဲ့ရတာပါ။

လူကာကူးကို ျပဳစုကုသေနလို႔ ၾကာေနခဲ့တဲ့ ဒီပင္နယ္တီကိုေတာ့ ပြဲခ်ိန္ ၂၁ မိနစ္မွာ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳက သူကန္ေနက်ပုံစံအတိုင္း ခုန္မကန္ဘဲ သမား႐ိုးက် ကန္ခ်က္မ်ိဳးနဲ႔ ဂိုးသမားရဲ႕ ညာဘက္အေပၚေထာင့္ကို လွည့္ကစားကန္သြင္းယူႏိုင္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ပါတယ္။

ဒီဂိုးသြင္းအၿပီးမွာေတာ့ လူကာကူးအစား ဟာဗတ္ဇ္ ဝင္လာခဲ့သလို ေရွ႕တန္းမွာ ဂ်ာမန္တိုက္စစ္အတြဲျဖစ္သြားခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၄၀ မွာ ရတဲ့ အခြင့္အေရးကို ေလဗာကူဆင္တိုက္စစ္မႉးေဟာင္းအေနနဲ႔ အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးတို႔ နစ္နာခဲ့ရသလို တီမို ဗာနာပါ ဒဏ္ရာရသြားခဲ့တာေၾကာင့္ ဟဒ္ဆန္-အိုဒြိဳင္းနဲ႔ လူစားလဲကစားခဲ့ရပါတယ္။

ပထမပိုင္းမွာ ခ်ဲလ္ဆီးတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒုတိယပိုင္း ျပန္ကစားရာမွာေတာ့ ပြဲခ်ိန္ ၄၈ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ဟဒ္ဆန္-အိုဒြိဳင္း ထိုးေပးလိုက္တဲ့ ေဘာလုံးက သိပ္အေကာင္းႀကီး မဟုတ္ေပမယ့္ ဟာဗတ္ဇ္က ႀကိဳးစားေျပးထြက္ၿပီး လူစားဝင္ ဂိုးသမား ဒီယာဝါရာနဲ႔ တစ္ေယာက္ခ်င္း အေတြ႕မွာ အသာေက်ာ္ၿပီး ကန္သြင္းႏိုင္ခဲ့လို႔ တတိယဂိုး ရရွိခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးတို႔ ေဘာလုံးပိုင္ဆိုင္မႈ ၇၀ ရာခိုင္ႏႈန္းအထက္ ရရွိခဲ့တဲ့ပြဲမွာ ေနာက္ခံလူေတြပါ ေရွ႕တက္ဖိအားေပးေနခဲ့ၿပီး ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ ဟာဗတ္ဇ္ ေပးတာကို ႐ူဒီဂါ ကန္သြင္းမယ့္အခ်ိန္မွာ ေနာက္ကေန ေျပးဝင္ၿပီး ကန္ခြင့္မရေအာင္ တြန္းခ်ခဲ့တဲ့ မာလ္မိုခံစစ္မႉး လာဆန္ေၾကာင့္ ေဘာလုံးက တိုင္ထိသြားခဲ့ေပမယ့္ ဒိုင္လူႀကီး ေလတီဇီေယးက ပင္နယ္တီ ထပ္မံသတ္မွတ္ေပးခဲ့ျပန္တာပါ။

ဒီပင္နယ္တီကိုလည္း ပြဲခ်ိန္ ၅၇ မိနစ္မွာ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳကပဲ ဂိုးအျဖစ္ ကန္သြင္းရယူႏိုင္ခဲ့ၿပီး ဒီတစ္ႀကိမ္မွာေတာ့ ကန္ေနက်ပုံစံနဲ႔ အနည္းငယ္ ခုန္ၿပီးမွ ဘယ္ဘက္ကို ဒိုင္ပစ္တဲ့ မယ္လ္မိုဂိုးသမား ဒီယာဝါရာရဲ႕ အလႈပ္ကို ေစာင့္ၿပီး ဆန႔္က်င္ဘက္ကို ကန္သြင္းရယူသြားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးတို႔ ေလးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့အၿပီးမွာေတာ့ ကြန္ေတ၊ ေခ်းလ္ဝဲလ္နဲ႔ အက္ဇ္ပီလီေကြတာတို႔ေနရာေတြမွာ ဆာအူးလ္ ညီးရက္ဇ္၊ မားကို႔စ္ အလြန္ဆိုနဲ႔ ရီးစ္ဂ်ိမ္းစ္တို႔ကို လူစားထည့္သြင္းၿပီး ကစားသမား ၅ ေယာက္အထိ လဲလွယ္သြားခဲ့သလို စေနေန႔မွာ ကစားရမယ့္ ေနာ့ဝစ္ခ်္စီးတီးနဲ႔ ပရီးမီးယားလိဂ္ပြဲအတြက္ နည္းျပ တူဟယ္လ္အေနနဲ႔ ႀကိဳတင္စီမံသြားခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ခ်ဲလ္ဆီးတို႔ ေဘာလုံးကိုင္ၿပီး Clean Sheet နဲ႔ ရလဒ္ကို ထိန္းကစားသြားခဲ့သလို ကစားသမားႏွစ္ေယာက္အထိ ဒဏ္ရာရထားခဲ့ခ်ိန္မွာ မလိုအပ္တဲ့ စြန႔္စားမႈေတြ မလုပ္ေတာ့ဘဲ ႏိုင္ပြဲကို ရယူသြားခဲ့တာျဖစ္ၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ ေလးဂိုး-ဂိုးမရွိရလဒ္နဲ႔ ေအာင္ပြဲခံခဲ့ၿပီး အုပ္စု(H)မွာ ဦးေဆာင္သူ ဂ်ဴဗင္တပ္စ္ကို သုံးမွတ္အကြာနဲ႔ ဆက္လက္ဖိအားေပးႏိုင္ခဲ့ပါတယ္။

ပြဲအၿပီးမွာ နည္းျပ တူဟယ္လ္ကေတာ့ ေျခက်င္းဝတ္နဲ႔ ေပါင္ေနာက္ေၾကာဒဏ္ရာေတြ အသီးသီး ရရွိထားခဲ့တဲ့ တိုက္စစ္မႉးႏွစ္ဦးကိုအေနနဲ႔ အနားယူရႏိုင္ေၾကာင္း ေျပာၾကားသြားခဲ့ၿပီး ေနာ့ဝစ္ခ်္နဲ႔ စေနေန႔ပြဲကေတာ့ တီမို ဗာနာနဲ႔ လူကာကူးတို႔ကို မသုံးဘဲနဲ႔ အႏိုင္ရႏိုင္တဲ့ ပြဲမ်ိဳးျဖစ္တာေၾကာင့္ အခ်ိန္ရသလို ႏိုဝင္ဘာလ ၂၀ ရက္ေန႔မွာ လက္စတာနဲ႔ မေတြ႕ခင္အထိ ခ်ဲလ္ဆီးတို႔မွာ ပြဲက်ပ္မရွိေသးတာေၾကာင့္ အသက္ရႉေခ်ာင္ႏိုင္မွာေတာ့ျဖစ္ပါတယ္။

ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ ဂိုးျပတ္ႏိုင္ပြဲေၾကာင့္ ေပ်ာ္႐ႊင္ခဲ့ရေပမယ့္ တိုက္စစ္မႉးႏွစ္ဦးကို ဆုံးရႈံးခဲ့ရခ်ိန္မွာ ခရစၥတီယန္ ပူလီရွစ္ခ်္တစ္ေယာက္ ျပန္လာႏိုင္ေတာ့မယ့္ သတင္းရွိေနလို႔ အေပ်ာ္နဲ႔ စိတ္ပ်က္မႈေတြကေတာ့ ေရာေထြးခဲ့ရေပမယ့္ ဒီေလာက္နဲ႔ေတာ့ သူတို႔ေတြရဲ႕ စိတ္အားထက္သန္မႈေတြကို ရပ္တန႔္ႏိုင္မွာ မဟုတ္ေၾကာင္းလည္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.