Premier League
မို ဆာလားက ကမ္ဘာ့အကောင်းမဟုတ်သေးဘူးလို့ ကာရေဂါနဲ့ ပြိုင်ငြင်းခဲ့တဲ့ အွန်နရီ
အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူး သီယာရီ အွန်နရီက မိုဟာမက် ဆာလားဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားမဟုတ်သေးဘဲ လီဗာပူးလ်ကြယ်ပွင့်ထက် အဆုံးသတ်ပိုမိုသေချာတဲ့ ကစားသမားတွေရှိနေသေးတယ်လို့ ပြောကြားခဲ့ပြီး ဂျေမီ ကာရေဂါရဲ့ ပြောကြားမှုကို လက်မခံဘဲ ငြင်းခုံခဲ့ပါတယ်။
ဆာလားဟာ ယခုရာသီမှာ လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ ၁၁ ပွဲမှာ သွင်းဂိုး ၁၂ ဂိုးအထိ သွင်းယူပေးထားပြီး လက်ရှိမှာတော့ ၎င်းကို မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုထက် လုပ်ခလစာ ပိုမိုရရှိစေမယ့် လစာတိုး စာချုပ်သစ် ချုပ်ဆိုချင်နေတာဖြစ်ပါတယ်။
Sky Sports ဘောလုံးဝေဖန်သူ ကာရေဂါက လီဗာပူးလ်တောင်ပံကစားသမားဟာ လက်ရှိခြေစွမ်းအရ ကမ္ဘာ့အကောင်းဆုံးကစားသမားလို့ သတ်မှတ်ခဲ့ပြီး လီဗာပူးလ်အနေနဲ့ အီဂျစ်တိုက်စစ်မှူးကို ကာလရှည်စာချုပ် ချုပ်ဆိုရမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆာလားရဲ့ ကြောက်မက်ဖွယ် ခြေစွမ်းဟာ လက်ရှိအချိန်မှာတော့ အွန်နရီကို ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ယုံကြည်လာအောင် မပြုလုပ်နိုင်သေးတာဖြစ်ပါတယ်။
ပြင်သစ်ဂန္တဝင်တိုက်စစ်မှူးက လက်ရှိ ကမ္ဘာ့ဘောလုံးလောကမှာ အသက် ၂၉ နှစ်အရွယ် လီဗာပူးလ်တိုက်စစ်မှူးထက် ပိုမိုသာလွန်တဲ့ ကစားသမား ၂ ဦးရှိနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး အဲဒီကစားသမား ၂ ဦးဟာ ရောဘတ် လီဗန်ဒေါ့ဗ်စကီးနဲ့ ကာရင် ဘန်ဇီးမားတို့ဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
အွန်နရီက အဲဒီကစားသမားတွေရဲ့ နိုင်ငံတကာအဆင့် စွမ်းဆောင်ရည်တွေကို သက်သေထား ပြောကြားခဲ့ပြီး ဒီကစားသမား ၂ ဦးဟာ ၎င်းတို့ရဲ့လက်ရွေးစင်အသင်းတွေကို ကိုယ်စားပြုကစားပေးချိန်မှာ ဆာလားထက် ပိုမိုသာလွန်တဲ့အဆင့်အတန်းမှာ ရှိနေရတဲ့အကြောင်းအရင်းအဖြစ် ပြောကြားခဲ့ပါတယ်။
“ကမ္ဘာ့အကောင်းဆုံးမဟုတ်သေးပါဘူး။ အခုအချိန်မှာ သူ သွင်းယူနေတဲ့ ဂိုးတွေက အရမ်းကောင်းပါတယ်။ ဒါပေမယ့် ခင်ဗျား လီဗန်ဒေါ့ဗ်စကီးကို ဘယ်လိုလုပ်ပြီး မေ့ထားလို့ရမှာလဲ။ ဘန်ဇီးမားကိုရော ဘယ်လိုလုပ်ပြီး မေ့ထားလို့ရမှာလဲ။ ခင်ဗျား လက်ရွေးစင်အဆင့်မှာ လုပ်ပြနေတာတွေကိုလည်း ဘယ်လိုလုပ် မေ့ထားလို့ရမှာလဲ”
“အခုအချိန်မှာ သူက အီဂျစ်အသင်းနဲ့အတူ နည်းနည်း ခံစားနေရတယ်။ အဲဒါက မလွယ်ကူပါဘူး။ ဒါပေမယ့် သူ နိုင်ငံတကာအဆင့်မှာ ဂိုးတွေ မသွင်းယူနိုင်သေးဘူး။ ဒါပေမယ့် သူသွင်းခဲ့တဲ့ဂိုးတွေက အရမ်းကို အံ့အားသင့်စရာကောင်းပါတယ်။ ကျွန်တော် ဆာလားကို နှစ်သက်ပါတယ်။ ဒါပေမယ့် သူက ကမ္ဘာ့အကောင်းဆုံးတော့ မဟုတ်သေးပါဘူး”
“သူက ပရီးမီးယားလိဂ်မှာ လက်ရှိ အကောင်းဆုံးကစားသမားလားဆိုရင် အတိုင်းအတာတစ်ခုအထိလောက်ထိတော့ ကောင်းနေပါတယ်။ လက်ရှိခြေစွမ်းပေါ်မှာ မူတည်ပြီး ဘန်ဇီးမားကိုရော ခင်ဗျား အခုအချိန် သူ ကစားတဲ့ပုံစံနဲ့ပတ်သက်ပြီး မနှိုင်းယှဉ်ကြည့်ဘူးလား။ သူ ပြင်သစ်အတွက် ဘာတွေလုပ်နေလဲနဲ့ ယူရိုပြိုင်ပွဲမှာ ဘာလုပ်ခဲ့လဲ။ ကျွန်တော့်အမြင်ကတော့ အဲဒါက သိပ်မရှင်းပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူး သီယာရီ အွန်နရီက မိုဟာမက် ဆာလားဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားမဟုတ်သေးဘဲ လီဗာပူးလ်ကြယ်ပွင့်ထက် အဆုံးသတ်ပိုမိုသေချာတဲ့ ကစားသမားတွေရှိနေသေးတယ်လို့ ပြောကြားခဲ့ပြီး ဂျေမီ ကာရေဂါရဲ့ ပြောကြားမှုကို လက်မခံဘဲ ငြင်းခုံခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.