UCL&UEL

ဗီလာရီးရဲလ်နဲ့ပွဲတုန်းကအတိုင်း အသင်းကို ထပ်မံကယ်တင်ခဲ့ပြန်တဲ့ ရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်းကို နောက်ထပ်တစ်ကြိမ် ကယ်တင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုတာကို ထပ်မံ သက်သေထူပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပထမပိင်းမှာ မာရီယို ပါဆာလစ်၊ ဒီမီရဲလ်တို့ရဲ့သွင်းဂိုးတွေကြောင့် ၂-၀ နဲ့ နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပြီး နည်းပြ ဆိုးလ်ရှားအတွက် နောက်ထပ် ဖိအားတွေ ဝင်လာတော့မယ့်အခြေအနေမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မားကပ်စ် ရက်ရှ်ဖို့ဒ်က ဘရူနို ဖာနန်ဒက်စ်ရဲ့ အလွန်ကောင်းမွန်တဲ့ ပေးပို့မှုကနေတဆင့် ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့ပြီးနောက် ယူနိုက်တက်အတွက် မျှော်လင့်ချက်လင်းရောင်ခြည်သမ်းလာခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် မန်ချက်စတာယူနိုက်နည်းပြ ဆိုးလ်ရှားအနေနဲ့ ပေါ့ဂ်ဘာ၊ ကာဗာနီ၊ ဆန်ချိုတို့ကို ထည့်သွင်းပြီး အံ့အားသင့်ဖွယ် ချန်ပီယံလိဂ် ရှုံးပွဲကနေ ပြန်လာနိုင်ဖို့ နောက်ဆုံးအကြိမ် ကြိုးစားမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီလို တိုက်စစ်ကစားသမားတွေ အများအပြား ကွင်းထဲမှာရှိနေပေမယ့်လည်း နောက်ထပ်ချေပဂိုးကို သွင်းယူပေးသွားခဲ့တဲ့သူက ဘယ်သူမှ မမျှော်လင့်ထားတဲ့ ဟယ်ရီ မက်ဂွိုင်းယားဖြစ်ခဲ့ပြီး ပွဲကစားချိန် ၁၅ မိနစ်သာ ကျန်တော့ချိန်မှာ ဖြတ်တင်ဘောကနေ လွတ်ထွက်လာတဲ့ဘောလုံးကို မြေမကျဘော ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာတော့ ခရစ္စတီယာနို ရော်နယ်ဒိုအတွက် အနိုင်ဂိုးသွင်းယူပေးဖို့ တာဝန်က ပခုံးပေါ် ကျလာခဲ့ပြီဖြစ်ပြီး ဗီလာရီးရဲလ်နဲ့ပွဲစဉ်တုန်းကလို အိုးထရက်ဖို့ဒ်မှာ တကျော့ပြန် အောင်ပွဲခံမြင်ကွင်းအတိုင်း ထပ်တူကျလုနီးပါး နောက်ကျအနိုင်ဂိုးကို သွင်းယူရင်း အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

လုခ်ရှောရဲ့ ဘယ်တောင်ပံကနေ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ခရစ္စတီယာနို ရော်နယ်ဒိုလ်က အတ္တလန္တာနောက်ခံလူ ကပ်ထားတဲ့ကြားကနေ ခေါင်းတိုက်သွင်းယူပြီး အိုးထရက်ဖို့ဒ်တစ်ကွင်းလုံးကို အောင်ပွဲခံသံတွေ ဟိန်းထွက်လာစေခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မတူညီတဲ့အသင်း ၃၈ သင်းအထိ ဂိုးသွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးထက် မတူညီတဲ့အသင်းတွေကို ဂိုးပိုမိုသွင်းယူထားနိုင်တဲ့ကစားသမား မရှိတော့ပါဘူး။

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားအနေနဲ့ အတ္တလန္တာအသင်းကို အနိုင်ရရှိပြီး အုပ်စုဗိုလ်နေရာမှာ ရပ်တည်နိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်မှာတော့ စိတ်အေးသွားရပြီလို့ ဆိုရမှာဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ပွဲကြပ်တွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္ ၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အသင္းကို ေနာက္ထပ္တစ္ႀကိမ္ ကယ္တင္ခဲ့ၿပီး ကမၻာ့အေကာင္းဆုံးကစားသမားဆိုတာကို ထပ္မံ သက္ေသထူျပခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ ပထမပိင္းမွာ မာရီယို ပါဆာလစ္၊ ဒီမီရဲလ္တို႔ရဲ့သြင္းဂိုးေတြေၾကာင့္ ၂-၀ နဲ႔ ေနာက္ကေန လိုက္ကစားခဲ့ရတာျဖစ္ၿပီး နည္းၿပ ဆိုးလ္ရွားအတြက္ ေနာက္ထပ္ ဖိအားေတြ ဝင္လာေတာ့မယ့္အေျခအေနမွာ ရွိေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မားကပ္စ္ ရက္ရွ္ဖို႔ဒ္က ဘ႐ူနို ဖာနန္ဒက္စ္ရဲ့ အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈကေနတဆင့္ ေခ်ပဂိုးကို ျပန္လည္သြင္းယူေပးခဲ့ၿပီးေနာက္ ယူနိုက္တက္အတြက္ ေမၽွာ္လင့္ခ်က္လင္းေရာင္ျခည္သမ္းလာခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ မန္ခ်က္စတာယူနိုက္နည္းၿပ ဆိုးလ္ရွားအေနနဲ႔ ေပါ့ဂ္ဘာ၊ ကာဗာနီ၊ ဆန္ခ်ိဳတို႔ကို ထည့္သြင္းၿပီး အံ့အားသင့္ဖြယ္ ခ်န္ပီယံလိဂ္ ရႈံးပြဲကေန ျပန္လာနိုင္ဖို႔ ေနာက္ဆုံးအႀကိမ္ ႀကိဳးစားမႈ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ဒီလို တိုက္စစ္ကစားသမားေတြ အမ်ားအျပား ကြင္းထဲမွာရွိေနေပမယ့္လည္း ေနာက္ထပ္ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့တဲ့သူက ဘယ္သူမွ မေမၽွာ္လင့္ထားတဲ့ ဟယ္ရီ မက္ဂြိဳင္းယားျဖစ္ခဲ့ၿပီး ပြဲကစားခ်ိန္ ၁၅ မိနစ္သာ က်န္ေတာ့ခ်ိန္မွာ ျဖတ္တင္ေဘာကေန လြတ္ထြက္လာတဲ့ေဘာလုံးကို ေျမမက်ေဘာ ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာေတာ့ ခရစၥတီယာနို ေရာ္နယ္ဒိုအတြက္ အနိုင္ဂိုးသြင္းယူေပးဖို႔ တာဝန္က ပခုံးေပၚ က်လာခဲ့ၿပီျဖစ္ၿပီး ဗီလာရီးရဲလ္နဲ႔ပြဲစဥ္တုန္းကလို အိုးထရက္ဖို႔ဒ္မွာ တေက်ာ့ျပန္ ေအာင္ပြဲခံျမင္ကြင္းအတိုင္း ထပ္တူက်လုနီးပါး ေနာက္က်အနိုင္ဂိုးကို သြင္းယူရင္း ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။

လုခ္ေရွာရဲ့ ဘယ္ေတာင္ပံကေန ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးကို ခရစၥတီယာနို ေရာ္နယ္ဒိုလ္က အတၱလႏၲာေနာက္ခံလူ ကပ္ထားတဲ့ၾကားကေန ေခါင္းတိုက္သြင္းယူၿပီး အိုးထရက္ဖို႔ဒ္တစ္ကြင္းလုံးကို ေအာင္ပြဲခံသံေတြ ဟိန္းထြက္လာေစခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ မတူညီတဲ့အသင္း ၃၈ သင္းအထိ ဂိုးသြင္းယူထားနိုင္ခဲ့ၿပီျဖစ္ၿပီး မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉးထက္ မတူညီတဲ့အသင္းေတြကို ဂိုးပိုမိုသြင္းယူထားနိုင္တဲ့ကစားသမား မရွိေတာ့ပါဘူး။

မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားအေနနဲ႔ အတၱလႏၲာအသင္းကို အနိုင္ရရွိၿပီး အုပ္စုဗိုလ္ေနရာမွာ ရပ္တည္နိုင္ခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္မွာေတာ့ စိတ္ေအးသြားရၿပီလို႔ ဆိုရမွာျဖစ္ေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ ပြဲၾကပ္ေတြကို ဘယ္လိုရင္ဆိုင္ေက်ာ္ျဖတ္သြားမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.