Premier League

အာဆင်နယ်က မန်ယူနိုက်တက်ကို ကျော်ပြီး ထိပ်ဆုံးလေးနေရာဝင်လိမ့်မယ်လို့ ပြောလိုက်တဲ့ ပေါလ် မာဆန်

ပေါလ် မာဆန်က မန်ချက်စတာယူနိုက်တက်က ဆိုးလ်ရှားရဲ့ အခြေအနေဟာ လာမယ့်ပွဲစဉ်တွေမှာ ပိုလို့တောင် ဆိုးရွားလိမ့်မယ်လို့ ပြောကြားခဲ့ပြီး ယူနိုက်တက် ရှေ့လာမယ့်ပွဲစဉ်တွေမှာ ပြိုင်ပွဲစုံ ပွဲကြပ်တွေ ကစားသွားရဖို့ ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာစီးတီးအသင်းကို ၄-၂ နဲ့ စိတ်ပျက်ဖွယ် ရှုံးနိမ့်ခဲ့ပြီး အဲဒီပွဲစဉ်က ရှုံးပွဲကြောင့် ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက်ဟာ ပြင်းပြင်းထန်ထန် ထိုးနှက်ခံခဲ့ရတာဖြစ်ပါတယ်။ ပေါလ် မာဆန်က Sky Sports နဲ့ တွေ့ဆုံပြောဆိုခဲ့ရာမှာ နော်ဝေလူမျိုးနည်းပြဟာ လက်ရှိမှာ သေးငယ်ပြီး မပြင်းထန်တဲ့ပြဿနာတွေကို ပိုပြီး အာရုံစိုက်နေပြီး အာဆင်နယ်က ထိပ်ဆုံးလေးနေရာပြိုင်ပွဲမှာ ယူနိုက်တက်ကို ကျော်ဖြတ်သွားလိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူက မဟုတ်တဲ့ကိစ္စကို အာရုံစိုက်နေတယ်လို့ ထင်ပါတယ်။ ကျွန်တော် ဒီပွဲစဉ်မတိုင်မီကတည်းက ပြောခဲ့တယ်။ သူသာ နိုဝင်ဘာလကို ဖြတ်ကျော်နိုင်မယ်ဆိုရင် သူ နည်းပြအဖြစ် ဆက်ရှိနေဦးမယ်လို့။ အဲဒါက ကျွန်တော့်အတွက်တော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိဖို့ အခွင့်အရေးရှိတယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဘာလို့လဲဆိုတော့ နိုဝင်ဘာလထဲက ပွဲစဉ်အချို့က တုပ်လှုပ်စရာပွဲစဉ်တွေမို့လို့ပါ”

“သူတို့တွေ ၁-၀ နဲ့ နောက်ကနေ လိုက်ကစားခဲ့ရပြီး ပြီးတော့ ပွဲက ဟိုလိုဒီလိုဖြစ်နေခဲ့တာက လက်စတာကို ဆွသလိုဖြစ်ခဲ့တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ပြီးတော့ သူတို့တွေ ဆိုယန်ကူ ဂိုးသွင်းသွားတော့ ၂-၁ ပြန်ဖြစ်သွားတယ်။ မန်ချက်စတာယူနိုက်တက်က ၂-၁ နဲ့ နောက်ကလိုက်ကစားနေရတဲ့အချိန်မှာ ဆိုးလ်ရှားက မာတစ်ကို ထုတ်ပြီး မက်တော်မီနေးကို ထည့်ခဲ့တယ်။ ဂိုးသွင်းနိုင်ခဲ့ပြီး အမြဲတမ်း ခြိမ်းခြောက်နိုင်တဲ့ပုံပေါ်တဲ့ ဂရင်းဝုဒ်ကို ထုတ်ပြီး လင်ဂတ်ကို ထည့်ခဲ့တယ်”

“ပြီးတော့ သူတို့တွေ ပွဲထဲ ပြန်ဝင်ရောက်နိုင်ခဲ့တာ အဓိပ္ပာယ်ရှိပြီး တစ်ဖက် ၂ ဂိုးစီ ဖြစ်သွားတယ်။ ဒါပေမယ့် ဘောလုံးပြန်တည်ပြီး ၁၅ စက္ကန့်အကြာမှာပဲ ၃-၂ နဲ့ နောက်က ပြန်လိုက်ရပြီး အဲဒါက ပြီးတော့ ဒါကာက ဂိုးသွင်းသွားတယ်။ သူတို့တွေက ရုန်းကန်နေရတယ်လို့ ကျွန်တော် ထင်တယ်။ အဲဒါကို ပွဲမတိုင်ခင်ကတည်းက လက်စတာနိုင်မယ်လို့ မြင်တယ်ဆိုတဲ့အကြောင်း ကျွန်တော် ပြောခဲ့တယ်။ ကျွန်တော့်အမြင်ကတော့ သူတို့ရုန်းကန်နေရတယ်ထင်တယ်။ အာဆင်နယ်က သူတို့ကိုကျော်ပြီး ထိပ်ဆုံးလေးရာမှာ ရာသီပြီးဆုံးနိုင်လိမ့်မယ်လို့ ထင်တယ်။ ကျွန်တော်ကတော့ သေချာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားခဲ့ပြီး အဲဒီရလဒ်ဆိုးက ဆိုးလ်ရှားရဲ့ နည်းပြရာထူးအတွက် ခြိမ်းခြောက်မှု ဖြစ်လာနေတာဖြစ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်ဟာ ဒီအခြေအနေနဲ့ပတ်သက်ပြီး အေးအေးဆေးဆေးဖြစ်နေတယ်လို့ သတင်းတွေအရ သိရပြီး နော်ဝေလူမျိုးနည်းပြဟာ အသင်းရဲ့ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ အချိန်ထပ်မံ ပေးခံရဖွယ်ရှိနေတာဖြစ်ပါတယ်။

အန်တိုနီယို ကွန်တီ၊ ဇီဒန်းတို့လို နည်းပြတွေက မန်ချက်စတာယူနိုက်တက် နည်းပြနေရာအတွက် သတင်းတွေ ထွက်ပေါ်နေပေမယ့် ဆိုးလ်ရှားက အနည်းဆုံး ရသလောက်တော့ မန်ချက်စတာယူနိုက်တက်မှာ ဆက်နေသွားဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေပါလ္ မာဆန္က မန္ခ်က္စတာယူနိုက္တက္က ဆိုးလ္ရွားရဲ့ အေျခအေနဟာ လာမယ့္ပြဲစဥ္ေတြမွာ ပိုလို႔ေတာင္ ဆိုးရြားလိမ့္မယ္လို႔ ေျပာၾကားခဲ့ၿပီး ယူနိုက္တက္ ေရွ႕လာမယ့္ပြဲစဥ္ေတြမွာ ၿပိဳင္ပြဲစုံ ပြဲၾကပ္ေတြ ကစားသြားရဖို႔ ရွိေနတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့အပတ္မွာ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ လက္စတာစီးတီးအသင္းကို ၄-၂ နဲ႔ စိတ္ပ်က္ဖြယ္ ရႈံးနိမ့္ခဲ့ၿပီး အဲဒီပြဲစဥ္က ရႈံးပြဲေၾကာင့္ ပရီးမီးယားလိဂ္ဖလား ေမၽွာ္လင့္ခ်က္ဟာ ျပင္းျပင္းထန္ထန္ ထိုးႏွက္ခံခဲ့ရတာျဖစ္ပါတယ္။ ေပါလ္ မာဆန္က Sky Sports နဲ႔ ေတြ႕ဆုံေျပာဆိုခဲ့ရာမွာ ေနာ္ေဝလူမ်ိဳးနည္းျပဟာ လက္ရွိမွာ ေသးငယ္ၿပီး မျပင္းထန္တဲ့ျပႆနာေတြကို ပိုၿပီး အာ႐ုံစိုက္ေနၿပီး အာဆင္နယ္က ထိပ္ဆုံးေလးေနရာၿပိဳင္ပြဲမွာ ယူနိုက္တက္ကို ေက်ာ္ျဖတ္သြားလိမ့္မယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“သူက မဟုတ္တဲ့ကိစၥကို အာ႐ုံစိုက္ေနတယ္လို႔ ထင္ပါတယ္။ ကၽြန္ေတာ္ ဒီပြဲစဥ္မတိုင္မီကတည္းက ေျပာခဲ့တယ္။ သူသာ နိုဝင္ဘာလကို ျဖတ္ေက်ာ္နိုင္မယ္ဆိုရင္ သူ နည္းျပအျဖစ္ ဆက္ရွိေနဦးမယ္လို႔။ အဲဒါက ကၽြန္ေတာ့္အတြက္ေတာ့ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ဖလားကို အနိုင္ရရွိဖို႔ အခြင့္အေရးရွိတယ္လို႔ အဓိပၸာယ္ရပါတယ္။ ဘာလို႔လဲဆိုေတာ့ နိုဝင္ဘာလထဲက ပြဲစဥ္အခ်ိဳ႕က တုပ္လႈပ္စရာပြဲစဥ္ေတြမို႔လို႔ပါ”

“သူတို႔ေတြ ၁-၀ နဲ႔ ေနာက္ကေန လိုက္ကစားခဲ့ရၿပီး ၿပီးေတာ့ ပြဲက ဟိုလိုဒီလိုျဖစ္ေနခဲ့တာက လက္စတာကို ဆြသလိုျဖစ္ခဲ့တာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ၿပီးေတာ့ သူတို႔ေတြ ဆိုယန္ကူ ဂိုးသြင္းသြားေတာ့ ၂-၁ ျပန္ျဖစ္သြားတယ္။ မန္ခ်က္စတာယူနိုက္တက္က ၂-၁ နဲ႔ ေနာက္ကလိုက္ကစားေနရတဲ့အခ်ိန္မွာ ဆိုးလ္ရွားက မာတစ္ကို ထုတ္ၿပီး မက္ေတာ္မီေနးကို ထည့္ခဲ့တယ္။ ဂိုးသြင္းနိုင္ခဲ့ၿပီး အျမဲတမ္း ၿခိမ္းေျခာက္နိုင္တဲ့ပုံေပၚတဲ့ ဂရင္းဝုဒ္ကို ထုတ္ၿပီး လင္ဂတ္ကို ထည့္ခဲ့တယ္”

“ၿပီးေတာ့ သူတို႔ေတြ ပြဲထဲ ျပန္ဝင္ေရာက္နိုင္ခဲ့တာ အဓိပၸာယ္ရွိၿပီး တစ္ဖက္ ၂ ဂိုးစီ ျဖစ္သြားတယ္။ ဒါေပမယ့္ ေဘာလုံးျပန္တည္ၿပီး ၁၅ စကၠန႔္အၾကာမွာပဲ ၃-၂ နဲ႔ ေနာက္က ျပန္လိုက္ရၿပီး အဲဒါက ၿပီးေတာ့ ဒါကာက ဂိုးသြင္းသြားတယ္။ သူတို႔ေတြက ႐ုန္းကန္ေနရတယ္လို႔ ကၽြန္ေတာ္ ထင္တယ္။ အဲဒါကို ပြဲမတိုင္ခင္ကတည္းက လက္စတာနိုင္မယ္လို႔ ျမင္တယ္ဆိုတဲ့အေၾကာင္း ကၽြန္ေတာ္ ေျပာခဲ့တယ္။ ကၽြန္ေတာ့္အျမင္ကေတာ့ သူတို႔႐ုန္းကန္ေနရတယ္ထင္တယ္။ အာဆင္နယ္က သူတို႔ကိုေက်ာ္ၿပီး ထိပ္ဆုံးေလးရာမွာ ရာသီၿပီးဆုံးနိုင္လိမ့္မယ္လို႔ ထင္တယ္။ ကၽြန္ေတာ္ကေတာ့ ေသခ်ာပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၅ ပြဲမွာ ၁ ပြဲသာ အနိုင္ရရွိထားခဲ့ၿပီး အဲဒီရလဒ္ဆိုးက ဆိုးလ္ရွားရဲ့ နည္းျပရာထူးအတြက္ ၿခိမ္းေျခာက္မႈ ျဖစ္လာေနတာျဖစ္ပါတယ္။ ဒါေပမယ့္ မန္ခ်က္စတာယူနိုက္တက္ဟာ ဒီအေျခအေနနဲ႔ပတ္သက္ၿပီး ေအးေအးေဆးေဆးျဖစ္ေနတယ္လို႔ သတင္းေတြအရ သိရၿပီး ေနာ္ေဝလူမ်ိဳးနည္းျပဟာ အသင္းရဲ့ကံၾကမၼာကို ေျပာင္းလဲပစ္ဖို႔ အခ်ိန္ထပ္မံ ေပးခံရဖြယ္ရွိေနတာျဖစ္ပါတယ္။

အန္တိုနီယို ကြန္တီ၊ ဇီဒန္းတို႔လို နည္းျပေတြက မန္ခ်က္စတာယူနိုက္တက္ နည္းျပေနရာအတြက္ သတင္းေတြ ထြက္ေပၚေနေပမယ့္ ဆိုးလ္ရွားက အနည္းဆုံး ရသေလာက္ေတာ့ မန္ခ်က္စတာယူနိုက္တက္မွာ ဆက္ေနသြားဖို႔ ျပင္ဆင္ထားတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.