Premier League

မယ်လ်မိုနဲ့ပွဲမှာ ကြယ်ပွင့်အများအပြားကို ချန်လှပ်ဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောခဲ့တဲ့ တူဟယ်

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က လူကာကူးဟာ စိတ်ပိုင်းဆိုရာ ပင်ပန်းနွမ်းနယ်နေခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး ပြီးခဲ့တဲ့လတွေမှာ ပွဲတွေ အလွန်အကျွံကစားခဲ့ရတာကြောင့် ဂိုးပေါက်ပျောက်ဆုံးနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လူကာကူးဟာ ယခုနွေရာသီမှာ ချဲလ်ဆီးအသင်းကို အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပထမဆုံး ၄ ပွဲမှာ သွင်းဂိုး ၄ ဂိုးနဲ့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကောင်းမွန်တဲ့အစပြုမှုမျိုး ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၂၈ နှစ်အရွယ်တိုက်စစ်မှူးဟာ အဲဒီ ၄ ပွဲပြီးကတည်းက ချဲလ်ဆီးအသင်းအတွက် ဂိုးမသွင်းယူနိုင်ခဲ့တာ ၆ ပွဲအထိ ရှိလာခဲ့ပြီဖြစ်ပြီး ယခုလ ဘယ်လ်ဂျီယံအသင်းရဲ့ နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ကိုလည်း ကြွက်သားပင်ပန်းနွမ်းနယ်မှုကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိဘဲ လူစာရင်းကနေ စောစောစီးစီး နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

လူကာကူးဟာ ယခုရာသီ ဘယ်လ်ဂျီယံအသင်းအတွက် ၃ ပွဲ ပါဝင်ကစားပေးခဲ့ပြီးဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကုန်မှာ ၇ ပွဲအထိ ပါဝင်ကစားပေးခဲ့တာကြောင့် လက်ရှိမှာ အဲဒီပွဲစဉ်တွေက ပင်ပန်းနွမ်းနယ်မှုတွေရဲ့ နှိပ်စက်ခြင်းကို ခံနေရတာဖြစ်တယ်လို့ တူဟယ်က ယုံကြည်နေတာဖြစ်ပါတယ်။

“အခုအချိန်မှာ လူကာကူးက နည်းနည်း အလွန်အကျွံပွဲကစားခဲ့တယ်လို့ ကျွန်တော် ခံစားရပါတယ်။ သူ လက်ရွေးစင်အသင်းနဲ့ ပြိုင်ပွဲတွေ ကစားတာ အရမ်းများခဲ့တယ်လို့ ထင်ပါတယ်။ သူက ထူးခြားအံ့သြဖွယ် အားကစားသမားတစ်ယောက်ဖြစ်ပြီး အရမ်းကို ယှဉ်ပြိုင်လိုစိတ်ရှိတဲ့သူပါ။ သူ စိတ်ရောကိုယ်ပါ နှစ်ကစားပြီး ဆုဖလားတွေကို အနိုင်ရချင်ပါတယ်”

“သူ ဘယ်လ်ဂျီယံနဲ့အတူ ယူရိုပြိုင်ပွဲနဲ့ နောက်ထပ်တစ်ကြိမ် နေးရှင်းလိဂ်မှာ ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်ပေါ်လာတာကို လိုချင်ခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ်။ သူ့နိုင်ငံအတွက် ကစားပေးဖို့က သူ့အတွက် အရမ်းအဓိပ္ပာယ်ရှိပါတယ်။ အဲဒါက ကောင်းကောင်း အလုပ်မဖြစ်ခဲ့ဘူးဆိုရင် သူ အမြဲတမ်း သူ့ကိုယ်သူ အပြစ်ပုံချတယ်။ သူ အဲဒီအကြောင်းတွေ တွေးတယ်။ သူ အဲဒီဟာတွေကို ပြန်မြင်နေတယ်”

“သူက နည်းနည်း စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေခဲ့တယ်လို့ ခံစားရပါတယ်။ ကျွန်တော့်အမြင်ကတော့ သူ အလွန်အကျွံကစားခဲ့ပါတယ်။ အဲဒါက သူ အနားယူဖို့ လိုအပ်လား ဒါမှမဟုတ် သူ့ကို ကွင်းထဲမှာ ဆက်ထားတာ ပိုကောင်းမလားဆိုတာ ဆုံးဖြတ်ဖို့ ခက်ခဲပါတယ်”

တူဟယ်က ယခုနှစ် လက်ရွေးစင်အသင်းအတွက် ပေးဆပ်ကစားခဲ့တဲ့ရလဒ်အနေနဲ့ ရုန်းကန်နေရတဲ့ကစားသမားတွေဟာ လူကာကူးတစ်ယောက်တည်း မဟုတ်ဘူးလို့ ယုံကြည်နေပြီး “မေဆန် မောင့်နဲ့ ဂျော်ဂျင်ညိုတို့ ရုန်းကန်နေရတာလည်း အဲဒီအတိုင်းပါပဲ။ သူတို့တွေက သူတို့နိုင်ငံတွေအတွက် အများကြီး ထမ်းပိုးထားခဲ့ရတယ်။

သူတို့တွေ အဲဒါကို နှစ်သက်ပြီး သူတို့တွေက ယှဉ်ပြိုင်ချင်သူတွေပါ။ ဒါပေမယ့် ခင်ဗျား တစ်နှစ်ကို ပွဲ ၁၀၀၀ လောက် ကစားရင်တော့ အဲဒါက လေးလံတယ်လို့ ခံစားရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ပြီးခဲ့တဲ့ပွဲစဉ်တွေက စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်တွေက တူဟယ်အနေနဲ့ ချဲလ်ဆီးကို တာဝန်ယူပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ခံစစ် ၃ ဦးကစားကွက်ကို စမ်းသပ်သွားစေနိုင်မလားဆိုတဲ့ ပြောဆိုမှုတွေ ရှိနေပါတယ်။

“နည်းဗျူဟာပြောင်းမယ်နဲ့ မပြောင်းဘူး။ ကျွန်တော်တို့ အဲဒီအကြောင်းကို အမြဲတမ်း တွေးနေပါတယ်။ ဒါပေမယ့် အဲဒါက တကယ်ပဲ နည်းဗျူဟာကျတဲ့အရာလား။ အမြဲတမ်းဂိုးလွယ်လွယ်သွင်းလို့ရတဲ့အသင်းဖြစ်တာထက် ကစားဖို့ ခက်ခဲတဲ့အသင်းဖြစ်ရတာက မကောင်းလို့လား။ ကျွန်တော်တို့ အပြည့်အဝယုံကြည်တဲ့အခါကျရင် ဒီခြေလှမ်းကို လှမ်းနိုင်မှာပါ။ ဒါပေမယ့် ဒီပြိုင်ပွဲက ဟန်ချက်ညီဖို့ပဲဖြစ်ပြီး ကျွန်တော်တို့ ဟန်ချက်ညီမှုကို ရှာတွေ့ခဲ့ပါတယ်။ အဓိကအချက်က ကျွန်တော်တို့ ဆက်ပြီး တက်ကြွနေဖို့ဖြစ်ပြီး ကျွန်တော်တို့ကစားတဲ့ တည်ဆောက်ပုံက အရေးမပါပါဘူး။ ပြီးတော့ ကောင်လေးတွေ ကွင်းထဲမှာ တစ်ယောက်နဲ့တစ်ယောက် ကူညီကြဖို့ပါ”

“ကျွန်တော်တို့ အခွင့်အရေးတွေကို ဘယ်လို တည်ဆောက်ပုံမှာမဆို ဖန်တီးနိုင်ရမယ်။ ကျွန်တော်တို့ တန်ပြန်တိုက်စစ်ကနေ ဂိုးတွေလည်း သွင်းယူနိုင်တယ်။ ခံစစ်အသေပိတ်နေတဲ့ ပြိုင်ဘက်နဲ့ ကစားရရင် အမြဲတမ်း အခွင့်အရေးဖန်တီးနေဖို့ချည်းပဲ မဟုတ်ပါဘူး။ ကျွန်တော်တို့ အဖြေကို ရှာဖွေနေပြီး အဖြေတစ်ခုကတော့ ကစားကွက်ကို ပြောင်းလဲဖို့ ဖြစ်ပြီး တိုက်စစ်ကစားသမား ပိုထည့်ကစားဖို့ပါ။ ကြည့်ကြတာပေ့ါ”လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ယနေ့ညမှာ မယ်လ်မိုအသင်းကို အိမ်ကွင်းမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နောက်လာမယ့်ပွဲစဉ်တွေအဖြစ် နောဝစ်ချ်၊ ဆောက်သမ်တန်၊ နယူးကာဆယ်လ်တို့နဲ့ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းနည္းၿပ ေသာမတ္စ္ တူဟယ္က လူကာကူးဟာ စိတ္ပိုင္းဆိုရာ ပင္ပန္းႏြမ္းနယ္ေနခဲ့တယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီး ၿပီးခဲ့တဲ့လေတြမွာ ပြဲေတြ အလြန္အကၽြံကစားခဲ့ရတာေၾကာင့္ ဂိုးေပါက္ေပ်ာက္ဆုံးေနတာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

လူကာကူးဟာ ယခုေႏြရာသီမွာ ခ်ဲလ္ဆီးအသင္းကို အသင္းစံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၉၇.၅ သန္းနဲ႔ ျပန္လည္ေျပာင္းေရႊ႕ခဲ့တာျဖစ္ၿပီး ပထမဆုံး ၄ ပြဲမွာ သြင္းဂိုး ၄ ဂိုးနဲ႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ေကာင္းမြန္တဲ့အစျပဳမႈမ်ိဳး ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အသက္ ၂၈ ႏွစ္အရြယ္တိုက္စစ္မႉးဟာ အဲဒီ ၄ ပြဲၿပီးကတည္းက ခ်ဲလ္ဆီးအသင္းအတြက္ ဂိုးမသြင္းယူနိုင္ခဲ့တာ ၆ ပြဲအထိ ရွိလာခဲ့ၿပီျဖစ္ၿပီး ယခုလ ဘယ္လ္ဂ်ီယံအသင္းရဲ့ ေနးရွင္းလိဂ္ဆီမီးဖိုင္နယ္ပြဲစဥ္ကိုလည္း ႂကြက္သားပင္ပန္းႏြမ္းနယ္မႈေၾကာင့္ ပါဝင္ကစားေပးနိုင္ျခင္းမရွိဘဲ လူစာရင္းကေန ေစာေစာစီးစီး ႏုတ္ထြက္ခဲ့တာျဖစ္ပါတယ္။

လူကာကူးဟာ ယခုရာသီ ဘယ္လ္ဂ်ီယံအသင္းအတြက္ ၃ ပြဲ ပါဝင္ကစားေပးခဲ့ၿပီးျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီကုန္မွာ ၇ ပြဲအထိ ပါဝင္ကစားေပးခဲ့တာေၾကာင့္ လက္ရွိမွာ အဲဒီပြဲစဥ္ေတြက ပင္ပန္းႏြမ္းနယ္မႈေတြရဲ့ ႏွိပ္စက္ျခင္းကို ခံေနရတာျဖစ္တယ္လို႔ တူဟယ္က ယုံၾကည္ေနတာျဖစ္ပါတယ္။

“အခုအခ်ိန္မွာ လူကာကူးက နည္းနည္း အလြန္အကၽြံပြဲကစားခဲ့တယ္လို႔ ကၽြန္ေတာ္ ခံစားရပါတယ္။ သူ လက္ေရြးစင္အသင္းနဲ႔ ၿပိဳင္ပြဲေတြ ကစားတာ အရမ္းမ်ားခဲ့တယ္လို႔ ထင္ပါတယ္။ သူက ထူးျခားအံ့ၾသဖြယ္ အားကစားသမားတစ္ေယာက္ျဖစ္ၿပီး အရမ္းကို ယွဥ္ၿပိဳင္လိုစိတ္ရွိတဲ့သူပါ။ သူ စိတ္ေရာကိုယ္ပါ ႏွစ္ကစားၿပီး ဆုဖလားေတြကို အနိုင္ရခ်င္ပါတယ္”

“သူ ဘယ္လ္ဂ်ီယံနဲ႔အတူ ယူရိုၿပိဳင္ပြဲနဲ႔ ေနာက္ထပ္တစ္ႀကိမ္ ေနးရွင္းလိဂ္မွာ ေကာင္းမြန္တဲ့ ရလဒ္ေတြ ထြက္ေပၚလာတာကို လိုခ်င္ခဲ့တယ္ဆိုတာ ကၽြန္ေတာ္ သိပါတယ္။ သူ႔နိုင္ငံအတြက္ ကစားေပးဖို႔က သူ႔အတြက္ အရမ္းအဓိပၸာယ္ရွိပါတယ္။ အဲဒါက ေကာင္းေကာင္း အလုပ္မျဖစ္ခဲ့ဘူးဆိုရင္ သူ အျမဲတမ္း သူ႔ကိုယ္သူ အျပစ္ပုံခ်တယ္။ သူ အဲဒီအေၾကာင္းေတြ ေတြးတယ္။ သူ အဲဒီဟာေတြကို ျပန္ျမင္ေနတယ္”

“သူက နည္းနည္း စိတ္ပိုင္းဆိုင္ရာ ပင္ပန္းႏြမ္းနယ္ေနခဲ့တယ္လို႔ ခံစားရပါတယ္။ ကၽြန္ေတာ့္အျမင္ကေတာ့ သူ အလြန္အကၽြံကစားခဲ့ပါတယ္။ အဲဒါက သူ အနားယူဖို႔ လိုအပ္လား ဒါမွမဟုတ္ သူ႔ကို ကြင္းထဲမွာ ဆက္ထားတာ ပိုေကာင္းမလားဆိုတာ ဆုံးျဖတ္ဖို႔ ခက္ခဲပါတယ္”

တူဟယ္က ယခုႏွစ္ လက္ေရြးစင္အသင္းအတြက္ ေပးဆပ္ကစားခဲ့တဲ့ရလဒ္အေနနဲ႔ ႐ုန္းကန္ေနရတဲ့ကစားသမားေတြဟာ လူကာကူးတစ္ေယာက္တည္း မဟုတ္ဘူးလို႔ ယုံၾကည္ေနၿပီး “ေမဆန္ ေမာင့္နဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔ ႐ုန္းကန္ေနရတာလည္း အဲဒီအတိုင္းပါပဲ။ သူတို႔ေတြက သူတို႔နိုင္ငံေတြအတြက္ အမ်ားႀကီး ထမ္းပိုးထားခဲ့ရတယ္။

သူတို႔ေတြ အဲဒါကို ႏွစ္သက္ၿပီး သူတို႔ေတြက ယွဥ္ၿပိဳင္ခ်င္သူေတြပါ။ ဒါေပမယ့္ ခင္ဗ်ား တစ္ႏွစ္ကို ပြဲ ၁၀၀၀ ေလာက္ ကစားရင္ေတာ့ အဲဒါက ေလးလံတယ္လို႔ ခံစားရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ့ ၿပီးခဲ့တဲ့ပြဲစဥ္ေတြက စိတ္ပ်က္ဖြယ္ စြမ္းေဆာင္ရည္ေတြက တူဟယ္အေနနဲ႔ ခ်ဲလ္ဆီးကို တာဝန္ယူၿပီးကတည္းက ပထမဆုံးအႀကိမ္အျဖစ္ ခံစစ္ ၃ ဦးကစားကြက္ကို စမ္းသပ္သြားေစနိုင္မလားဆိုတဲ့ ေျပာဆိုမႈေတြ ရွိေနပါတယ္။

“နည္းဗ်ဴဟာေျပာင္းမယ္နဲ႔ မေျပာင္းဘူး။ ကၽြန္ေတာ္တို႔ အဲဒီအေၾကာင္းကို အျမဲတမ္း ေတြးေနပါတယ္။ ဒါေပမယ့္ အဲဒါက တကယ္ပဲ နည္းဗ်ဴဟာက်တဲ့အရာလား။ အျမဲတမ္းဂိုးလြယ္လြယ္သြင္းလို႔ရတဲ့အသင္းျဖစ္တာထက္ ကစားဖို႔ ခက္ခဲတဲ့အသင္းျဖစ္ရတာက မေကာင္းလို႔လား။ ကၽြန္ေတာ္တို႔ အျပည့္အဝယုံၾကည္တဲ့အခါက်ရင္ ဒီေျခလွမ္းကို လွမ္းနိုင္မွာပါ။ ဒါေပမယ့္ ဒီၿပိဳင္ပြဲက ဟန္ခ်က္ညီဖို႔ပဲျဖစ္ၿပီး ကၽြန္ေတာ္တို႔ ဟန္ခ်က္ညီမႈကို ရွာေတြ႕ခဲ့ပါတယ္။ အဓိကအခ်က္က ကၽြန္ေတာ္တို႔ ဆက္ၿပီး တက္ႂကြေနဖို႔ျဖစ္ၿပီး ကၽြန္ေတာ္တို႔ကစားတဲ့ တည္ေဆာက္ပုံက အေရးမပါပါဘူး။ ၿပီးေတာ့ ေကာင္ေလးေတြ ကြင္းထဲမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ကူညီၾကဖို႔ပါ”

“ကၽြန္ေတာ္တို႔ အခြင့္အေရးေတြကို ဘယ္လို တည္ေဆာက္ပုံမွာမဆို ဖန္တီးနိုင္ရမယ္။ ကၽြန္ေတာ္တို႔ တန္ျပန္တိုက္စစ္ကေန ဂိုးေတြလည္း သြင္းယူနိုင္တယ္။ ခံစစ္အေသပိတ္ေနတဲ့ ၿပိဳင္ဘက္နဲ႔ ကစားရရင္ အျမဲတမ္း အခြင့္အေရးဖန္တီးေနဖို႔ခ်ည္းပဲ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ အေျဖကို ရွာေဖြေနၿပီး အေျဖတစ္ခုကေတာ့ ကစားကြက္ကို ေျပာင္းလဲဖို႔ ျဖစ္ၿပီး တိုက္စစ္ကစားသမား ပိုထည့္ကစားဖို႔ပါ။ ၾကည့္ၾကတာေပ့ါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ယေန႔ညမွာ မယ္လ္မိုအသင္းကို အိမ္ကြင္းမွာ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ေနာက္လာမယ့္ပြဲစဥ္ေတြအျဖစ္ ေနာဝစ္ခ်္၊ ေဆာက္သမ္တန္၊ နယူးကာဆယ္လ္တို႔နဲ႔ ယွဥ္ၿပိဳင္ကစားဖို႔ ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.