Premier League

အာတီတာ မှားယွင်းခဲ့ကြောင်း သက်သေပြဖို့ အခွင့်အရေး ရရှိဖွယ်ရှိနေတဲ့ အိုဇေးလ်

နယူးကာဆယ်လ်အသင်းဟာ အာဆင်နယ်ကွင်းလယ်ဖန်တီးရှင်ဟောင်း မီဆွတ် အိုဇေးလ်ကို လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့အတွက် စဉ်းစားနေတယ်လို့ သတင်းတွေအရ သိရပြီး ဖီနာဘာချီအသင်းမှာ စိတ်ပျက်ဖွယ် ပွဲဦးထွက်ရာသီပိုင်ဆိုင်ခဲ့တဲ့ ဂျာမန်ကွင်းလယ်ကစားသမားကို ကြီးမားတဲ့အပြောင်းအရွှေ့ကို ကစားသမားဘဝ နောက်ဆုံးအကြိမ် ကမ်းလှမ်းသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

ဆော်ဒီအာရေဗျလုပ်ငန်းစုရဲ့ ဝယ်ယူခြင်းကို ခံခဲ့ရတဲ့ နယူးကာဆယ်လ်အသင်းဟာ ကမ္ဘာပေါ်မှာ ငွေကြေးအင်အားအတောင့်တင်းဆုံးကလပ်အသင်းဖြစ်လာခဲ့ပြီးနောက် ဥရောပထိပ်တန်းကစားသမားအများအပြားနဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဂျာမန်ကွင်းလယ်ကစားသမား အိုဇေးလ်ကို ပရီးမီးယားလိဂ်ပြန်လည်ပြောင်းရွှေ့လာဖို့ အခွင့်အရေး ကမ်းလှမ်းသွားမယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

နာမည်ကြီး တူရကီဂျာနယ်လစ် အေ့ခ်ရန် ကိုနုစ်ရဲ့ ပြောကြားချက်အရ အိုဇေးလ်ရဲ့နာမည်ဟာ နယူးကာဆယ်လ်အသင်းရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေတယ်လို့ သိရပြီး ဂျာမနီလက်ရွေးစင်ကွင်းလယ်ကစားသမားဟာ အမ်းမရိတ်စ်မှာ အာတီတာရဲ့ ချောင်ထိုးခြင်းခံခဲ့ရပြီးနောက် ယခုနှစ်အစောပိုင်းမှာ ဖီနာဘာချီအသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းကို အက်ဖ်အေဖလား ၃ ကြိမ် ရရှိအောင် ကူညီပေးခဲ့တဲ့ အိုဇေးလ်ရဲ့ အာဆင်နယ်ကစားသမားဘဝအတွက် စိတ်ပျက်စရာ လမ်းခွဲမှုဖြစ်ခဲ့ပြီး ဂျာမန်ကွင်းလယ်ကစားသမားက ၎င်းရဲ့ တူရကီကလပ်အသင်းကို ပြောင်းရွှေ့မှုဟာ ငယ်ငယ်ကတည်းက အားပေးခဲ့တဲ့အသင်းကို ပြောင်းရွှေ့ခွင့်ရတာကြောင့် အိပ်မက်တွေ တကယ်ဖြစ်လာတာလို့တောင် အတည်လိုလို ရွဲ့သလိုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အိုဇေးလ်ရဲ့ အစ္စတန်ဘူလ်က အချိန်တွေဟာ လက်ရှိအချိန်အထိ စိတ်ပျက်စရာဖြစ်နေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ စူပါလိဂ်မှာ ၁၀ ပွဲသာ ပါဝင်ကစားပေးခဲ့ရပြီး ဖီနာဘာချီအသင်းကလည်း အမှတ်ပေးဇယားထိပ်ဆုံးကနေ အဆင့် ၃ အထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကြယ်ပွင့်ဟောင်းဟာ ဖီနာဘာချီအတွက် ပါဝင်ကစားပေးခဲ့ရတဲ့ ၁၀ ပွဲစလုံးမှာ ဂိုးပေါက်ပျောက်ဆုံးနေခဲ့ပြီး ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်ပေးနိုင်ခဲ့ပေမယ့် လက်ရှိ ၂၀၂၁-၂၀၂၂ ရာသီမှာတော့ ပြိုင်ပွဲစုံ သွင်းဂိုး ၃ ဂိုး သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး ၎င်းရဲ့ ကျန်တဲ့စွမ်းဆောင်ရည်တွေအားလုံးကလည်း တိုးတက်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နယူးကာဆယ်လ်အသင်းဟာ အာဆင်နယ်ဂိုးဖန်တီးမှုဘုရင်ဟောင်းဟာ ပရီးမီးယားလိဂ်ကို ပြန်လာချင်တဲ့ ဆန္ဒရှိနေလိမ့်မယ်လို့ မျှော်လင့်နေတာဖြစ်ပြီး အသက် ၃၃ နှစ်အရွယ် ကစားသမားဟာ ၎င်းရဲ့ကစားသမားဘဝ နောက်ဆုံးကာလကို ဥရောပရဲ့အဓိကလိဂ်တစ်ခုမှာ ကုန်ဆုံးနိုင်မယ့် အလားအလာနဲ့ ခေါ်ယူဖို့ ကြိုးပမ်းခြင်းခံရတော့မှာဖြစ်ပါတယ်။

အခု စဉ်းစားထားတဲ့အရာတွေအားလုံးကို ခြုံကြည့်ရရင် ဒီအပြောင်းအရွှေ့ဟာ ဖြစ်လာဖို့ များနေတယ်ဆိုပေမယ့်လည်း အိုဇေးလ်အနေနဲ့ တူရကီကို ရောက်ရှိခဲ့ပြီးနောက် အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ဖို့ အင်္ဂလန်ကို ပြန်လည်ပြောင်းရွှေ့ချင်တဲ့ ဆန္ဒရှိ၊ မရှိနဲ့ နယူးကာဆယ်လ်အသင်းနည်းပြသစ်ဖြစ်လာမယ့်သူက ဂျာမန်ကွင်းလယ်လူကို အသင်းမှာ ရှိစေချင်ပါ့မလားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေတာဖြစ်ပါတယ်။

နယူးကာဆယ်လ်အသင်းဟာ လက်ရှိမှာတော့ တန်းဆင်းဇုန်တိုက်ပွဲထဲမှာ ရှိနေပြီး အာဆင်နယ်ကြယ်ပွင့်ဟောင်းဟာ ဒီလိုအနေအထားမျိုးရှိနေတဲ့ အသင်းမျိုးမှာ ကစားရမယ့် အနေအထားမဟုတ်ဘူးလို့ ငြင်းခုန်စရာ ရှိနေသလို ဘောလုံးလောကမှာ ဘာကိုမှ ကြိုပြောထားလို့မရဘူးဆိုပေမယ့် ၂၀၂၂ ခုနှစ်မှာ ငှက်ကျားအသွင်အပြင်နဲ့ တချိန်က ဂိုးဖန်တီးမှုဘုရင်ကို မြင်တွေ့ရမယ်ဆိုရင်တော့ တော်တော်လေး အံ့အားသင့်စရာဖြစ်လိမ့်မယ်လို့ ဆိုရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:နယူးကာဆယ္လ္အသင္းဟာ အာဆင္နယ္ကြင္းလယ္ဖန္တီးရွင္ေဟာင္း မီဆြတ္ အိုေဇးလ္ကို လာမယ့္ဇန္နဝါရီ အေျပာင္းအေရႊ႕ကာလမွာ ေခၚယူဖို႔အတြက္ စဥ္းစားေနတယ္လို႔ သတင္းေတြအရ သိရၿပီး ဖီနာဘာခ်ီအသင္းမွာ စိတ္ပ်က္ဖြယ္ ပြဲဦးထြက္ရာသီပိုင္ဆိုင္ခဲ့တဲ့ ဂ်ာမန္ကြင္းလယ္ကစားသမားကို ႀကီးမားတဲ့အေျပာင္းအေရႊ႕ကို ကစားသမားဘဝ ေနာက္ဆုံးအႀကိမ္ ကမ္းလွမ္းသြားဖြယ္ရွိေနတာျဖစ္ပါတယ္။

ေဆာ္ဒီအာေရဗ်လုပ္ငန္းစုရဲ့ ဝယ္ယူျခင္းကို ခံခဲ့ရတဲ့ နယူးကာဆယ္လ္အသင္းဟာ ကမၻာေပၚမွာ ေငြေၾကးအင္အားအေတာင့္တင္းဆုံးကလပ္အသင္းျဖစ္လာခဲ့ၿပီးေနာက္ ဥေရာပထိပ္တန္းကစားသမားအမ်ားအျပားနဲ႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ဂ်ာမန္ကြင္းလယ္ကစားသမား အိုေဇးလ္ကို ပရီးမီးယားလိဂ္ျပန္လည္ေျပာင္းေရႊ႕လာဖို႔ အခြင့္အေရး ကမ္းလွမ္းသြားမယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

နာမည္ႀကီး တူရကီဂ်ာနယ္လစ္ ေအ့ခ္ရန္ ကိုႏုစ္ရဲ့ ေျပာၾကားခ်က္အရ အိုေဇးလ္ရဲ့နာမည္ဟာ နယူးကာဆယ္လ္အသင္းရဲ့ ပစ္မွတ္စာရင္းထဲမွာ ပါဝင္ေနတယ္လို႔ သိရၿပီး ဂ်ာမနီလက္ေရြးစင္ကြင္းလယ္ကစားသမားဟာ အမ္းမရိတ္စ္မွာ အာတီတာရဲ့ ေခ်ာင္ထိုးျခင္းခံခဲ့ရၿပီးေနာက္ ယခုႏွစ္အေစာပိုင္းမွာ ဖီနာဘာခ်ီအသင္းကို ေျပာင္းေရႊ႕သြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းကို အက္ဖ္ေအဖလား ၃ ႀကိမ္ ရရွိေအာင္ ကူညီေပးခဲ့တဲ့ အိုေဇးလ္ရဲ့ အာဆင္နယ္ကစားသမားဘဝအတြက္ စိတ္ပ်က္စရာ လမ္းခြဲမႈျဖစ္ခဲ့ၿပီး ဂ်ာမန္ကြင္းလယ္ကစားသမားက ၎ရဲ့ တူရကီကလပ္အသင္းကို ေျပာင္းေရႊ႕မႈဟာ ငယ္ငယ္ကတည္းက အားေပးခဲ့တဲ့အသင္းကို ေျပာင္းေရႊ႕ခြင့္ရတာေၾကာင့္ အိပ္မက္ေတြ တကယ္ျဖစ္လာတာလို႔ေတာင္ အတည္လိုလို ရြဲ႕သလိုလို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အိုေဇးလ္ရဲ့ အစၥတန္ဘူလ္က အခ်ိန္ေတြဟာ လက္ရွိအခ်ိန္အထိ စိတ္ပ်က္စရာျဖစ္ေနဆဲျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီ စူပါလိဂ္မွာ ၁၀ ပြဲသာ ပါဝင္ကစားေပးခဲ့ရၿပီး ဖီနာဘာခ်ီအသင္းကလည္း အမွတ္ေပးဇယားထိပ္ဆုံးကေန အဆင့္ ၃ အထိ က်ဆင္းသြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ၾကယ္ပြင့္ေဟာင္းဟာ ဖီနာဘာခ်ီအတြက္ ပါဝင္ကစားေပးခဲ့ရတဲ့ ၁၀ ပြဲစလုံးမွာ ဂိုးေပါက္ေပ်ာက္ဆုံးေနခဲ့ၿပီး ဂိုးဖန္တီးမႈ ၁ ႀကိမ္သာ ျပဳလုပ္ေပးနိုင္ခဲ့ေပမယ့္ လက္ရွိ ၂၀၂၁-၂၀၂၂ ရာသီမွာေတာ့ ၿပိဳင္ပြဲစုံ သြင္းဂိုး ၃ ဂိုး သြင္းယူထားနိုင္ခဲ့ၿပီျဖစ္ၿပီး ၎ရဲ့ က်န္တဲ့စြမ္းေဆာင္ရည္ေတြအားလုံးကလည္း တိုးတက္လာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း နယူးကာဆယ္လ္အသင္းဟာ အာဆင္နယ္ဂိုးဖန္တီးမႈဘုရင္ေဟာင္းဟာ ပရီးမီးယားလိဂ္ကို ျပန္လာခ်င္တဲ့ ဆႏၵရွိေနလိမ့္မယ္လို႔ ေမၽွာ္လင့္ေနတာျဖစ္ၿပီး အသက္ ၃၃ ႏွစ္အရြယ္ ကစားသမားဟာ ၎ရဲ့ကစားသမားဘဝ ေနာက္ဆုံးကာလကို ဥေရာပရဲ့အဓိကလိဂ္တစ္ခုမွာ ကုန္ဆုံးနိုင္မယ့္ အလားအလာနဲ႔ ေခၚယူဖို႔ ႀကိဳးပမ္းျခင္းခံရေတာ့မွာျဖစ္ပါတယ္။

အခု စဥ္းစားထားတဲ့အရာေတြအားလုံးကို ျခဳံၾကည့္ရရင္ ဒီအေျပာင္းအေရႊ႕ဟာ ျဖစ္လာဖို႔ မ်ားေနတယ္ဆိုေပမယ့္လည္း အိုေဇးလ္အေနနဲ႔ တူရကီကို ေရာက္ရွိခဲ့ၿပီးေနာက္ အသင္းေဟာင္းနဲ႔ ျပန္လည္ရင္ဆိုင္ဖို႔ အဂၤလန္ကို ျပန္လည္ေျပာင္းေရႊ႕ခ်င္တဲ့ ဆႏၵရွိ၊ မရွိနဲ႔ နယူးကာဆယ္လ္အသင္းနည္းျပသစ္ျဖစ္လာမယ့္သူက ဂ်ာမန္ကြင္းလယ္လူကို အသင္းမွာ ရွိေစခ်င္ပါ့မလားဆိုတဲ့ ေမးခြန္းေတြလည္း ရွိေနတာျဖစ္ပါတယ္။

နယူးကာဆယ္လ္အသင္းဟာ လက္ရွိမွာေတာ့ တန္းဆင္းဇုန္တိုက္ပြဲထဲမွာ ရွိေနၿပီး အာဆင္နယ္ၾကယ္ပြင့္ေဟာင္းဟာ ဒီလိုအေနအထားမ်ိဳးရွိေနတဲ့ အသင္းမ်ိဳးမွာ ကစားရမယ့္ အေနအထားမဟုတ္ဘူးလို႔ ျငင္းခုန္စရာ ရွိေနသလို ေဘာလုံးေလာကမွာ ဘာကိုမွ ႀကိဳေျပာထားလို႔မရဘူးဆိုေပမယ့္ ၂၀၂၂ ခုႏွစ္မွာ ငွက္က်ားအသြင္အျပင္နဲ႔ တခ်ိန္က ဂိုးဖန္တီးမႈဘုရင္ကို ျမင္ေတြ႕ရမယ္ဆိုရင္ေတာ့ ေတာ္ေတာ္ေလး အံ့အားသင့္စရာျဖစ္လိမ့္မယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.