Match Report Premier League UCL&UEL

PSG မနိုင်တဲ့ ကလပ်ဘရုဂျ်ကို သာသာယာယာ အခွံနွှာစားပြခဲ့တဲ့ ပက်ပ်ရဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာလည်း သူတို့ရဲ့ False 9 ၄-၃-၃ ကစားကွက်နဲ့ပဲ ပွဲထွက်လာခဲ့သလို တိုက်စစ်မှာ ဖိုဒန်၊ ဂရီးလစ်ရှ်နဲ့ မာရက်ဇ်တို့ကို တင်ကစားခဲ့ပြီး ကွင်းလယ်မှာတော့ ဒီဘရိုင်းနားကို ဘာနာဒို ဆေးလ်ဗား၊ ရိုဒရီတို့နဲ့ ရံကစားပေးခဲ့ချိန်မှာ ခံစစ်မှာတော့ လာပေါ့တ်၊ ဒီယက်စ်၊ ကန်ဆယ်လိုနဲ့ ဝေါ်လ်ကာတို့ ကစားခဲ့ကြပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဂရီးလစ်ရှ် ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဘောလုံးရယူစဉ်မှာ ကလပ်ဘရုဂျ်နောက်ခံလူ မာတာကို တွန်းခဲ့လို့ ပြစ်ဒဏ်ဘောအဖြစ် ပယ်ဖျက်ခံခဲ့ရသလို ပွဲချိန် ၁၃ မိနစ်မှာလည်း ဖရီးကစ်ကနေ ရိုဒရီ ပိတ်သွင်းနိုင်ခဲ့ပေမယ့် ဖြတ်တင်ပေးတဲ့ လာပေါ့တ် လူကျွံနေလို့ မန်စီးတီးတို့ အဖွင့်ဂိုးနဲ့ ဝေးနေခဲ့ရတာပါ။

ပွဲချိန်မိနစ် ၃၀ မှာတော့ အဆုံးသတ်မှုတွေမှာ တစ်ချိန်လုံး လွဲချော်နေလို့ နောက်ဘက် ဆင်းကစားလာတဲ့ ဖိုဒန်က ကွင်းလယ်ကနေ ကန်တင်ပေးခဲ့ရာမှာ ကလပ်ဘရုဂျ်နောက်ခံလူနှစ်ယောက်ကြားကနေ ပြေးထွက်ရယူခဲ့တဲ့ ကန်ဆယ်လိုက ဂိုးသမား မစ်နိုလက်နဲ့ အတွေ့မှာ ပေါင်ကြားကနေ ထိုးထည့်လိုက်နိုင်လို့ မန်ချက်စတာစီးတီးတို့ စတင်ဦးဆောင်ခဲ့ပါတယ်။

ပွဲချိန် ၄၃ မိနစ်မှာတော့ တစ်ဖက်ဧရိယာထဲ ဆွဲဝင်ဖို့ ကြိုးစားတဲ့ မာရက်ဇ်ကို ကလပ်ဘရုဂျ်နောက်ခံလူ အန်ဆိုကီက ခြေချိတ်လှဲခဲ့မိတာကြောင့် ပင်နယ်တီပေးခဲ့ရပြီး ဒီအခွင့်အရေးကိုတော့ အယ်လ်ဂျီးရီးယားတောင်ပံကစားသမားက သူကိုယ်တိုင်ပဲ ကန်သွင်းခဲ့ရာမှာ ဂိုးသမား မစ်နိုလက် ဒိုက်ပစ်တဲ့ ဘက်နဲ့ ဆန့်ကျင်ဘက်ကို ဝင်သွားခဲ့လို့ ပထမပိုင်းကို စီးတီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

စီးတီးတို့အနေနဲ့ ပထမပိုင်းမှာ ဒီဘရိုင်းနား၊ မာရက်ဇ်နဲ့ ဖိုဒန်တို့ အခွင့်အရေးတွေကို တော်တော်လေး ဖြုန်းတီးခဲ့ကြတာကို တွေ့ရပြီး ဒုတိယပိုင်းမှာလည်း သိပ်ပြီး တိုးတက်လာခြင်းမရှိလို့ တိုက်စစ်မှူးစစ်စစ်တစ်ယောက်ကို လွမ်းချင်းချရမလိုဖြစ်ခဲ့ရသလို နည်းပြ ဂွါဒီယိုလာအနေနဲ့ ဆောင်းရာသီမှာ လှုပ်ရှားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ပွဲချိန် ၅၃ မိနစ်မှာတော့ တိုက်စစ်ကလူတွေ အလုပ်မဖြစ်တဲ့ ပြဿနာကို နောက်ခံလူ ဝေါ်လ်ကာက ဖြေရှင်းပေးခဲ့သလို တောင်ပံကနေ မာရက်ဇ် အထဲပြန်ထည့်ပေးတာကို ဒီဘရိုင်းနားက Inverted Full Back အဖြစ် ပြေးတက်လာခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်ရဲ့ ပြေးလမ်းကြောင်းထဲ ထည့်ပေးခဲ့ရာမှာ သူက အဝေးတိုင်ဘက်ကို အနိမ့်ဘောကန်သွင်းပြီး တတိယဂိုး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၇ မိနစ်မှာတော့ ဒီဘရိုင်နားအစား ဝင်လာခဲ့တဲ့ လူငယ်ကွင်းလယ်လူ ပါးလ်မားက ဖိုဒန်အစား ဝင်လာခဲ့တဲ့ စတာလင်ရဲ့ ဘယ်ခြမ်းက ပေးပို့မှုကို မာရက်ဇ်ရဲ့ ဆွဲခေါ်မှုကြောင့် ဖွဲ့စည်းပုံပျက်နေခဲ့တဲ့ ကလပ်ဘရုဂျ်နောက်တန်းကြားကနေ အပိုင်ကန်သွင်းယူသွားနိုင်ခဲ့လို့ စီးတီးတို့ စတုတ္ထဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အခွင့်အရေးတွေကို ဖြုန်းတီးခဲ့တဲ့ ဂွန်ဒိုးဝမ်နဲ့ စတာလင်တို့ရဲ့ ကန်ချက်တွေ လွဲချော်ခဲ့ပြီး ပွဲချိန် ၈၁ မိနစ်မှာတော့ ညာတောင်ပံကနေ လူစားဝင်အသင်းခေါင်းဆောင် ဗွမ်မာရဲ့ ဖြတ်တင်ဘောကို လက်ထောက်အသင်းခေါင်းဆောင် ဗာနာကင်က အနီးကပ်ကန်သွင်းပြီး ကလပ်ဘရုဂျ်တို့အတွက် ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

သုံးမိနစ်အကြာ ပွဲချိန် ၈၄ မိနစ်မှာတော့ စီးတီးတို့ ပဉ္စမဂိုးထပ်မံရရှိခဲ့ပြီး ကွင်းလယ်ကနေ ဖာနန်ဒင်ညို ကန်တင်ပေးလိုက်တာကို လူကျွံဘော ဖမ်းတဲ့ ကလပ်ဘရုဂျ်ရဲ့ မပီပြင်မှုကို အခွင့်ကောင်းယူပြီး ပြေးထွက်သွားခဲ့တဲ့ မာရက်ဇ်က ဂိုးသမား မစ်နိုလက်နဲ့ တစ်ယောက်ချင်းအတွေ့မှာ အပိုင်ကန်ပြီး ပွဲကို လှလှပပ သိမ်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ စီးတီးတို့ ကစားအားချပြီး ထိန်းချုပ်သွားခဲ့တာကြောင့် မိနစ် ၉၀ အပြည့်မှာ ငါးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံခဲ့သလို ဘယ်လ်ဂျီယမ်မြေမှာ ပီအက်စ်ဂျီတို့ အနိုင်မရခဲ့တဲ့ ကလပ်ဘရုဂျ်ကို အနိုင်ရရှိခဲ့ပြီး အုပ်စု(A)ရဲ့ ပထမနေရာအတွက် ပြင်သစ်အင်အားကြီးအသင်းကို အိမ်ကွင်းမှာ ပြန်လည်ဧည့်ခံပြီး ကျော်တက်နိုင်ဖို့အတွက် ရေခံမြေခံကောင်းသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာလည်း သူတို့ရဲ့ False 9 ၄-၃-၃ ကစားကွက်နဲ့ပဲ ပွဲထွက်လာခဲ့သလို တိုက်စစ်မှာ ဖိုဒန်၊ ဂရီးလစ်ရှ်နဲ့ မာရက်ဇ်တို့ကို တင်ကစားခဲ့ပြီး ကွင်းလယ်မှာတော့ ဒီဘရိုင်းနားကို ဘာနာဒို ဆေးလ်ဗား၊ ရိုဒရီတို့နဲ့ ရံကစားပေးခဲ့ချိန်မှာ ခံစစ်မှာတော့ လာပေါ့တ်၊ ဒီယက်စ်၊ ကန်ဆယ်လိုနဲ့ ဝေါ်လ်ကာတို့ ကစားခဲ့ကြပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဂရီးလစ်ရှ် ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဘောလုံးရယူစဉ်မှာ ကလပ်ဘရုဂ်ျနောက်ခံလူ မာတာကို တွန်းခဲ့လို့ ပြစ်ဒဏ်ဘောအဖြစ် ပယ်ဖျက်ခံခဲ့ရသလို ပွဲချိန် ၁၃ မိနစ်မှာလည်း ဖရီးကစ်ကနေ ရိုဒရီ ပိတ်သွင်းနိုင်ခဲ့ပေမယ့် ဖြတ်တင်ပေးတဲ့ လာပေါ့တ် လူကျွံနေလို့ မန်စီးတီးတို့ အဖွင့်ဂိုးနဲ့ ဝေးနေခဲ့ရတာပါ။

ပွဲချိန်မိနစ် ၃၀ မှာတော့ အဆုံးသတ်မှုတွေမှာ တစ်ချိန်လုံး လွဲချော်နေလို့ နောက်ဘက် ဆင်းကစားလာတဲ့ ဖိုဒန်က ကွင်းလယ်ကနေ ကန်တင်ပေးခဲ့ရာမှာ ကလပ်ဘရုဂ်ျနောက်ခံလူနှစ်ယောက်ကြားကနေ ပြေးထွက်ရယူခဲ့တဲ့ ကန်ဆယ်လိုက ဂိုးသမား မစ်နိုလက်နဲ့ အတွေ့မှာ ပေါင်ကြားကနေ ထိုးထည့်လိုက်နိုင်လို့ မန်ချက်စတာစီးတီးတို့ စတင်ဦးဆောင်ခဲ့ပါတယ်။

ပွဲချိန် ၄၃ မိနစ်မှာတော့ တစ်ဖက်ဧရိယာထဲ ဆွဲဝင်ဖို့ ကြိုးစားတဲ့ မာရက်ဇ်ကို ကလပ်ဘရုဂ်ျနောက်ခံလူ အန်ဆိုကီက ခြေချိတ်လှဲခဲ့မိတာကြောင့် ပင်နယ်တီပေးခဲ့ရပြီး ဒီအခွင့်အရေးကိုတော့ အယ်လ်ဂျီးရီးယားတောင်ပံကစားသမားက သူကိုယ်တိုင်ပဲ ကန်သွင်းခဲ့ရာမှာ ဂိုးသမား မစ်နိုလက် ဒိုက်ပစ်တဲ့ ဘက်နဲ့ ဆန့်ကျင်ဘက်ကို ဝင်သွားခဲ့လို့ ပထမပိုင်းကို စီးတီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။



ပွဲချိန် ၆၇ မိနစ်မှာတော့ ဒီဘရိုင်နားအစား ဝင်လာခဲ့တဲ့ လူငယ်ကွင်းလယ်လူ ပါးလ်မားက ဖိုဒန်အစား ဝင်လာခဲ့တဲ့ စတာလင်ရဲ့ ဘယ်ခြမ်းက ပေးပို့မှုကို မာရက်ဇ်ရဲ့ ဆွဲခေါ်မှုကြောင့် ဖွဲ့စည်းပုံပျက်နေခဲ့တဲ့ ကလပ်ဘရုဂ်ျနောက်တန်းကြားကနေ အပိုင်ကန်သွင်းယူသွားနိုင်ခဲ့လို့ စီးတီးတို့ စတုတ္ထဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အခွင့်အရေးတွေကို ဖြုန်းတီးခဲ့တဲ့ ဂွန်ဒိုးဝမ်နဲ့ စတာလင်တို့ရဲ့ ကန်ချက်တွေ လွဲချော်ခဲ့ပြီး ပွဲချိန် ၈၁ မိနစ်မှာတော့ ညာတောင်ပံကနေ လူစားဝင်အသင်းခေါင်းဆောင် ဗွမ်မာရဲ့ ဖြတ်တင်ဘောကို လက်ထောက်အသင်းခေါင်းဆောင် ဗာနာကင်က အနီးကပ်ကန်သွင်းပြီး ကလပ်ဘရုဂ်ျတို့အတွက် ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

သုံးမိနစ်အကြာ ပွဲချိန် ၈၄ မိနစ်မှာတော့ စီးတီးတို့ ပဉ္စမဂိုးထပ်မံရရှိခဲ့ပြီး ကွင်းလယ်ကနေ ဖာနန်ဒင်ညို ကန်တင်ပေးလိုက်တာကို လူကျွံဘော ဖမ်းတဲ့ ကလပ်ဘရုဂ်ျရဲ့ မပီပြင်မှုကို အခွင့်ကောင်းယူပြီး ပြေးထွက်သွားခဲ့တဲ့ မာရက်ဇ်က ဂိုးသမား မစ်နိုလက်နဲ့ တစ်ယောက်ချင်းအတွေ့မှာ အပိုင်ကန်ပြီး ပွဲကို လှလှပပ သိမ်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ စီးတီးတို့ ကစားအားချပြီး ထိန်းချုပ်သွားခဲ့တာကြောင့် မိနစ် ၉၀ အပြည့်မှာ ငါးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံခဲ့သလို ဘယ်လ်ဂျီယမ်မြေမှာ ပီအက်စ်ဂျီတို့ အနိုင်မရခဲ့တဲ့ ကလပ်ဘရုဂ်ျကို အနိုင်ရရှိခဲ့ပြီး အုပ်စု(A)ရဲ့ ပထမနေရာအတွက် ပြင်သစ်အင်အားကြီးအသင်းကို အိမ်ကွင်းမှာ ပြန်လည်ဧည့်ခံပြီး ကျော်တက်နိုင်ဖို့အတွက် ရေခံမြေခံကောင်းသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.