Ligue1 Match Report UCL&UEL

မက်ဆီရဲ့ ဟက်ထရစ်ရခွင့်ကို မပေးဘဲ ပင်နယ်တီလွဲတဲ့ အမ်ဘာပေနဲ့ PSG ရဲ့ Come Back Win

ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့မှာ တိုက်စစ်ဦးစားပေးတဲ့ လူစာရင်းကို ထုတ်သုံးလာခဲ့ပြီး 4-3-3 ပုံစံ ကစားကွက်မှာ ရှေ့တန်းမှာ မက်ဆီ၊ အမ်ဘာပေနဲ့ ဒရက်ဆလာတို့ကို သုံးစွဲခဲ့သလို ဒီမာရီယာနဲ့ နေမာတို့အစား ကွင်းလယ်ကို ဗာရက်တီ၊ ဟာရဲရားတို့နဲ့ အခြေပြုခဲ့ပြီး စုဖွဲ့မှုနဲ့ လုပ်အားနှုန်းကောင်းတဲ့ RB လိုက်ပ်ဇစ်ကို ထိန်းချုပ်နိုင်ဖို့ နည်းပြ ပိုချက်တီနိုက ပြင်ဆင်လာခဲ့ပါတယ်။

လိုက်ပ်ဇစ်တို့ကတော့ သူတို့ရဲ့ စုဖွဲ့မှုကောင်းပြီး ကောင်တာတွေ မြန်ဆန်တဲ့ 3-5-2 ကစားကွက်ကိုပဲ သုံးခဲ့ပြီး အန်ဒရီ ဆေးလ်ဗားကို ရှေ့တင်ပြီး အန်ကွန်ကူးက နောက်က လိုက်ကစားခဲ့တဲ့ ကစားကွက်မှာ ပီအက်စ်ဂျီကို ဖိအားပေးနိုင်ခဲ့သလို စောစောစီးစီးမှာပဲ ဂိုးသမား ကီလော် နာဗက်စ် နှစ်ကြိမ်လောက် ကာကွယ်သွားခဲ့ရတာပါ။

ပွဲချိန် ၉ မိနစ်မှာ ပီအက်စ်ဂျီတို့ ဂိုးစရခဲ့ပြီး ခံစစ်ကနေ ကန်တင်လိုက်တဲ့ ဘောလုံးကို ဒရက်ဆလာက အမြန်ဆုံး ရှေ့ကို ခင်းပေးခဲ့ရာမှာ တိုက်စစ်မှူး အမ်ဘာပေက ဆွဲပြေးပြီး လိုက်ပ်ဇစ်နောက်ခံလူ အော်ဘန်ကို တစ်ဦးချင်း ကျော်ဖြတ်ပြီး ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဂူလာချီရဲ့ ညာဘက် အနီးတိုင်ထောင့်ကို ခပ်ပြင်းပြင်း အဆုံးသတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာတော့ လိုက်ပ်ဇစ်တို့ ပင်နယ်တီရနိုင်တဲ့ အခွင့်အရေးကို ငြင်းပယ်ခံခဲ့ရပြီး ပွဲချိန် ၂၈ မိနစ်မှာတော့ စောစောပိုင်းက တိုင်ထိထားတဲ့ အန်ဒရီ ဆေးလ်ဗားက ဘယ်တောင်ပံကနေ အန်ဟဲလီညိုရဲ့ ကွက်တိဖန်တီးပေးတဲ့ ဖြတ်တင်ဘောကို အနီးတိုင်ဘက်ကနေ ပိတ်သွင်းပြီး ဂျာမန်ကလပ်အတွက် ပြန်လည်ချေပေးခဲ့တာပါ။

ဘာစီလိုနာနဲ့ ပီအက်စ်ဂျီကစားသမားဟောင်း ရော်နယ်လ်ဒင်ညို လာရောက်ကြည့်ရှုခဲ့တဲ့ပွဲမှာ အိမ်ရှင်တို့ရဲ့ ခံစစ်ကတော့ တော်တော်လေး အပျောက်အကျားများခဲ့တာကို တွေ့ရပြီး မားကင်ညို့စ်ရဲ့ ခြေမှန်မရှိချိန်မှာ ဒိုင်လူကြီးသက်ညှာလို့ ပင်နယ်တီတွေ မပေးခဲ့ရတာဖြစ်သလို လိုက်ပ်ဇစ်တို့ရဲ့ အဆုံးသတ်တွေကလည်း လွဲချော်နေခဲ့လို့ ပထမပိုင်းမှာတော့ ပွဲက သိပ်ကြည့်မကောင်းခဲ့ဘဲ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ပီအက်စ်ဂျီတို့ ပိုဖိကစားခဲ့ပေမယ့် လိုက်ပ်ဇစ်တို့အနေနဲ့ မက်ဆီအတွင်းကို ဆွဲပြီး ကန်ခွင့်မရအောင် သတိထားပိတ်ဆို့ခဲ့သလို တန်ပြန်တိုက်စစ်တွေနဲ့ ပြန်လည်ခြိမ်းခြောက်ခဲ့ပြီး ပွဲချိန် ၅၇ မိနစ်မှာတော့ ဘယ်ခြမ်းက အန်ဟဲလီညို ဖြတ်တင်ပေးတာကိုပဲ ညာနောက်ခံလူ မူကီလီက ကင်ပမ်ဘီနဲ့ နူနို မန်ဒက်စ်တို့ကြားက ပြေးထွက်ပြီး အနီးကပ် ပိတ်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ နောက်က လိုက်ကစားခဲ့ရတာပါ။

ပိုချက်တီနိုကတော့ အခြေအနေကို ထိန်းသိမ်းဖို့ သူလုပ်တတ်သလောက် အသင်းကို ပြောင်းလဲခဲ့ပြီး ဟာရဲရားအစား ဗိုင်နယ်လ်ဒွမ်နဲ့ ဂေးယီအစား ဒါနီလို ပါရဲရားတို့ကို လူစားလဲခဲ့ပြီး ကံကောင်းမှုနဲ့အတူ ပွဲချိန် ၆၇ မိနစ်မှာတော့ တိုင်လာ အက်ဒမ်စ်ရဲ့ နောက်ပြန်ပေးမှု အမှားကနေ အမ်ဘာပေက ရယူသွားခဲ့ပြီး အတွင်းကို ချိုးပေးခဲ့ရာမှာ မက်ဆီက လိုက်ပ်ဇ်နောက်ခံလူ နှစ်ယောက်ကြားကနေ ကန်သွင်းပြီး ချေပဂိုး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ လိုက်ပ်ဇစ်ရဲ့ ပင်နယ်တီရနိုင်ခွင့်တွေကို ငြင်းပယ်ထားခဲ့တဲ့ အီတလီဒိုင် ဂီဒါက အမ်ဘာပေ ထိရုံနဲ့ လဲကျခဲ့တာကို ပင်နယ်တီ သတ်မှတ်ပေးသွားခဲ့ပြီး အိမ်ရှင်တွေကို မျက်နှာသာပေးသွားခဲ့ချိန်မှာ ရရှိခဲ့တဲ့ အခွင့်အရေးကိုတော့ မက်ဆီက ပါနင်ကာကန်ချက်နဲ့ ကန်သွင်းပြီး ဂိုးသမား ဂူလာချီကို အနိုင်ယူနိုင်ခဲ့လို့ သုံးဂိုး-နှစ်ဂိုးနဲ့ ပီအက်စ်ဂျီတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာလည်း မျက်နှာသာရတဲ့ ပီအက်စ်ဂျီတို့ ခပ်ပျော့ပျော့ ပင်နယ်တီတစ်လုံးကို VAR ဆီက လက်ဆောင်ထပ်ရခဲ့ပြန်ပြီး မက်ဆီရဲ့ ဟက်ထရစ်ရနိုင်တဲ့ အခွင့်အရေးဖြစ်ခဲ့ပေမယ့် အမ်ဘာပေက ကန်သွင်းရာမှာ ဂိုးဘားပေါ် ကျော်သွားခဲ့လို့ ပြတ်သားတဲ့ နိုင်ပွဲမဖြစ်ခဲ့ဘဲ ပွဲချိန်အပြည့်မှာ သုံးဂိုး-နှစ်ဂိုးနဲ့ပဲ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

ဟက်ထရစ်မရခဲ့တဲ့ မက်ဆီကတော့ ပီအက်စ်ဂျီကို နိုင်ပွဲရယူပေးနိုင်ခဲ့သလို အမ်ဘာပေကလည်း ပင်နယ်တီလွဲခဲ့ပေမယ့် အဖွင့်ဂိုးရယူနိုင်ခဲ့သလို မက်ဆီအတွက် နှစ်ဂိုးစလုံးမှာ ဖန်တီးပေးနိုင်ခဲ့တာကြောင့် ဒီနေ့ပွဲက ပိုချက်တီနိုအတွက်တော့ အပေါင်းလက္ခဏာဆောင်ခဲ့ပေမယ့် အာဂျင်တီးနားသားနည်းပြရဲ့ ဗျူဟာတွေက အသင်းကြီးတစ်သင်းကို ဦးဆောင်နိုင်တဲ့ အဆင့်မျိုးမှာ ရှိမနေသေးတာကြောင့် ချန်ပီယံလိဂ်မှာတော့ ဗိုလ်စွဲဖို့ မလွယ်ဘဲ ဆက်လက်ရုန်းကန်ရနိုင်ကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဒီေန႔မွာ တိုက္စစ္ဦးစားေပးတဲ့ လူစာရင္းကို ထုတ္သုံးလာခဲ့ၿပီး 4-3-3 ပုံစံ ကစားကြက္မွာ ေရွ႕တန္းမွာ မက္ဆီ၊ အမ္ဘာေပနဲ႔ ဒရက္ဆလာတို႔ကို သုံးစြဲခဲ့သလို ဒီမာရီယာနဲ႔ ေနမာတို႔အစား ကြင္းလယ္ကို ဗာရက္တီ၊ ဟာရဲရားတို႔နဲ႔ အေျချပဳခဲ့ၿပီး စုဖြဲ႕မႈနဲ႔ လုပ္အားႏႈန္းေကာင္းတဲ့ RB လိုက္ပ္ဇစ္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ နည္းျပ ပိုခ်က္တီႏိုက ျပင္ဆင္လာခဲ့ပါတယ္။

လိုက္ပ္ဇစ္တို႔ကေတာ့ သူတို႔ရဲ႕ စုဖြဲ႕မႈေကာင္းၿပီး ေကာင္တာေတြ ျမန္ဆန္တဲ့ 3-5-2 ကစားကြက္ကိုပဲ သုံးခဲ့ၿပီး အန္ဒရီ ေဆးလ္ဗားကို ေရွ႕တင္ၿပီး အန္ကြန္ကူးက ေနာက္က လိုက္ကစားခဲ့တဲ့ ကစားကြက္မွာ ပီအက္စ္ဂ်ီကို ဖိအားေပးႏိုင္ခဲ့သလို ေစာေစာစီးစီးမွာပဲ ဂိုးသမား ကီေလာ္ နာဗက္စ္ ႏွစ္ႀကိမ္ေလာက္ ကာကြယ္သြားခဲ့ရတာပါ။

ပြဲခ်ိန္ ၉ မိနစ္မွာ ပီအက္စ္ဂ်ီတို႔ ဂိုးစရခဲ့ၿပီး ခံစစ္ကေန ကန္တင္လိုက္တဲ့ ေဘာလုံးကို ဒရက္ဆလာက အျမန္ဆုံး ေရွ႕ကို ခင္းေပးခဲ့ရာမွာ တိုက္စစ္မႉး အမ္ဘာေပက ဆြဲေျပးၿပီး လိုက္ပ္ဇစ္ေနာက္ခံလူ ေအာ္ဘန္ကို တစ္ဦးခ်င္း ေက်ာ္ျဖတ္ၿပီး ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဂူလာခ်ီရဲ႕ ညာဘက္ အနီးတိုင္ေထာင့္ကို ခပ္ျပင္းျပင္း အဆုံးသတ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာေတာ့ လိုက္ပ္ဇစ္တို႔ ပင္နယ္တီရႏိုင္တဲ့ အခြင့္အေရးကို ျငင္းပယ္ခံခဲ့ရၿပီး ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ ေစာေစာပိုင္းက တိုင္ထိထားတဲ့ အန္ဒရီ ေဆးလ္ဗားက ဘယ္ေတာင္ပံကေန အန္ဟဲလီညိဳရဲ႕ ကြက္တိဖန္တီးေပးတဲ့ ျဖတ္တင္ေဘာကို အနီးတိုင္ဘက္ကေန ပိတ္သြင္းၿပီး ဂ်ာမန္ကလပ္အတြက္ ျပန္လည္ေခ်ေပးခဲ့တာပါ။

ဘာစီလိုနာနဲ႔ ပီအက္စ္ဂ်ီကစားသမားေဟာင္း ေရာ္နယ္လ္ဒင္ညိဳ လာေရာက္ၾကည့္ရႈခဲ့တဲ့ပြဲမွာ အိမ္ရွင္တို႔ရဲ႕ ခံစစ္ကေတာ့ ေတာ္ေတာ္ေလး အေပ်ာက္အက်ားမ်ားခဲ့တာကို ေတြ႕ရၿပီး မားကင္ညိဳ႕စ္ရဲ႕ ေျခမွန္မရွိခ်ိန္မွာ ဒိုင္လူႀကီးသက္ညႇာလို႔ ပင္နယ္တီေတြ မေပးခဲ့ရတာျဖစ္သလို လိုက္ပ္ဇစ္တို႔ရဲ႕ အဆုံးသတ္ေတြကလည္း လြဲေခ်ာ္ေနခဲ့လို႔ ပထမပိုင္းမွာေတာ့ ပြဲက သိပ္ၾကည့္မေကာင္းခဲ့ဘဲ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ပီအက္စ္ဂ်ီတို႔ ပိုဖိကစားခဲ့ေပမယ့္ လိုက္ပ္ဇစ္တို႔အေနနဲ႔ မက္ဆီအတြင္းကို ဆြဲၿပီး ကန္ခြင့္မရေအာင္ သတိထားပိတ္ဆို႔ခဲ့သလို တန္ျပန္တိုက္စစ္ေတြနဲ႔ ျပန္လည္ၿခိမ္းေျခာက္ခဲ့ၿပီး ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ ဘယ္ျခမ္းက အန္ဟဲလီညိဳ ျဖတ္တင္ေပးတာကိုပဲ ညာေနာက္ခံလူ မူကီလီက ကင္ပမ္ဘီနဲ႔ ႏူႏို မန္ဒက္စ္တို႔ၾကားက ေျပးထြက္ၿပီး အနီးကပ္ ပိတ္သြင္းႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ ေနာက္က လိုက္ကစားခဲ့ရတာပါ။

ပိုခ်က္တီႏိုကေတာ့ အေျခအေနကို ထိန္းသိမ္းဖို႔ သူလုပ္တတ္သေလာက္ အသင္းကို ေျပာင္းလဲခဲ့ၿပီး ဟာရဲရားအစား ဗိုင္နယ္လ္ဒြမ္နဲ႔ ေဂးယီအစား ဒါနီလို ပါရဲရားတို႔ကို လူစားလဲခဲ့ၿပီး ကံေကာင္းမႈနဲ႔အတူ ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ တိုင္လာ အက္ဒမ္စ္ရဲ႕ ေနာက္ျပန္ေပးမႈ အမွားကေန အမ္ဘာေပက ရယူသြားခဲ့ၿပီး အတြင္းကို ခ်ိဳးေပးခဲ့ရာမွာ မက္ဆီက လိုက္ပ္ဇ္ေနာက္ခံလူ ႏွစ္ေယာက္ၾကားကေန ကန္သြင္းၿပီး ေခ်ပဂိုး ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ လိုက္ပ္ဇစ္ရဲ႕ ပင္နယ္တီရႏိုင္ခြင့္ေတြကို ျငင္းပယ္ထားခဲ့တဲ့ အီတလီဒိုင္ ဂီဒါက အမ္ဘာေပ ထိ႐ုံနဲ႔ လဲက်ခဲ့တာကို ပင္နယ္တီ သတ္မွတ္ေပးသြားခဲ့ၿပီး အိမ္ရွင္ေတြကို မ်က္ႏွာသာေပးသြားခဲ့ခ်ိန္မွာ ရရွိခဲ့တဲ့ အခြင့္အေရးကိုေတာ့ မက္ဆီက ပါနင္ကာကန္ခ်က္နဲ႔ ကန္သြင္းၿပီး ဂိုးသမား ဂူလာခ်ီကို အႏိုင္ယူႏိုင္ခဲ့လို႔ သုံးဂိုး-ႏွစ္ဂိုးနဲ႔ ပီအက္စ္ဂ်ီတို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

နာက်င္အခ်ိန္ပိုမွာလည္း မ်က္ႏွာသာရတဲ့ ပီအက္စ္ဂ်ီတို႔ ခပ္ေပ်ာ့ေပ်ာ့ ပင္နယ္တီတစ္လုံးကို VAR ဆီက လက္ေဆာင္ထပ္ရခဲ့ျပန္ၿပီး မက္ဆီရဲ႕ ဟက္ထရစ္ရႏိုင္တဲ့ အခြင့္အေရးျဖစ္ခဲ့ေပမယ့္ အမ္ဘာေပက ကန္သြင္းရာမွာ ဂိုးဘားေပၚ ေက်ာ္သြားခဲ့လို႔ ျပတ္သားတဲ့ ႏိုင္ပြဲမျဖစ္ခဲ့ဘဲ ပြဲခ်ိန္အျပည့္မွာ သုံးဂိုး-ႏွစ္ဂိုးနဲ႔ပဲ ၿပီးဆုံးခဲ့တာျဖစ္ပါတယ္။

ဟက္ထရစ္မရခဲ့တဲ့ မက္ဆီကေတာ့ ပီအက္စ္ဂ်ီကို ႏိုင္ပြဲရယူေပးႏိုင္ခဲ့သလို အမ္ဘာေပကလည္း ပင္နယ္တီလြဲခဲ့ေပမယ့္ အဖြင့္ဂိုးရယူႏိုင္ခဲ့သလို မက္ဆီအတြက္ ႏွစ္ဂိုးစလုံးမွာ ဖန္တီးေပးႏိုင္ခဲ့တာေၾကာင့္ ဒီေန႔ပြဲက ပိုခ်က္တီႏိုအတြက္ေတာ့ အေပါင္းလကၡဏာေဆာင္ခဲ့ေပမယ့္ အာဂ်င္တီးနားသားနည္းျပရဲ႕ ဗ်ဴဟာေတြက အသင္းႀကီးတစ္သင္းကို ဦးေဆာင္ႏိုင္တဲ့ အဆင့္မ်ိဳးမွာ ရွိမေနေသးတာေၾကာင့္ ခ်န္ပီယံလိဂ္မွာေတာ့ ဗိုလ္စြဲဖို႔ မလြယ္ဘဲ ဆက္လက္႐ုန္းကန္ရႏိုင္ေၾကာင္းလည္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.