La Liga Match Report Premier League UCL&UEL

ဆာလားရဲ့ အနိုင်ဂိုးနဲ့ အိမ်ရှင် အက်သလက်တီကို,ကို ကျော်ဖြတ်ခဲ့တဲ့ လီဗာပူးလ်

ချန်ပီယံလိဂ် အုပ်စု(B)ရဲ့ အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ အက်သလက်တီကိုနဲ့ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်ကတော့ ထင်ထားတဲ့အတိုင်း အကြိတ်အနယ်ရှိခဲ့ပြီး ပြိုင်ဆိုင်မှုတွေထဲမှာ အနီကတ်တစ်ကတ်ပါ ထွက်ပေါ်ခဲ့ပြီး နည်းပြနှစ်ဦးကြားမှာပါ တင်းမာမှုတွေ ဖြစ်ပွားခဲ့တဲ့ မက်ဒရစ်မြေက တိုက်ပွဲကတော့ ကြီးမားခဲ့တာလည်းဖြစ်ပါတယ်။

လီဗာပူးလ်တို့အနေနဲ့ ပြီးခဲ့တဲ့ ပွဲက ဟက်ထရစ်ယူခဲ့တဲ့ ဖာမီနိုကို ပြန်သုံးခဲ့သလို ပရီးမီးယားလိဂ်မှာ ပါဝင်ခွင့်မရတဲ့ အယ်လစ်ဆန်နဲ့ ဖာဘင်ညိုတို့လည်း ပြန်လည်ပါဝင်လာခဲ့ပြီး လူစုံထုတ်ကစားလာခဲ့သလို ကွင်းလယ်ကိုတော့ ဟန်ဒါဆန်၊ မီလ်နာနဲ့ ကီတာတို့ရဲ့ ဝါရင့်အတွဲအစပ်ကိုပဲ ပွဲထုတ်လာခဲ့ပါတယ်။

အိမ်ရှင် အက်သလက်တီကိုတို့ကတော့ ၃-၅-၂ ကစားကွက်ကို သုံးစွဲလာခဲ့သလို ဂါဘီ၊ ပါတေး၊ ဆာအူးလ်တို့ ဆက်တိုက် ထွက်သွားခဲ့ကတည်းက ၄-၄-၂ ကစားကွက်ကို စွန့်လွှတ်ခဲ့ပြီး ပြောင်းလဲထားခဲ့သလို ဒီနေ့ပွဲမှာလည်း သူတို့ရဲ့ မာကျောတဲ့ ကစားကွက်နဲ့ ဂရစ်ဇ်မန်း၊ ဂျာအို ဖဲလစ္စတို့ရဲ့ တိုက်စစ်တွေက ရင်ခုန်စရာဖြစ်ခဲ့တာပါ။

ပွဲချိန် ၈ မိနစ်မှာကတည်းက လီဗာပူးလ်တို့ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒီနေ့ပွဲမှာ မက်ဆီထက် ရော်ဘင်နဲ့ ပိုတူနေခဲ့တဲ့ ဆာလားက ရောဘတ်ဆန်ရဲ့ ဖြတ်တင်ဘောက ညာခြမ်းကို ကျလာခဲ့တာကို လိုက်လံရယူပြီး အက်သလက်တီကို နောက်ခံလူတွေကြားကနေ ကန်ခွင့်မရမချင်း လွတ်ပေါက်ကို စိတ်ရှည်လက်ရှည် ကျော်ဖြတ်ရှာဖွေပြီးမှ ကန်သွင်းခဲ့ရာမှာ ဂိုးသမား အော့ဘ်လက်ခ် မကာကွယ်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ငါးမိနစ်အကြာ ပွဲချိန် ၁၃ မိနစ်မှာ လီဗာပူးလ်တို့ ဒုတိယ ဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီး ညာခြမ်းက အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ဖြတ်တင်ဘောကို ဖာမီနိုရော မာနေးပါ မထိန်းနိုင်ခဲ့တာကို တီကိုနောက်တန်းက ရှင်းထုတ်ခဲ့ရာမှာ မပီပြင်ခဲ့တာကြောင့် ပြန်ကျလာခဲ့တဲ့ ဘောလုံးကို ကွင်းလယ်လူ ကီတာက မြေမကျကန်သွင်းခဲ့ရာမှာ ဂိုးဝင်သွားခဲ့သလို ဂိုးသမား အော့ဘ်လက်ခ်ကတော့ သူ့နောက်တန်းတွေကို စိတ်ပျက်ညည်းတွားနေခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာတော့ တီကိုတို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ပြီး ဘယ်ထောင့်ကန်ဘောကို အပေးအယူလုပ်ပြီး ဆွဲပြေးခဲ့တဲ့ လီမာက ဧရိယာထဲက နောက်ကို ပြန်ချိုးပေးခဲ့ရာမှာ အသင်းခေါင်းဆောင် ကိုကီက ကန်သွင်းခဲ့ရာမှာတော့ ဂိုးစည်းနားက ဘောလုံးကို ဂရစ်ဇ်မန်းက အနီးကပ် လမ်းကြောင်းပြောင်းပေးနိုင်ခဲ့လို့ ဂိုးသမား အယ်လစ်ဆန်နဲ့ နောက်ခံလူ မာတစ်ပ်တို့ အငိုက်မိပြီး ဂိုးပြန်ပေးခဲ့ရတာပါ။

တီကိုတို့ရဲ့ ခံစစ်မှာ ကွင်းလယ်အဖျက်ကစားသမား ကွန်ဒေါ့ဘီယာကို လစ်ဘရိုဆန်ဆန် ကစားခိုင်းခဲ့တာက တကယ်တမ်း အဆင်မပြေခဲ့ဘဲ အတက်အဆင်းနဲ့ လူကျွံဘောဖမ်းမှုတွေမှာ အဆင်မပြေဘဲဖြစ်နေခဲ့ပေမယ့် လီဗာပူးလ်ရဲ့ မာနေးနဲ့ ဖာမီနိုတို့ ညံ့နေခဲ့လို့ အခွင့်အရေးတွေနဲ့ ဟာကွက်တွေကို အသုံးမချနိုင်ဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာ မာနေးရဲ့ ထိန်းသိမ်းပုံ မသပ်ရပ်တာကနေ ဒီပေါလ် လုယူသွားပြီး ကန်တင်ပေးလိုက်တဲ့ တန်ပြန်တိုက်စစ်ကနေ သူများကွင်းခြမ်းမှာ လူကျွံဘောဖမ်းမလိုလို ဖျက်မလိုလို ဇဝေဇဝါဖြစ်နေခဲ့တဲ့ ဆရာကြီး ဗန်ဒိုက်ကို ကျော်ပြေးသွားခဲ့တဲ့ ဂရစ်ဇ်မန်းရဲ့ တစ်ကိုယ်တော်ကန်ခွင့်ကို အယ်လစ်ဆန် လက်စွမ်းပြကာကွယ်ခဲ့လို့သာ လီဗာပူးလ်တို့ မငိုခဲ့ရတာဖြစ်ပြီး ကလော့ပ်ရဲ့ ခံစစ်တွေကတော့ သိပ်ပြီး ယုံလို့မရခဲ့တာပါ။

ပွဲချိန် ၃၄ မိနစ်မှာတော့ လီဗာပူးလ်ရဲ့ လူအပြည့်ရှိနေတဲ့ ခံစစ်ကို အက်သလက်တီကိုတို့ သုံးယောက်တည်းနဲ့ ထိုးဖောက်သွားခဲ့ပြီး ဘယ်ခြမ်းက ဂျာအို ဖဲလစ္စရဲ့ တစ်ကိုယ်တော်ချိုးဝင်ပြီး ပေးလိုက်တဲ့ ဘောလုံးကို ဂရစ်ဇ်မန်းက ဝတ်ကျေတန်းကျေ ကစားနေတဲ့ အာနိုးလ်ဒ်နဲ့ ဗန်ဒိုက်တို့ကြားကနေ ဂိုးဧရိယာထဲ ဆွဲပြေးပြီး အနီးကပ် အဆုံးသတ်နိုင်ခဲ့လို့ နှစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

ဒီနေ့ပွဲမှာ မာတစ်ပ်ကတော့ တော်တော်လေး ညံ့ခဲ့ပြီး အက်သလက်တီကိုတို့အနေနဲ့ သူ့ဘက်ကနေ အခွင့်အရေးတွေ ရယူသွားခဲ့ကြသလို ဂျာအို ဖဲလစ္စရဲ့ ကန်ချက်ကို အယ်လစ်ဆန် ကာကွယ်နိုင်ခဲ့ပြီး နောက်တစ်လုံးမှာလည်း သူ့ကြောင့်ပဲ ဒုက္ခရောက်ရမလိုဖြစ်ခဲ့သလို ပွဲချိန် ၄၂ မိနစ်မှာလည်း ဘယ်ခြမ်းက လီမာရဲ့ ကန်ချက်ကိုလည်း ဘရာဇီးလ်သားကပဲ ပိတ်ဆို့နိုင်ခဲ့လို့ ပထမပိုင်းမှာ သရေရလဒ်ပဲ ထွက်ပေါ်နေခဲ့တာပါ။

ဒုတိယပိုင်းအစမှာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် တစ်ကြိမ်စီ ဂိုးပေါက်ခြိမ်းခြောက်ခဲ့ကြသလို ပွဲချိန် ၅၂ မိနစ်မှာတော့ ဘောလုံးကိုပဲ ကြည့်ပြီး လူကို မကြည့်ဘဲ အပေါ်က ကျလာတဲ့ ဘောလုံးကို လူတစ်ရပ်အမြင့်မှာ ခြေထောက်မြှောက်ပြီး ရယူခဲ့တဲ့ ဂရစ်ဇ်မန်းက ဖာမီနိုရဲ့ မျက်နှာကို ကန်ခဲ့မိတာကြောင့် Dangerous Play အဖြစ် တိုက်ရိုက်အနီနဲ့ အထုတ်ခံခဲ့ရလို့ လီဗာပူးလ်တို့ တစ်ယောက်အသာရသွားခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ လီဗာပူးလ်တို့ ဖိကစားခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ဘဲ လွဲချော်နေခဲ့ပေမယ့် ကံကတော့ သူတို့ဘက်မှာ ရှိခဲ့ပြီး အက်သလက်တီကိုတို့ရဲ့ လေးလံပြီး နုံချာတဲ့ ကစားပုံကြောင့် ပင်နယ်တီဧရိယာထဲမှာ ဟာမိုဆိုက လူစားဝင်တိုက်စစ်မှူး ဂျိုတာကို တွန်းလှဲခဲ့မိလို့ ပင်နယ်တီပေးခဲ့ရပါတယ်။

ဂိုဒင်၊ ဟီမီနက်ဇ်၊ ဆာဗစ်ချ်တို့လို့ မာကျောပြီး ပါးနပ်တဲ့ အတွဲအဖက်တွေနောက်ပိုင်း ဆီမီယွန်နီရဲ့ Standard မှာမရှိဘဲ လဒူဖြစ်နေတဲ့ ဖလီပီနဲ့ ဟာမိုဆိုတို့လို နောက်ခံလူတွေတော့ ဒီနေ့ပွဲမှာ အရောင်းအဝယ်များခဲ့ပြီး ဒီပင်နယ်တီအခွင့်အရေးကိုတော့ ပွဲချိန် ၇၈ မိနစ်မှာ ဆာလားက ညာဘက်ကို ကန်မယ့် အယောင်ပြပြီး ဘယ်ဘက်တိုင်ခြေကို သွင်းယူနိုင်ခဲ့လို့ လီဗာပူးလ်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ တီကိုတို့ ၄-၄-၂ စစ်စစ်ကို ပြန်ပြောင်းပြီး ကော်ရီးယား၊ လူးဝစ် ဆွာရက်ဇ်၊ မားကို့စ် ယော်ရန်တေးစတဲ့ ကစားသမားတွေကို ထည့်သွင်းခဲ့ပေမယ့် ဂျိုးဂိုမက်ဇ်ကို ထပ်ထည့်ပြီး ပိတ်ကစားခဲ့တဲ့ လီဗာပူးလ်ခံစစ်ကို မကျော်နိုင်တော့သလို ပင်နယ်တီ အခွင့်အရေးကိုလည်း Double Standard VAR နဲ့ ငြင်းပယ်ခံခဲ့ရတာကြောင့် ကလော့ပ်တို့အဖွဲ့ ကံကောင်းဖို့ပဲ ဖြစ်လာခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ လီဗာပူးလ်တို့ အဝေးကွင်းမှာ အက်သလက်တီကို မက်ဒရစ်ကို သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အုပ်စုဗိုလ်ဖြစ်နိုင်ဖို့အတွက် အဖိုးတန်နိုင်ပွဲကို ရယူနိုင်ခဲ့သလို Group(B) အုပ်စုကျပ်မှာ သုံးပွဲကစား သုံးပွဲစလုံး အနိုင်ရရှိပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ အလားအလာ အကောင်းဆုံးအနေအထားကို ပိုင်ဆိုင်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်န္ပီယံလိဂ္ အုပ္စု(B)ရဲ႕ အေကာင္းဆုံးပြဲစဥ္ျဖစ္တဲ့ အက္သလက္တီကိုနဲ႔ လီဗာပူးလ္တို႔ရဲ႕ ပြဲစဥ္ကေတာ့ ထင္ထားတဲ့အတိုင္း အႀကိတ္အနယ္ရွိခဲ့ၿပီး ၿပိဳင္ဆိုင္မႈေတြထဲမွာ အနီကတ္တစ္ကတ္ပါ ထြက္ေပၚခဲ့ၿပီး နည္းျပႏွစ္ဦးၾကားမွာပါ တင္းမာမႈေတြ ျဖစ္ပြားခဲ့တဲ့ မက္ဒရစ္ေျမက တိုက္ပြဲကေတာ့ ႀကီးမားခဲ့တာလည္းျဖစ္ပါတယ္။

လီဗာပူးလ္တို႔အေနနဲ႔ ၿပီးခဲ့တဲ့ ပြဲက ဟက္ထရစ္ယူခဲ့တဲ့ ဖာမီႏိုကို ျပန္သုံးခဲ့သလို ပရီးမီးယားလိဂ္မွာ ပါဝင္ခြင့္မရတဲ့ အယ္လစ္ဆန္နဲ႔ ဖာဘင္ညိဳတို႔လည္း ျပန္လည္ပါဝင္လာခဲ့ၿပီး လူစုံထုတ္ကစားလာခဲ့သလို ကြင္းလယ္ကိုေတာ့ ဟန္ဒါဆန္၊ မီလ္နာနဲ႔ ကီတာတို႔ရဲ႕ ဝါရင့္အတြဲအစပ္ကိုပဲ ပြဲထုတ္လာခဲ့ပါတယ္။

အိမ္ရွင္ အက္သလက္တီကိုတို႔ကေတာ့ ၃-၅-၂ ကစားကြက္ကို သုံးစြဲလာခဲ့သလို ဂါဘီ၊ ပါေတး၊ ဆာအူးလ္တို႔ ဆက္တိုက္ ထြက္သြားခဲ့ကတည္းက ၄-၄-၂ ကစားကြက္ကို စြန႔္လႊတ္ခဲ့ၿပီး ေျပာင္းလဲထားခဲ့သလို ဒီေန႔ပြဲမွာလည္း သူတို႔ရဲ႕ မာေက်ာတဲ့ ကစားကြက္နဲ႔ ဂရစ္ဇ္မန္း၊ ဂ်ာအို ဖဲလစၥတို႔ရဲ႕ တိုက္စစ္ေတြက ရင္ခုန္စရာျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ ၈ မိနစ္မွာကတည္းက လီဗာပူးလ္တို႔ အဖြင့္ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ဒီေန႔ပြဲမွာ မက္ဆီထက္ ေရာ္ဘင္နဲ႔ ပိုတူေနခဲ့တဲ့ ဆာလားက ေရာဘတ္ဆန္ရဲ႕ ျဖတ္တင္ေဘာက ညာျခမ္းကို က်လာခဲ့တာကို လိုက္လံရယူၿပီး အက္သလက္တီကို ေနာက္ခံလူေတြၾကားကေန ကန္ခြင့္မရမခ်င္း လြတ္ေပါက္ကို စိတ္ရွည္လက္ရွည္ ေက်ာ္ျဖတ္ရွာေဖြၿပီးမွ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ေအာ့ဘ္လက္ခ္ မကာကြယ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ငါးမိနစ္အၾကာ ပြဲခ်ိန္ ၁၃ မိနစ္မွာ လီဗာပူးလ္တို႔ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံသြင္းယူႏိုင္ခဲ့ၿပီး ညာျခမ္းက အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ ျဖတ္တင္ေဘာကို ဖာမီႏိုေရာ မာေနးပါ မထိန္းႏိုင္ခဲ့တာကို တီကိုေနာက္တန္းက ရွင္းထုတ္ခဲ့ရာမွာ မပီျပင္ခဲ့တာေၾကာင့္ ျပန္က်လာခဲ့တဲ့ ေဘာလုံးကို ကြင္းလယ္လူ ကီတာက ေျမမက်ကန္သြင္းခဲ့ရာမွာ ဂိုးဝင္သြားခဲ့သလို ဂိုးသမား ေအာ့ဘ္လက္ခ္ကေတာ့ သူ႔ေနာက္တန္းေတြကို စိတ္ပ်က္ညည္းတြားေနခဲ့ရပါတယ္။

ပြဲခ်ိန္ မိနစ္ ၂၀ မွာေတာ့ တီကိုတို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရယူႏိုင္ခဲ့ၿပီး ဘယ္ေထာင့္ကန္ေဘာကို အေပးအယူလုပ္ၿပီး ဆြဲေျပးခဲ့တဲ့ လီမာက ဧရိယာထဲက ေနာက္ကို ျပန္ခ်ိဳးေပးခဲ့ရာမွာ အသင္းေခါင္းေဆာင္ ကိုကီက ကန္သြင္းခဲ့ရာမွာေတာ့ ဂိုးစည္းနားက ေဘာလုံးကို ဂရစ္ဇ္မန္းက အနီးကပ္ လမ္းေၾကာင္းေျပာင္းေပးႏိုင္ခဲ့လို႔ ဂိုးသမား အယ္လစ္ဆန္နဲ႔ ေနာက္ခံလူ မာတစ္ပ္တို႔ အငိုက္မိၿပီး ဂိုးျပန္ေပးခဲ့ရတာပါ။

တီကိုတို႔ရဲ႕ ခံစစ္မွာ ကြင္းလယ္အဖ်က္ကစားသမား ကြန္ေဒါ့ဘီယာကို လစ္ဘ႐ိုဆန္ဆန္ ကစားခိုင္းခဲ့တာက တကယ္တမ္း အဆင္မေျပခဲ့ဘဲ အတက္အဆင္းနဲ႔ လူကြၽံေဘာဖမ္းမႈေတြမွာ အဆင္မေျပဘဲျဖစ္ေနခဲ့ေပမယ့္ လီဗာပူးလ္ရဲ႕ မာေနးနဲ႔ ဖာမီႏိုတို႔ ညံ့ေနခဲ့လို႔ အခြင့္အေရးေတြနဲ႔ ဟာကြက္ေတြကို အသုံးမခ်ႏိုင္ဘဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၂၇ မိနစ္မွာ မာေနးရဲ႕ ထိန္းသိမ္းပုံ မသပ္ရပ္တာကေန ဒီေပါလ္ လုယူသြားၿပီး ကန္တင္ေပးလိုက္တဲ့ တန္ျပန္တိုက္စစ္ကေန သူမ်ားကြင္းျခမ္းမွာ လူကြၽံေဘာဖမ္းမလိုလို ဖ်က္မလိုလို ဇေဝဇဝါျဖစ္ေနခဲ့တဲ့ ဆရာႀကီး ဗန္ဒိုက္ကို ေက်ာ္ေျပးသြားခဲ့တဲ့ ဂရစ္ဇ္မန္းရဲ႕ တစ္ကိုယ္ေတာ္ကန္ခြင့္ကို အယ္လစ္ဆန္ လက္စြမ္းျပကာကြယ္ခဲ့လို႔သာ လီဗာပူးလ္တို႔ မငိုခဲ့ရတာျဖစ္ၿပီး ကေလာ့ပ္ရဲ႕ ခံစစ္ေတြကေတာ့ သိပ္ၿပီး ယုံလို႔မရခဲ့တာပါ။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ လီဗာပူးလ္ရဲ႕ လူအျပည့္ရွိေနတဲ့ ခံစစ္ကို အက္သလက္တီကိုတို႔ သုံးေယာက္တည္းနဲ႔ ထိုးေဖာက္သြားခဲ့ၿပီး ဘယ္ျခမ္းက ဂ်ာအို ဖဲလစၥရဲ႕ တစ္ကိုယ္ေတာ္ခ်ိဳးဝင္ၿပီး ေပးလိုက္တဲ့ ေဘာလုံးကို ဂရစ္ဇ္မန္းက ဝတ္ေက်တန္းေက် ကစားေနတဲ့ အာႏိုးလ္ဒ္နဲ႔ ဗန္ဒိုက္တို႔ၾကားကေန ဂိုးဧရိယာထဲ ဆြဲေျပးၿပီး အနီးကပ္ အဆုံးသတ္ႏိုင္ခဲ့လို႔ ႏွစ္ဂိုးစီသေရျဖစ္ေနခဲ့ပါတယ္။

ဒီေန႔ပြဲမွာ မာတစ္ပ္ကေတာ့ ေတာ္ေတာ္ေလး ညံ့ခဲ့ၿပီး အက္သလက္တီကိုတို႔အေနနဲ႔ သူ႔ဘက္ကေန အခြင့္အေရးေတြ ရယူသြားခဲ့ၾကသလို ဂ်ာအို ဖဲလစၥရဲ႕ ကန္ခ်က္ကို အယ္လစ္ဆန္ ကာကြယ္ႏိုင္ခဲ့ၿပီး ေနာက္တစ္လုံးမွာလည္း သူ႔ေၾကာင့္ပဲ ဒုကၡေရာက္ရမလိုျဖစ္ခဲ့သလို ပြဲခ်ိန္ ၄၂ မိနစ္မွာလည္း ဘယ္ျခမ္းက လီမာရဲ႕ ကန္ခ်က္ကိုလည္း ဘရာဇီးလ္သားကပဲ ပိတ္ဆို႔ႏိုင္ခဲ့လို႔ ပထမပိုင္းမွာ သေရရလဒ္ပဲ ထြက္ေပၚေနခဲ့တာပါ။

ဒုတိယပိုင္းအစမွာ တစ္ဖက္နဲ႔တစ္ဖက္ အျပန္အလွန္ တစ္ႀကိမ္စီ ဂိုးေပါက္ၿခိမ္းေျခာက္ခဲ့ၾကသလို ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ေဘာလုံးကိုပဲ ၾကည့္ၿပီး လူကို မၾကည့္ဘဲ အေပၚက က်လာတဲ့ ေဘာလုံးကို လူတစ္ရပ္အျမင့္မွာ ေျခေထာက္ေျမႇာက္ၿပီး ရယူခဲ့တဲ့ ဂရစ္ဇ္မန္းက ဖာမီႏိုရဲ႕ မ်က္ႏွာကို ကန္ခဲ့မိတာေၾကာင့္ Dangerous Play အျဖစ္ တိုက္႐ိုက္အနီနဲ႔ အထုတ္ခံခဲ့ရလို႔ လီဗာပူးလ္တို႔ တစ္ေယာက္အသာရသြားခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ လီဗာပူးလ္တို႔ ဖိကစားခဲ့ေပမယ့္ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ဘဲ လြဲေခ်ာ္ေနခဲ့ေပမယ့္ ကံကေတာ့ သူတို႔ဘက္မွာ ရွိခဲ့ၿပီး အက္သလက္တီကိုတို႔ရဲ႕ ေလးလံၿပီး ႏုံခ်ာတဲ့ ကစားပုံေၾကာင့္ ပင္နယ္တီဧရိယာထဲမွာ ဟာမိုဆိုက လူစားဝင္တိုက္စစ္မႉး ဂ်ိဳတာကို တြန္းလွဲခဲ့မိလို႔ ပင္နယ္တီေပးခဲ့ရပါတယ္။

ဂိုဒင္၊ ဟီမီနက္ဇ္၊ ဆာဗစ္ခ်္တို႔လို႔ မာေက်ာၿပီး ပါးနပ္တဲ့ အတြဲအဖက္ေတြေနာက္ပိုင္း ဆီမီယြန္နီရဲ႕ Standard မွာမရွိဘဲ လဒူျဖစ္ေနတဲ့ ဖလီပီနဲ႔ ဟာမိုဆိုတို႔လို ေနာက္ခံလူေတြေတာ့ ဒီေန႔ပြဲမွာ အေရာင္းအဝယ္မ်ားခဲ့ၿပီး ဒီပင္နယ္တီအခြင့္အေရးကိုေတာ့ ပြဲခ်ိန္ ၇၈ မိနစ္မွာ ဆာလားက ညာဘက္ကို ကန္မယ့္ အေယာင္ျပၿပီး ဘယ္ဘက္တိုင္ေျခကို သြင္းယူႏိုင္ခဲ့လို႔ လီဗာပူးလ္တို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ တီကိုတို႔ ၄-၄-၂ စစ္စစ္ကို ျပန္ေျပာင္းၿပီး ေကာ္ရီးယား၊ လူးဝစ္ ဆြာရက္ဇ္၊ မားကို႔စ္ ေယာ္ရန္ေတးစတဲ့ ကစားသမားေတြကို ထည့္သြင္းခဲ့ေပမယ့္ ဂ်ိဳးဂိုမက္ဇ္ကို ထပ္ထည့္ၿပီး ပိတ္ကစားခဲ့တဲ့ လီဗာပူးလ္ခံစစ္ကို မေက်ာ္ႏိုင္ေတာ့သလို ပင္နယ္တီ အခြင့္အေရးကိုလည္း Double Standard VAR နဲ႔ ျငင္းပယ္ခံခဲ့ရတာေၾကာင့္ ကေလာ့ပ္တို႔အဖြဲ႕ ကံေကာင္းဖို႔ပဲ ျဖစ္လာခဲ့ပါတယ္။

ပြဲၿပီးဆုံးခ်ိန္မွာေတာ့ လီဗာပူးလ္တို႔ အေဝးကြင္းမွာ အက္သလက္တီကို မက္ဒရစ္ကို သုံးဂိုး-ႏွစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး အုပ္စုဗိုလ္ျဖစ္ႏိုင္ဖို႔အတြက္ အဖိုးတန္ႏိုင္ပြဲကို ရယူႏိုင္ခဲ့သလို Group(B) အုပ္စုက်ပ္မွာ သုံးပြဲကစား သုံးပြဲစလုံး အႏိုင္ရရွိၿပီး ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ဖို႔ အလားအလာ အေကာင္းဆုံးအေနအထားကို ပိုင္ဆိုင္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.