Premier League

ဆာကာကို MMA ကန်ချက်နဲ့ ကန်ခဲ့တာတောင် အနီကတ်မပြဘဲ ရူးချင်ယောင်ဆောင်ခဲ့တဲ့ဒိုင်ကို ပေါက်ကွဲနေတဲ့ ပရိသတ်များ

အာဆင်နယ်အသင်းပရိသတ်တွေဟာ ခရစ္စတယ် ပဲလေ့စ်အသင်းကွင်းလယ်ကစားသမား ဂျိမ်းစ် မက်အာသာက ဘူကာယို ဆာကာကို ရည်ရွယ်ချက်ရှိရှိ MMA ကန်ချက်နဲ့ ကန်ခဲ့တာတောင် အဝါကတ်ပြားသာ ပြသခံခဲ့ရတဲ့အတွက် ဒေါသအမျက်ချောင်းချောင်း ထွက်ခဲ့ကြပါတယ်။

ခရစ္စတယ် ပဲလေ့စ်အသင်းဟာ အူဘာမီယန်းရဲ့ အစောပိုင်း အဖွင့်ဂိုးကို ပြန်လည်ချေပဖို့ တွန်းအားပေး ကြိုးပမ်းနေခဲ့တာဖြစ်ပြီး ပထမပိုင်းပြီးဆုံးခါနီးမှာ ဆာကာက ဘောလုံးကို အန္တရာယ်ရှိတဲ့ကြားက ရှင်းထတု်ဖို့အတွက် ကြိုးပမ်းခဲ့တဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ အခြေအနေ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

ဆာကာဟာ ဘောလုံးကို ပထမဆုံး ရရှိခဲ့တာဖြစ်ပေမယ့် မက်အာသာက ဒိုင်လူကြီး မိုက် ဒင်းရဲ့ ဝီစီမှုတ်ခြင်း ခံခဲ့ရပြီးဖြစ်ပေမယ့်လည်း အင်္ဂလန်လက်ရွေးစင်ကစားသမားရဲ့ ခြေထောက်ကို နောက်ကနေ အားရပါးရ လွှဲကန်ခဲ့တာဖြစ်ပြီး နှစ်ဖက်ကစားသမားတွေ အချင်းများခဲ့ကြပါတယ်။

ဒိုင်လူကြီး မိုက် ဒင်းဟာ မက်အာသာရဲ့ ပြစ်ဒဏ်ကျူးလွန်မှုအတွက် အဝါကတ်ပြား ပြသခဲ့ပြီး အာဆင်နယ်ပရိသတ်တွေဟာ ယင်းဆုံးဖြတ်ချက်ကြောင့် ဒေါသအမျက်ချောင်းချောင်းထွက်ခဲ့ကြပြီးနောက် လူမှုကွန်ရက် တွစ်တာမှာ မကျေနပ်ချက်တွေကို ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို “ဂျိမ်းစ် မက်အာသာအတွက် ဒီပြစ်ဒဏ်ကျူးလွန်မှုက ဘယ်လိုဖြစ်ပြီး အနီကတ် မဖြစ်ခဲ့ရတာလဲ။ ဆာကာရဲ့ ခြေထောက်ကို အမ်အမ်အေကန်ချက်နဲ့ ရည်ရွယ်ချက်ရှိရှိ ကန်ခဲ့တာလေ။ မယုံနိုင်ဘူးကွာ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

“ဒီကောင်လေးအနေနဲ့ ပြင်းထန်တဲ့ ဒဏ်ရာရကောင်း ရသွားနိုင်ပြီး သောက်ရူးက အဝါကတ်ပဲ ပြခံလိုက်ရတယ်။ ဒိုင်က ဆာကာကို တကယ်ကို မနှစ်သက်ခဲ့တာပဲ”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း ပြောကြားခဲ့ပါတယ်။ မက်အာသာဟာ ပထမပိုင်းအစောပိုင်းတုန်းကလည်း စမစ်ရိုးကို ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီးနောက် အဝါကတ်ပြား ပြသခံရမယ့်အရေးကနေ ကင်းလွတ်ခဲ့ပြီးဖြစ်တာကြောင့် အာဆင်နယ်ပရိသတ်တွေရဲ့ ဒေါသက ယမ်းပုံမီးကျဖြစ်ခဲ့ရတာ မဆန်းဘူးလို့ ပြောရမှာဖြစ်ပါတယ်။

ဒီဖြစ်စဉ်မတိုင်မီကမှ အဝါကတ်ပြား ပြသခံခဲ့ရပြီးဖြစ်တဲ့ ဆာကာဟာ ကြမ်းတမ်းတဲ့ဖျက်ထုတ်မှု ပြုလုပ်နိုင်ခြေရှိတာကြောင့် ပထမပိုင်းအပြီးမှာ လူစားလဲလှယ်ခြင်းခံခဲ့ရပြီး မက်အာသာဟာ ပြီးခဲ့တဲ့ ဘရိုက်တန်၊ လက်စတာတို့နဲ့ပွဲစဉ်မှာလည်း အဝါကတ်ပြား ပြသခြင်းခံခဲ့ရသူဖြစ်တာကြောင့် ယခုရာသီ အဝါကတ် ၃ ကတ်မြောက် ပြသခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အာဆင်နယ် ကွင်းလယ်ကစားသမား ချာကာသာ မက်အာသာ နေရာမှာဆိုရင် တိုက်ရိုက် အနီကတ်အပြင် ပွဲပယ်ပြစ်ဒဏ်တွေပါ ကျခံရလောက်တယ်လို့ နှိုင်းယှဉ်ပြောဆိုမှုတွေလည်း ရှိနေပြီး VAR နဲ့ ပြန်လည်စစ်ဆေးကြည့်ခဲ့ရာမှာ မက်အာသာဟာ ဘောလုံးနဲ့ နည်းနည်းလေးတောင် မနီးစပ်ခဲ့ဘဲ ဆာကာကိုသာ ရည်ရွယ်ချက်ရှိရှိကန်ခဲ့တာကို မြင်တွေ့ခဲ့တာကြောင့် အာဆင်နယ်ပရိသတ်တွေက အဝါကတ်ထက် အနီကတ်ဖြစ်ခဲ့ရမှာလို့ ခံစားနေရတာဖြစ်ပါတယ်။

တကယ်လို သူသာ အနီနဲ့ အဖြူဝတ်ထားခဲ့ပြီး နာမည်က ချာကာသာဆိုလို့ကတော့ သူ ရေချိုးခန်းထဲ ရောက်ပြီးနေလောက်ပြီ(အနီကတ်ပြ ထုတ်ပယ်ခံရပြီး အဝတ်လဲခန်းအတွင်းမှာ ရှိနေမှာကို ဆိုလို)”လို့ ရော့ဘ် စမစ်အမည်ရတဲ့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းပရိသတ္ေတြဟာ ခရစၥတယ္ ပဲေလ့စ္အသင္းကြင္းလယ္ကစားသမား ဂ်ိမ္းစ္ မက္အာသာက ဘူကာယို ဆာကာကို ရည္ရြယ္ခ်က္ရွိရွိ MMA ကန္ခ်က္နဲ႔ ကန္ခဲ့တာေတာင္ အဝါကတ္ျပားသာ ျပသခံခဲ့ရတဲ့အတြက္ ေဒါသအမ်က္ေခ်ာင္းေခ်ာင္း ထြက္ခဲ့ၾကပါတယ္။

ခရစၥတယ္ ပဲေလ့စ္အသင္းဟာ အူဘာမီယန္းရဲ့ အေစာပိုင္း အဖြင့္ဂိုးကို ျပန္လည္ေခ်ပဖို႔ တြန္းအားေပး ႀကိဳးပမ္းေနခဲ့တာျဖစ္ၿပီး ပထမပိုင္းၿပီးဆုံးခါနီးမွာ ဆာကာက ေဘာလုံးကို အႏၲရာယ္ရွိတဲ့ၾကားက ရွင္းထတု္ဖို႔အတြက္ ႀကိဳးပမ္းခဲ့တဲ့အခ်ိန္မွာ မေမၽွာ္လင့္ထားတဲ့ အေျခအေန ျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္။

ဆာကာဟာ ေဘာလုံးကို ပထမဆုံး ရရွိခဲ့တာျဖစ္ေပမယ့္ မက္အာသာက ဒိုင္လူႀကီး မိုက္ ဒင္းရဲ့ ဝီစီမႈတ္ျခင္း ခံခဲ့ရၿပီးျဖစ္ေပမယ့္လည္း အဂၤလန္လက္ေရြးစင္ကစားသမားရဲ့ ေျခေထာက္ကို ေနာက္ကေန အားရပါးရ လႊဲကန္ခဲ့တာျဖစ္ၿပီး ႏွစ္ဖက္ကစားသမားေတြ အခ်င္းမ်ားခဲ့ၾကပါတယ္။

ဒိုင္လူႀကီး မိုက္ ဒင္းဟာ မက္အာသာရဲ့ ျပစ္ဒဏ္က်ဴးလြန္မႈအတြက္ အဝါကတ္ျပား ျပသခဲ့ၿပီး အာဆင္နယ္ပရိသတ္ေတြဟာ ယင္းဆုံးျဖတ္ခ်က္ေၾကာင့္ ေဒါသအမ်က္ေခ်ာင္းေခ်ာင္းထြက္ခဲ့ၾကၿပီးေနာက္ လူမႈကြန္ရက္ တြစ္တာမွာ မေက်နပ္ခ်က္ေတြကို ေဖာက္ခြဲခဲ့တာျဖစ္ပါတယ္။

ပရိသတ္တစ္ဦးက ဒိုင္လူႀကီးရဲ့ ဆုံးျဖတ္ခ်က္ကို “ဂ်ိမ္းစ္ မက္အာသာအတြက္ ဒီျပစ္ဒဏ္က်ဴးလြန္မႈက ဘယ္လိုျဖစ္ၿပီး အနီကတ္ မျဖစ္ခဲ့ရတာလဲ။ ဆာကာရဲ့ ေျခေထာက္ကို အမ္အမ္ေအကန္ခ်က္နဲ႔ ရည္ရြယ္ခ်က္ရွိရွိ ကန္ခဲ့တာေလ။ မယုံနိုင္ဘူးကြာ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

“ဒီေကာင္ေလးအေနနဲ႔ ျပင္းထန္တဲ့ ဒဏ္ရာရေကာင္း ရသြားနိုင္ၿပီး ေသာက္႐ူးက အဝါကတ္ပဲ ျပခံလိုက္ရတယ္။ ဒိုင္က ဆာကာကို တကယ္ကို မႏွစ္သက္ခဲ့တာပဲ”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း ေျပာၾကားခဲ့ပါတယ္။ မက္အာသာဟာ ပထမပိုင္းအေစာပိုင္းတုန္းကလည္း စမစ္ရိုးကို ျပစ္ဒဏ္က်ဴးလြန္ခဲ့ၿပီးေနာက္ အဝါကတ္ျပား ျပသခံရမယ့္အေရးကေန ကင္းလြတ္ခဲ့ၿပီးျဖစ္တာေၾကာင့္ အာဆင္နယ္ပရိသတ္ေတြရဲ့ ေဒါသက ယမ္းပုံမီးက်ျဖစ္ခဲ့ရတာ မဆန္းဘူးလို႔ ေျပာရမွာျဖစ္ပါတယ္။

ဒီျဖစ္စဥ္မတိုင္မီကမွ အဝါကတ္ျပား ျပသခံခဲ့ရၿပီးျဖစ္တဲ့ ဆာကာဟာ ၾကမ္းတမ္းတဲ့ဖ်က္ထုတ္မႈ ျပဳလုပ္နိုင္ေျခရွိတာေၾကာင့္ ပထမပိုင္းအၿပီးမွာ လူစားလဲလွယ္ျခင္းခံခဲ့ရၿပီး မက္အာသာဟာ ၿပီးခဲ့တဲ့ ဘရိုက္တန္၊ လက္စတာတို႔နဲ႔ပြဲစဥ္မွာလည္း အဝါကတ္ျပား ျပသျခင္းခံခဲ့ရသူျဖစ္တာေၾကာင့္ ယခုရာသီ အဝါကတ္ ၃ ကတ္ေျမာက္ ျပသခံခဲ့ရတာလည္း ျဖစ္ပါတယ္။

အာဆင္နယ္ ကြင္းလယ္ကစားသမား ခ်ာကာသာ မက္အာသာ ေနရာမွာဆိုရင္ တိုက္ရိုက္ အနီကတ္အျပင္ ပြဲပယ္ျပစ္ဒဏ္ေတြပါ က်ခံရေလာက္တယ္လို႔ ႏွိုင္းယွဥ္ေျပာဆိုမႈေတြလည္း ရွိေနၿပီး VAR နဲ႔ ျပန္လည္စစ္ေဆးၾကည့္ခဲ့ရာမွာ မက္အာသာဟာ ေဘာလုံးနဲ႔ နည္းနည္းေလးေတာင္ မနီးစပ္ခဲ့ဘဲ ဆာကာကိုသာ ရည္ရြယ္ခ်က္ရွိရွိကန္ခဲ့တာကို ျမင္ေတြ႕ခဲ့တာေၾကာင့္ အာဆင္နယ္ပရိသတ္ေတြက အဝါကတ္ထက္ အနီကတ္ျဖစ္ခဲ့ရမွာလို႔ ခံစားေနရတာျဖစ္ပါတယ္။

တကယ္လို သူသာ အနီနဲ႔ အျဖဴဝတ္ထားခဲ့ၿပီး နာမည္က ခ်ာကာသာဆိုလို႔ကေတာ့ သူ ေရခ်ိဳးခန္းထဲ ေရာက္ၿပီးေနေလာက္ၿပီ(အနီကတ္ၿပ ထုတ္ပယ္ခံရၿပီး အဝတ္လဲခန္းအတြင္းမွာ ရွိေနမွာကို ဆိုလို)”လို႔ ေရာ့ဘ္ စမစ္အမည္ရတဲ့ တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.