La Liga Premier League Serie A

ပေါင်သန်း ၇၀ တန်ကြယ်ပွင့်အတွက် ရိုင်ယိုလာနဲ့ ချိတ်နေတဲ့ ချဲလ်ဆီးနဲ့ ဘာဆာ

မကြာသေးမီက သတင်းတွေရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ် နောက်ခံကစားသမား မက်သစ် ဒီလစ်ချ်ဟာ တူရင်ကနေ ထွက်ခွာကောင်း ထွက်ခွာနိုင်ပြီး ချဲလ်ဆီးနဲ့ ဘာစီလိုနာအသင်းတို့ဟာ ပြောင်းရွှေ့နိုင်ခြေရှိတဲ့ နေရာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒတ်ချ်နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ အိုင်းယက်စ်အသင်းကနေ ဂျူဗင်တပ်ကို ပြောင်းရွှေ့ခဲ့အချိန်ကတည်းက အိုးလ်ဒ် လေဒီတွေအတွက် မရှိမဖြစ် အစိတ်အပိုင်း ဖြစ်လာခဲ့သူဖြစ်ပြီး အသင်းနဲ့ ပထမဆုံး စီးရီးအေရာသီမှာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့သလို စကူဒက်တိုဖလားကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီလစ်ချ်ရဲ့ အေးဂျင့်ဖြစ်တဲ့ ရိုင်ယိုလာအနေနဲ့ ယခုရာသီကုန်မှာ တူရင်ကနေ ဒတ်ချ်နောက်ခံကစားသမား ထွက်ခွာဖို့နဲ့ပတ်သက်ပြီး အသင်းအများအပြားနဲ့ ဆက်သွယ်ခဲ့သလို အဲဒီအသင်းတွေထဲမှာ ချဲလ်ဆီး၊ မန်ချက်စတာစီးတီးနဲ့ ဘာစီလိုနာအသင်းတို့ ပါဝင်နေခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ရုန်းကန်နေခဲ့ရပြီး စီးရီအေဖလားကို အင်တာမီလန်အသင်းဆီကို လက်လွှဲပေးခဲ့ရတဲ့အပြင် ရာသီအပိတ်ပွဲမှာ ဘိုလော့ညာကို ၄-၁ နဲ့ အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်မယ့်အရေးကနေ ကံကောင်းထောက်မစွာနဲ့ လွတ်မြောက်ခဲ့တာဖြစ်ပြီး ဒီရာသီမှာလည်း ပုံစံကောင်း မရသေးတာကြောင့် ဒတ်ချ်ခံစစ်မှူးအနေနဲ့ အသင်းက ထွက်မယ့်သတင်းတွေ ပေါ်နေခဲ့တာပါ။

ချဲလ်ဆီးအသင်းကတော့ ခံစစ်ပိုင်းဟာ ထိုးဖောက်ရခက်ခဲတဲ့အနေအထားမှာ ရှိနေပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပေမယ့် အက်ဇ်ပလီကွေတာ၊ ခရစ္စတင်ဆန်တို့အတွက် ဘာစီလိုနာရဲ့ ရန်ရှိနေသလို အန်တိုနီယို ရူဒီဂါကလည်း ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်အသင်းတို့နဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် လက်လွှတ်ခဲ့ရရင် ဒီလစ်ချ်လို ကစားသမားမျိုးကသာ ကုစားပေးနိုင်မှာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဘာစီလိုနာအသင်းရဲ့ ခံစစ်ပိုင်းဟာ တော်တော်လေး ထိခိုက်လွယ်နေပြီး အဓိက စိုးရိမ်စရာ ပြဿနာတစ်ရပ် ဖြစ်လာနေတာကြောင့် ကတ်တလန်ထိပ်သီးအသင်းကြီးဟာ နောက်ခံကစားသမားအများအပြားနဲ့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ ဘာစီလိုနာဟာ ယခုရာသီ ချန်ပီယံလိဂ်ပွဲစဉ် ၂ ပွဲစလုံးမှာလည်း ရှုံးပွဲတွေ့ထားတာကြောင့် နောက်ပွဲအနိုင်ရရှိခဲ့ရင်တောင် အုပ်စုကနေ တက်ဖို့ အခွင့်အရေး အနည်းငယ်သာ ရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် ဘာစီလိုနာဥက္ကဌ လာပေါ်တာအတွက် အသင်းကို ပြင်ဆင်နိုင်ဖို့အတွက် ဒီလစ်ချ်ဟာ အဓိကပစ်မှတ်ဖြစ်လာပြီး အိုင်းယက်စ်ကနေ ကာတာလန်သားတွေ မရလိုက်တဲ့ ခံစစ်မှူးကို နောက်တစ်ကြိမ် ကြိုးစားဖို့ ရှိနေပေမယ့် ပရီးမီးယားလိဂ်အသင်းတွေနဲ့ ဆက်ဆံရေး တစ်ခုတည်ဆောက်ထားတဲ့ အေးဂျင့် ရိုင်ယိုလာကြောင့် ချဲလ်ဆီးနဲ့ တစ်ခုခုဖြစ်လာမယ်ဆိုရင်လည်း အံ့ဩစရာမရှိကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မကြာသေးမီက သတင်းတွေရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ် နောက်ခံကစားသမား မက်သစ် ဒီလစ်ခ်ျဟာ တူရင်ကနေ ထွက်ခွာကောင်း ထွက်ခွာနိုင်ပြီး ချဲလ်ဆီးနဲ့ ဘာစီလိုနာအသင်းတို့ဟာ ပြောင်းရွှေ့နိုင်ခြေရှိတဲ့ နေရာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒတ်ခ်ျနောက်ခံကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ အိုင်းယက်စ်အသင်းကနေ ဂျူဗင်တပ်ကို ပြောင်းရွှေ့ခဲ့အချိန်ကတည်းက အိုးလ်ဒ် လေဒီတွေအတွက် မရှိမဖြစ် အစိတ်အပိုင်း ဖြစ်လာခဲ့သူဖြစ်ပြီး အသင်းနဲ့ ပထမဆုံး စီးရီးအေရာသီမှာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့သလို စကူဒက်တိုဖလားကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီလစ်ခ်ျရဲ့ အေးဂျင့်ဖြစ်တဲ့ ရိုင်ယိုလာအနေနဲ့ ယခုရာသီကုန်မှာ တူရင်ကနေ ဒတ်ခ်ျနောက်ခံကစားသမား ထွက်ခွာဖို့နဲ့ပတ်သက်ပြီး အသင်းအများအပြားနဲ့ ဆက်သွယ်ခဲ့သလို အဲဒီအသင်းတွေထဲမှာ ချဲလ်ဆီး၊ မန်ချက်စတာစီးတီးနဲ့ ဘာစီလိုနာအသင်းတို့ ပါဝင်နေခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ရုန်းကန်နေခဲ့ရပြီး စီးရီအေဖလားကို အင်တာမီလန်အသင်းဆီကို လက်လွှဲပေးခဲ့ရတဲ့အပြင် ရာသီအပိတ်ပွဲမှာ ဘိုလော့ညာကို ၄-၁ နဲ့ အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်မယ့်အရေးကနေ ကံကောင်းထောက်မစွာနဲ့ လွတ်မြောက်ခဲ့တာဖြစ်ပြီး ဒီရာသီမှာလည်း ပုံစံကောင်း မရသေးတာကြောင့် ဒတ်ခ်ျခံစစ်မှူးအနေနဲ့ အသင်းက ထွက်မယ့်သတင်းတွေ ပေါ်နေခဲ့တာပါ။

ချဲလ်ဆီးအသင်းကတော့ ခံစစ်ပိုင်းဟာ ထိုးဖောက်ရခက်ခဲတဲ့အနေအထားမှာ ရှိနေပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပေမယ့် အက်ဇ်ပလီကွေတာ၊ ခရစ္စတင်ဆန်တို့အတွက် ဘာစီလိုနာရဲ့ ရန်ရှိနေသလို အန်တိုနီယို ရူဒီဂါကလည်း ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်အသင်းတို့နဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် လက်လွှတ်ခဲ့ရရင် ဒီလစ်ခ်ျလို ကစားသမားမျိုးကသာ ကုစားပေးနိုင်မှာဖြစ်ပါတယ်။


ဒါကြောင့် ဘာစီလိုနာဥက္ကဌ လာပေါ်တာအတွက် အသင်းကို ပြင်ဆင်နိုင်ဖို့အတွက် ဒီလစ်ခ်ျဟာ အဓိကပစ်မှတ်ဖြစ်လာပြီး အိုင်းယက်စ်ကနေ ကာတာလန်သားတွေ မရလိုက်တဲ့ ခံစစ်မှူးကို နောက်တစ်ကြိမ် ကြိုးစားဖို့ ရှိနေပေမယ့် ပရီးမီးယားလိဂ်အသင်းတွေနဲ့ ဆက်ဆံရေး တစ်ခုတည်ဆောက်ထားတဲ့ အေးဂျင့် ရိုင်ယိုလာကြောင့် ချဲလ်ဆီးနဲ့ တစ်ခုခုဖြစ်လာမယ်ဆိုရင်လည်း အံ့ဩစရာမရှိကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.