Premier League

၈ ပွဲပဲ ကန်ရသေးတာကို ဘာတွေဖြစ်နေတာလဲလို့ ပြောလိုက်တဲ့ ဒွိုက် ယော့ခ်

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒွိုက် ယော့ခ်က မန်ချက်စတာယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၆ နေရာအထိ ကျဆင်းသွားခဲ့ပြီဖြစ်ပေမယ့်လည်း ဆုဖလား ပြိုင်ပွဲထဲမှာ ရှိနေဆဲဖြစ်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ဆိုးရွားတဲ့ စွမ်းဆောင်ရည်မှာ ရှိနေတာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲစဉ် ၃ ပွဲကနေ ရမှတ် ၁ မှတ်သာ ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ အိုလေ ဂန်နာ ဆိုးလ်ရှားရဲ့အသင်းဟာ လက်ရှိမှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချဲလ်ဆီးအသင်းနဲ့ ၅ မှတ်ကွာဟနေပြီဖြစ်ပြီး လာမယ့်ပွဲစဉ်တွေကလည်း တော်တော်လေး ပွဲကြပ်တွေ များနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် ၃ ပွဲမှာ လီဗာပူးလ်၊ တော့တင်ဟမ်ဟော့စပါး၊ မန်ချက်စတာစီးတီးအသင်းတို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပေမယ့် ဒွိုက် ယော့ခ်က ယူနိုက်တက်ဟာ အသင်းကြီးတွေနဲ့ ပွဲစဉ်မှာ ရလဒ်ကောင်းတွေ ရယူနိုင်မယ်လို့ ယုံကြည်နေတာကြောင့် စိုးရိမ်နေခြင်းမရှိတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်းက မန်ချက်စတာယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ဆုဖလား ပြိုင်ပွဲကနေ ထွက်သွားပြီလို့ ပြောဖို့ စောလွန်းသေးတယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။ “ဟုတ်ပါတယ်။ ၅ မှတ်ပဲ ကွာသေးတာပါ။ ကျွန်တော်တို့ ဒီရာသီမှာ ၈ ပွဲပဲ ကစားရပါသေးတယ်”

“ကျွန်တော်တို့ နည်းနည်းပိုပြီး ခြေစွမ်းပိုင်း မတည်မငြိမ်ဖြစ်ခဲ့လို့ ကျွန်တော် နည်းနည်း စိတ်ပူခဲ့ပါတယ်။ ဒါပေမယ့် အဲဒါက ပြဿနာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပြိုင်ဘက်အသင်းတွေလည်း ရမှတ်တွေ အတူတူလောက်ကို လျော့ကျနေပြီး ပြီးခဲ့တဲ့ပွဲတွေမှာသာ မလျော့ကျတာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့တွေလည်း ရမှတ်တွေ လျော့ကျခဲ့တာပဲ”

“အိုလေရဲ့လက်အောက်မှာ ယူနိုက်တက် ကောင်းမွန်ခဲ့တဲ့အရာတစ်ခုကတော့ အသင်းကြီးတွေနဲ့ပွဲမှာ ရလဒ်ကောင်းတွေ ရခဲ့တာဖြစ်ပြီး အဲဒါက ကွာဟမှုကို လျှော့ချနိုင်ပါလိမ့်မယ်။ သူ့အနေနဲ့ ဒီအပတ်မှာ ပွဲကြီးပွဲကောင်း ရှိနေပါတယ်။ ကျွန်တော်တို့ သိပါတယ်”

“သူသာ ရမှတ်အများဆုံးရယူနိုင်ခဲ့မယ်ဆိုရင် ဒါတွေအကုန် ပျောက်သွားပါလိမ့်မယ်။ အဲဒါက ခင်ဗျား ခက်ခဲတဲ့အနေအထားမှာရောက်နေတဲ့အချိန်ကျရင် ကိုင်တွယ်ဖို့အတွက် ရိုးရှင်းတဲ့ဖြေရှင်းနည်းပဲ။ ခင်ဗျား ရလဒ်ကောင်းတွေ လိုအပ်ပြီး အဲဒါက ဒီအပတ် ဆိုးလ်ရှား လုပ်ဖို့လိုအပ်နေတဲ့အရာပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉးေဟာင္း ဒြိဳက္ ေယာ့ခ္က မန္ခ်က္စတာယူနိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာ အဆင့္ ၆ ေနရာအထိ က်ဆင္းသြားခဲ့ၿပီျဖစ္ေပမယ့္လည္း ဆုဖလား ၿပိဳင္ပြဲထဲမွာ ရွိေနဆဲျဖစ္တယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ လက္ရွိအခ်ိန္မွာ ဆိုးရြားတဲ့ စြမ္းေဆာင္ရည္မွာ ရွိေနတာျဖစ္ၿပီး ေနာက္ဆုံးကစားခဲ့တဲ့ လိဂ္ပြဲစဥ္ ၃ ပြဲကေန ရမွတ္ ၁ မွတ္သာ ရယူထားနိုင္ခဲ့တာျဖစ္ပါတယ္။ အိုေလ ဂန္နာ ဆိုးလ္ရွားရဲ့အသင္းဟာ လက္ရွိမွာ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ခ်ဲလ္ဆီးအသင္းနဲ႔ ၅ မွတ္ကြာဟေနၿပီျဖစ္ၿပီး လာမယ့္ပြဲစဥ္ေတြကလည္း ေတာ္ေတာ္ေလး ပြဲၾကပ္ေတြ မ်ားေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ လာမယ့္ ၃ ပြဲမွာ လီဗာပူးလ္၊ ေတာ့တင္ဟမ္ေဟာ့စပါး၊ မန္ခ်က္စတာစီးတီးအသင္းတို႔နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ေပမယ့္ ဒြိဳက္ ေယာ့ခ္က ယူနိုက္တက္ဟာ အသင္းႀကီးေတြနဲ႔ ပြဲစဥ္မွာ ရလဒ္ေကာင္းေတြ ရယူနိုင္မယ္လို႔ ယုံၾကည္ေနတာေၾကာင့္ စိုးရိမ္ေနျခင္းမရွိတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉးေဟာင္းက မန္ခ်က္စတာယူနိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္ဆုဖလား ၿပိဳင္ပြဲကေန ထြက္သြားၿပီလို႔ ေျပာဖို႔ ေစာလြန္းေသးတယ္လို႔လည္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “ဟုတ္ပါတယ္။ ၅ မွတ္ပဲ ကြာေသးတာပါ။ ကၽြန္ေတာ္တို႔ ဒီရာသီမွာ ၈ ပြဲပဲ ကစားရပါေသးတယ္”

“ကၽြန္ေတာ္တို႔ နည္းနည္းပိုၿပီး ေျခစြမ္းပိုင္း မတည္မၿငိမ္ျဖစ္ခဲ့လို႔ ကၽြန္ေတာ္ နည္းနည္း စိတ္ပူခဲ့ပါတယ္။ ဒါေပမယ့္ အဲဒါက ျပႆနာမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ ၿပိဳင္ဘက္အသင္းေတြလည္း ရမွတ္ေတြ အတူတူေလာက္ကို ေလ်ာ့က်ေနၿပီး ၿပီးခဲ့တဲ့ပြဲေတြမွာသာ မေလ်ာ့က်တာျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ သူတို႔ေတြလည္း ရမွတ္ေတြ ေလ်ာ့က်ခဲ့တာပဲ”

“အိုေလရဲ့လက္ေအာက္မွာ ယူနိုက္တက္ ေကာင္းမြန္ခဲ့တဲ့အရာတစ္ခုကေတာ့ အသင္းႀကီးေတြနဲ႔ပြဲမွာ ရလဒ္ေကာင္းေတြ ရခဲ့တာျဖစ္ၿပီး အဲဒါက ကြာဟမႈကို ေလၽွာ့ခ်နိုင္ပါလိမ့္မယ္။ သူ႔အေနနဲ႔ ဒီအပတ္မွာ ပြဲႀကီးပြဲေကာင္း ရွိေနပါတယ္။ ကၽြန္ေတာ္တို႔ သိပါတယ္”

“သူသာ ရမွတ္အမ်ားဆုံးရယူနိုင္ခဲ့မယ္ဆိုရင္ ဒါေတြအကုန္ ေပ်ာက္သြားပါလိမ့္မယ္။ အဲဒါက ခင္ဗ်ား ခက္ခဲတဲ့အေနအထားမွာေရာက္ေနတဲ့အခ်ိန္က်ရင္ ကိုင္တြယ္ဖို႔အတြက္ ရိုးရွင္းတဲ့ေျဖရွင္းနည္းပဲ။ ခင္ဗ်ား ရလဒ္ေကာင္းေတြ လိုအပ္ၿပီး အဲဒါက ဒီအပတ္ ဆိုးလ္ရွား လုပ္ဖို႔လိုအပ္ေနတဲ့အရာပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.