Match Report Premier League

ငါးပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းကို ရခဲ့ပေမယ့် ပဲလေ့စ်ကို အနိုင်မရခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ သူတို့ရဲ့ ကစားသမားကောင်းတွေကို ပရိသတ်တွေအတွက် ဖျော်ဖြေမှုပေးချင်ဇောနဲ့ စုပြုံပွဲထုတ်လာခဲ့ပြီး ကွင်းလယ်မှာ ပါတေးနဲ့ အော်ဒီဂွါဒ်တို့ကို တွဲပေးခဲ့သလို အူဘာမီယန်းကို အထောင်ထားခဲ့ချိန်မှာ နောက်ကနေ စမစ်ရိုး၊ ဆာကာနဲ့ ပေပေတို့က လိုက်ကစားခဲ့ရင်း ပွဲထွက်လာခဲ့ကြပါတယ်။

အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ခဲ့ရတဲ့ ပက်ထရစ် ဗီယာရာရဲ့ ပဲလေ့စ်ကတော့ ကွင်းလယ်ကို မာမာထန်ထန်နဲ့ အဖျက်ကစားနိုင်ဖို့ စီစဉ်ခဲ့ပြီး သူတို့ရဲ့ အကောင်းဆုံးလူစာရင်းကိုပဲ သုံးစွဲခဲ့သလို ဘန်တီကီ၊ အာယူးနဲ့ အေဒူယာတို့ရဲ့ တိုက်စစ်နဲ့ အာဆင်နယ်တို့ကို ပြန်လည်ဖိအားပေးသွားခဲ့တာပါ။

ပွဲချိန် ၈ မိနစ်မှာကတည်းက အာဆင်နယ်တို့ ဂိုးစရခဲ့ပြီး ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို တိုမီယာစုနဲ့ ဝမ်းတူးရိုက်ပြီး ညာခြမ်းကနေ ကန်သွင်းခဲ့တဲ့ ပေပေရဲ့ ကန်ချက်ကို ပဲလေ့စ်ဂိုးသမား ဂွိုင်တာ ပုတ်ထုတ်ရာကနေ ပြန်ကျလာတာကို ဘယ်ခြမ်းက ချိန်သားကိုက် ဝင်လာတဲ့ အူဘာမီယန်းက ပိတ်သွင်းနိုင်ခဲ့လို့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာ ဘန်တီကီကို ပါတေးက ပင်နယ်တီဧရိယာထဲမှာ ကိုယ်လုံးနဲ့ ခုထားခဲ့တာကို ပဲလေ့စ်တို့ ပင်နယ်တီတောင်းဆိုခဲ့ကြပေမယ့် ဒိုင်လူကြီး မိုက်ဒင်းန်က ပယ်ချသွားခဲ့ပြီး ဧည့်သည်တွေအနေနဲ့ ပေးထားခဲ့ရတဲ့ ဂိုးကို ပြန်လည်ချေပနိုင်ဖို့ တဖြည်းဖြည်း စုဖွဲ့ပြီး အရှိန်မြှင့် ကြိုးစားလာခဲ့ကြတာပါ။

အာတီတာရဲ့ စာရွက်ပေါ်မှာ လူတွေ စုပြုံထည့်တဲ့ လုပ်ရပ်က ဘယ်ခြမ်းမှာ ကစားရတဲ့ ဆာကာကို လုံးဝ အံမဝင်စေဘဲ ထိခိုက်စေခဲ့သလို အင်္ဂလန်လက်ရွေးစင်အသင်းမှာ ခြေစွမ်းပြနိုင်တဲ့ လူငယ်အနေနဲ့ သူ့ရဲ့ ကစားခွင့်မှာ ပျော်ရွှင်ခြင်း မရှိတဲ့ ပုံစံနဲ့ ကစားပုံကလည်း မထိရောက်ခဲ့တာကို တွေ့ခဲ့ရပြီး ညာနောက်ခံလူ တိုမီယာစုကလည်း တိုက်စစ်လိုက်ပါမှုနဲ့ ခံစစ်အစွန်က ကာကွယ်မှုတွေမှာ ပုံစံမကျတာကို မြင်ခဲ့ရပါတယ်။

ချဲလ်ဆီးအသင်းကနေ အငှားလာကစားတဲ့ ကွင်းလယ်လူ ဂါလာဂါ ခြေစွမ်းပြနိုင်ခဲ့ပြီး အာဆင်နယ်တို့ဘက်ကို ပဲလေ့စ်တို့ ဖိကစားနိုင်ခဲ့သလို ဂိုးပေါက်ခြိမ်းခြောက်မှု ၃ ကြိမ်ကို ဂိုးသမား ရမ်းစ်ဒေးလ် ကာကွယ်ခဲ့ရပြီး ဒိုင်လူကြီး မိုက်ဒင်းန်ကတော့ အိမ်ရှင်တွေ စိတ်ပျက်စရာ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့တဲ့အပြင် ပဲလေ့စ်ရဲ့ မက်ကာသာကို အဝါထိနိုင်တဲ့ တစ်ကြိမ်နဲ့ အနီထိနိုင်တဲ့ တစ်ကြိမ်ပေါင်းမှ တစ်ဝါပဲ ပြသွားခဲ့တာပါ။

ပထမပိုင်းမှာ အာဆင်နယ်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပြန်စရာမှာတော့ အသင်းနဲ့ အံမဝင်သလို ဒဏ်ရာပါ ရသွားခဲ့တဲ့ ဆာကာအစား ဆမ်ဘီ လိုကွန်ဂါကို ထည့်သွင်းခဲ့ချိန်မှာ နော်ဝေ ချာကာလို့ ပြောရမလိုဖြစ်နေတဲ့ အော်ဒီဂွါဒ်ကို ရှေ့ပြန်တက်ခိုင်းခဲ့ပြီး စမစ်ရိုးကိုတော့ ဘယ်ခြမ်းကို ထွက်ကစားခိုင်းခဲ့ပါတယ်။

ပရီးမီးယားလိဂ် အထာမနပ်တဲ့ ကစားသမားတွေဖြစ်ကြတဲ့ တိုမီယာစုနဲ့ လိုကွန်ဂါတို့ကြောင့် အာဆင်နယ်တို့ အတော်လေး ဖရိုဖရဲဖြစ်ခဲ့ရသလို ပဲလေ့စ်ကစားသမားတွေရဲ့ ခပ်ကြမ်းကြမ်းကစားပြီး အခွင့်အရေးယူမှုကိုပါ ခံနေခဲ့ရပြီး ကွင်းလယ်မှာ ပြတ်ပြတ်သားသား ဖျက်ထုတ်ခံခဲ့ရသလို ကောင်တာ တိုက်စစ်တွေနဲ့လည်း ပြန်ကြုံခဲ့ရတာပါ။

ပွဲချိန် မိနစ် ၅၀ မှာတော့ အာဆင်နယ်တို့ ချေပဂိုးပေးလိုက်ရပြီး အာယူးရဲ့ Pressing မှာ ဘောလုံးဆုံးရှုံးသွားတဲ့ ပါတေးဆီကနေ ဘောလုံးရသွားခဲ့တဲ့ ဘန်တီကီက နောက်ခံလူ ဂါဘရီယယ်လ်ကို ကျော်ဖြတ်ပြီး ဂိုးသမား ရမ်းစ်ဒေးလ်နဲ့အတွေ့မှာ ညာဘက်တိုင်ခြေကို အေးအေးဆေးဆေး ကန်ထည့်ပြီး သူ့ရဲ့ ဝါရင့်ပီပီ တည်ငြိမ်မှုနဲ့ တစ်ဂိုးစီ သရေဖြစ်စေခဲ့ပါတယ်။

အာဆင်နယ်ခံစစ်ကတော့ လေ့ကျင့်သား မပြည့်ဝတဲ့ ပုံမျိုးဖြစ်နေပြီး အမှားများနေခဲ့သလို ပဲလေ့စ်တို့ရဲ့ တန်ပြန်တိုက်စစ်တွေ အကြိုက်တွေ့စရာ ဖြစ်နေခဲ့သလို ပွဲချိန် ၅၇ မိနစ်မှာလည်း အေဒူယာ ဆွဲပြေးပြီး ဘောလုံးပျက်တာကို နောက်က ပါလာတဲ့ အာယူးက ကန်သွင်းခဲ့ရာမှာ ဂိုးသမား ရမ်းစ်ဒေးလ် ပုတ်ထုတ်ခဲ့ရပြန်ပါတယ်။

ပွဲချိန် ၆၇ မိနစ်မှာတော့ တိုက်စစ်မှာ ဘာမှ မလုပ်နိုင်တဲ့ အော်ဒီဂွါဒ်အစား လာကာဇက် ဝင်ကစားခဲ့ပြီး အာဆင်နယ်တို့ တိုက်စစ်မြှင့်ခဲ့သလို ပိုမိုထိုးဖောက်လာနိုင်ခဲ့ပြီး ပွဲချိန် ၇၂ မိနစ်မှာတော့ အူဘာမီယန်းနဲ့ အတွဲအဖက်ကနေ ပြင်သစ်သားကြီးရဲ့ ကန်ချက်ကို ဂိုးသမား ဂွိုင်တာက အသည်းအသန် ကာကွယ်ခဲ့ရတာပါ။

ပွဲချိန် ၇၃ မိနစ်မှာတော့ ဒီကနေရတဲ့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ကွင်းလယ်မှာ ခပ်အအပုံစံနဲ့ ထိန်းသိမ်းခဲ့တဲ့ ဆမ်ဘီ လိုကွန်ဂါဆီကနေ ဂါလာဂါက ခပ်သွက်သွက် တွန်းတိုက်ရယူသွားခဲ့ပြီး တန်ပြန်တိုက်စစ် စတင်ခဲ့ရာမှာ ဘောလုံးရသွားခဲ့တဲ့ လူစားဝင်ကစားသမား အိုလီဆေးရဲ့ ပေးပို့မှုကို အေဒူယာက သူ့ကို ပိတ်ထားတဲ့ ဘန်ဝှိုက်ဘေးကနေ ကန်သွင်းခဲ့ပြီး ဂိုးသမား ရမ်းစ်ဒေးလ်ကို အငိုက်မိစေနိုင်ခဲ့လို့ ပဲလေ့စ်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဂါနာလက်ရွေးစင်မှာ သွားကစားတုန်းက နှစ်ပွဲဆက်တိုက် ဂိုးသွင်းပြီး ကလပ်ကို ပြန်ရောက်တော့ ဘာတွေ လုပ်နေမှန်းမသိတဲ့ ပါတေးကိုတော့ ပွဲချိန် ၈၁ မိနစ်မှာ မာတီနယ်လီနဲ့ လူစားလဲခဲ့ရပြီး ပွဲချိန် ၈၇ မိနစ်မှာတော့ ဖြတ်တင်ဘောကနေ ပြန်ကျလာတဲ့ ဘောလုံးကို နောက်ခံလူ တီယာနီက အနီးကပ် အပြင်းကန်သွင်းရာမှာ ဘားထိပြီး ပြန်ထွက်ခဲ့လို့ အာဆင်နယ်တို့ နစ်နာခဲ့ရပါတယ်။

မိနစ် ၉၀ ပြည့်အပြီး နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာတော့ အိမ်ကွင်းမှာ ရှုံးပြီထင်နေတဲ့ အာဆင်နယ်တို့ ချေပဂိုးရသွားခဲ့ပြီး ပေပေရဲ့ ဖြတ်တင်ဘောကနေ ပြန်ကျလာတဲ့ ဘောလုံးကို ဘန်ဝှိုက်ရဲ့ ကန်ချက်က မာတီနယ်လီနဲ့ထိပြီး ကျလာတာကို လာကာဇက်က ပြေးဝင်ပိတ်သွင်းနိုင်ခဲ့လို့ နှစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့တာပါ။

ဒီပွဲရလဒ်ကြောင့် အာဆင်နယ်တို့ ငါးပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းကို ပိုင်ဆိုင်နိုင်ခဲ့ပေမယ့် သရေတစ်မှတ်ကတော့ အိမ်ကွင်းမှာ မျက်နှာမလှဘဲ ဖြစ်ခဲ့ရသလို အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာကို တက်လှမ်းနိုင်ခွင့်ကို လက်လွှတ်ခဲ့ရပြီး အဆင့် ၁၂ မှာသာ ရပ်တည်နိုင်ခဲ့ချိန်မှာ ပဲလေ့စ်တို့ကတော့ ပထမဆုံး အဝေးကွင်းနိုင်ပွဲကို လက်လွှတ်ခဲ့ရပြီး ဗီယာရာရဲ့ ပြန်အလာမှာ အာတီတာရဲ့ အမှတ်မျှဝေရင်း ဧည့်ခံခဲ့တာပဲဖြစ်ခဲ့ရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ သူတို႔ရဲ႕ ကစားသမားေကာင္းေတြကို ပရိသတ္ေတြအတြက္ ေဖ်ာ္ေျဖမႈေပးခ်င္ေဇာနဲ႔ စုၿပဳံပြဲထုတ္လာခဲ့ၿပီး ကြင္းလယ္မွာ ပါေတးနဲ႔ ေအာ္ဒီဂြါဒ္တို႔ကို တြဲေပးခဲ့သလို အူဘာမီယန္းကို အေထာင္ထားခဲ့ခ်ိန္မွာ ေနာက္ကေန စမစ္႐ိုး၊ ဆာကာနဲ႔ ေပေပတို႔က လိုက္ကစားခဲ့ရင္း ပြဲထြက္လာခဲ့ၾကပါတယ္။

အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္ခဲ့ရတဲ့ ပက္ထရစ္ ဗီယာရာရဲ႕ ပဲေလ့စ္ကေတာ့ ကြင္းလယ္ကို မာမာထန္ထန္နဲ႔ အဖ်က္ကစားႏိုင္ဖို႔ စီစဥ္ခဲ့ၿပီး သူတို႔ရဲ႕ အေကာင္းဆုံးလူစာရင္းကိုပဲ သုံးစြဲခဲ့သလို ဘန္တီကီ၊ အာယူးနဲ႔ ေအဒူယာတို႔ရဲ႕ တိုက္စစ္နဲ႔ အာဆင္နယ္တို႔ကို ျပန္လည္ဖိအားေပးသြားခဲ့တာပါ။

ပြဲခ်ိန္ ၈ မိနစ္မွာကတည္းက အာဆင္နယ္တို႔ ဂိုးစရခဲ့ၿပီး ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို တိုမီယာစုနဲ႔ ဝမ္းတူး႐ိုက္ၿပီး ညာျခမ္းကေန ကန္သြင္းခဲ့တဲ့ ေပေပရဲ႕ ကန္ခ်က္ကို ပဲေလ့စ္ဂိုးသမား ဂြိဳင္တာ ပုတ္ထုတ္ရာကေန ျပန္က်လာတာကို ဘယ္ျခမ္းက ခ်ိန္သားကိုက္ ဝင္လာတဲ့ အူဘာမီယန္းက ပိတ္သြင္းႏိုင္ခဲ့လို႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၂ မိနစ္မွာ ဘန္တီကီကို ပါေတးက ပင္နယ္တီဧရိယာထဲမွာ ကိုယ္လုံးနဲ႔ ခုထားခဲ့တာကို ပဲေလ့စ္တို႔ ပင္နယ္တီေတာင္းဆိုခဲ့ၾကေပမယ့္ ဒိုင္လူႀကီး မိုက္ဒင္းန္က ပယ္ခ်သြားခဲ့ၿပီး ဧည့္သည္ေတြအေနနဲ႔ ေပးထားခဲ့ရတဲ့ ဂိုးကို ျပန္လည္ေခ်ပႏိုင္ဖို႔ တျဖည္းျဖည္း စုဖြဲ႕ၿပီး အရွိန္ျမႇင့္ ႀကိဳးစားလာခဲ့ၾကတာပါ။

အာတီတာရဲ႕ စာ႐ြက္ေပၚမွာ လူေတြ စုၿပဳံထည့္တဲ့ လုပ္ရပ္က ဘယ္ျခမ္းမွာ ကစားရတဲ့ ဆာကာကို လုံးဝ အံမဝင္ေစဘဲ ထိခိုက္ေစခဲ့သလို အဂၤလန္လက္ေ႐ြးစင္အသင္းမွာ ေျခစြမ္းျပႏိုင္တဲ့ လူငယ္အေနနဲ႔ သူ႔ရဲ႕ ကစားခြင့္မွာ ေပ်ာ္႐ႊင္ျခင္း မရွိတဲ့ ပုံစံနဲ႔ ကစားပုံကလည္း မထိေရာက္ခဲ့တာကို ေတြ႕ခဲ့ရၿပီး ညာေနာက္ခံလူ တိုမီယာစုကလည္း တိုက္စစ္လိုက္ပါမႈနဲ႔ ခံစစ္အစြန္က ကာကြယ္မႈေတြမွာ ပုံစံမက်တာကို ျမင္ခဲ့ရပါတယ္။

ခ်ဲလ္ဆီးအသင္းကေန အငွားလာကစားတဲ့ ကြင္းလယ္လူ ဂါလာဂါ ေျခစြမ္းျပႏိုင္ခဲ့ၿပီး အာဆင္နယ္တို႔ဘက္ကို ပဲေလ့စ္တို႔ ဖိကစားႏိုင္ခဲ့သလို ဂိုးေပါက္ၿခိမ္းေျခာက္မႈ ၃ ႀကိမ္ကို ဂိုးသမား ရမ္းစ္ေဒးလ္ ကာကြယ္ခဲ့ရၿပီး ဒိုင္လူႀကီး မိုက္ဒင္းန္ကေတာ့ အိမ္ရွင္ေတြ စိတ္ပ်က္စရာ ဆုံးျဖတ္ခ်က္ေတြကို ခ်မွတ္ခဲ့တဲ့အျပင္ ပဲေလ့စ္ရဲ႕ မက္ကာသာကို အဝါထိႏိုင္တဲ့ တစ္ႀကိမ္နဲ႔ အနီထိႏိုင္တဲ့ တစ္ႀကိမ္ေပါင္းမွ တစ္ဝါပဲ ျပသြားခဲ့တာပါ။

ပထမပိုင္းမွာ အာဆင္နယ္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္း ျပန္စရာမွာေတာ့ အသင္းနဲ႔ အံမဝင္သလို ဒဏ္ရာပါ ရသြားခဲ့တဲ့ ဆာကာအစား ဆမ္ဘီ လိုကြန္ဂါကို ထည့္သြင္းခဲ့ခ်ိန္မွာ ေနာ္ေဝ ခ်ာကာလို႔ ေျပာရမလိုျဖစ္ေနတဲ့ ေအာ္ဒီဂြါဒ္ကို ေရွ႕ျပန္တက္ခိုင္းခဲ့ၿပီး စမစ္႐ိုးကိုေတာ့ ဘယ္ျခမ္းကို ထြက္ကစားခိုင္းခဲ့ပါတယ္။

ပရီးမီးယားလိဂ္ အထာမနပ္တဲ့ ကစားသမားေတြျဖစ္ၾကတဲ့ တိုမီယာစုနဲ႔ လိုကြန္ဂါတို႔ေၾကာင့္ အာဆင္နယ္တို႔ အေတာ္ေလး ဖ႐ိုဖရဲျဖစ္ခဲ့ရသလို ပဲေလ့စ္ကစားသမားေတြရဲ႕ ခပ္ၾကမ္းၾကမ္းကစားၿပီး အခြင့္အေရးယူမႈကိုပါ ခံေနခဲ့ရၿပီး ကြင္းလယ္မွာ ျပတ္ျပတ္သားသား ဖ်က္ထုတ္ခံခဲ့ရသလို ေကာင္တာ တိုက္စစ္ေတြနဲ႔လည္း ျပန္ႀကဳံခဲ့ရတာပါ။

ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ အာဆင္နယ္တို႔ ေခ်ပဂိုးေပးလိုက္ရၿပီး အာယူးရဲ႕ Pressing မွာ ေဘာလုံးဆုံးရႈံးသြားတဲ့ ပါေတးဆီကေန ေဘာလုံးရသြားခဲ့တဲ့ ဘန္တီကီက ေနာက္ခံလူ ဂါဘရီယယ္လ္ကို ေက်ာ္ျဖတ္ၿပီး ဂိုးသမား ရမ္းစ္ေဒးလ္နဲ႔အေတြ႕မွာ ညာဘက္တိုင္ေျခကို ေအးေအးေဆးေဆး ကန္ထည့္ၿပီး သူ႔ရဲ႕ ဝါရင့္ပီပီ တည္ၿငိမ္မႈနဲ႔ တစ္ဂိုးစီ သေရျဖစ္ေစခဲ့ပါတယ္။

အာဆင္နယ္ခံစစ္ကေတာ့ ေလ့က်င့္သား မျပည့္ဝတဲ့ ပုံမ်ိဳးျဖစ္ေနၿပီး အမွားမ်ားေနခဲ့သလို ပဲေလ့စ္တို႔ရဲ႕ တန္ျပန္တိုက္စစ္ေတြ အႀကိဳက္ေတြ႕စရာ ျဖစ္ေနခဲ့သလို ပြဲခ်ိန္ ၅၇ မိနစ္မွာလည္း ေအဒူယာ ဆြဲေျပးၿပီး ေဘာလုံးပ်က္တာကို ေနာက္က ပါလာတဲ့ အာယူးက ကန္သြင္းခဲ့ရာမွာ ဂိုးသမား ရမ္းစ္ေဒးလ္ ပုတ္ထုတ္ခဲ့ရျပန္ပါတယ္။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ တိုက္စစ္မွာ ဘာမွ မလုပ္ႏိုင္တဲ့ ေအာ္ဒီဂြါဒ္အစား လာကာဇက္ ဝင္ကစားခဲ့ၿပီး အာဆင္နယ္တို႔ တိုက္စစ္ျမႇင့္ခဲ့သလို ပိုမိုထိုးေဖာက္လာႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ အူဘာမီယန္းနဲ႔ အတြဲအဖက္ကေန ျပင္သစ္သားႀကီးရဲ႕ ကန္ခ်က္ကို ဂိုးသမား ဂြိဳင္တာက အသည္းအသန္ ကာကြယ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ ဒီကေနရတဲ့ ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို ကြင္းလယ္မွာ ခပ္အအပုံစံနဲ႔ ထိန္းသိမ္းခဲ့တဲ့ ဆမ္ဘီ လိုကြန္ဂါဆီကေန ဂါလာဂါက ခပ္သြက္သြက္ တြန္းတိုက္ရယူသြားခဲ့ၿပီး တန္ျပန္တိုက္စစ္ စတင္ခဲ့ရာမွာ ေဘာလုံးရသြားခဲ့တဲ့ လူစားဝင္ကစားသမား အိုလီေဆးရဲ႕ ေပးပို႔မႈကို ေအဒူယာက သူ႔ကို ပိတ္ထားတဲ့ ဘန္ဝႈိက္ေဘးကေန ကန္သြင္းခဲ့ၿပီး ဂိုးသမား ရမ္းစ္ေဒးလ္ကို အငိုက္မိေစႏိုင္ခဲ့လို႔ ပဲေလ့စ္တို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဂါနာလက္ေ႐ြးစင္မွာ သြားကစားတုန္းက ႏွစ္ပြဲဆက္တိုက္ ဂိုးသြင္းၿပီး ကလပ္ကို ျပန္ေရာက္ေတာ့ ဘာေတြ လုပ္ေနမွန္းမသိတဲ့ ပါေတးကိုေတာ့ ပြဲခ်ိန္ ၈၁ မိနစ္မွာ မာတီနယ္လီနဲ႔ လူစားလဲခဲ့ရၿပီး ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ ျဖတ္တင္ေဘာကေန ျပန္က်လာတဲ့ ေဘာလုံးကို ေနာက္ခံလူ တီယာနီက အနီးကပ္ အျပင္းကန္သြင္းရာမွာ ဘားထိၿပီး ျပန္ထြက္ခဲ့လို႔ အာဆင္နယ္တို႔ နစ္နာခဲ့ရပါတယ္။

မိနစ္ ၉၀ ျပည့္အၿပီး နာက်င္အခ်ိန္ပို ေနာက္ဆုံးမိနစ္မွာေတာ့ အိမ္ကြင္းမွာ ရႈံးၿပီထင္ေနတဲ့ အာဆင္နယ္တို႔ ေခ်ပဂိုးရသြားခဲ့ၿပီး ေပေပရဲ႕ ျဖတ္တင္ေဘာကေန ျပန္က်လာတဲ့ ေဘာလုံးကို ဘန္ဝႈိက္ရဲ႕ ကန္ခ်က္က မာတီနယ္လီနဲ႔ထိၿပီး က်လာတာကို လာကာဇက္က ေျပးဝင္ပိတ္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုးစီသေရရလဒ္ ထြက္ေပၚခဲ့တာပါ။

ဒီပြဲရလဒ္ေၾကာင့္ အာဆင္နယ္တို႔ ငါးပြဲဆက္ ရႈံးပြဲမရွိမွတ္တမ္းကို ပိုင္ဆိုင္ႏိုင္ခဲ့ေပမယ့္ သေရတစ္မွတ္ကေတာ့ အိမ္ကြင္းမွာ မ်က္ႏွာမလွဘဲ ျဖစ္ခဲ့ရသလို အမွတ္ေပးဇယားရဲ႕ အဆင့္ ၈ ေနရာကို တက္လွမ္းႏိုင္ခြင့္ကို လက္လႊတ္ခဲ့ရၿပီး အဆင့္ ၁၂ မွာသာ ရပ္တည္ႏိုင္ခဲ့ခ်ိန္မွာ ပဲေလ့စ္တို႔ကေတာ့ ပထမဆုံး အေဝးကြင္းႏိုင္ပြဲကို လက္လႊတ္ခဲ့ရၿပီး ဗီယာရာရဲ႕ ျပန္အလာမွာ အာတီတာရဲ႕ အမွတ္မွ်ေဝရင္း ဧည့္ခံခဲ့တာပဲျဖစ္ခဲ့ရေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.