Analysis Premier League

ဗီယာရာ>အာတီတာနဲ့ အာဆင်နယ် 2-2 ပဲလေ့စ်ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

ဘရိုမန့်စ် ဂိုးသွင်းပေမယ့် ကြည်နူးဖို့ မဖြစ်နိုင်ခဲ့တဲ့ ပရိသတ်တွေ
အာဆင်နယ်ရဲ့ ဒီနေ့ပွဲက သွင်းဂိုးနှစ်ဂိုးကို ဘရိုမန့်စ်လို့ ခေါ်ခဲ့ကြတဲ့ အူဘာမီယန်းနဲ့ လာကာဇက်တို့နှစ်ဦးက တစ်ဂိုးစီ သွင်းယူပေးခဲ့တာ ဖြစ်ပေမယ့် ပရိသတ်တွေအတွက်တော့ နိုင်ပွဲမရခဲ့လို့ ကြည်နူးစရာမဖြစ်ခဲ့တာပါ။ သူတို့နှစ်ဦးစလုံး ဒီလိုမျိုး ဂိုးသွင်းနိုင်တာက ခြေစွမ်းတွေ ကျဆင်းနေပြီး တစ်ယောက်မဟုတ်တစ်ယောက် ခြေပျောက်တတ်တဲ့ နောက်ပိုင်းကာလတွေမှာ ရှားပါးဖြစ်ရပ်လို့ ဆိုနိုင်ခဲ့ပေမယ့် အသင်းခေါင်းဆောင်ဟောင်း ဗီယာရာရဲ့ ပဲလေ့စ်က ပေးသွားတဲ့ ဒဏ်ရာတွေကို ဖြေဖျောက်ဖို့ မတတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘယ်သူက ဆရာလဲ ပြနိုင်ဖို့ နီးစပ်ခဲ့တဲ့ ဗီယာရာ
အာဆင်နယ်ကွင်းမှာ လာကစားရပေမယ့် ကစားအားကောင်းကောင်း ပါးပါးနပ်နပ်နဲ့ ပဲလေ့စ်ကို လမ်းညွှန်ပြသွားခဲ့တဲ့ ဗီယာရာအနေနဲ့ ဒီနေ့မှာ နိုင်ပွဲရဖို့ ထိုက်တန်ခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကို ဘယ်လို မာမာထန်ထန် ကစားရတယ်ဆိုတာ အာဆင်နယ်ဘက်မှာ သဘောပေါက်သူဆိုလို့ တိုက်စစ်မှူး အူဘာမီယန်းနဲ့ ဆာကာတို့နှစ်ယောက်လောက်သာ ရှိနေချိန်မှာ ပြင်သစ်သားကြီးရဲ့ ကစားသမားတွေကတော့ အဝင်အထွက်ရဲရဲနဲ့ မိုက်ဒင်းန်ရဲ့ တွေဝေတွန့်ဆုတ်မှုတွေကိုပါ အခွင့်ကောင်းယူသွားနိုင်ခဲ့ပြီး ပွဲချိန် ၉၄ မိနစ်နဲ့ စက္ကန့်ပိုင်းအထိ ဦးဆောင်နိုင်ခဲ့တာက အာတီတာထက်ပိုပြီး ဆရာကျတယ်လို့ ပြောရမလိုပါ ဖြစ်ခဲ့တာပါ။

ဆာကာတစ်ယောက် စိတ်ကောက်ခဲ့တာလား
အာဆင်နယ်အသင်းရဲ့ ဘယ်တောင်ပံကို ညာတောင်ပံကစားနေ ပြောင်းကစားခဲ့ရပေမယ့် ပွဲထွက်တစ်နေရာတော့ ခိုင်မာခဲ့တဲ့ အင်္ဂလိပ်လူငယ် အနေနဲ့ အသင်းမှာ ကစားရရင် ဘယ်နေရာဖြစ်ဖြစ် ကစားပေးမယ်ဆိုတဲ့ ပြောစကားတွေကို မေ့သွားခဲ့ပြီထင်ပါတယ်။ ဘယ်တောင်ပံမှာ ဝတ်ကျေတန်းကျေ ကစားနေခဲ့သလို သာမန်ပေးပို့မှုတွေသာ လုပ်ဆောင်နိုင်ခဲ့ပြီး Pressing ကစားပုံတွေမှာလည်း လျော့တိလျော့ရဲဖြစ်နေခဲ့တဲ့ ဆာကာအနေနဲ့ သူ့စိတ်ကြိုက် ညာတောင်ပံကို ပေပေဆီ လွှဲပြောင်းပေးထားရလို့များ စိတ်ကောက်ပြနေသလားလို့ ထင်ခဲ့ရပြီး ဒဏ်ရာသိပ်မဆိုးပေးမယ့် ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတာက ခြေစွမ်းအတွက် နည်းပြ အာတီတာရဲ့ ပညာပေးမှုလားလို့လည်း တွေးစရာဖြစ်ခဲ့ရပါတယ်။

နေရာတွေနဲ့ အံမဝင်တဲ့ တိုမီယာစုနဲ့ အော်ဒီဂွါဒ်
အာဆင်နယ်အသင်းရဲ့ ညာနောက်ခံမှာ ကစားတဲ့ ဂျပန်သား တိုမီယာစုကတော့ အသင်းရဲ့ ရလဒ်မကောင်းမှုနဲ့အတူ ခံစစ်အစွန်လူ မဟုတ်ဘူး ဆိုတဲ့ ဝေဖန်မှုတွေကို ရှင်သန်စေပြန်ပါပြီ။ တကယ်တမ်းလည်း သူ့အနေနဲ့ ခံစစ်ပိုင်းမှာ Center Back နေရာကို ရောက်နေချိန်မျိုးမှာ ကစားပုံက ပါးနပ်စွာနဲ့ ကောင်းမွန်နေခဲ့ပေမယ့် ညာအစွန်မှာတော့ ခံစစ်မှာ ခုခံကာကွယ်ပုံတွေက သဘာဝမကျသလို တိုက်စစ်လိုက်ပါမှုတွေမှာလည်း ကွင်းလယ်အဖျက်တစ်ဦးရဲ့ ပုံစံမျိုးလောက်ပဲ ရှိခဲ့ပြီး Overlap လုပ်ရင်း တောင်ပံသမားတွေကို ကူညီဖို့ လုံးဝ မစွမ်းဆောင်နိုင်ခဲ့တာပါ။

အော်ဒီဂွါဒ်ကတော့ ဒီနေ့ပွဲမှာ ချာကာရဲ့ လစ်လပ်နေတဲ့ နေရာမှာ ဝင်ကစားပြီး ကွင်းလယ်အထိုင်မှာ သောမတ်စ် ပါတေးရဲ့ အတွဲအဖက် ဖြစ်ခဲ့သလို နေရာပေးခံခဲ့ရပေမယ့် ခြေစွမ်းကတော့ ဆိုးရွားနေခဲ့တာပါ။ တိုက်စစ်အတွက် ပေးပို့မှုတွေ မလုပ်နိုင်ခဲ့သလို ခံစစ်ကိုလည်း မကူညီနိုင်ချိန်မှာ သူ့ရဲ့ အနေအထားက အပိုသက်သက်သာ ဖြစ်ခဲ့ပြီး ကွင်းလယ်မှာ လူတစ်ယောက် လျော့နေသလိုကို ဖြစ်နေခဲ့ပါတယ်။ ဒီကြားထဲမှာ တစ်ချက်တစ်ချက် တိုက်စစ်ကို လိုက်ပါချိန်တွေမှာလည်း အလယ်မှာ ကစားတဲ့ စမစ်ရိုးနဲ့ နေရာထပ်နေခဲ့တာက ပရိသတ်တွေအတွက် စိတ်ပျက်စရာပဲဖြစ်ခဲ့ရပါတယ်။

ရမ်းစ်ဒေးလ် ဖမ်းမပေးနိုင်ချိန်မှာ မျက်နှာပျက်ရဖို့ နီးခဲ့တဲ့ အာတီတာ
အာဆင်နယ်ခံစစ်ကတော့ ဒီနေ့ပွဲမှာ စုစည်းမှု ဆိုးရွားနေခဲ့ပြီး ဂိုးသမား ရမ်းစ်ဒေးလ်ရှေ့မှာ အပေါက်ကြီးတွေ မကြာခဏဖြစ်နေခဲ့တာပါ။ ကွင်းလယ်က ပါတေးက တိုက်စစ်နဲ့ ဖန်တီးမှုကိုပါ တွဲဖက်တာဝန်ယူနေရချိန်မှာ ခံစစ်ကို ပြန်ဆင်းဖို့ နောက်ကျနေခဲ့တာကို တွေ့ရပြီး ဘန်ဝှိုက်၊ တိုမီယာစုနဲ့ ဂါဘရီယယ်လ်တို့ကို တတ်နိုင်သလောက် လာကူခဲ့သူက တစ်ခါတစ်ခါ ကွင်းလယ်တိုက်စစ်သမား စမစ်ရိုးတောင် ဖြစ်နေခဲ့ပါသေးတယ်။

ရှေ့မရောက် နောက်မရောက် ကစားနေတဲ့ တိုမီယာစုရဲ့ နောက်မှာ ပေါ်နေတဲ့ ကွက်လပ်ကို ပဲလေ့စ်တို့ အဓိက ထိုးနှက်သွားခဲ့ကြသလို ဘန်ဝှိုက်နဲ့ ဂါဘရီယယ်လ်တို့ကြားက တာဝန်ခွဲဝေမှု မရေရာတဲ့ ခံစစ်ကြောင့် ဒီနေ့ပွဲမှာ ရမ်းစ်ဒေးလ်အနေနဲ့ ၆ ကြိမ်အထိ ဂိုးပေါက်တည့်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ၄ ကြိမ်ကို ကာကွယ်နိုင်ခဲ့ပေမယ့် ၂ ကြိမ်ကို ဖမ်းမပေးနိုင်ခဲ့ချိန်မှာတော့ အာတီတာတစ်ယောက် ကံကောင်းလို့ မျက်နှာမပျက်ခဲ့ရတာပါ။

အိပ်မက်တွေ မက်ဖို့ မဖြစ်နိုင်သေးတဲ့ အာဆင်နယ်
ဘရိုက်တန်ကို ဂိုးမရှိသရေကျအပြီးမှာ ပဲလေ့စ်ကိုပါ နောက်က လိုက်ကစားခဲ့ရတဲ့ အာဆင်နယ်ရဲ့ ပုံစံက ပရိသတ်တွေ စိတ်နှစ်ပြီး အားပေးဖို့ ယုံကြည်ချင်စရာ မရှိသေးတာပါ။ အူဘာမီယန်း ကြိုးစားပြီး ဂိုးသွင်းယူတယ်၊ ပြီးတော့ ကစားအားချပြီး ပဲလေ့စ်ရဲ့ တိုက်စစ်ကို အိုးနင်းခွက်နင်းနဲ့ ခံစစ် ပြန်ကစားတယ်ဆိုတာမျိုးက အသင်းကြီးတစ်သင်းရဲ့ ကစားအား Intensity နဲ့တော့ ဘာမှမဆိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မပါးနပ်တဲ့ ကစားသမားတွေကြောင့် နှစ်ဂိုးပေးခဲ့ရပြီး တိုက်စစ်ကနေ ခံစစ်ပြောင်းကစားတဲ့ ဗီယာရာရဲ့ အမှားကြောင့်သာ နောက်ဆုံးမိနစ်မှာ ကံကောင်းပြီး ချေပဂိုးနဲ့ သရေရခဲ့တာဖြစ်လို့ ဝက်စ်ဟမ်း၊ အဲဗာတန်၊ စပါးစ်တို့ အပြိုင်အဆိုင်ဖြစ်နေကြတဲ့ ဒီနှစ်မှာလည်း ဥရောပကို အိပ်မက်မမက်တာကပဲ ကောင်းမှာပါ။

ခြေစွမ်းနဲ့ ရမှတ် မကိုက်ညီသေးတဲ့ ပဲလေ့စ်
ခရစ္စတယ်လ်ပဲလေ့စ်အနေနဲ့ သူတို့ရဲ့ တိုက်စစ်ပိုင်းနဲ့ ကွင်းလယ်က စုဖွဲ့ကစားပုံတွေက အဆင့်အတန်းတစ်ခုမှာ ရှိနေပြီး ပရီးမီးယားလိဂ်ရဲ့ အသင်းလတ်တန်းကို ဝင်တယ်လို့ အသိအမှတ်ပြုခံရနိုင်ပေမယ့် ခံစစ်က မလိုအပ်ဘဲ ဂိုးတွေ ပေးနေခဲ့ရတာနဲ့ အာရုံစိုက်မှု လျော့နည်းနေခဲ့တာမျိုးက သူတို့ကို ၈ ပွဲမှာ ၈ မှတ်သာ ရရှိစေခဲ့တာပါ။ ဒီနေ့ပွဲမှာလည်း ပွဲပြီးခါနီးမှာ မလိုအပ်ဘဲ အေဒူယာကို ထုတ်ပြီး လေးလံတဲ့ ခံစစ်မှူး တွမ်ကင်းစ်ကို ထည့်လိုက်တာက သူတို့ကို တုံ့ပြန်နိုင်စွမ်း ကင်းမဲ့စေခဲ့ပြီး နောက်ဆုံးမိနစ်မှာ ထောင့်ကန်ဘော မပေးရအောင် ထိန်းထားသင့်တဲ့အစား ပေါ့လျော့ပြီး ပေးလိုက်တဲ့ ကူယာတေးကြောင့် နိုင်ပွဲတစ်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘ႐ိုမန႔္စ္ ဂိုးသြင္းေပမယ့္ ၾကည္ႏူးဖို႔ မျဖစ္ႏိုင္ခဲ့တဲ့ ပရိသတ္ေတြ
အာဆင္နယ္ရဲ႕ ဒီေန႔ပြဲက သြင္းဂိုးႏွစ္ဂိုးကို ဘ႐ိုမန႔္စ္လို႔ ေခၚခဲ့ၾကတဲ့ အူဘာမီယန္းနဲ႔ လာကာဇက္တို႔ႏွစ္ဦးက တစ္ဂိုးစီ သြင္းယူေပးခဲ့တာ ျဖစ္ေပမယ့္ ပရိသတ္ေတြအတြက္ေတာ့ ႏိုင္ပြဲမရခဲ့လို႔ ၾကည္ႏူးစရာမျဖစ္ခဲ့တာပါ။ သူတို႔ႏွစ္ဦးစလုံး ဒီလိုမ်ိဳး ဂိုးသြင္းႏိုင္တာက ေျခစြမ္းေတြ က်ဆင္းေနၿပီး တစ္ေယာက္မဟုတ္တစ္ေယာက္ ေျခေပ်ာက္တတ္တဲ့ ေနာက္ပိုင္းကာလေတြမွာ ရွားပါးျဖစ္ရပ္လို႔ ဆိုႏိုင္ခဲ့ေပမယ့္ အသင္းေခါင္းေဆာင္ေဟာင္း ဗီယာရာရဲ႕ ပဲေလ့စ္က ေပးသြားတဲ့ ဒဏ္ရာေတြကို ေျဖေဖ်ာက္ဖို႔ မတတ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဘယ္သူက ဆရာလဲ ျပႏိုင္ဖို႔ နီးစပ္ခဲ့တဲ့ ဗီယာရာ
အာဆင္နယ္ကြင္းမွာ လာကစားရေပမယ့္ ကစားအားေကာင္းေကာင္း ပါးပါးနပ္နပ္နဲ႔ ပဲေလ့စ္ကို လမ္းၫႊန္ျပသြားခဲ့တဲ့ ဗီယာရာအေနနဲ႔ ဒီေန႔မွာ ႏိုင္ပြဲရဖို႔ ထိုက္တန္ခဲ့တာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ကို ဘယ္လို မာမာထန္ထန္ ကစားရတယ္ဆိုတာ အာဆင္နယ္ဘက္မွာ သေဘာေပါက္သူဆိုလို႔ တိုက္စစ္မႉး အူဘာမီယန္းနဲ႔ ဆာကာတို႔ႏွစ္ေယာက္ေလာက္သာ ရွိေနခ်ိန္မွာ ျပင္သစ္သားႀကီးရဲ႕ ကစားသမားေတြကေတာ့ အဝင္အထြက္ရဲရဲနဲ႔ မိုက္ဒင္းန္ရဲ႕ ေတြေဝတြန႔္ဆုတ္မႈေတြကိုပါ အခြင့္ေကာင္းယူသြားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၉၄ မိနစ္နဲ႔ စကၠန႔္ပိုင္းအထိ ဦးေဆာင္ႏိုင္ခဲ့တာက အာတီတာထက္ပိုၿပီး ဆရာက်တယ္လို႔ ေျပာရမလိုပါ ျဖစ္ခဲ့တာပါ။

ဆာကာတစ္ေယာက္ စိတ္ေကာက္ခဲ့တာလား
အာဆင္နယ္အသင္းရဲ႕ ဘယ္ေတာင္ပံကို ညာေတာင္ပံကစားေန ေျပာင္းကစားခဲ့ရေပမယ့္ ပြဲထြက္တစ္ေနရာေတာ့ ခိုင္မာခဲ့တဲ့ အဂၤလိပ္လူငယ္ အေနနဲ႔ အသင္းမွာ ကစားရရင္ ဘယ္ေနရာျဖစ္ျဖစ္ ကစားေပးမယ္ဆိုတဲ့ ေျပာစကားေတြကို ေမ့သြားခဲ့ၿပီထင္ပါတယ္။ ဘယ္ေတာင္ပံမွာ ဝတ္ေက်တန္းေက် ကစားေနခဲ့သလို သာမန္ေပးပို႔မႈေတြသာ လုပ္ေဆာင္ႏိုင္ခဲ့ၿပီး Pressing ကစားပုံေတြမွာလည္း ေလ်ာ့တိေလ်ာ့ရဲျဖစ္ေနခဲ့တဲ့ ဆာကာအေနနဲ႔ သူ႔စိတ္ႀကိဳက္ ညာေတာင္ပံကို ေပေပဆီ လႊဲေျပာင္းေပးထားရလို႔မ်ား စိတ္ေကာက္ျပေနသလားလို႔ ထင္ခဲ့ရၿပီး ဒဏ္ရာသိပ္မဆိုးေပးမယ့္ ပထမပိုင္းအၿပီးမွာ လူစားလဲခံခဲ့ရတာက ေျခစြမ္းအတြက္ နည္းျပ အာတီတာရဲ႕ ပညာေပးမႈလားလို႔လည္း ေတြးစရာျဖစ္ခဲ့ရပါတယ္။

ေနရာေတြနဲ႔ အံမဝင္တဲ့ တိုမီယာစုနဲ႔ ေအာ္ဒီဂြါဒ္
အာဆင္နယ္အသင္းရဲ႕ ညာေနာက္ခံမွာ ကစားတဲ့ ဂ်ပန္သား တိုမီယာစုကေတာ့ အသင္းရဲ႕ ရလဒ္မေကာင္းမႈနဲ႔အတူ ခံစစ္အစြန္လူ မဟုတ္ဘူး ဆိုတဲ့ ေဝဖန္မႈေတြကို ရွင္သန္ေစျပန္ပါၿပီ။ တကယ္တမ္းလည္း သူ႔အေနနဲ႔ ခံစစ္ပိုင္းမွာ Center Back ေနရာကို ေရာက္ေနခ်ိန္မ်ိဳးမွာ ကစားပုံက ပါးနပ္စြာနဲ႔ ေကာင္းမြန္ေနခဲ့ေပမယ့္ ညာအစြန္မွာေတာ့ ခံစစ္မွာ ခုခံကာကြယ္ပုံေတြက သဘာဝမက်သလို တိုက္စစ္လိုက္ပါမႈေတြမွာလည္း ကြင္းလယ္အဖ်က္တစ္ဦးရဲ႕ ပုံစံမ်ိဳးေလာက္ပဲ ရွိခဲ့ၿပီး Overlap လုပ္ရင္း ေတာင္ပံသမားေတြကို ကူညီဖို႔ လုံးဝ မစြမ္းေဆာင္ႏိုင္ခဲ့တာပါ။

ေအာ္ဒီဂြါဒ္ကေတာ့ ဒီေန႔ပြဲမွာ ခ်ာကာရဲ႕ လစ္လပ္ေနတဲ့ ေနရာမွာ ဝင္ကစားၿပီး ကြင္းလယ္အထိုင္မွာ ေသာမတ္စ္ ပါေတးရဲ႕ အတြဲအဖက္ ျဖစ္ခဲ့သလို ေနရာေပးခံခဲ့ရေပမယ့္ ေျခစြမ္းကေတာ့ ဆိုး႐ြားေနခဲ့တာပါ။ တိုက္စစ္အတြက္ ေပးပို႔မႈေတြ မလုပ္ႏိုင္ခဲ့သလို ခံစစ္ကိုလည္း မကူညီႏိုင္ခ်ိန္မွာ သူ႔ရဲ႕ အေနအထားက အပိုသက္သက္သာ ျဖစ္ခဲ့ၿပီး ကြင္းလယ္မွာ လူတစ္ေယာက္ ေလ်ာ့ေနသလိုကို ျဖစ္ေနခဲ့ပါတယ္။ ဒီၾကားထဲမွာ တစ္ခ်က္တစ္ခ်က္ တိုက္စစ္ကို လိုက္ပါခ်ိန္ေတြမွာလည္း အလယ္မွာ ကစားတဲ့ စမစ္႐ိုးနဲ႔ ေနရာထပ္ေနခဲ့တာက ပရိသတ္ေတြအတြက္ စိတ္ပ်က္စရာပဲျဖစ္ခဲ့ရပါတယ္။

ရမ္းစ္ေဒးလ္ ဖမ္းမေပးႏိုင္ခ်ိန္မွာ မ်က္ႏွာပ်က္ရဖို႔ နီးခဲ့တဲ့ အာတီတာ
အာဆင္နယ္ခံစစ္ကေတာ့ ဒီေန႔ပြဲမွာ စုစည္းမႈ ဆိုး႐ြားေနခဲ့ၿပီး ဂိုးသမား ရမ္းစ္ေဒးလ္ေရွ႕မွာ အေပါက္ႀကီးေတြ မၾကာခဏျဖစ္ေနခဲ့တာပါ။ ကြင္းလယ္က ပါေတးက တိုက္စစ္နဲ႔ ဖန္တီးမႈကိုပါ တြဲဖက္တာဝန္ယူေနရခ်ိန္မွာ ခံစစ္ကို ျပန္ဆင္းဖို႔ ေနာက္က်ေနခဲ့တာကို ေတြ႕ရၿပီး ဘန္ဝႈိက္၊ တိုမီယာစုနဲ႔ ဂါဘရီယယ္လ္တို႔ကို တတ္ႏိုင္သေလာက္ လာကူခဲ့သူက တစ္ခါတစ္ခါ ကြင္းလယ္တိုက္စစ္သမား စမစ္႐ိုးေတာင္ ျဖစ္ေနခဲ့ပါေသးတယ္။

ေရွ႕မေရာက္ ေနာက္မေရာက္ ကစားေနတဲ့ တိုမီယာစုရဲ႕ ေနာက္မွာ ေပၚေနတဲ့ ကြက္လပ္ကို ပဲေလ့စ္တို႔ အဓိက ထိုးႏွက္သြားခဲ့ၾကသလို ဘန္ဝႈိက္နဲ႔ ဂါဘရီယယ္လ္တို႔ၾကားက တာဝန္ခြဲေဝမႈ မေရရာတဲ့ ခံစစ္ေၾကာင့္ ဒီေန႔ပြဲမွာ ရမ္းစ္ေဒးလ္အေနနဲ႔ ၆ ႀကိမ္အထိ ဂိုးေပါက္တည့္မႈနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ၄ ႀကိမ္ကို ကာကြယ္ႏိုင္ခဲ့ေပမယ့္ ၂ ႀကိမ္ကို ဖမ္းမေပးႏိုင္ခဲ့ခ်ိန္မွာေတာ့ အာတီတာတစ္ေယာက္ ကံေကာင္းလို႔ မ်က္ႏွာမပ်က္ခဲ့ရတာပါ။

အိပ္မက္ေတြ မက္ဖို႔ မျဖစ္ႏိုင္ေသးတဲ့ အာဆင္နယ္
ဘ႐ိုက္တန္ကို ဂိုးမရွိသေရက်အၿပီးမွာ ပဲေလ့စ္ကိုပါ ေနာက္က လိုက္ကစားခဲ့ရတဲ့ အာဆင္နယ္ရဲ႕ ပုံစံက ပရိသတ္ေတြ စိတ္ႏွစ္ၿပီး အားေပးဖို႔ ယုံၾကည္ခ်င္စရာ မရွိေသးတာပါ။ အူဘာမီယန္း ႀကိဳးစားၿပီး ဂိုးသြင္းယူတယ္၊ ၿပီးေတာ့ ကစားအားခ်ၿပီး ပဲေလ့စ္ရဲ႕ တိုက္စစ္ကို အိုးနင္းခြက္နင္းနဲ႔ ခံစစ္ ျပန္ကစားတယ္ဆိုတာမ်ိဳးက အသင္းႀကီးတစ္သင္းရဲ႕ ကစားအား Intensity နဲ႔ေတာ့ ဘာမွမဆိုင္ဘဲ ျဖစ္ေနခဲ့ပါတယ္။ ဒုတိယပိုင္းမွာ မပါးနပ္တဲ့ ကစားသမားေတြေၾကာင့္ ႏွစ္ဂိုးေပးခဲ့ရၿပီး တိုက္စစ္ကေန ခံစစ္ေျပာင္းကစားတဲ့ ဗီယာရာရဲ႕ အမွားေၾကာင့္သာ ေနာက္ဆုံးမိနစ္မွာ ကံေကာင္းၿပီး ေခ်ပဂိုးနဲ႔ သေရရခဲ့တာျဖစ္လို႔ ဝက္စ္ဟမ္း၊ အဲဗာတန္၊ စပါးစ္တို႔ အၿပိဳင္အဆိုင္ျဖစ္ေနၾကတဲ့ ဒီႏွစ္မွာလည္း ဥေရာပကို အိပ္မက္မမက္တာကပဲ ေကာင္းမွာပါ။

ေျခစြမ္းနဲ႔ ရမွတ္ မကိုက္ညီေသးတဲ့ ပဲေလ့စ္
ခရစၥတယ္လ္ပဲေလ့စ္အေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္ပိုင္းနဲ႔ ကြင္းလယ္က စုဖြဲ႕ကစားပုံေတြက အဆင့္အတန္းတစ္ခုမွာ ရွိေနၿပီး ပရီးမီးယားလိဂ္ရဲ႕ အသင္းလတ္တန္းကို ဝင္တယ္လို႔ အသိအမွတ္ျပဳခံရႏိုင္ေပမယ့္ ခံစစ္က မလိုအပ္ဘဲ ဂိုးေတြ ေပးေနခဲ့ရတာနဲ႔ အာ႐ုံစိုက္မႈ ေလ်ာ့နည္းေနခဲ့တာမ်ိဳးက သူတို႔ကို ၈ ပြဲမွာ ၈ မွတ္သာ ရရွိေစခဲ့တာပါ။ ဒီေန႔ပြဲမွာလည္း ပြဲၿပီးခါနီးမွာ မလိုအပ္ဘဲ ေအဒူယာကို ထုတ္ၿပီး ေလးလံတဲ့ ခံစစ္မႉး တြမ္ကင္းစ္ကို ထည့္လိုက္တာက သူတို႔ကို တုံ႔ျပန္ႏိုင္စြမ္း ကင္းမဲ့ေစခဲ့ၿပီး ေနာက္ဆုံးမိနစ္မွာ ေထာင့္ကန္ေဘာ မေပးရေအာင္ ထိန္းထားသင့္တဲ့အစား ေပါ့ေလ်ာ့ၿပီး ေပးလိုက္တဲ့ ကူယာေတးေၾကာင့္ ႏိုင္ပြဲတစ္ပြဲနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.