Article La Liga Premier League Serie A

လက်ရှိ ဘောလုံးလောကရဲ့ ခံစစ်အားအသန်ဆုံးနည်းပြ ၅ ဦး

ဘောလုံးလောက ခေတ်သစ်မှာ နည်းပြအများစုဟာ သူတို့ရဲ့ ပွဲကစားဟန်ကို မတူညီတဲ့ပုံစံတွေနဲ့ ချဉ်းကပ်ကြပြီး အချို့က တိုက်စစ်၊ အချို့က အထိုင်ချပြီး တန်ပြန်တိုက်စစ်၊ အချို့ကတော့ ခံစစ်အဓိကထားတဲ့ပုံစံတွေနဲ့ ချဉ်းကပ်ကြပါတယ်။ အမှန်အတိုင်းပြောရရင် တိုက်စစ်အသားပေးတဲ့ ကစားဟန်က အသင်းကို ပိုမိုအောင်မြင်စေပေမယ့် တခါတလေ ရှေ့က ဂိုးတဒိုင်းဒိုင်းသွင်းပြီး နောက်မှာ ဒလဟော ဂိုးတွေ ပြန်ပေးရတာမျိုးလည်း ရှိတတ်ပါတယ်။

ရလဒ်ကောင်းတွေ ရရှိနေသရွေ့တော့ ခံစစ်ကစားဟန်အပေါ် အသားပေးတဲ့ ချဉ်းကပ်ပုံဟာ ပြဿနာမရှိဘဲ ဥရောပထိပ်သီးလိဂ် ၅ ခုထဲက သိပ်အင်အားမတောင့်တဲ့အသင်းတွေ အများအပြားက ဒီ သဘောတရားကို လက်ကိုင်ထားပြီး အခြားအသင်းတွေ လွှမ်းမိုးဖို့ ကြိုးစားရာမှာ ခက်ခဲအောင် လုပ်ခဲ့ကြပါတယ်။

ဆမ် အလာဒိုက်စ်ဟာ အဲဒီလို ခံစစ်ကစားဟန်နဲ့ ပြိုင်ဘက်တွေကို ဒုက္ခပေးတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်ပြီး အဲဒါကြောင့်လည်း ပရီးမီးယားလိဂ်မှာ မကြာခဏ မြင်တွေ့နေရတဲ့ အင်္ဂလိပ်လူမျိုး နည်းပြဖြစ်ပါတယ်။ ခံစစ်အသားပေးကစားဟန်ကို အသုံးပြုပြီး အောင်မြင်မှုတွေ ရရှိခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံးနည်းပြအချို့လည်း ရှိနေပြီး ဥပမာအနေနဲ့ ချဲလ်ဆီးနည်းပြဟောင်း ကွန်တီလို့ ပြောရမှာဖြစ်ပေမယ့် လက်ရှိမှာတော့ ခံစစ်ကစားဟန်ကို အသုံးမပြုတော့တာကြောင့် ဒီစာရင်းထဲမှာ မထည့်သွင်းတော့ပါဘူး။

လက်ရှိ ခံစစ်အသားပေး ကစားဟန်ကို အသုံးပြုနေသေးတဲ့ ထိပ်တန်းနည်းပြ ၅ ဦးက ဘယ်သူတွေများဖြစ်မလဲ…

၅။ ရှောင် ဒိုက်ချ်(ဘန်လေ)

ရှောင်ဒိုက်ချ်ဟာ ဝက်ဖို့ဒ်မှာ မယ်ကီ မက်ကေးရဲ့လက်ထောက်နည်းပြအဖြစ် နည်းပြဘဝကို စတင်ခဲ့သူဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ မက်ကေး ကာဒစ်စီးတီးကို ပြောင်းရွှေ့သွားပြီးနောက်ပိုင်း ဝက်ဖို့ဒ်ရဲ့ နည်းပြသစ်ဖြစ်လာခဲ့သူပါ။ ပိုင်ရှင်အပြောင်းအလဲကြောင့် ချန်ပီယံရှစ်မှာ ဝက်ဖို့ဒ်ကို အဆင့် ၁၁ ရအောင် လုပ်ပေးခဲ့ပေမယ့်လည်း ရှောင် ဒိုက်ချ် တစ်ယောက် လွင့်ခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ်မှာ အင်္ဂလိပ်လူမျိုးနည်းပြဟာ ဘန်လေရဲ့နည်းပြဖြစ်လာခဲ့ပြီး လက်ရှိအချိန်အထိပါပဲ။ ဒိုက်ချ်ရဲ့လက်အောက်မှာ ဘန်လေဟာ ပရီးမီးယားလိဂ်မှာ ပုံမှန်မြင်တွေ့ရတဲ့အသင်းဖြစ်လာခဲ့ပြီး ဝက်ဖို့ဒ်နည်းပြဟောင်းက ၄-၄-၂ ကစားကွက်ကို ပိုမိုသဘောကျသူဖြစ်ပါတယ်။

ခံစစ် ၄ ဦးနဲ့အတူ ကွင်းလယ်ကစားသမား ၄ ဦးနဲ့ ခံစစ်ကို အခိုင်အမာတည်ထားတတ်ပြီး ဘန်လေအသင်းက ပြိုင်ဘက်အသင်းတွေကို ထိုးဖောက်ဖို့ တော်တော်အခက်တွေ့အောင် လုပ်နိုင်ခဲ့ပါတယ်။ ဒီကစားကွက်ကြောင့် ဘန်လေအသင်းက ကောင်းကောင်းလေ့ကျင့်ထားတဲ့ ပင်နယ်တီဧရိယာထဲကို အဝေးဘောပေးကစားပြီး တည်ကန်ဘောတွေကို အဓိက မှီခိုရပါတယ်။ ဘန်လေဟာ ငွေကြေးအင်အားမတောင့်တင်းပေမယ့်လည်း ပရီးမီးယားလိဂ်မှာ ၅ နှစ်ဆက်တိုက် ရှင်ကျန်နိုင်ခဲ့တာကြောင့် ရှောင် ဒိုက်ချ်ဟာ ချီးကျူးမှုတွေ အများကြီးရရှိဖို့ ထိုက်တန်ပါတယ်။

၄။ အူနိုင်း အမ်မရီ(ဗီလာရီးရဲလ်)

စပိန်လူမျိုးနည်းပြဟာ အတွေ့အကြုံအလွန်များတဲ့ နည်းပြဖြစ်ပြီး ယူရိုပါလိဂ်ဖလားကို ရယူရာမှာ ဆရာကျသူဖြစ်ပြီး နည်းပြဘဝတလျှောက် ၄ ကြိမ်အထိ စံချိန်တင် ရရှိထားသူဖြစ်ပါတယ်။ အာမေရီယာနည်းပြဟောင်းဟာ နည်းပြဘဝမှာ စပိန်အသင်းကောင်းအချို့ကို ကိုင်တွယ်ခဲ့ပြီး ဗလင်စီယာ၊ ဆီးဗီးလားနဲ့ လက်ရှိ ဗီလာရီးရဲလ်တို့ကို နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အူနိုင်းဟာ ပီအက်စ်ဂျီနဲ့ အာဆင်နယ်တို့လို ထိပ်တန်းအသင်းတွေကိုလည်း ကိုင်တွယ်ခဲ့ဖူးပြီး ပြိုင်ဘက်ကို နားလည်ပြီး နည်းစနစ်ပိုင်းအသေးစိတ်ကျသူဖြစ်ပါတယ်။ အူနိုင်းဟာ ၄-၂-၃-၁ ကစားကွက်ကို ပိုမိုအသုံးပြုတတ်ပြီး တခါတလေလည်း ၄-၄-၂ လည်း အသုံးပြုတတ်ပါတယ်။

အူနိုင်းရဲ့အသင်းဟာ ခံစစ်နဲ့ အစုလိုက် ဖိကစားဖို့ တည်ဆောက်ထားပြီး ကွင်းလယ်ကစားသမား ၂ ဦးဟာ မဏ္ဍိုင် ၂ ခုအဖြစ် ကစားပေးရတာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် အူနိုင်းရဲ့အသင်းဟာ နောက်တန်းမှာပဲ ထိုင်နေပြီး ပြိုင်ဘက်တွေ အမှားလုပ်တာ စောင့်ဆိုင်းနေတာမျိုးတော့မဟုတ်ပါဘူး။ စပိန်လူမျိုးနည်းပြရဲ့ ပုံသေနည်းစနစ်ကတော့ ခံစစ်ဖြစ်ပေမယ့် ၎င်းရဲ့အသင်းဟာ တန်ပြန်တိုက်စစ်မှာ တော်တော်လေး အကျိုးသက်ရောက်မှုရှိပြီး ကစားသမားအများအပြားနဲ့ ဖိအားပေးရင်း ဘောလုံးလုလို့ ရတာနဲ့ ဂိုးပေါက်ထဲကို လျင်လျင်မြန်မြန်ကန်သွင်းတဲ့ပုံစံလည်း ကစားနိုင်ပါတယ်။ အူနိုင်းရဲ့ ဗီလာရီးရဲလ်ဟာ ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။

၃။ အယ်လီဂရီ(ဂျူဗင်တပ်)

အတွေ့အကြုံအလွန်များပြားတဲ့ နည်းပြဖြစ်တဲ့ အယ်လီဂရီဟာ နည်းပြဘဝတစ်ခုလုံးကို အီတလီမှာ အဓိကအခြေချခဲ့သူဖြစ်ပါတယ်။ အီတလီလူမျိုးနည်းပြဟာ ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်အထိ အေစီမီလန်ကို ကိုင််တွယ်ခဲ့ပြီးနောက် ၂၀၁၄ ကနေ ၂၀၁၉ အထိ ဂျူဗင်တပ်ကို ကိုင်တွယ်ခဲ့ပါတယ်။ ယခုနွေရာသီမှာ ဂျူဗင်တပ်ကို တကျော့ပြန်ကိုင်တွယ်ခဲ့ပြီး ၃-၅-၂၊ ၄-၃-၁-၂ သို့မဟုတ် ၄-၃-၃ ကစားကွက်ပါ အသုံးပြုတတ်သူဖြစ်ပါတယ်။

အယ်လီဂရီဟာ အခြားသူတွေထက် ကစားသမားတွေအပေါ်မူတည်ပြီး ၎င်းရဲ့နည်းဗျူဟာကို ချမှတ်ရတာ ပိုမိုနှစ်သက်သူဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှုမရတဲ့အချိန်မှာ အယ်လီဂရီက အသင်းကို ကျစ်လစ်တဲ့ပုံစံနဲ့ ခံစစ်ကို အသေထိုင်ကစားစေတာမျိုးကို လုပ်တတ်ပါယတ်။ ဒါပေမယ့်လည်း အယ်လီဂရီအသင်းရဲ့ တိုက်စစ်ဟာ အလွန်အစွမ်းထက်ပြီး ဂျူဗင်တပ်အသင်းဟာ စီးရီးအေဖလားကို ၆ ကြိမ်အထိ အီတလီလူမျိုးနည်းပြနဲ့အတူ ရရှိခဲ့တာက သက်သေဖြစ်ပါတယ်။

ဘတ်စ်ကားကွက်လို့ ခေါ်တဲ့ ခံစစ်အသေပိတ်ကစားတဲ့စနစ်ကို ယူဆောင်လာသူအဖြစ် လူသိများတဲ့ မော်ရင်ညိုဟာ နှစ်ပေါင်းများစွာ အောင်မြင်တဲ့နည်းပြဖြစ်ခဲ့သူဖြစ်ပြီး ဘာတွေပဲဖြစ်နေဖြစ်နေ သူ့ရဲ့ကစားကွက်ကို မစွန့်လွှတ်သူဖြစ်ပါတယ်။ မော်ရင်ညိုဟာ ချဲလ်ဆီး၊ ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်၊ အင်တာမီလန်တို့လို ထိပ်တန်းဥရောပအသင်းတွေကို ကိုင်တွယ်ခဲ့ပြီး ၄-၂-၃-၁ ကစားကွက်ကို မကြာခဏ အသုံးပြုလေ့ရှိသူဖြစ်ပါတယ်။

ကစားသမားတိုင်းဟာ ပြိုင်ဘက်ကို လူကပ်ကစားပြီး အသင်းဖော်တွေကို ကူညီပေးရမှာဖြစ်ပြီး ၄-၂-၃-၁ ကစားကွက်ဆိုပေမယ့်လည်း မော်ရင်ညိုရဲ့အသင်းဟာ ခံစစ်ကစားနေချိန်မှာတော့ ၄-၄-၂ ပုံစံ ဖြစ်နေတတ်တာဖြစ်ပါတယ်။ နောက်ခံတောင်ပံကစားသမားတွေဟာ ကွင်းလယ်၊ တောင်ပံကစားသမားတွေဆီက အကူအညီပေးခြင်းခံရပြီး ဗဟိုကွင်းလယ်ကစားသမား ၂ ဦးဟာ ဗဟိုခံစစ်ကစားသမားတွေကို ပြန်ကြည့်ပေးရပါတယ်။ မော်ရင်ညိုက ခံစစ်ပိုင်းကို ပိုအလေးထားတာကြောင့် ပြီးခဲ့တဲ့နှစ်တွေမှာ ဝေဖန်မှုတွေ များစွာခံခဲ့ရတာဖြစ်ပါတယ်။ မော်ရင်ညိုရဲ့ခံစစ်ကစားဟန်က အကောင်းဆုံးရလဒ်တွေ ယူဆောင်ပေးနိုင်တယ်ဆိုတာကို ၂၀၁၀ ခုနှစ်တုန်းက အင်တာမီလန်နဲ့ ဖလား ၃ လုံးတစ်ပြိုင်တည်းရယူခဲ့တာက သက်သေခံနေပါတယ်။

၁။ ဒီယေဂို ဆီမြွန်နီ(အက်သလက်တီကို မက်ဒရစ်)

အက်သလက်တီကို မက်ဒရစ်အတွက် မယုံနိုင်ဖွယ်နည်းပြဖြစ်ခဲ့တဲ့ ဒီယေဂို ဆီမြွန်နီဟာ လာလီဂါအသင်းနဲ့ အောင်မြင်မှုတွေများစွာ ရရှိခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ လာလီဂါဖလားကို ရယူနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းအတွက် ဒီယေဂို ဆီမြွန်နီရဲ့ အက်သလက်တီကို မက်ဒရစ်အသင်းဟာ အမြဲတမ်း ပြဿနာဖြစ်စေခဲ့ပြီး အာဂျင်တီးနားလူမျိုးနည်းပြဟာ လာလီဂါဖလား ၂ ကြိမ်၊ ကိုပါဒယ်ရေး ၁ ကြိမ်၊ ယူရိုပါလိဂ်ဖလား ၂ ကြိမ်နဲ့ ယူအီးအက်ဖ်အေစူပါဖလား ၂ ကြိမ် ရယူပေးခဲ့တာဖြစ်ပါတယ်။

ဆီမြွန်နီအတွက် အက်သလက်တီကို မက်ဒရစ်လို အရည်အသွေးနဲ့ ဒီလောက် အောင်မြင်မှုတွေ ရယူနိုင်တာဟာ အံ့အားသင့်ဖွယ်ဖြစ်ပြီး ၄-၄-၂ ကစားကွက်ကို ပိုမိုသဘောကျတဲ့ ဆီမြွန်နီရဲ့ အသင်းက ကစားသမားတွေအားလုံးနီးပါးဟာ ဘောလုံးပြန်လည်ရယူရမှာ ပါဝင်ပတ်သက်ခဲ့ကြပါတယ်။ ဆီမြွန်နီက အသင်းကို ကျစ်ကျစ်လစ်လစ်နဲ့ ခံစစ်နဲ့ ကွင်းလယ်ကို တသမတ်တည်းကစားစေပြီး ကွာဟချက်ကို လျှော့ချချင်တာဖြစ်ပါတယ်။ ကွင်းလယ်ဗဟိုကစားသမား ၂ ဦးဟာ ဆီမြွန်နီရဲ့လူစာရင်းထဲမှာ အဓိကမဏ္ဍိုင် ၂ ခုဖြစ်ပြီး ကွင်းထဲမှာရှိသမျှ ကစားသမားတိုင်းနီးပါးနဲ့ ချိတ်ဆက်ကစားပေးရသူတွေ ဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ခပ်ကြမ်းကြမ်းကစားတတ်သလို ခံစစ်ပိုင်းတောင့်တင်းပြီး ဘယ်လိုပြိုင်ဘက်မျိုးကိုမဆို ဂိုးသွင်းဖို့ အခက်တွေ့စေနိုင်တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေဘာလုံးေလာက ေခတ္သစ္မွာ နည္းျပအမ်ားစုဟာ သူတို႔ရဲ႕ ပြဲကစားဟန္ကို မတူညီတဲ့ပုံစံေတြနဲ႔ ခ်ဥ္းကပ္ၾကၿပီး အခ်ိဳ႕က တိုက္စစ္၊ အခ်ိဳ႕က အထိုင္ခ်ၿပီး တန္ျပန္တိုက္စစ္၊ အခ်ိဳ႕ကေတာ့ ခံစစ္အဓိကထားတဲ့ပုံစံေတြနဲ႔ ခ်ဥ္းကပ္ၾကပါတယ္။ အမွန္အတိုင္းေျပာရရင္ တိုက္စစ္အသားေပးတဲ့ ကစားဟန္က အသင္းကို ပိုမိုေအာင္ျမင္ေစေပမယ့္ တခါတေလ ေရွ႕က ဂိုးတဒိုင္းဒိုင္းသြင္းၿပီး ေနာက္မွာ ဒလေဟာ ဂိုးေတြ ျပန္ေပးရတာမ်ိဳးလည္း ရွိတတ္ပါတယ္။

ရလဒ္ေကာင္းေတြ ရရွိေနသေ႐ြ႕ေတာ့ ခံစစ္ကစားဟန္အေပၚ အသားေပးတဲ့ ခ်ဥ္းကပ္ပုံဟာ ျပႆနာမရွိဘဲ ဥေရာပထိပ္သီးလိဂ္ ၅ ခုထဲက သိပ္အင္အားမေတာင့္တဲ့အသင္းေတြ အမ်ားအျပားက ဒီ သေဘာတရားကို လက္ကိုင္ထားၿပီး အျခားအသင္းေတြ လႊမ္းမိုးဖို႔ ႀကိဳးစားရာမွာ ခက္ခဲေအာင္ လုပ္ခဲ့ၾကပါတယ္။

ဆမ္ အလာဒိုက္စ္ဟာ အဲဒီလို ခံစစ္ကစားဟန္နဲ႔ ၿပိဳင္ဘက္ေတြကို ဒုကၡေပးတဲ့ေနရာမွာ ဆရာတစ္ဆူျဖစ္ၿပီး အဲဒါေၾကာင့္လည္း ပရီးမီးယားလိဂ္မွာ မၾကာခဏ ျမင္ေတြ႕ေနရတဲ့ အဂၤလိပ္လူမ်ိဳး နည္းျပျဖစ္ပါတယ္။ ခံစစ္အသားေပးကစားဟန္ကို အသုံးျပဳၿပီး ေအာင္ျမင္မႈေတြ ရရွိခဲ့တဲ့ ကမာၻ႔အေကာင္းဆုံးနည္းျပအခ်ိဳ႕လည္း ရွိေနၿပီး ဥပမာအေနနဲ႔ ခ်ဲလ္ဆီးနည္းျပေဟာင္း ကြန္တီလို႔ ေျပာရမွာျဖစ္ေပမယ့္ လက္ရွိမွာေတာ့ ခံစစ္ကစားဟန္ကို အသုံးမျပဳေတာ့တာေၾကာင့္ ဒီစာရင္းထဲမွာ မထည့္သြင္းေတာ့ပါဘူး။

လက္ရွိ ခံစစ္အသားေပး ကစားဟန္ကို အသုံးျပဳေနေသးတဲ့ ထိပ္တန္းနည္းျပ ၅ ဦးက ဘယ္သူေတြမ်ားျဖစ္မလဲ…

၅။ ေရွာင္ ဒိုက္ခ်္(ဘန္ေလ)

ေရွာင္ဒိုက္ခ်္ဟာ ဝက္ဖို႔ဒ္မွာ မယ္ကီ မက္ေကးရဲ႕လက္ေထာက္နည္းျပအျဖစ္ နည္းျပဘဝကို စတင္ခဲ့သူျဖစ္ၿပီး ၂၀၁၁ ခုႏွစ္မွာ မက္ေကး ကာဒစ္စီးတီးကို ေျပာင္းေ႐ႊ႕သြားၿပီးေနာက္ပိုင္း ဝက္ဖို႔ဒ္ရဲ႕ နည္းျပသစ္ျဖစ္လာခဲ့သူပါ။ ပိုင္ရွင္အေျပာင္းအလဲေၾကာင့္ ခ်န္ပီယံရွစ္မွာ ဝက္ဖို႔ဒ္ကို အဆင့္ ၁၁ ရေအာင္ လုပ္ေပးခဲ့ေပမယ့္လည္း ေရွာင္ ဒိုက္ခ်္ တစ္ေယာက္ လြင့္ခဲ့ရပါတယ္။ ၂၀၁၂ ခုႏွစ္မွာ အဂၤလိပ္လူမ်ိဳးနည္းျပဟာ ဘန္ေလရဲ႕နည္းျပျဖစ္လာခဲ့ၿပီး လက္ရွိအခ်ိန္အထိပါပဲ။ ဒိုက္ခ်္ရဲ႕လက္ေအာက္မွာ ဘန္ေလဟာ ပရီးမီးယားလိဂ္မွာ ပုံမွန္ျမင္ေတြ႕ရတဲ့အသင္းျဖစ္လာခဲ့ၿပီး ဝက္ဖို႔ဒ္နည္းျပေဟာင္းက ၄-၄-၂ ကစားကြက္ကို ပိုမိုသေဘာက်သူျဖစ္ပါတယ္။

ခံစစ္ ၄ ဦးနဲ႔အတူ ကြင္းလယ္ကစားသမား ၄ ဦးနဲ႔ ခံစစ္ကို အခိုင္အမာတည္ထားတတ္ၿပီး ဘန္ေလအသင္းက ၿပိဳင္ဘက္အသင္းေတြကို ထိုးေဖာက္ဖို႔ ေတာ္ေတာ္အခက္ေတြ႕ေအာင္ လုပ္ႏိုင္ခဲ့ပါတယ္။ ဒီကစားကြက္ေၾကာင့္ ဘန္ေလအသင္းက ေကာင္းေကာင္းေလ့က်င့္ထားတဲ့ ပင္နယ္တီဧရိယာထဲကို အေဝးေဘာေပးကစားၿပီး တည္ကန္ေဘာေတြကို အဓိက မွီခိုရပါတယ္။ ဘန္ေလဟာ ေငြေၾကးအင္အားမေတာင့္တင္းေပမယ့္လည္း ပရီးမီးယားလိဂ္မွာ ၅ ႏွစ္ဆက္တိုက္ ရွင္က်န္ႏိုင္ခဲ့တာေၾကာင့္ ေရွာင္ ဒိုက္ခ်္ဟာ ခ်ီးက်ဴးမႈေတြ အမ်ားႀကီးရရွိဖို႔ ထိုက္တန္ပါတယ္။

၄။ အူႏိုင္း အမ္မရီ(ဗီလာရီးရဲလ္)

စပိန္လူမ်ိဳးနည္းျပဟာ အေတြ႕အႀကဳံအလြန္မ်ားတဲ့ နည္းျပျဖစ္ၿပီး ယူ႐ိုပါလိဂ္ဖလားကို ရယူရာမွာ ဆရာက်သူျဖစ္ၿပီး နည္းျပဘဝတေလွ်ာက္ ၄ ႀကိမ္အထိ စံခ်ိန္တင္ ရရွိထားသူျဖစ္ပါတယ္။ အာေမရီယာနည္းျပေဟာင္းဟာ နည္းျပဘဝမွာ စပိန္အသင္းေကာင္းအခ်ိဳ႕ကို ကိုင္တြယ္ခဲ့ၿပီး ဗလင္စီယာ၊ ဆီးဗီးလားနဲ႔ လက္ရွိ ဗီလာရီးရဲလ္တို႔ကို နည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ အူႏိုင္းဟာ ပီအက္စ္ဂ်ီနဲ႔ အာဆင္နယ္တို႔လို ထိပ္တန္းအသင္းေတြကိုလည္း ကိုင္တြယ္ခဲ့ဖူးၿပီး ၿပိဳင္ဘက္ကို နားလည္ၿပီး နည္းစနစ္ပိုင္းအေသးစိတ္က်သူျဖစ္ပါတယ္။ အူႏိုင္းဟာ ၄-၂-၃-၁ ကစားကြက္ကို ပိုမိုအသုံးျပဳတတ္ၿပီး တခါတေလလည္း ၄-၄-၂ လည္း အသုံးျပဳတတ္ပါတယ္။

အူႏိုင္းရဲ႕အသင္းဟာ ခံစစ္နဲ႔ အစုလိုက္ ဖိကစားဖို႔ တည္ေဆာက္ထားၿပီး ကြင္းလယ္ကစားသမား ၂ ဦးဟာ မ႑ိဳင္ ၂ ခုအျဖစ္ ကစားေပးရတာျဖစ္ပါတယ္။ ေယဘုယ်အားျဖင့္ အူႏိုင္းရဲ႕အသင္းဟာ ေနာက္တန္းမွာပဲ ထိုင္ေနၿပီး ၿပိဳင္ဘက္ေတြ အမွားလုပ္တာ ေစာင့္ဆိုင္းေနတာမ်ိဳးေတာ့မဟုတ္ပါဘူး။ စပိန္လူမ်ိဳးနည္းျပရဲ႕ ပုံေသနည္းစနစ္ကေတာ့ ခံစစ္ျဖစ္ေပမယ့္ ၎ရဲ႕အသင္းဟာ တန္ျပန္တိုက္စစ္မွာ ေတာ္ေတာ္ေလး အက်ိဳးသက္ေရာက္မႈရွိၿပီး ကစားသမားအမ်ားအျပားနဲ႔ ဖိအားေပးရင္း ေဘာလုံးလုလို႔ ရတာနဲ႔ ဂိုးေပါက္ထဲကို လ်င္လ်င္ျမန္ျမန္ကန္သြင္းတဲ့ပုံစံလည္း ကစားႏိုင္ပါတယ္။ အူႏိုင္းရဲ႕ ဗီလာရီးရဲလ္ဟာ ၿပီးခဲ့တဲ့ရာသီ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ မန္ခ်က္စတာယူႏိုက္တက္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ယူၿပီး ခ်န္ပီယံျဖစ္ခဲ့ပါတယ္။

၃။ အယ္လီဂရီ(ဂ်ဴဗင္တပ္)

အေတြ႕အႀကဳံအလြန္မ်ားျပားတဲ့ နည္းျပျဖစ္တဲ့ အယ္လီဂရီဟာ နည္းျပဘဝတစ္ခုလုံးကို အီတလီမွာ အဓိကအေျခခ်ခဲ့သူျဖစ္ပါတယ္။ အီတလီလူမ်ိဳးနည္းျပဟာ ၂၀၁၀ ကေန ၂၀၁၄ ခုႏွစ္အထိ ေအစီမီလန္ကို ကိုင္္တြယ္ခဲ့ၿပီးေနာက္ ၂၀၁၄ ကေန ၂၀၁၉ အထိ ဂ်ဴဗင္တပ္ကို ကိုင္တြယ္ခဲ့ပါတယ္။ ယခုေႏြရာသီမွာ ဂ်ဴဗင္တပ္ကို တေက်ာ့ျပန္ကိုင္တြယ္ခဲ့ၿပီး ၃-၅-၂၊ ၄-၃-၁-၂ သို႔မဟုတ္ ၄-၃-၃ ကစားကြက္ပါ အသုံးျပဳတတ္သူျဖစ္ပါတယ္။

အယ္လီဂရီဟာ အျခားသူေတြထက္ ကစားသမားေတြအေပၚမူတည္ၿပီး ၎ရဲ႕နည္းဗ်ဴဟာကို ခ်မွတ္ရတာ ပိုမိုႏွစ္သက္သူျဖစ္ၿပီး ေဘာလုံးပိုင္ဆိုင္မႈမရတဲ့အခ်ိန္မွာ အယ္လီဂရီက အသင္းကို က်စ္လစ္တဲ့ပုံစံနဲ႔ ခံစစ္ကို အေသထိုင္ကစားေစတာမ်ိဳးကို လုပ္တတ္ပါယတ္။ ဒါေပမယ့္လည္း အယ္လီဂရီအသင္းရဲ႕ တိုက္စစ္ဟာ အလြန္အစြမ္းထက္ၿပီး ဂ်ဴဗင္တပ္အသင္းဟာ စီးရီးေအဖလားကို ၆ ႀကိမ္အထိ အီတလီလူမ်ိဳးနည္းျပနဲ႔အတူ ရရွိခဲ့တာက သက္ေသျဖစ္ပါတယ္။

ဘတ္စ္ကားကြက္လို႔ ေခၚတဲ့ ခံစစ္အေသပိတ္ကစားတဲ့စနစ္ကို ယူေဆာင္လာသူအျဖစ္ လူသိမ်ားတဲ့ ေမာ္ရင္ညိဳဟာ ႏွစ္ေပါင္းမ်ားစြာ ေအာင္ျမင္တဲ့နည္းျပျဖစ္ခဲ့သူျဖစ္ၿပီး ဘာေတြပဲျဖစ္ေနျဖစ္ေန သူ႔ရဲ႕ကစားကြက္ကို မစြန႔္လႊတ္သူျဖစ္ပါတယ္။ ေမာ္ရင္ညိဳဟာ ခ်ဲလ္ဆီး၊ ရီးရဲလ္မက္ဒရစ္၊ မန္ခ်က္စတာယူႏိုက္တက္၊ အင္တာမီလန္တို႔လို ထိပ္တန္းဥေရာပအသင္းေတြကို ကိုင္တြယ္ခဲ့ၿပီး ၄-၂-၃-၁ ကစားကြက္ကို မၾကာခဏ အသုံးျပဳေလ့ရွိသူျဖစ္ပါတယ္။

ကစားသမားတိုင္းဟာ ၿပိဳင္ဘက္ကို လူကပ္ကစားၿပီး အသင္းေဖာ္ေတြကို ကူညီေပးရမွာျဖစ္ၿပီး ၄-၂-၃-၁ ကစားကြက္ဆိုေပမယ့္လည္း ေမာ္ရင္ညိဳရဲ႕အသင္းဟာ ခံစစ္ကစားေနခ်ိန္မွာေတာ့ ၄-၄-၂ ပုံစံ ျဖစ္ေနတတ္တာျဖစ္ပါတယ္။ ေနာက္ခံေတာင္ပံကစားသမားေတြဟာ ကြင္းလယ္၊ ေတာင္ပံကစားသမားေတြဆီက အကူအညီေပးျခင္းခံရၿပီး ဗဟိုကြင္းလယ္ကစားသမား ၂ ဦးဟာ ဗဟိုခံစစ္ကစားသမားေတြကို ျပန္ၾကည့္ေပးရပါတယ္။ ေမာ္ရင္ညိဳက ခံစစ္ပိုင္းကို ပိုအေလးထားတာေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ေဝဖန္မႈေတြ မ်ားစြာခံခဲ့ရတာျဖစ္ပါတယ္။ ေမာ္ရင္ညိဳရဲ႕ခံစစ္ကစားဟန္က အေကာင္းဆုံးရလဒ္ေတြ ယူေဆာင္ေပးႏိုင္တယ္ဆိုတာကို ၂၀၁၀ ခုႏွစ္တုန္းက အင္တာမီလန္နဲ႔ ဖလား ၃ လုံးတစ္ၿပိဳင္တည္းရယူခဲ့တာက သက္ေသခံေနပါတယ္။

၁။ ဒီေယဂို ဆီႁမြန္နီ(အက္သလက္တီကို မက္ဒရစ္)

အက္သလက္တီကို မက္ဒရစ္အတြက္ မယုံႏိုင္ဖြယ္နည္းျပျဖစ္ခဲ့တဲ့ ဒီေယဂို ဆီႁမြန္နီဟာ လာလီဂါအသင္းနဲ႔ ေအာင္ျမင္မႈေတြမ်ားစြာ ရရွိခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီမွာ လာလီဂါဖလားကို ရယူႏိုင္ခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာအသင္းအတြက္ ဒီေယဂို ဆီႁမြန္နီရဲ႕ အက္သလက္တီကို မက္ဒရစ္အသင္းဟာ အၿမဲတမ္း ျပႆနာျဖစ္ေစခဲ့ၿပီး အာဂ်င္တီးနားလူမ်ိဳးနည္းျပဟာ လာလီဂါဖလား ၂ ႀကိမ္၊ ကိုပါဒယ္ေရး ၁ ႀကိမ္၊ ယူ႐ိုပါလိဂ္ဖလား ၂ ႀကိမ္နဲ႔ ယူအီးအက္ဖ္ေအစူပါဖလား ၂ ႀကိမ္ ရယူေပးခဲ့တာျဖစ္ပါတယ္။

ဆီႁမြန္နီအတြက္ အက္သလက္တီကို မက္ဒရစ္လို အရည္အေသြးနဲ႔ ဒီေလာက္ ေအာင္ျမင္မႈေတြ ရယူႏိုင္တာဟာ အံ့အားသင့္ဖြယ္ျဖစ္ၿပီး ၄-၄-၂ ကစားကြက္ကို ပိုမိုသေဘာက်တဲ့ ဆီႁမြန္နီရဲ႕ အသင္းက ကစားသမားေတြအားလုံးနီးပါးဟာ ေဘာလုံးျပန္လည္ရယူရမွာ ပါဝင္ပတ္သက္ခဲ့ၾကပါတယ္။ ဆီႁမြန္နီက အသင္းကို က်စ္က်စ္လစ္လစ္နဲ႔ ခံစစ္နဲ႔ ကြင္းလယ္ကို တသမတ္တည္းကစားေစၿပီး ကြာဟခ်က္ကို ေလွ်ာ့ခ်ခ်င္တာျဖစ္ပါတယ္။ ကြင္းလယ္ဗဟိုကစားသမား ၂ ဦးဟာ ဆီႁမြန္နီရဲ႕လူစာရင္းထဲမွာ အဓိကမ႑ိဳင္ ၂ ခုျဖစ္ၿပီး ကြင္းထဲမွာရွိသမွ် ကစားသမားတိုင္းနီးပါးနဲ႔ ခ်ိတ္ဆက္ကစားေပးရသူေတြ ျဖစ္ပါတယ္။ အက္သလက္တီကိုမက္ဒရစ္အသင္းဟာ ခပ္ၾကမ္းၾကမ္းကစားတတ္သလို ခံစစ္ပိုင္းေတာင့္တင္းၿပီး ဘယ္လိုၿပိဳင္ဘက္မ်ိဳးကိုမဆို ဂိုးသြင္းဖို႔ အခက္ေတြ႕ေစႏိုင္တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.