Premier League

လက်စတာကို မနိုင်ပေမယ့် လီဗာပူးလ်နဲ့ပွဲမှာ မန်ယူပြန်လာမယ်လို့ ကတိပေးလိုက်တဲ့ မာတစ်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား နီမန်ဂျာ မာတစ်က စနေနေ့က လက်စတာစီးတီးအသင်း အိမ်ကွင်းမှာ ၄-၂ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးလ်နဲ့ပွဲမှာ နိုင်ပွဲပြန်လည်ရယူဖို့အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ကတိပေးခဲ့ပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ မန်ချက်စတာယူနိုက်တက်အိမ်ကွင်းဖြစ်တဲ့ အိုးထရက်ဖို့ဒ်ကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ယခုရာသီမှာ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကို ဆက်လက်ထိန်းသိမ်းသွားချင်နေမှာဖြစ်ပါတယ်။ အိုလေ ဂန်နာ ဆိုးလ်ရှားဟာ လက်စတာစီးတီးအသင်းကို ၄-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီး ယခုရာသီ လိဂ်ပွဲစဉ် ၂ ပွဲ ရှုံးပွဲတွေ့ပြီးနောက်ပိုင်း ဖိအားတွေ မြင့်တက်လာနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆားဘီးယားလက်ရွေးစင်ကွင်းလယ်ကစားသမား မာတစ်က မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဆုဖလား ပြိုင်ပွဲထဲမှာရှိနေဆဲဖြစ်တယ်လို့ ယုံကြည်နေပြီး လီဗာပူးလ်အသင်းနဲ့ ကစားရမယ့်ပွဲစဉ်မတိုင်မီ ပိုကောင်းတဲ့ပုံစံနဲ့ ရှေ့ဆက်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ပရိသတ်တွေအတွက် စိတ်မကောင်းပါဘူး။ သူတို့တွေက ကျွန်တော်တို့ကို အားပေးခဲ့တယ်။ အထူးသဖြင့် အဝေးကွင်းမှာ လိုက်အားပေးခဲ့ပြီး သူတို့တွေက ထိပ်တန်းပါပဲ။ သူတို့တွေ့ ဒီရလဒ်ထက် အများကြီး ပိုကောင်းတဲ့ရလဒ်နဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ ရှေ့လျှောက် သူတို့တွေကို ပျော်အောင်လုပ်နိုင်ဖို့ အကောင်းဆုံး လုပ်သွားမှာပါ”

“ဒါပေမယ့် ကျွန်တော်တို့မှာ ၁၄ မှတ်ရထားပြီး ဆုဖလားပြိုင်ပွဲထဲမှာပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ အဆုံးအထိ လက်မြှောက် အလျှော့ပေးသွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ စိတ်ပျက်တာပေါ့။ အားလုံးကလည်း ဝမ်းနည်းကြတယ်။ အားလုံးက အဲဒီအချိန်မှာ အားလုံး ခေါင်းငိုက်စိုက်ကျနေခဲ့ကြပါတယ်။

“ဒါပေမယ့် ခင်ဗျား မန်ယူနိုက်တက်အတွက် ကစားပေးတဲ့အခါမှာ နိုင်ပွဲမရရင် ခင်ဗျား စိတ်ပျက်မှာပဲလေ။ ဒါပေမယ့် ကျွန်တော်တို့ အတူတူ စုစုစည်းစည်းရှိနေရမှာပါ။လာမယ့်ပွဲစဉ်တိုင်းက အရေးအကြီးဆုံးပဲ။ လာမယ့် ပွဲစဉ်တိုင်းက စိန်ခေါ်မှုအသစ်ပဲ။ ကျွန်တော်တို့ရဲ့ အရည်အသွေးတွေကို ပြသဖို့အတွက် အခွင့်အရေးပဲ”

“ကျွန်တော်တို့ တာဝန်ယူမှု အပြည့်နဲ့ ကစားသွားမှာပါ။ ကျွန်တော်တို့ ပိုကောင်းတဲ့ပုံစံနဲ့ ရှေ့ဆက်သွားမှာဖြစ်ပြီး ကျွန်တော်တို့ ဘာလုပ်နိုင်လဲဆိုတာကို ကြည့်လိုက်ပါ။ ကျွန်တော်တို့ အများကြီးလုပ်နိုင်တယ်ဆိုတာ သေချာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ကစားသမား နီမန္ဂ်ာ မာတစ္က စေနေန႔က လက္စတာစီးတီးအသင္း အိမ္ကြင္းမွာ ၄-၂ နဲ႔ အရွက္တကြဲ ရႈံးနိမ့္ခဲ့ၿပီးေနာက္ လီဗာပူးလ္နဲ႔ပြဲမွာ နိုင္ပြဲျပန္လည္ရယူဖို႔အတြက္ ကိုယ္စြမ္းဉာဏ္စြမ္းရွိသေလာက္ အစြမ္းကုန္ ႀကိဳးပမ္းသြားမယ္လို႔ ကတိေပးခဲ့ပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ့အသင္းဟာ လာမယ့္ တနဂၤေႏြေန႔မွာ မန္ခ်က္စတာယူနိုက္တက္အိမ္ကြင္းျဖစ္တဲ့ အိုးထရက္ဖို႔ဒ္ကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ယခုရာသီမွာ ရႈံးပြဲမရွိေသးတဲ့ စံခ်ိန္ကို ဆက္လက္ထိန္းသိမ္းသြားခ်င္ေနမွာျဖစ္ပါတယ္။ အိုေလ ဂန္နာ ဆိုးလ္ရွားဟာ လက္စတာစီးတီးအသင္းကို ၄-၂ နဲ႔ ရႈံးနိမ့္ခဲ့ၿပီး ယခုရာသီ လိဂ္ပြဲစဥ္ ၂ ပြဲ ရႈံးပြဲေတြ႕ၿပီးေနာက္ပိုင္း ဖိအားေတြ ျမင့္တက္လာေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဆားဘီးယားလက္ေရြးစင္ကြင္းလယ္ကစားသမား မာတစ္က မန္ခ်က္စတာယူနိုက္တက္အသင္းအေနနဲ႔ ဆုဖလား ၿပိဳင္ပြဲထဲမွာရွိေနဆဲျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး လီဗာပူးလ္အသင္းနဲ႔ ကစားရမယ့္ပြဲစဥ္မတိုင္မီ ပိုေကာင္းတဲ့ပုံစံနဲ႔ ေရွ႕ဆက္နိုင္လိမ့္မယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ ပရိသတ္ေတြအတြက္ စိတ္မေကာင္းပါဘူး။ သူတို႔ေတြက ကၽြန္ေတာ္တို႔ကို အားေပးခဲ့တယ္။ အထူးသျဖင့္ အေဝးကြင္းမွာ လိုက္အားေပးခဲ့ၿပီး သူတို႔ေတြက ထိပ္တန္းပါပဲ။ သူတို႔ေတြ႕ ဒီရလဒ္ထက္ အမ်ားႀကီး ပိုေကာင္းတဲ့ရလဒ္နဲ႔ ထိုက္တန္ပါတယ္။ ကၽြန္ေတာ္တို႔ ေရွ႕ေလၽွာက္ သူတို႔ေတြကို ေပ်ာ္ေအာင္လုပ္နိုင္ဖို႔ အေကာင္းဆုံး လုပ္သြားမွာပါ”

“ဒါေပမယ့္ ကၽြန္ေတာ္တို႔မွာ ၁၄ မွတ္ရထားၿပီး ဆုဖလားၿပိဳင္ပြဲထဲမွာပဲ ရွိပါေသးတယ္။ ကၽြန္ေတာ္တို႔ အဆုံးအထိ လက္ေျမႇာက္ အေလၽွာ့ေပးသြားမွာမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ စိတ္ပ်က္တာေပါ့။ အားလုံးကလည္း ဝမ္းနည္းၾကတယ္။ အားလုံးက အဲဒီအခ်ိန္မွာ အားလုံး ေခါင္းငိုက္စိုက္က်ေနခဲ့ၾကပါတယ္။

“ဒါေပမယ့္ ခင္ဗ်ား မန္ယူနိုက္တက္အတြက္ ကစားေပးတဲ့အခါမွာ နိုင္ပြဲမရရင္ ခင္ဗ်ား စိတ္ပ်က္မွာပဲေလ။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ အတူတူ စုစုစည္းစည္းရွိေနရမွာပါ။လာမယ့္ပြဲစဥ္တိုင္းက အေရးအႀကီးဆုံးပဲ။ လာမယ့္ ပြဲစဥ္တိုင္းက စိန္ေခၚမႈအသစ္ပဲ။ ကၽြန္ေတာ္တို႔ရဲ့ အရည္အေသြးေတြကို ျပသဖို႔အတြက္ အခြင့္အေရးပဲ”

“ကၽြန္ေတာ္တို႔ တာဝန္ယူမႈ အျပည့္နဲ႔ ကစားသြားမွာပါ။ ကၽြန္ေတာ္တို႔ ပိုေကာင္းတဲ့ပုံစံနဲ႔ ေရွ႕ဆက္သြားမွာျဖစ္ၿပီး ကၽြန္ေတာ္တို႔ ဘာလုပ္နိုင္လဲဆိုတာကို ၾကည့္လိုက္ပါ။ ကၽြန္ေတာ္တို႔ အမ်ားႀကီးလုပ္နိုင္တယ္ဆိုတာ ေသခ်ာပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.