Premier League

ဆာလားရဲ့ကြီးမားတဲ့ စာချုပ်သစ်အတွက် အေးဂျင့်နဲ့ အကြိတ်အနယ်ဆွေးနွေးနေရတဲ့ လီဗာပူးလ်

လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက် ဆာလားရဲ့ စနေနေ့က ဝက်ဖို့ဒ်အသင်းကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်းက ခြေစွမ်းကြောင့် လက်ရှိအချိန်မှာ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံနေရပြီး လီဗာပူးလ်အတွက် ၎င်းတို့ရဲ့အကောင်းဆုံးကစားသမားကို ထိန်းသိမ်းသွားနိုင်မှာလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပြီဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ ဝက်ဖို့ဒ်နဲ့ပွဲစဉ်မှာ မာနေးရဲ့ အဖွင့်ဂိုးအတွက် အလွန်ကောင်းမွန်တဲ့ ပေးပို့မှုနဲ့ ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ ဝက်ဖို့ဒ်နောက်ခံလူ ၃ ဦး ကာကွယ်ထားတဲ့ကြားကနေ လှလှပပပ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ကစားသမားအများစုအတွက် ဆာလား သွင်းယူခဲ့တဲ့သွင်းဂိုးဟာ ၎င်းတို့ရဲ့ ကစားသမားဘဝမှာ အကောင်းဆုံးသွင်းဂိုးတွေထဲက တစ်ဂိုးဖြစ်နိုင်ပေမယ့် ဆာလားအတွက်ကတော့ မန်စီးတီးနဲ့ပွဲစဉ်တုန်းကအတိုင်း တူညီတဲ့ပုံစံနဲ့ သက်တောင့်သက်သာ သွင်းယူနိုင်ခဲ့တဲ့ ရိုးရှင်းတဲ့ သွင်းဂိုးဖြစ်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်အနေနဲ့ ကြယ်ပွင့်တိုက်စစ်မှူးရဲ့ စွမ်းဆောင်ရည်ကို ချီးမကျူးဘဲ မနေနိုင်ခဲ့ဘဲ ဝက်ဖို့ဒ်နဲ့ ပွဲစဉ်အပြီးမှာ ဆာလားဟာ လုံးဝကို သူမတူထူးခြားတဲ့ ကစားသမားဖြစ်တယ်လို့ ချီးကျူး ပြောကြားခဲ့တာဖြစ်ပါတယ်။

“အခုအချိန် ကမ္ဘာ့ဘောလုံးလောကမှာ သူ့ထက် ပိုကောင်းတဲ့သူ ဘယ်သူမှ မရှိတော့ဘူးဆိုတာ ရှင်းလင်းသွားပြီလို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်အောက်သာ ကျန်ရှိတော့တဲ့ အီဂျစ်တိုက်စစ်မှူးကို လီဗာပူးလ်အသင်းအနေနဲ့ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် မဖြစ်မနေ လိုအပ်နေပြီဆိုတာလည်း ပေါ်လွင်ခဲ့တာဖြစ်ပါတယ်။

ဆာလားရဲ့ အေးဂျင့်ဖြစ်တဲ့ ရေမီ အဘက်စ် အီဆာဟာ စနေနေ့က ဝက်ဖို့ဒ်နဲ့ပွဲစဉ်ကို တက်ရောက်ကြည့်ရှုဖို့အတွက် အင်္ဂလန်ကို လာရောက်ခဲ့ပြီး ၎င်းရဲ့ကစားသမားအတွက် ကြီးမားတဲ့စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ပြောဆိုဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်ဖို့လည်း လာရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကစားသမားဘဝ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၄ ဂိုး သွင်းယူထားနိုင်ခဲ့ပြီဖြစ်တဲ့ မိုဟာမက် ဆာလားဟာ မာဆေးဆိုဒ်မှာ ဆက်နေရမှာကို ပျော်ရွှင်နေပုံ ပေါ်ပေမယ့်လည်း ကစားသမားရော အေးဂျင့်ကပါ တစ်ပတ်လုပ်ခလစာ ပေါင် ၅ သိန်းနဲ့ လီဗာပူးလ်အသင်းရဲ့ လစာအများဆုံးကစားသမားဖြစ်လာဖို့အတွက် ဆန္ဒရှိနေကြတယ်လို့ The Mirror က ဖော်ပြခဲ့ပါတယ်။

တစ်ပတ်လုပ်ခလစာ ပေါင် ၅ သိန်းဟာ ကမ္ဘာ့ထိပ်တန်းကစားသမားတွေထဲက အချို့သာ ရရှိနေတဲ့ ပမာဏဖြစ်ပြီး ယခုရာသီမှာ ပြသနေတဲ့ စွမ်းဆောင်ရည်ကြောင့် ဆာလားအနေနဲ့ ယင်းပမာဏနဲ့ ထိုက်တန်နေပြီဆိုတာ ရှင်းလင်းနေပြီဖြစ်ပါတယ်။ ဘောလုံးပရိသတ်တွေဟာ မကြာခဏ ခေတ်သစ်ဘောလုံးလောကမှာ ထိပ်တန်းကြယ်ပွင့်ကစားသမားတွေ ရရှိနေတဲ့ လစာပမာဏနဲ့ပတ်သက်ပြီး စောဒကတက်မှုတွေ ရှိနေခဲ့ပြီး ဆာလားအနေနဲ့ လက်ရှိခြေစွမ်းနဲ့ဆို ဒီလောက်လစာတိုးတောင်းတာကို မထိုက်တန်ဘူးလို့ ငြင်းခုံမယ့် လီဗာပူးလ်ပရိသတ်တော့ ရှိမယ်လို့ မထင်ပါဘူး။

တကယ်လို့ ဆာလားသာ ယခု ခြေစွမ်းအတိုင်း ဆက်လက်ပြသခဲ့မယ်ဆိုရင် ဒီလိုကစားသမားမျိုးအတွက် တစ်ပတ်လုပ်ခလစာ ၅ သိန်းဆိုတာ တော်တော်တန်နေပြီလို့တောင် ပြောရလောက်တဲ့အနေအထားဖြစ်လာနိုင်ဖွယ်ရှိပြီး အီဂျစ်တိုက်စစ်မှူးရဲ့ တန်ဖိုးကို ကောင်းကောင်းသိနေတဲ့ လီဗာပူးလ်အသင်းတာဝန်ရှိသူတွေအနေနဲ့လည်း စျေးဆစ်နိုင်ဖို့ အင်အားရှိတော့မှာမဟုတ်ဘူးလို့ ယူဆရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္ၾကယ္ပြင့္တိုက္စစ္မႉး မိုဟာမက္ ဆာလားရဲ့ စေနေန႔က ဝက္ဖို႔ဒ္အသင္းကို ၅-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္းက ေျခစြမ္းေၾကာင့္ လက္ရွိအခ်ိန္မွာ အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ျခင္းခံေနရၿပီး လီဗာပူးလ္အတြက္ ၎တို႔ရဲ့အေကာင္းဆုံးကစားသမားကို ထိန္းသိမ္းသြားနိုင္မွာလားဆိုတဲ့ ေမးခြန္းေတြ ထြက္ေပၚလာၿပီျဖစ္ပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ ဝက္ဖို႔ဒ္နဲ႔ပြဲစဥ္မွာ မာေနးရဲ့ အဖြင့္ဂိုးအတြက္ အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈနဲ႔ ဖန္တီးေပးနိုင္ခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာ ဝက္ဖို႔ဒ္ေနာက္ခံလူ ၃ ဦး ကာကြယ္ထားတဲ့ၾကားကေန လွလွပပပ ဂိုးသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

ကစားသမားအမ်ားစုအတြက္ ဆာလား သြင္းယူခဲ့တဲ့သြင္းဂိုးဟာ ၎တို႔ရဲ့ ကစားသမားဘဝမွာ အေကာင္းဆုံးသြင္းဂိုးေတြထဲက တစ္ဂိုးျဖစ္နိုင္ေပမယ့္ ဆာလားအတြက္ကေတာ့ မန္စီးတီးနဲ႔ပြဲစဥ္တုန္းကအတိုင္း တူညီတဲ့ပုံစံနဲ႔ သက္ေတာင့္သက္သာ သြင္းယူနိုင္ခဲ့တဲ့ ရိုးရွင္းတဲ့ သြင္းဂိုးျဖစ္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းနည္းၿပ ယာဂန္ ကေလာ့ပ္အေနနဲ႔ ၾကယ္ပြင့္တိုက္စစ္မႉးရဲ့ စြမ္းေဆာင္ရည္ကို ခ်ီးမက်ဴးဘဲ မေနနိုင္ခဲ့ဘဲ ဝက္ဖို႔ဒ္နဲ႔ ပြဲစဥ္အၿပီးမွာ ဆာလားဟာ လုံးဝကို သူမတူထူးျခားတဲ့ ကစားသမားျဖစ္တယ္လို႔ ခ်ီးက်ဴး ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အခုအခ်ိန္ ကမၻာ့ေဘာလုံးေလာကမွာ သူ႔ထက္ ပိုေကာင္းတဲ့သူ ဘယ္သူမွ မရွိေတာ့ဘူးဆိုတာ ရွင္းလင္းသြားၿပီလို႔ ကၽြန္ေတာ္ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၂ ႏွစ္ေအာက္သာ က်န္ရွိေတာ့တဲ့ အီဂ်စ္တိုက္စစ္မႉးကို လီဗာပူးလ္အသင္းအေနနဲ႔ ဆက္လက္ထိန္းသိမ္းထားနိုင္ဖို႔အတြက္ မျဖစ္မေန လိုအပ္ေနၿပီဆိုတာလည္း ေပၚလြင္ခဲ့တာျဖစ္ပါတယ္။

ဆာလားရဲ့ ေအးဂ်င့္ျဖစ္တဲ့ ေရမီ အဘက္စ္ အီဆာဟာ စေနေန႔က ဝက္ဖို႔ဒ္နဲ႔ပြဲစဥ္ကို တက္ေရာက္ၾကည့္ရႈဖို႔အတြက္ အဂၤလန္ကို လာေရာက္ခဲ့ၿပီး ၎ရဲ့ကစားသမားအတြက္ ႀကီးမားတဲ့စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္ဖို႔ ေျပာဆိုေဆြးေႏြးမႈေတြ ဆက္လက္ျပဳလုပ္ဖို႔လည္း လာေရာက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ကစားသမားဘဝ ပရီးမီးယားလိဂ္သြင္းဂိုး ၁၀၄ ဂိုး သြင္းယူထားနိုင္ခဲ့ၿပီျဖစ္တဲ့ မိုဟာမက္ ဆာလားဟာ မာေဆးဆိုဒ္မွာ ဆက္ေနရမွာကို ေပ်ာ္ရႊင္ေနပုံ ေပၚေပမယ့္လည္း ကစားသမားေရာ ေအးဂ်င့္ကပါ တစ္ပတ္လုပ္ခလစာ ေပါင္ ၅ သိန္းနဲ႔ လီဗာပူးလ္အသင္းရဲ့ လစာအမ်ားဆုံးကစားသမားျဖစ္လာဖို႔အတြက္ ဆႏၵရွိေနၾကတယ္လို႔ The Mirror က ေဖာ္ျပခဲ့ပါတယ္။

တစ္ပတ္လုပ္ခလစာ ေပါင္ ၅ သိန္းဟာ ကမၻာ့ထိပ္တန္းကစားသမားေတြထဲက အခ်ိဳ႕သာ ရရွိေနတဲ့ ပမာဏျဖစ္ၿပီး ယခုရာသီမွာ ျပသေနတဲ့ စြမ္းေဆာင္ရည္ေၾကာင့္ ဆာလားအေနနဲ႔ ယင္းပမာဏနဲ႔ ထိုက္တန္ေနၿပီဆိုတာ ရွင္းလင္းေနၿပီျဖစ္ပါတယ္။ ေဘာလုံးပရိသတ္ေတြဟာ မၾကာခဏ ေခတ္သစ္ေဘာလုံးေလာကမွာ ထိပ္တန္းၾကယ္ပြင့္ကစားသမားေတြ ရရွိေနတဲ့ လစာပမာဏနဲ႔ပတ္သက္ၿပီး ေစာဒကတက္မႈေတြ ရွိေနခဲ့ၿပီး ဆာလားအေနနဲ႔ လက္ရွိေျခစြမ္းနဲ႔ဆို ဒီေလာက္လစာတိုးေတာင္းတာကို မထိုက္တန္ဘူးလို႔ ျငင္းခုံမယ့္ လီဗာပူးလ္ပရိသတ္ေတာ့ ရွိမယ္လို႔ မထင္ပါဘူး။

တကယ္လို႔ ဆာလားသာ ယခု ေျခစြမ္းအတိုင္း ဆက္လက္ျပသခဲ့မယ္ဆိုရင္ ဒီလိုကစားသမားမ်ိဳးအတြက္ တစ္ပတ္လုပ္ခလစာ ၅ သိန္းဆိုတာ ေတာ္ေတာ္တန္ေနၿပီလို႔ေတာင္ ေျပာရေလာက္တဲ့အေနအထားျဖစ္လာနိုင္ဖြယ္ရွိၿပီး အီဂ်စ္တိုက္စစ္မႉးရဲ့ တန္ဖိုးကို ေကာင္းေကာင္းသိေနတဲ့ လီဗာပူးလ္အသင္းတာဝန္ရွိသူေတြအေနနဲ႔လည္း ေစ်းဆစ္နိုင္ဖို႔ အင္အားရွိေတာ့မွာမဟုတ္ဘူးလို႔ ယူဆရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.