Premier League Serie A Transfer News

ရာသီကုန္အထိ အင္တာမွာ ဆန္းခ်က္ဇ္ ဆက္ရွိၿပီး အၿပီးသတ္ေျပာင္းေရႊ႕ႏုိင္ဖို႔ ရည္ရြယ္

မန္ခ်က္စတာယူႏုိက္တက္အသင္းကေန ျမင့္မားတဲ့ လစာေငြကို သက္သာႏုိင္ဖို႔အတြက္ အငွားခ်ထားခဲ့တဲ့ တိုက္စစ္မွဴး အလက္ဆစ္ ဆန္းခ်က္ဇ္အေနနဲ႔ စီးရီးေအကလပ္ အင္တာမီလန္အသင္းနဲ႔အတူ ရာသီကုန္ခ်ိန္အထိ ဆက္ကစားမွာျဖစ္တယ္လို႔ သိရၿပီး အၿပီးသတ္အေျပာင္းအေရႊ႕ လုပ္ေဆာင္ႏုိင္ဖို႔ ရည္ရြယ္လို႔ ဆုိပါတယ္။

အင္တာမီလန္အသင္းရဲ႕ အားကစားဒါ႐ိုက္တာ ပ်ယ္႐ို ေအာ္ဆီလီယိုက အသက္ ၃၁ ႏွစ္အရြယ္ ခ်ီလီတိုက္စစ္မွဴးအေနနဲ႔ ပုံမွန္ရာသီကုန္ခ်ိန္မွာ စာခ်ဳပ္အတုိင္း မန္ခ်က္စတာယူႏုိက္တက္ကို ျပန္မွာ မဟုတ္ဘဲ ပြဲစဥ္ေတြအားလုံး ကစားၿပီးတဲ့အထိ ဆန္စီ႐ိုမွာ ဆက္ရွိေနမယ္လို႔ ထုတ္ျပန္သြားခဲ့တာလည္းျဖစ္ပါတယ္။

ဇြန္လ ၂၀ ရက္ေန႔ကစၿပီး ပရိသတ္မပါတဲ့ ကြင္းေတြမွာ ျပန္လည္စတင္ဖုိ႔ ရည္ရြယ္ထားတဲ့ စီးရီးေအမွာ ဆန္းခ်က္ဇ္အေနနဲ႔ေတာ့ လက္ရွိ အခ်ိန္အထိ ေလာက္ေလာက္လားလား လုပ္မျပႏုိင္ေသးေပမယ့္ လာမယ့္ပြဲစဥ္ေတြမွာေတာ့ သူ႕အေနနဲ႔ တစ္ခုခုလုပ္ျပႏုိင္ဖို႔ကိုလည္း ေအာ္ဆီလီယိုက ေမွ်ာ္လင့္ေနပါတယ္။

“သူက ကၽြန္ေတာ္တုိ႔နဲ႔ ရာသီကုန္ဆုံးခ်ိန္အထိ ဆက္လက္ရွိေနဦးမွာပါ။ ပြဲစဥ္ေတြ အားလုံးၿပီးဆုံးရင္ေတာ့ သူ႕ရဲ႕ အနာဂတ္ကို မန္ခ်က္စတာ ယူႏုိက္တက္နဲ႔ တုိင္ပင္ဆုံးျဖတ္သြားဖို႔ ရွိေနၿပီး ဒီၾကားထဲမွာ သူ႕အေနနဲ႔ သူ႕ရဲ႕ ပုံစံေကာင္းနဲ႔ အရည္အေသြးေတြကို သက္ေသျပႏုိင္ဖို႔ အခြင့္အေရးရမွာလည္းျဖစ္ပါတယ္”လို႔ ေအာ္ဆီလီယိုက ဆုိပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ တစ္ပတ္လုပ္ခနဲ႔ ခံစားခြင့္ စုစုေပါင္း ေပါင္ငါးသိန္းေလာက္ ရရွိေနတဲ့ အလက္ဆစ္ ဆန္းခ်က္ဇ္ဟာ အာဆင္နယ္အသင္းကေန ေရာက္ရွိလာကတည္းက သူ႕အတြက္ ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ ေငြေၾကးနဲ႔ ထုိက္တန္တဲ့ ေျခစြမ္းမ်ဳိး မရွိခဲ့ဘဲ အသင္းေဟာင္းရဲ႕ မုန္းတီးမွဳေတြကို ရရွိတာသာ အဖတ္တင္ခဲ့တဲ့အျပင္ အသင္းသစ္မွာလည္း ပရိသတ္ေတြရဲ႕ စိတ္ပ်က္မွဳေတြနဲ႔သာ ရင္ဆုိင္ေနခဲ့ရတာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းကနေ မြင့်မားတဲ့ လစာငွေကို သက်သာနိုင်ဖို့အတွက် အငှားချထားခဲ့တဲ့ တိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ်အနေနဲ့ စီးရီးအေကလပ် အင်တာမီလန်အသင်းနဲ့အတူ ရာသီကုန်ချိန်အထိ ဆက်ကစားမှာဖြစ်တယ်လို့ သိရပြီး အပြီးသတ်အပြောင်းအရွှေ့ လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်လို့ ဆိုပါတယ်။

အင်တာမီလန်အသင်းရဲ့ အားကစားဒါရိုက်တာ ပျယ်ရို အော်ဆီလီယိုက အသက် ၃၁ နှစ်အရွယ် ချီလီတိုက်စစ်မှူးအနေနဲ့ ပုံမှန်ရာသီကုန်ချိန်မှာ စာချုပ်အတိုင်း မန်ချက်စတာယူနိုက်တက်ကို ပြန်မှာ မဟုတ်ဘဲ ပွဲစဉ်တွေအားလုံး ကစားပြီးတဲ့အထိ ဆန်စီရိုမှာ ဆက်ရှိနေမယ်လို့ ထုတ်ပြန်သွားခဲ့တာလည်းဖြစ်ပါတယ်။

ဇွန်လ ၂၀ ရက်နေ့ကစပြီး ပရိသတ်မပါတဲ့ ကွင်းတွေမှာ ပြန်လည်စတင်ဖို့ ရည်ရွယ်ထားတဲ့ စီးရီးအေမှာ ဆန်းချက်ဇ်အနေနဲ့တော့ လက်ရှိ အချိန်အထိ လောက်လောက်လားလား လုပ်မပြနိုင်သေးပေမယ့် လာမယ့်ပွဲစဉ်တွေမှာတော့ သူ့အနေနဲ့ တစ်ခုခုလုပ်ပြနိုင်ဖို့ကိုလည်း အော်ဆီလီယိုက မျှော်လင့်နေပါတယ်။

“သူက ကျွန်တော်တို့နဲ့ ရာသီကုန်ဆုံးချိန်အထိ ဆက်လက်ရှိနေဦးမှာပါ။ ပွဲစဉ်တွေ အားလုံးပြီးဆုံးရင်တော့ သူ့ရဲ့ အနာဂတ်ကို မန်ချက်စတာ ယူနိုက်တက်နဲ့ တိုင်ပင်ဆုံးဖြတ်သွားဖို့ ရှိနေပြီး ဒီကြားထဲမှာ သူ့အနေနဲ့ သူ့ရဲ့ ပုံစံကောင်းနဲ့ အရည်အသွေးတွေကို သက်သေပြနိုင်ဖို့ အခွင့်အရေးရမှာလည်းဖြစ်ပါတယ်”လို့ အော်ဆီလီယိုက ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခနဲ့ ခံစားခွင့် စုစုပေါင်း ပေါင်ငါးသိန်းလောက် ရရှိနေတဲ့ အလက်ဆစ် ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းကနေ ရောက်ရှိလာကတည်းက သူ့အတွက် ရင်းနှီးမြှုပ်နှံထားတဲ့ ငွေကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး မရှိခဲ့ဘဲ အသင်းဟောင်းရဲ့ မုန်းတီးမှုတွေကို ရရှိတာသာ အဖတ်တင်ခဲ့တဲ့အပြင် အသင်းသစ်မှာလည်း ပရိသတ်တွေရဲ့ စိတ်ပျက်မှုတွေနဲ့သာ ရင်ဆိုင်နေခဲ့ရတာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.