Other Leagues Premier League Transfer News

ဝီလီယန္၊ ပက္ဒ႐ိုတုိ႔အတြက္ အစားထိုးဖို႔ ေပၚတိုေတာင္ပံကစားသမားကို ေဆြးေႏြးေနတဲ့ ခ်ဲလ္ဆီး

လာမယ့္ရာသီကုန္မွာ အသင္းရဲ႕ ဝါရင့္ေတာင္ပံကစားသမားေတြျဖစ္ၾကတဲ့ ဝီလီယန္နဲ႔ ပက္ဒ႐ိုတုိ႔ကို လက္လႊတ္ရေတာ့မွာျဖစ္တဲ့ ခ်ဲလ္ဆီး အသင္းအေနနဲ႔ ျပန္လည္အစားထိုးႏိုင္ဖို႔ ေပၚတူဂီကလပ္ ေပၚတိုရဲ႕ ေတာင္ပံကစားသမား ေဟဆူးစ္ ကို႐ိုနာကို ေခၚယူဖို႔ ေဆြးေႏြးေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

မကၠဆီကိုလက္ေရြးစင္ ကို႐ိုနာဟာ အသက္ ၂၇ ႏွစ္အရြယ္ရွိၿပီျဖစ္လုိ႔ ဝါရင့္ကစားသမားေတြရဲ႕ အသက္အပုိင္းအျခားထဲကို ေရာက္ရွိေနသူ ျဖစ္ၿပီး ခ်ဲလ္ဆီးမွာ အတုိင္းအတာတစ္ခုအထိ ျဖည့္ဆည္းႏိုင္မယ့္သူမ်ဳိးျဖစ္သလို သူ႕ရဲ႕ေအးဂ်င့္ကေတာ့ အသင္းႏွစ္သင္းၾကား ဆက္သြယ္မွဳရွိေနတာ မွန္ကန္ေၾကာင္းဆုိခဲ့ပါတယ္။

“သူ႕ကို ကမ္းလွမ္းလာမွဳေတြရွိၿပီး ခ်ဲလ္ဆီးအသင္းလည္း ပါဝင္ေနပါတယ္။ သူ႕အေနနဲ႔ ဘာကို ေရြးခ်ယ္မလဲဆုိတာကိုေတာ့ မသိေသးပါဘူး။ ကၽြန္ေတာ္တုိ႔အေနနဲ႔ ၿပဳိင္ပြဲေတြ ျပန္လည္စတင္ၿပီးခ်ိန္မွာမွ ဘာေတြျဖစ္လာမလဲဆုိတာကို စဥ္းစားႏုိင္မွာပါ။ ဘာျဖစ္လို႔လဲဆုိေတာ့ ေဈးကြက္က ရပ္တန္႔ေနသလိုျဖစ္ေနၿပီး သူ႕မွာေတာ့ စာခ်ဳပ္ႏွစ္ႏွစ္က်န္ေနပါေသးတယ္”လို႔ ေအးဂ်င့္ျဖစ္သူက ဆုိပါတယ္။

ဒီရာသီမွာ ေပၚတုိအတြက္ ၿပဳိင္ပြဲအရပ္ရပ္မွာ ၂ ဂိုးသြင္းၿပီး ၁၇ ဂိုး ဖန္တီးေပးထားတဲ့ ကို႐ိုနာဟာ မကၠဆီကို လက္ေရြးစင္အသင္းမွာလည္း ၄၂ ပြဲ ပါဝင္ကစားေပးထားၿပီး သူ႕ကိုေတာ့ ယဥ္ေက်းမွဳခ်င္း နီးစပ္တဲ့ စပိန္လာလီဂါကလပ္ေတြကလည္း စိတ္ဝင္စားမွဳေတြ ျပသထားတယ္လို႔ ဆုိပါတယ္။

ျပည္တြင္းကလပ္ မြန္တာေရးနဲ႔ နယ္သာလန္ကလပ္ FC တြမ္တီးအသင္းေတြမွာ ကစားခဲ့ဖူးတဲ့ ကို႐ိုနာဟာ ခ်ဲလ္ဆီးကို ေရာက္လာခဲ့မယ္ဆုိရင္ေတာ့ အူလီဆက္စ္ ဒါဗီလာေနာက္ အသင္းရဲ႕ ဒုတိယေျမာက္ မကၠဆီကန္ကစားသမားျဖစ္လာမွာျဖစ္ၿပီး ပြဲထြက္ကစားခြင့္ရႏုိင္မယ့္ ပထမဆုံးကစားသမားလည္းျဖစ္လာႏုိင္သလို သူ႕အတြက္ ေပၚတုိအသင္းဘက္က ေပါင္သန္း ၂၀ ေလာက္ ေတာင္းဆုိဖြယ္ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လာမယ့်ရာသီကုန်မှာ အသင်းရဲ့ ဝါရင့်တောင်ပံကစားသမားတွေဖြစ်ကြတဲ့ ဝီလီယန်နဲ့ ပက်ဒရိုတို့ကို လက်လွှတ်ရတော့မှာဖြစ်တဲ့ ချဲလ်ဆီး အသင်းအနေနဲ့ ပြန်လည်အစားထိုးနိုင်ဖို့ ပေါ်တူဂီကလပ် ပေါ်တိုရဲ့ တောင်ပံကစားသမား ဟေဆူးစ် ကိုရိုနာကို ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

မက္ကဆီကိုလက်ရွေးစင် ကိုရိုနာဟာ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်လို့ ဝါရင့်ကစားသမားတွေရဲ့ အသက်အပိုင်းအခြားထဲကို ရောက်ရှိနေသူ ဖြစ်ပြီး ချဲလ်ဆီးမှာ အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းနိုင်မယ့်သူမျိုးဖြစ်သလို သူ့ရဲ့အေးဂျင့်ကတော့ အသင်းနှစ်သင်းကြား ဆက်သွယ်မှုရှိနေတာ မှန်ကန်ကြောင်းဆိုခဲ့ပါတယ်။

“သူ့ကို ကမ်းလှမ်းလာမှုတွေရှိပြီး ချဲလ်ဆီးအသင်းလည်း ပါဝင်နေပါတယ်။ သူ့အနေနဲ့ ဘာကို ရွေးချယ်မလဲဆိုတာကိုတော့ မသိသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ ပြိုင်ပွဲတွေ ပြန်လည်စတင်ပြီးချိန်မှာမှ ဘာတွေဖြစ်လာမလဲဆိုတာကို စဉ်းစားနိုင်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဈေးကွက်က ရပ်တန့်နေသလိုဖြစ်နေပြီး သူ့မှာတော့ စာချုပ်နှစ်နှစ်ကျန်နေပါသေးတယ်”လို့ အေးဂျင့်ဖြစ်သူက ဆိုပါတယ်။

ဒီရာသီမှာ ပေါ်တိုအတွက် ပြိုင်ပွဲအရပ်ရပ်မှာ ၂ ဂိုးသွင်းပြီး ၁၇ ဂိုး ဖန်တီးပေးထားတဲ့ ကိုရိုနာဟာ မက္ကဆီကို လက်ရွေးစင်အသင်းမှာလည်း ၄၂ ပွဲ ပါဝင်ကစားပေးထားပြီး သူ့ကိုတော့ ယဉ်ကျေးမှုချင်း နီးစပ်တဲ့ စပိန်လာလီဂါကလပ်တွေကလည်း စိတ်ဝင်စားမှုတွေ ပြသထားတယ်လို့ ဆိုပါတယ်။

ပြည်တွင်းကလပ် မွန်တာရေးနဲ့ နယ်သာလန်ကလပ် FC တွမ်တီးအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ကိုရိုနာဟာ ချဲလ်ဆီးကို ရောက်လာခဲ့မယ်ဆိုရင်တော့ အူလီဆက်စ် ဒါဗီလာနောက် အသင်းရဲ့ ဒုတိယမြောက် မက္ကဆီကန်ကစားသမားဖြစ်လာမှာဖြစ်ပြီး ပွဲထွက်ကစားခွင့်ရနိုင်မယ့် ပထမဆုံးကစားသမားလည်းဖြစ်လာနိုင်သလို သူ့အတွက် ပေါ်တိုအသင်းဘက်က ပေါင်သန်း ၂၀ လောက် တောင်းဆိုဖွယ်ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.