Ligue1 Premier League Transfer News

ပီအက္စ္ဂ်ီလူငယ္ကို ေရွ႕က စီနီယာေတြ ပုံစံအတုိင္း ေခၚယူသြားဖို႔ ရွိေနတဲ့ အာဆင္နယ္

အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ရာသီကစၿပီး အသင္းကို အတတ္ႏိုင္ဆုံး ေျပာင္းလဲခ်င္ေနတဲ့ အစီအစဥ္အရ ေရွ႕က ေခၚယူထားခဲ့ၿပီး မၾကာခင္မွာပဲ အသင္းႀကီးမွာ ေနရာရရွိခဲ့တဲ့ ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီနဲ႔ ဂါဘရီယယ္လ္ မာတီနယ္လီတုိ႔ရဲ႕ လမ္းေၾကာင္းအတုိင္းပဲ ပီအက္စ္ဂ်ီအသင္းရဲ႕ အေကာင္းဆုံး လူငယ္ကစားသမားတစ္ဦးကို ေခၚယူသြားဖို႔ စီစဥ္ေနပါတယ္။

တစ္ရာသီအတြင္း အသင္းႀကီးမွာ ေနရာေပးခံခဲ့ရတဲ့ ပုံစံမ်ဳိးကို ပီအက္စ္ဂ်ီလူငယ္ အာဒီလ္ ေအာရွိရွ္အေနနဲ႔ လုိက္ပါလုပ္ေဆာင္ႏုိင္မလား ေစာင့္ၾကည့္ရဖြယ္ရွိၿပီး သူ႕အေနနဲ႔ ဘာစီလိုနာရဲ႕ လာမာစီယာက ေခၚယူခဲ့တဲ့ ဖာဘရီဂက္စ္နဲ႔ ဟက္တာ ဘယ္လာရင္တုိ႔ ေစာင့္ဆုိင္းရသေလာက္ေတာ့ မၾကာႏုိင္ဘဲ ေနရာရႏုိင္ဖို႔လည္း ရွိပါတယ္။

အသက္ ၁၇ ႏွစ္အရြယ္ တိုက္စစ္အားသန္ ကြင္းလယ္လူဟာ ပီအက္စ္ဂ်ီအသင္းရဲ႕ အထြန္းေတာက္ဆုံး ကစားသမားတစ္ဦးျဖစ္ၿပီး အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆုိဖို႔ကိုေတာ့ ျငင္းဆန္ထားသလို အာဆင္နယ္ဘက္ကေတာ့ ေျပာင္းေရႊ႕ေၾကး ယူ႐ို ၄ သန္း (ေပါင္ ၃.၆ သန္း)၊ တစ္ပတ္လုပ္ခ ေပါင္ ၂၅၀၀၀ နဲ႔ ေခၚယူသြားဖို႔ သူ႕ရဲ႕ ကိုယ္စားလွယ္ေတြနဲ႔ ေဆြးေႏြးေနတယ္လုိ႔လည္း ဆုိပါတယ္။

ျပင္သစ္ ယူ-၁၆၊ ယူ-၁၇၊ ယူ-၁၈ အသင္းေတြမွာ ကစားထားတဲ့ ေအာရွိရွ္ဟာ ယူ-၁၇ အသင္းနဲ႔ေတာ့ ၂၀၁၈ ခုႏွစ္ကေန ၂၀၁၉ ခုႏွစ္အတြင္း ကစားထားခဲ့တဲ့ ၂၅ ပြဲမွာ ၁၅ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဖီဖာ ယူ-၁၇ ကမာၻ႕ဖလား တတိယဆုရ ျပင္သစ္အသင္းနဲ႔အတူ ေငြေဘာလုံးဆုကိုလည္း ရရွိခဲ့သူျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ လက္ရွိေပၚလစီအရ ေျခစြမ္းျမင့္မားလာႏုိင္ေျခရွိတဲ့ လူငယ္ေတြကို ေပါင္ ၁၀ သန္းေအာက္ ေျပာင္းေရႊ႕ေၾကးေတြနဲ႔ စုေဆာင္းေနၿပီး ေရွ႕က ဂန္ဒူဇီနဲ႔ မာတီနယ္လီတုိ႔ အသင္းႀကီးမွာ အလ်င္အျမန္ အသုံးဝင္ခဲ့သလိုမ်ဳိးျဖစ္လာႏိုင္တဲ့ ေအာရွိရွ္ဟာ ပီအက္စ္ဂ်ီအသင္းႀကီးအတြက္ေတာ့ ျပင္သစ္ဖလားမွာ စီနီယာသြင္းဂိုးတစ္ဂိုး ရယူထားခဲ့ၿပီးျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ရာသီကစပြီး အသင်းကို အတတ်နိုင်ဆုံး ပြောင်းလဲချင်နေတဲ့ အစီအစဉ်အရ ရှေ့က ခေါ်ယူထားခဲ့ပြီး မကြာခင်မှာပဲ အသင်းကြီးမှာ နေရာရရှိခဲ့တဲ့ ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီနဲ့ ဂါဘရီယယ်လ် မာတီနယ်လီတို့ရဲ့ လမ်းကြောင်းအတိုင်းပဲ ပီအက်စ်ဂျီအသင်းရဲ့ အကောင်းဆုံး လူငယ်ကစားသမားတစ်ဦးကို ခေါ်ယူသွားဖို့ စီစဉ်နေပါတယ်။

တစ်ရာသီအတွင်း အသင်းကြီးမှာ နေရာပေးခံခဲ့ရတဲ့ ပုံစံမျိုးကို ပီအက်စ်ဂျီလူငယ် အာဒီလ် အောရှိရှ်အနေနဲ့ လိုက်ပါလုပ်ဆောင်နိုင်မလား စောင့်ကြည့်ရဖွယ်ရှိပြီး သူ့အနေနဲ့ ဘာစီလိုနာရဲ့ လာမာစီယာက ခေါ်ယူခဲ့တဲ့ ဖာဘရီဂက်စ်နဲ့ ဟက်တာ ဘယ်လာရင်တို့ စောင့်ဆိုင်းရသလောက်တော့ မကြာနိုင်ဘဲ နေရာရနိုင်ဖို့လည်း ရှိပါတယ်။

အသက် ၁၇ နှစ်အရွယ် တိုက်စစ်အားသန် ကွင်းလယ်လူဟာ ပီအက်စ်ဂျီအသင်းရဲ့ အထွန်းတောက်ဆုံး ကစားသမားတစ်ဦးဖြစ်ပြီး အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ကိုတော့ ငြင်းဆန်ထားသလို အာဆင်နယ်ဘက်ကတော့ ပြောင်းရွှေ့ကြေး ယူရို ၄ သန်း (ပေါင် ၃.၆ သန်း)၊ တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀ နဲ့ ခေါ်ယူသွားဖို့ သူ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးနေတယ်လို့လည်း ဆိုပါတယ်။

ပြင်သစ် ယူ-၁၆၊ ယူ-၁၇၊ ယူ-၁၈ အသင်းတွေမှာ ကစားထားတဲ့ အောရှိရှ်ဟာ ယူ-၁၇ အသင်းနဲ့တော့ ၂၀၁၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း ကစားထားခဲ့တဲ့ ၂၅ ပွဲမှာ ၁၅ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဖီဖာ ယူ-၁၇ ကမ္ဘာ့ဖလား တတိယဆုရ ပြင်သစ်အသင်းနဲ့အတူ ငွေဘောလုံးဆုကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ လက်ရှိပေါ်လစီအရ ခြေစွမ်းမြင့်မားလာနိုင်ခြေရှိတဲ့ လူငယ်တွေကို ပေါင် ၁၀ သန်းအောက် ပြောင်းရွှေ့ကြေးတွေနဲ့ စုဆောင်းနေပြီး ရှေ့က ဂန်ဒူဇီနဲ့ မာတီနယ်လီတို့ အသင်းကြီးမှာ အလျင်အမြန် အသုံးဝင်ခဲ့သလိုမျိုးဖြစ်လာနိုင်တဲ့ အောရှိရှ်ဟာ ပီအက်စ်ဂျီအသင်းကြီးအတွက်တော့ ပြင်သစ်ဖလားမှာ စီနီယာသွင်းဂိုးတစ်ဂိုး ရယူထားခဲ့ပြီးဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.