Premier League

တစ်နေ့တည်း နှစ်ပွဲကစားပြီး ဟက်ထရစ်သွင်းတဲ့ မန်ချက်စတာစီးတီးကွင်းလယ်လူ

မန်ချက်စတာစီးတီးကွင်းလယ်လူ ကိုးလ် ပါးလ်မားအနေနဲ့ ထူးခြားတဲ့ မှတ်တမ်းတစ်ရပ်ကို ပြီးခဲ့တဲ့ စနေနေ့က ရယူနိုင်ခဲ့ပြီး အသင်းကြီးအတွက် လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခဲ့သလို ယူ-၂၃ အသင်းအတွက်လည်း နာရီပိုင်းအတွင်းမှာပဲ ထပ်မံကစားပြီး ဟက်ထရစ်သွင်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၁၉ နှစ်အရွယ် အင်္ဂလန် ယူ-၂၁ ကွင်းလယ်လူအနေနဲ့ ဘန်လေအသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ အိမ်ကွင်း အစ်တီဟတ်က ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ နာကျင်အချိန်ပို ၁ မိနစ်မှာ စီနီယာကစားသမား ဘာနာဒို ဆေးလ်ဗားအစား လူစားဝင်ကစားခဲ့တာဖြစ်ပြီး ပွဲအပြီးမှာတော့ အကယ်ဒမီကွင်းကို သွားရောက်ပြီး ထပ်မံယှဉ်ပြိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒေသစံတော်ချိန် ညနေ ၄ နာရီ ၄၅ မိနစ်မှာ အသင်းကြီးအတွက် လူစားဝင်ကစားခဲ့အပြီးမှာ ကွင်းလယ်လူ ပါးလ်မားအနေနဲ့ ပရီးမီးယားလိဂ်-၂ ပွဲစဉ်အဖြစ် လက်စတာစီးတီးအသင်းနဲ့ ည ၈ နာရီမှာ ကစားခဲ့ရာမှာတော့ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပြီး ၁၉ မိနစ်၊ ၄၅ မိနစ်နဲ့ ၈၄ မိနစ်တွေမှာ သုံးဂိုးရယူပေးနိုင်ခဲ့တာပါ။

ဒါဟာ သူ့အတွက်တော့ တိုက်ဆိုင်တဲ့ ကံကောင်းခြင်းတစ်ရပ်လည်းဖြစ်ပြီး မန်စီးတီးအသင်းရဲ့ အိမ်ကွင်းမှာ ကစားရမှုကို အခွင့်အကောင်းယူပြီး အစ်တီဟတ်ကွင်းကနေ မိုင်ဝက်သာ ကွာဝေးတဲ့ အကယ်ဒမီကစားကွင်းကို ကူးကစားခဲ့တာပါ။ ဒီကွင်းနှစ်ကွင်းကြားမှာတော့ ပါးလ်မားအနေနဲ့ ကားမောင်းရင် နှစ်မိနစ်သာ ကြာချိန်မှာ လမ်းလျှောက်ရင်လည်း ၈ မိနစ်သာ ကြာတာကြောင့် အေးအေးဆေးဆေးသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းရဲ့ အကယ်ဒမီကနေ အသင်းကြီးမှာ ကျိုးကြားကျိုးကြား ကစားခွင့်ရနေတဲ့ အင်္ဂလိပ်လူငယ်ဟာ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့လည်း တစ်ရပ်တည်းသားတွေလည်းဖြစ်ကြပြီး အစ်တီဟတ်မှာတော့ သူ့ရဲ့ရှေ့က အကယ်ဒမီ ထုတ်ကုန်တွေဖြစ်ကြတဲ့ ဖီးလ် ဖိုဒန်နဲ့ ဂျေဒန် ဆန်ချိုတို့လို ခြေစွမ်းပြနိုင်မယ့်သူအဖြစ်လည်း ရှုမြင်ခံထားရပါတယ်။

မန်စီးတီး ယူ-၂၃ အသင်းရဲ့ ငါးဂိုး-ဂိုးမရှိနဲ့ လက်စတာစီးတီး ယူ-၂၃ အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဟက်ထရစ်ရခဲ့တဲ့ ပါးလ်မားအနေနဲ့ ပရီးမီးယားလိဂ်-၂ မှာ ရှုံးပွဲမရှိနဲ့ ဦးဆောင်နိုင်စေဖို့ အဓိကနေရာက စွမ်းဆောင်နိုင်ခဲ့သလို သူတို့တွေအနေနဲ့ ဒုတိယနေရာက အာဆင်နယ် ယူ-၂၃ အသင်းကို ၆ မှတ်ဖြတ်ပြီး ၈ ပွဲမှာ ၆ ပွဲနိုင် ၂ ပွဲသရေ၊ ရမှတ် ၂၀ နဲ့ အမှတ်ပေးဇယားထိပ်မှာ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ပါးလ်မားအတွက်တော့ ပြီးခဲ့တဲ့ စနေနေ့က ထူးထူးခြားခြားဖြစ်ခဲ့ရပြီး အသင်းကြီးအတွက် နော့ဝစ်ချ်နဲ့ပွဲအပြီး ဒုတိယမြောက်ပွဲအဖြစ် ပါဝင်ခွင့် ရရှိခဲ့သလို ယူ-၂၃ အသင်းနဲ့ သူ့ရဲ့ ဒီရာသီ ပထမဆုံး ဂိုးသွင်းနိုင်မှုအဖြစ် ဟက်ထရစ်ရခဲ့တာကတော့ မှတ်မှတ်ရရ ပျော်ရွှင်စရာနေ့တစ်နေ့ ဖြစ်ခဲ့ရကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးကြင္းလယ္လူ ကိုးလ္ ပါးလ္မားအေနနဲ႔ ထူးျခားတဲ့ မွတ္တမ္းတစ္ရပ္ကို ၿပီးခဲ့တဲ့ စေနေန႔က ရယူႏိုင္ခဲ့ၿပီး အသင္းႀကီးအတြက္ လူစားဝင္ကစားသမားအျဖစ္ ပါဝင္ကစားခဲ့သလို ယူ-၂၃ အသင္းအတြက္လည္း နာရီပိုင္းအတြင္းမွာပဲ ထပ္မံကစားၿပီး ဟက္ထရစ္သြင္းယူႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

အသက္ ၁၉ ႏွစ္အ႐ြယ္ အဂၤလန္ ယူ-၂၁ ကြင္းလယ္လူအေနနဲ႔ ဘန္ေလအသင္းကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့တဲ့ အိမ္ကြင္း အစ္တီဟတ္က ပရီးမီးယားလိဂ္ပြဲစဥ္ရဲ႕ နာက်င္အခ်ိန္ပို ၁ မိနစ္မွာ စီနီယာကစားသမား ဘာနာဒို ေဆးလ္ဗားအစား လူစားဝင္ကစားခဲ့တာျဖစ္ၿပီး ပြဲအၿပီးမွာေတာ့ အကယ္ဒမီကြင္းကို သြားေရာက္ၿပီး ထပ္မံယွဥ္ၿပိဳင္ခဲ့တာလည္းျဖစ္ပါတယ္။

ေဒသစံေတာ္ခ်ိန္ ညေန ၄ နာရီ ၄၅ မိနစ္မွာ အသင္းႀကီးအတြက္ လူစားဝင္ကစားခဲ့အၿပီးမွာ ကြင္းလယ္လူ ပါးလ္မားအေနနဲ႔ ပရီးမီးယားလိဂ္-၂ ပြဲစဥ္အျဖစ္ လက္စတာစီးတီးအသင္းနဲ႔ ည ၈ နာရီမွာ ကစားခဲ့ရာမွာေတာ့ ပြဲခ်ိန္ျပည့္ ပါဝင္ကစားခဲ့ၿပီး ၁၉ မိနစ္၊ ၄၅ မိနစ္နဲ႔ ၈၄ မိနစ္ေတြမွာ သုံးဂိုးရယူေပးႏိုင္ခဲ့တာပါ။

ဒါဟာ သူ႔အတြက္ေတာ့ တိုက္ဆိုင္တဲ့ ကံေကာင္းျခင္းတစ္ရပ္လည္းျဖစ္ၿပီး မန္စီးတီးအသင္းရဲ႕ အိမ္ကြင္းမွာ ကစားရမႈကို အခြင့္အေကာင္းယူၿပီး အစ္တီဟတ္ကြင္းကေန မိုင္ဝက္သာ ကြာေဝးတဲ့ အကယ္ဒမီကစားကြင္းကို ကူးကစားခဲ့တာပါ။ ဒီကြင္းႏွစ္ကြင္းၾကားမွာေတာ့ ပါးလ္မားအေနနဲ႔ ကားေမာင္းရင္ ႏွစ္မိနစ္သာ ၾကာခ်ိန္မွာ လမ္းေလွ်ာက္ရင္လည္း ၈ မိနစ္သာ ၾကာတာေၾကာင့္ ေအးေအးေဆးေဆးသြားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းရဲ႕ အကယ္ဒမီကေန အသင္းႀကီးမွာ က်ိဳးၾကားက်ိဳးၾကား ကစားခြင့္ရေနတဲ့ အဂၤလိပ္လူငယ္ဟာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္နဲ႔လည္း တစ္ရပ္တည္းသားေတြလည္းျဖစ္ၾကၿပီး အစ္တီဟတ္မွာေတာ့ သူ႔ရဲ႕ေရွ႕က အကယ္ဒမီ ထုတ္ကုန္ေတြျဖစ္ၾကတဲ့ ဖီးလ္ ဖိုဒန္နဲ႔ ေဂ်ဒန္ ဆန္ခ်ိဳတို႔လို ေျခစြမ္းျပႏိုင္မယ့္သူအျဖစ္လည္း ရႈျမင္ခံထားရပါတယ္။

မန္စီးတီး ယူ-၂၃ အသင္းရဲ႕ ငါးဂိုး-ဂိုးမရွိနဲ႔ လက္စတာစီးတီး ယူ-၂၃ အသင္းကို အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ ဟက္ထရစ္ရခဲ့တဲ့ ပါးလ္မားအေနနဲ႔ ပရီးမီးယားလိဂ္-၂ မွာ ရႈံးပြဲမရွိနဲ႔ ဦးေဆာင္ႏိုင္ေစဖို႔ အဓိကေနရာက စြမ္းေဆာင္ႏိုင္ခဲ့သလို သူတို႔ေတြအေနနဲ႔ ဒုတိယေနရာက အာဆင္နယ္ ယူ-၂၃ အသင္းကို ၆ မွတ္ျဖတ္ၿပီး ၈ ပြဲမွာ ၆ ပြဲႏိုင္ ၂ ပြဲသေရ၊ ရမွတ္ ၂၀ နဲ႔ အမွတ္ေပးဇယားထိပ္မွာ ရွိေနခဲ့တာလည္းျဖစ္ပါတယ္။

ပါးလ္မားအတြက္ေတာ့ ၿပီးခဲ့တဲ့ စေနေန႔က ထူးထူးျခားျခားျဖစ္ခဲ့ရၿပီး အသင္းႀကီးအတြက္ ေနာ့ဝစ္ခ်္နဲ႔ပြဲအၿပီး ဒုတိယေျမာက္ပြဲအျဖစ္ ပါဝင္ခြင့္ ရရွိခဲ့သလို ယူ-၂၃ အသင္းနဲ႔ သူ႔ရဲ႕ ဒီရာသီ ပထမဆုံး ဂိုးသြင္းႏိုင္မႈအျဖစ္ ဟက္ထရစ္ရခဲ့တာကေတာ့ မွတ္မွတ္ရရ ေပ်ာ္႐ႊင္စရာေန႔တစ္ေန႔ ျဖစ္ခဲ့ရေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.