Premier League Transfer News

18 Oct နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကစားကွက်သစ်နဲ့ အံမဝင်တော့တဲ့ တိုက်စစ်မှူးတွေကို အမြန်ဆုံး ရှင်းထုတ်လိုနေပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ဝယ်လက်ရှာတွေ့နိုင်တဲ့ ပြင်သစ်သား အလက်ဇန်းဒါး လာကာဇက်နေရာမှာ အစားထိုးဖို့ အဲဗာတန်ရဲ့ ဒေါမနစ် ကဲလ်ဗတ်-လူဝင်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေ။

– အဲဗာတန်အသင်းကို ပြီးခဲ့တဲ့ တစ်ရာသီအလွန်က ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ နဲ့ ရောင်းချထားခဲ့တဲ့ တောင်ပံကစားသမား အဲလက်စ် အီဝိုဘီကို လွမ်းဆွတ်နေဖို့ မလိုအပ်ကြောင်းနဲ့ တော်ဖီတွေအတွက် ခြေစွမ်းမပြနိုင်တဲ့ နိုင်ဂျီးရီးယားသားဟာ ဘာမှ တိုးတက်လာခြင်းမရှိတဲ့ “အီဝိုဘီက အီဝိုဘီ”ပါပဲလို့ ဆိုရမှာဖြစ်ကြောင်း တွစ်တာပေါ်မှာ လူပြောများနေကြ။

– အာဆင်နယ်အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီအနေနဲ့ ဒဏ်ရာကနေ သက်သာလာခဲ့ပြီဖြစ်ပြီး ခရစ္စတယ်လ် ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် တနင်္လာနေ့ည ပွဲစဉ်အတွက် ပါဝင်လေ့ကျင့်ခန်းဆင်းနေသလို နည်းပြ အာတီတာရဲ့ ပွဲနေ့လူစာရင်းအမီ ကြံ့ခိုင်မှု ပြသနိုင်ဖွယ်ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ အာဖရိကဖလား သွားရောက်ယှဉ်ပြိုင်မယ့် ကစားသမားတွေထဲက အီဂျစ်ကွင်းလယ်လူ မိုဟာမက် အယ်လ်နန်နီကို ဇန်နဝါရီမှာ အသင်းကနေ တစ်ခါတည်း ထွက်ခွာသွားစေဖို့ အလိုရှိနေပြီး သူ့အစား ကစားသမားသစ်တစ်ဦး အစားထိုး ခေါ်ယူဖို့ ဆန္ဒရှိနေ။

– အသင်းမှာ ဆက်ကစားဖို့ ဆန္ဒနဲ့ ရင်ထဲက လှိုက်လှဲမှုမျိုး မရှိတော့ဘူးလို့ ပြောကြားထားခဲ့တဲ့ နောက်ခံလူ ဟက်တာ ဘယ်လာရင်အတွက် အာဆင်နယ်နည်းပြ အာတီတာမှာလည်း ဆက်လက်သုံးစွဲဖို့ အစီအစဉ်မရှိတော့ဘူးလို့ သိရပြီး ပရိသတ်တွေကလည်း စပိန်ကစားသမားရဲ့ စကားအတွက် စိတ်ပျက်နေကြသလို ဆိုးရွားတဲ့ ပုံစံအတွက် စကားထဲ ထည့်ပြောဖို့ မရှိတော့ဘူးလို့ တုံ့ပြန်ခဲ့ကြ။

– အာဆင်နယ်အသင်းအနေနဲ့ ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်အသင်းရဲ့ အသက် ၁၈ နှစ်အရွယ် ခရိုအေးရှားလူငယ်တိုက်စစ်မှူး ရိုကို ဆီမစ်ချ်ကို ခေါ်ယူနိုင်ဖို့ မြောက်လန်ဒန်ပြိုင်ဘက် စပါးစ်အသင်းနဲ့အပြိုင် စောင့်ကြည့်နေပြီး အေစီမီလန်နောက်ခံလူဟောင်း ဒါရီယို ဆီမစ်ချ်ရဲ့ သားဖြစ်သူအတွက် ပေါင် ၇ သန်းနဲ့ အနာဂတ် ခံစားခွင့်တွေ ပေးချေရဖွယ်ရှိနေ။

– လာမယ့် ဇန်နဝါရီမှာ အိုင်ဗရီကို့စ်တောင်ပံသမား နီကိုလာ ပေပေကို အာဖရိကဖလားအတွက် လက်လွှတ်ရဖို့ ရှိနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်နဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတဲ့ နော်ဝေအသင်းဖော်နဲ့ ဆောက်သမ်တန်တောင်ပံသမား မိုဟာမက် အယ်လ်ယူနူဆီကို အငှားချထားတဲ့ ဆဲလ်တစ်အသင်းဆီကနေ ခေါ်ယူနိုင်ဖို့ ကြိုးစားသွားဖွယ်ရှိနေ။

– အာဆင်နယ်အသင်းရဲ့ အငှားချထားခဲ့တဲ့ သဲတရှပ်ရှပ် အဆီနဲ့တဝင်းဝင်း ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီအနေနဲ့ အသင်းဟောင်း လိုရီယန့်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ မာဆေးလ်အသင်းအတွက် နှစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးနိုင်ခဲ့တာကြောင့် ပြင်သစ်မီဒီယာတွေရဲ့ ပရိသတ်တွေရဲ့ ချီးကျူးမှုတွေကို ပြန်လည်ရှာဖွေနိုင်ခဲ့။

– ဗီယာရာအကြောင်း ကောင်းကောင်း မသိဘူး၊ ကိုယ်တိုင်ကစားရတာပဲ နှစ်သက်ပြီး တခြားလူတွေ ဘောလုံးကစားတဲ့ ပွဲတွေကို မကြည့်ဘူး၊ ဘန်ဝှိုက်လို့ အခေါ်မခံချင်ဘဲ ဘန်ဂျမင်လို့ပဲ အခေါ်ခံချင်တယ်လို့ အင်တာဗျူးမှာ ပြောခဲ့တဲ့ နောက်ခံလူရဲ့ အဖြေတွေကို အာဆင်နယ်ပရိသတ်တွေ အံ့အားသင့်နေကြပြီး သူ့အတွက် အငြင်းအခုံတွေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ နှစ်ခြမ်းကွဲနေခဲ့ကြ။

– အာဆင်နယ်အသင်းရဲ့ တနင်္လာနေ့ည ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ရယူထားနိုင်မှုက ခရစ္စတယ်လ်ပဲလေ့စ်နဲ့ပွဲအတွက် အကောင်းမြင်မှု သက်ရောက်စေပြီး နောက်ဆုံး ၇ ပွဲဆက်တိုက် အနိုင်ရရှိထားခဲ့သလို သွင်းဂိုး ၁၅ ဂိုးနဲ့ ပေးဂိုး ၂ ဂိုးသာ ရှိခဲ့တာကြောင့် နည်းပြ အာတီတာအနေနဲ့ မှတ်တမ်းကောင်းကို ထိန်းသိမ်းပြီး သုံးမှတ်ရယူနိုင်ခဲ့ရင် အဆင့် ၈ နေရာအထိ တက်လှမ်းနိုင်ဖို့ ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကစားကြက္သစ္နဲ႔ အံမဝင္ေတာ့တဲ့ တိုက္စစ္မႉးေတြကို အျမန္ဆုံး ရွင္းထုတ္လိုေနၿပီး လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလမွာ ဝယ္လက္ရွာေတြ႕ႏိုင္တဲ့ ျပင္သစ္သား အလက္ဇန္းဒါး လာကာဇက္ေနရာမွာ အစားထိုးဖို႔ အဲဗာတန္ရဲ႕ ေဒါမနစ္ ကဲလ္ဗတ္-လူဝင္ကို ေခၚယူဖို႔ ပစ္မွတ္ထားေန။

– အဲဗာတန္အသင္းကို ၿပီးခဲ့တဲ့ တစ္ရာသီအလြန္က ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၄၀ နဲ႔ ေရာင္းခ်ထားခဲ့တဲ့ ေတာင္ပံကစားသမား အဲလက္စ္ အီဝိုဘီကို လြမ္းဆြတ္ေနဖို႔ မလိုအပ္ေၾကာင္းနဲ႔ ေတာ္ဖီေတြအတြက္ ေျခစြမ္းမျပႏိုင္တဲ့ ႏိုင္ဂ်ီးရီးယားသားဟာ ဘာမွ တိုးတက္လာျခင္းမရွိတဲ့ “အီဝိုဘီက အီဝိုဘီ”ပါပဲလို႔ ဆိုရမွာျဖစ္ေၾကာင္း တြစ္တာေပၚမွာ လူေျပာမ်ားေနၾက။

– အာဆင္နယ္အသင္းရဲ႕ လူငယ္တိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီအေနနဲ႔ ဒဏ္ရာကေန သက္သာလာခဲ့ၿပီျဖစ္ၿပီး ခရစၥတယ္လ္ ပဲေလ့စ္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ တနလၤာေန႔ည ပြဲစဥ္အတြက္ ပါဝင္ေလ့က်င့္ခန္းဆင္းေနသလို နည္းျပ အာတီတာရဲ႕ ပြဲေန႔လူစာရင္းအမီ ႀကံ့ခိုင္မႈ ျပသႏိုင္ဖြယ္ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ အာဖရိကဖလား သြားေရာက္ယွဥ္ၿပိဳင္မယ့္ ကစားသမားေတြထဲက အီဂ်စ္ကြင္းလယ္လူ မိုဟာမက္ အယ္လ္နန္နီကို ဇန္နဝါရီမွာ အသင္းကေန တစ္ခါတည္း ထြက္ခြာသြားေစဖို႔ အလိုရွိေနၿပီး သူ႔အစား ကစားသမားသစ္တစ္ဦး အစားထိုး ေခၚယူဖို႔ ဆႏၵရွိေန။

– အသင္းမွာ ဆက္ကစားဖို႔ ဆႏၵနဲ႔ ရင္ထဲက လႈိက္လွဲမႈမ်ိဳး မရွိေတာ့ဘူးလို႔ ေျပာၾကားထားခဲ့တဲ့ ေနာက္ခံလူ ဟက္တာ ဘယ္လာရင္အတြက္ အာဆင္နယ္နည္းျပ အာတီတာမွာလည္း ဆက္လက္သုံးစြဲဖို႔ အစီအစဥ္မရွိေတာ့ဘူးလို႔ သိရၿပီး ပရိသတ္ေတြကလည္း စပိန္ကစားသမားရဲ႕ စကားအတြက္ စိတ္ပ်က္ေနၾကသလို ဆိုး႐ြားတဲ့ ပုံစံအတြက္ စကားထဲ ထည့္ေျပာဖို႔ မရွိေတာ့ဘူးလို႔ တုံ႔ျပန္ခဲ့ၾက။

– အာဆင္နယ္အသင္းအေနနဲ႔ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္အသင္းရဲ႕ အသက္ ၁၈ ႏွစ္အ႐ြယ္ ခ႐ိုေအးရွားလူငယ္တိုက္စစ္မႉး ႐ိုကို ဆီမစ္ခ်္ကို ေခၚယူႏိုင္ဖို႔ ေျမာက္လန္ဒန္ၿပိဳင္ဘက္ စပါးစ္အသင္းနဲ႔အၿပိဳင္ ေစာင့္ၾကည့္ေနၿပီး ေအစီမီလန္ေနာက္ခံလူေဟာင္း ဒါရီယို ဆီမစ္ခ်္ရဲ႕ သားျဖစ္သူအတြက္ ေပါင္ ၇ သန္းနဲ႔ အနာဂတ္ ခံစားခြင့္ေတြ ေပးေခ်ရဖြယ္ရွိေန။

– လာမယ့္ ဇန္နဝါရီမွာ အိုင္ဗရီကို႔စ္ေတာင္ပံသမား နီကိုလာ ေပေပကို အာဖရိကဖလားအတြက္ လက္လႊတ္ရဖို႔ ရွိေနတဲ့ အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္နဲ႔ ပုဂၢိဳလ္ေရးအရ ရင္းႏွီးတဲ့ ေနာ္ေဝအသင္းေဖာ္နဲ႔ ေဆာက္သမ္တန္ေတာင္ပံသမား မိုဟာမက္ အယ္လ္ယူႏူဆီကို အငွားခ်ထားတဲ့ ဆဲလ္တစ္အသင္းဆီကေန ေခၚယူႏိုင္ဖို႔ ႀကိဳးစားသြားဖြယ္ရွိေန။

– အာဆင္နယ္အသင္းရဲ႕ အငွားခ်ထားခဲ့တဲ့ သဲတရွပ္ရွပ္ အဆီနဲ႔တဝင္းဝင္း ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီအေနနဲ႔ အသင္းေဟာင္း လိုရီယန႔္နဲ႔ ကစားခဲ့တဲ့ အိမ္ကြင္းပြဲစဥ္မွာ မာေဆးလ္အသင္းအတြက္ ႏွစ္ဂိုးသြင္းၿပီး တစ္ဂိုးဖန္တီးေပးႏိုင္ခဲ့တာေၾကာင့္ ျပင္သစ္မီဒီယာေတြရဲ႕ ပရိသတ္ေတြရဲ႕ ခ်ီးက်ဴးမႈေတြကို ျပန္လည္ရွာေဖြႏိုင္ခဲ့။

– ဗီယာရာအေၾကာင္း ေကာင္းေကာင္း မသိဘူး၊ ကိုယ္တိုင္ကစားရတာပဲ ႏွစ္သက္ၿပီး တျခားလူေတြ ေဘာလုံးကစားတဲ့ ပြဲေတြကို မၾကည့္ဘူး၊ ဘန္ဝႈိက္လို႔ အေခၚမခံခ်င္ဘဲ ဘန္ဂ်မင္လို႔ပဲ အေခၚခံခ်င္တယ္လို႔ အင္တာဗ်ဴးမွာ ေျပာခဲ့တဲ့ ေနာက္ခံလူရဲ႕ အေျဖေတြကို အာဆင္နယ္ပရိသတ္ေတြ အံ့အားသင့္ေနၾကၿပီး သူ႔အတြက္ အျငင္းအခုံေတြနဲ႔ ဆိုရွယ္မီဒီယာေပၚမွာ ႏွစ္ျခမ္းကြဲေနခဲ့ၾက။

– အာဆင္နယ္အသင္းရဲ႕ တနလၤာေန႔ည ပြဲစဥ္ေတြမွာ ရလဒ္ေကာင္းေတြ ရယူထားႏိုင္မႈက ခရစၥတယ္လ္ပဲေလ့စ္နဲ႔ပြဲအတြက္ အေကာင္းျမင္မႈ သက္ေရာက္ေစၿပီး ေနာက္ဆုံး ၇ ပြဲဆက္တိုက္ အႏိုင္ရရွိထားခဲ့သလို သြင္းဂိုး ၁၅ ဂိုးနဲ႔ ေပးဂိုး ၂ ဂိုးသာ ရွိခဲ့တာေၾကာင့္ နည္းျပ အာတီတာအေနနဲ႔ မွတ္တမ္းေကာင္းကို ထိန္းသိမ္းၿပီး သုံးမွတ္ရယူႏိုင္ခဲ့ရင္ အဆင့္ ၈ ေနရာအထိ တက္လွမ္းႏိုင္ဖို႔ ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.