Premier League

ဘောလုံးကွင်းထဲက ဝတ်စုံမဝတ်ထားတဲ့ စူပါဟီးရိုးအဖြစ် ချီးကျူးဂုဏ်ပြုခံနေရတဲ့ ရီဂူလွန်

တော့တင်ဟမ်ဟော့စပါးနောက်ခံကစားသမား ဆာဂျီယို ရီဂူလွန်ဟာ နယူးကာဆယ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ပွဲကြည့်စင်မှာ နယူးကာဆယ်ပရိသတ်တစ်ဦး ရုတ်တရက်လဲကျသွားပြီး အရေးပေါ်အသက်ကယ် ရှေးဦးသူနာပြုစုနည်းနဲ့ ပြုစုနေရတာကို မြင်တွေ့ခဲ့ရပါတယ်။

စိန့် ဂျိမ်းစ် ပါ့ခ်မှာ ကစားခဲ့တဲ့ ပွဲစဉ်ဟာ နယူးကာဆယ်ပရိသတ်အနေနဲ့ အရေးတကြီး ဆေးကုသမှုခံယူဖို့ လိုအပ်နေတာကြောင့် ပထမပိုင်းမပြီးခင်မှာပဲ ၂၄ မိနစ် ရပ်ဆိုင်းခဲ့ပြီး လဲကျသွားတဲ့ ပရိသတ်ဟာ ကုသမှု ရရှိခဲ့တဲ့အတွက် အခြေအနေတည်ငြိမ်မှုရရှိလာတဲ့အချိန်မှာ ဆေးရုံကို မပို့ဆောင်မီ ၂ သင်းစလုံးဟာ အဝတ်လဲခန်းအတွင်းကို ပြန်လည်သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။

“ကျွန်တော် ပရိသတ်တစ်ယောက် လဲနေတာကို မြင်တွေ့ခဲ့ရပြီး လူတစ်ယောက်က သူ့ကို အရေးပေါ် အသက်ကယ်နေခဲ့တယ။် ကျွန်တော် အရမ်းကို စိတ်လှုပ်ရှားသွားခဲ့တယ်။ ကျွန်တော် ဒိုင်လူကြီးဆီသွားပြီး ကျွန်တော်တို့ မကစားနိုင်ဘူး။ ပွဲကို ရပ်ပေးပါလို့ ပြောခဲ့တယ်။ ပရိသတ်တွေကလည်း ပွဲကို ရပ်ကြ၊ ရပ်ကြလို့ ပြောခဲ့တယ်”လို့ ရီဂူလွန်က ပွဲအပြီးမှာ Sky Sports ကို ပြောကြားခဲ့ပါတယ်။

စပိန်ဘယ်နောက်ခံကစားသမားဟာ ကွင်းလယ်ဒိုင် အန်ဒရေး မာရီနာဆီကို အလျင်အမြန်သွားရောက်ပြီး အခြေအနေကို ရှင်းပြခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ဒိုင်လူကြီးက ပွဲကစားနေတာကို ရပ်ဆိုင်းလိုက်ချိန်မှာ ဆေးဝန်ထမ်းတွေက လဲကျနေတဲ့ ပရိသတ်ဆီ အပြေးသွားခဲ့ကြတာဖြစ်ပါတယ်။

ရီဂူလွန်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းက နယူးကာဆယ်ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့အတွက် ပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမားဆုကို ပူးတွဲ ရရှိခဲ့ပြီး ပွဲအပြီးမှာ အရေးပေါ်ဆေးကုသမှုပေးဖို့နဲ့ပတ်သက်ပြီး ပြောကြားခဲ့တဲ့သူလည်းဖြစ်တဲ့ ဟာရီ ကိန်းက နယူးကာဆယ်ပရိသတ်အတွက် ဆုတောင်းစကားပြောကြားခဲ့ပါတယ်။

“ပထမဆုံးနဲ့ နောက်ဆုံး ကျွန်တော်တို့ ပြောချင်တာက ပွဲကြည့်စင်က လူအတွက် အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။ အဲဒါကို ကြည့်လို့ကောင်းတဲ့ မြင်ကွင်းမဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့ သူ အခုဆို တည်တည်ငြိမ်ငြိမ်ဖြစ်သွားပြီလို့ ကြားပါတယ်။ အဲဒီတော့ ဆေးအဖွဲ့နဲ့ ပရိသတ်တွေအားလုံးကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်”

“ကျွန်တော်တို့ဘက်ကနေ လှမ်းမြင်ရတဲ့ မြင်ကွင်းက အရန်ခုံတန်းဘေးမှာ နှလုံးရှော့ခ်ရိုက်စက်တစ်ခု ရှိနေမှာပဲဆိုတာကို သိတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ပွဲကြည့်စင်က ပရိသတ်တွေဆီမှာ ရှိလားတော့ ကျွန်တော်တို့ မသိခဲ့ပါဘူး။ အဲရစ် ဒိုင်ယာက သွားပြီး သူတို့ဆီမှာ ရှိလားလို့ မေးမြန်းခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီလိုမြင်ရတာ စိတ်နှလုံးထိခိုက်စရာဖြစ်ပြီး ကျွန်တော်တို့အားလုံးရော၊ ပရိသတ်တွေပါ သူ့ကို အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ အားလုံးအဆင်ပြေကြမယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ်က အာရုံစိုက်မှုတွေဟာ လဲကျနေခဲ့တဲပရိသတ်အတွက် လိုအပ်နေတဲ့ အရေးပေါ်ကုသမှုကို ခွင့်ပြုချက်ရအောင် အလျင်အမြန်တွေးပြီး လုပ်ဆောင်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးကစားသမားတွေဖြစ်တဲ့ ရီဂူလွန်၊ ဒိုင်ယာ၊ စကစ်ပ်တို့ဆီ ရောက်ရှိခဲ့ပြီး လူတစ်ယောက်က “ဆာဂျီယို ရီဂူလွန်ဟာ ပရိသတ်ရဲ့အသက်ကို ကယ်လိုက်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလို အဆင့်အတန်းရှိတဲ့ လုပ်ရပ်ကို နှစ်သက်မိပါတယ်”လို့ ရေးသားခဲ့ပါတယ်။

အခြား လူတစ်ယောက်ကလည်း “ရီဂူလွန်၊ ဒိုင်ယာ၊ စကစ်ပ်တို့ရဲ့ အစောပိုင်းမှာ လုပ်ခဲ့တဲ့လုပ်ရပ်အတွက် အကြီးကြီး ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ပြောချင်ပါတယ်။ ဒီနေ့ လူတစ်ယောက်ရဲ့အသက်ကို ကယ်တင်နိုင်အောင် ကူညီပေးနိုင်ခဲ့တာလို့ ပြောရင် မှန်ပါလိမ့်မယ်”လို့ ချီးကျူးခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ပွဲမရပ်တန့်မီမှာ ကယ်လ်လမ် ဝီလ်ဆင်ရဲ့ အစောပိုင်း ၂ မိနစ်က အဖွင့်ဂိုးကို အန်ဒွန်ဘီလီက ၁၅ မိနစ်က ပြန်လည်ချေပခဲ့ပြီးနောက် ဟာရီ ကိန်းကလည်း ယခုရာသီ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းနာကျင်အချိန်ပိုမှာ ဆွန်ဟောင်မင်က နောက်ထပ်ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ ၃-၁ နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြီးဆုံးခါနီး မိနစ်ပိုင်းအလိုမှာ အဲရစ် ဒိုင်ယာရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိတဲ့ဂိုးကြောင့် ၃-၂ နဲ့ ပွဲပြီးဆုံးသွားခဲ့ပြီး တော့တင်ဟမ်ဟော့စပါးအသင်းအတွက်တော့ အနိုင် ၃ မှတ် ရရှိခဲ့သလို ပရိသတ်တစ်ဦးရဲ့အသက်ကိုလည်း ကယ်တင်နိုင်ခဲ့တဲ့နေ့ဖြစ်ခဲ့တာကြောင့် အတိုင်းထက်အလွန် ပျော်ရွှင်ခဲ့ရတဲ့နေ့ ဖြစ်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေတာ့တင္ဟမ္ေဟာ့စပါးေနာက္ခံကစားသမား ဆာဂ်ီယို ရီဂူလြန္ဟာ နယူးကာဆယ္အသင္းနဲ႔ ကစားခဲ့တဲ့ပြဲစဥ္အတြင္း ပြဲၾကည့္စင္မွာ နယူးကာဆယ္ပရိသတ္တစ္ဦး ႐ုတ္တရက္လဲက်သြားၿပီး အေရးေပၚအသက္ကယ္ ေရွးဦးသူနာျပဳစုနည္းနဲ႔ ျပဳစုေနရတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

စိန႔္ ဂ်ိမ္းစ္ ပါ့ခ္မွာ ကစားခဲ့တဲ့ ပြဲစဥ္ဟာ နယူးကာဆယ္ပရိသတ္အေနနဲ႔ အေရးတႀကီး ေဆးကုသမႈခံယူဖို႔ လိုအပ္ေနတာေၾကာင့္ ပထမပိုင္းမၿပီးခင္မွာပဲ ၂၄ မိနစ္ ရပ္ဆိုင္းခဲ့ၿပီး လဲက်သြားတဲ့ ပရိသတ္ဟာ ကုသမႈ ရရွိခဲ့တဲ့အတြက္ အေျခအေနတည္ၿငိမ္မႈရရွိလာတဲ့အခ်ိန္မွာ ေဆး႐ုံကို မပို႔ေဆာင္မီ ၂ သင္းစလုံးဟာ အဝတ္လဲခန္းအတြင္းကို ျပန္လည္သြားေရာက္ခဲ့ၾကတာျဖစ္ပါတယ္။

“ကၽြန္ေတာ္ ပရိသတ္တစ္ေယာက္ လဲေနတာကို ျမင္ေတြ႕ခဲ့ရၿပီး လူတစ္ေယာက္က သူ႔ကို အေရးေပၚ အသက္ကယ္ေနခဲ့တယ။္ ကၽြန္ေတာ္ အရမ္းကို စိတ္လႈပ္ရွားသြားခဲ့တယ္။ ကၽြန္ေတာ္ ဒိုင္လူႀကီးဆီသြားၿပီး ကၽြန္ေတာ္တို႔ မကစားနိုင္ဘူး။ ပြဲကို ရပ္ေပးပါလို႔ ေျပာခဲ့တယ္။ ပရိသတ္ေတြကလည္း ပြဲကို ရပ္ၾက၊ ရပ္ၾကလို႔ ေျပာခဲ့တယ္”လို႔ ရီဂူလြန္က ပြဲအၿပီးမွာ Sky Sports ကို ေျပာၾကားခဲ့ပါတယ္။

စပိန္ဘယ္ေနာက္ခံကစားသမားဟာ ကြင္းလယ္ဒိုင္ အန္ဒေရး မာရီနာဆီကို အလ်င္အျမန္သြားေရာက္ၿပီး အေျခအေနကို ရွင္းျပခဲ့တဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ဒိုင္လူႀကီးက ပြဲကစားေနတာကို ရပ္ဆိုင္းလိုက္ခ်ိန္မွာ ေဆးဝန္ထမ္းေတြက လဲက်ေနတဲ့ ပရိသတ္ဆီ အေျပးသြားခဲ့ၾကတာျဖစ္ပါတယ္။

ရီဂူလြန္ဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းက နယူးကာဆယ္ကို ၃-၂ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ေျခစြမ္းျပသနိုင္ခဲ့တဲ့အတြက္ ပြဲစဥ္တေလၽွာက္အေကာင္းဆုံးကစားသမားဆုကို ပူးတြဲ ရရွိခဲ့ၿပီး ပြဲအၿပီးမွာ အေရးေပၚေဆးကုသမႈေပးဖို႔နဲ႔ပတ္သက္ၿပီး ေျပာၾကားခဲ့တဲ့သူလည္းျဖစ္တဲ့ ဟာရီ ကိန္းက နယူးကာဆယ္ပရိသတ္အတြက္ ဆုေတာင္းစကားေျပာၾကားခဲ့ပါတယ္။

“ပထမဆုံးနဲ႔ ေနာက္ဆုံး ကၽြန္ေတာ္တို႔ ေျပာခ်င္တာက ပြဲၾကည့္စင္က လူအတြက္ အေကာင္းဆုံးျဖစ္ပါေစလို႔ ဆုေတာင္းေပးခ်င္ပါတယ္။ အဲဒါကို ၾကည့္လို႔ေကာင္းတဲ့ ျမင္ကြင္းမဟုတ္ခဲ့ပါဘူး။ ကၽြန္ေတာ္တို႔ သူ အခုဆို တည္တည္ၿငိမ္ၿငိမ္ျဖစ္သြားၿပီလို႔ ၾကားပါတယ္။ အဲဒီေတာ့ ေဆးအဖြဲ႕နဲ႔ ပရိသတ္ေတြအားလုံးကို ကၽြန္ေတာ္တို႔ ေက်းဇူးတင္ပါတယ္”

“ကၽြန္ေတာ္တို႔ဘက္ကေန လွမ္းျမင္ရတဲ့ ျမင္ကြင္းက အရန္ခုံတန္းေဘးမွာ ႏွလုံးေရွာ့ခ္ရိုက္စက္တစ္ခု ရွိေနမွာပဲဆိုတာကို သိတယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္ ပြဲၾကည့္စင္က ပရိသတ္ေတြဆီမွာ ရွိလားေတာ့ ကၽြန္ေတာ္တို႔ မသိခဲ့ပါဘူး။ အဲရစ္ ဒိုင္ယာက သြားၿပီး သူတို႔ဆီမွာ ရွိလားလို႔ ေမးျမန္းခဲ့တယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ ဒီလိုျမင္ရတာ စိတ္ႏွလုံးထိခိုက္စရာျဖစ္ၿပီး ကၽြန္ေတာ္တို႔အားလုံးေရာ၊ ပရိသတ္ေတြပါ သူ႔ကို အေကာင္းဆုံးျဖစ္ပါေစလို႔ ဆုေတာင္းေပးပါတယ္။ အားလုံးအဆင္ေျပၾကမယ္လို႔ ေမၽွာ္လင့္မိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

လူမႈကြန္ရက္ေပၚက အာ႐ုံစိုက္မႈေတြဟာ လဲက်ေနခဲ့တဲပရိသတ္အတြက္ လိုအပ္ေနတဲ့ အေရးေပၚကုသမႈကို ခြင့္ျပဳခ်က္ရေအာင္ အလ်င္အျမန္ေတြးၿပီး လုပ္ေဆာင္ခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးကစားသမားေတြျဖစ္တဲ့ ရီဂူလြန္၊ ဒိုင္ယာ၊ စကစ္ပ္တို႔ဆီ ေရာက္ရွိခဲ့ၿပီး လူတစ္ေယာက္က “ဆာဂ်ီယို ရီဂူလြန္ဟာ ပရိသတ္ရဲ့အသက္ကို ကယ္လိုက္တာျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ ဒီလို အဆင့္အတန္းရွိတဲ့ လုပ္ရပ္ကို ႏွစ္သက္မိပါတယ္”လို႔ ေရးသားခဲ့ပါတယ္။

အျခား လူတစ္ေယာက္ကလည္း “ရီဂူလြန္၊ ဒိုင္ယာ၊ စကစ္ပ္တို႔ရဲ့ အေစာပိုင္းမွာ လုပ္ခဲ့တဲ့လုပ္ရပ္အတြက္ အႀကီးႀကီး ေကာင္းေကာင္းလုပ္နိုင္ခဲ့တယ္လို႔ ေျပာခ်င္ပါတယ္။ ဒီေန႔ လူတစ္ေယာက္ရဲ့အသက္ကို ကယ္တင္နိုင္ေအာင္ ကူညီေပးနိုင္ခဲ့တာလို႔ ေျပာရင္ မွန္ပါလိမ့္မယ္”လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ပြဲမရပ္တန႔္မီမွာ ကယ္လ္လမ္ ဝီလ္ဆင္ရဲ့ အေစာပိုင္း ၂ မိနစ္က အဖြင့္ဂိုးကို အန္ဒြန္ဘီလီက ၁၅ မိနစ္က ျပန္လည္ေခ်ပခဲ့ၿပီးေနာက္ ဟာရီ ကိန္းကလည္း ယခုရာသီ ပထမဆုံးသြင္းဂိုးကို သြင္းယူနိုင္ခဲ့ၿပီး ပထမပိုင္းနာက်င္အခ်ိန္ပိုမွာ ဆြန္ေဟာင္မင္က ေနာက္ထပ္ဦးေဆာင္ဂိုး သြင္းယူေပးနိုင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ ၃-၁ နဲ႔ ဦးေဆာင္နိုင္ခဲ့ပါတယ္။

ဒုတိယပိုင္း ၿပီးဆုံးခါနီး မိနစ္ပိုင္းအလိုမွာ အဲရစ္ ဒိုင္ယာရဲ့ ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိတဲ့ဂိုးေၾကာင့္ ၃-၂ နဲ႔ ပြဲၿပီးဆုံးသြားခဲ့ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအတြက္ေတာ့ အနိုင္ ၃ မွတ္ ရရွိခဲ့သလို ပရိသတ္တစ္ဦးရဲ့အသက္ကိုလည္း ကယ္တင္နိုင္ခဲ့တဲ့ေန႔ျဖစ္ခဲ့တာေၾကာင့္ အတိုင္းထက္အလြန္ ေပ်ာ္ရႊင္ခဲ့ရတဲ့ေန႔ ျဖစ္ခဲ့တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.