Match Report Premier League

ပွဲ ၁၀၀၀ ပြည့် စတိဗ် ဘရုစ်နဲ့ ငှက်ကျားတွေကို အနိုင်ယူပြီး အဆင့် ၅ ရောက်တဲ့ စပါးစ်

ဒီနေ့ပွဲကတော့ နယူးကာဆယ်လ်အသင်းရဲ့ ပိုင်ရှင်သစ်တွေလက်ထဲမှာ ပထမဆုံး ကစားရတဲ့ ပွဲဖြစ်သလို နည်းပြ စတိဗ် ဘရုစ်အတွက်လည်း နည်းပြဘဝ ပွဲ ၁၀၀၀ မြောက် ကိုင်တွယ်ခွင့်ရတဲ့ ပွဲဖြစ်တာကြောင့် ထူးခြားမှုတွေ ရှိနေခဲ့ပြီး အိမ်ရှင် ငှက်ကျားတွေအနေနဲ့ ဆော်ဒီတွေ သဘောကျအောင် တိုက်စစ်ဦးစားပေး ၄-၁-၄-၁ ပုံစံနဲ့ ပွဲထွက်လာခဲ့ပါတယ်။

စပါးစ်အသင်းကတော့ သူတို့ရဲ့ Safe Formation ၄-၂-၃-၁ ပုံစံကိုပဲ သုံးစွဲလာခဲ့ပြီး တိုက်စစ်မှူး ဟာရီကိန်းကို မြားဦးမှာထားခဲ့ချိန်မှာ စကစ်ပ်နဲ့ ဟွိုင်ဘယာ့ဂ် ကွင်းလယ်အထိုင်ရဲ့ရှေ့က အန်ဒွမ်ဘီလီကို ထားခဲ့သလို တောင်ပံတွေမှာတော့ ဆွန်ဟောင်မင်နဲ့ လူးကပ်စ် မော်ရာတို့ ပွဲထွက်လာခဲ့ကြတာပါ။

ပိုင်ရှင်သစ်တွေကို မျက်နှာလုပ်ဖို့ ကြိုးစားနေတဲ့ နည်းပြနဲ့ အသင်းသားတွေကြောင့် ပွဲချိန် ၂ မိနစ်မှာကတည်းက နယူးကာဆယ်လ်တို့ ဂိုးစတင် ရရှိသွားခဲ့ပြီး ဧရိယာအစပ်ကနေ စန်မက်ဇီမန် ပါးပါးနပ်နပ်ခင်းပေးလိုက်တဲ့ ဘောလုံးကို ညာနောက်ခံလူ မန်ကီယိုရဲ့ ဖြတ်တင်မှုကနေ တိုက်စစ်မှူး ကာလမ် ဝီလ်ဆန်က အနီးကပ်ခေါင်းတိုက်ပြီး သွင်းယူဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီဂိုးအတွက် နယူးကာဆယ်လ်ရဲ့ ရှယ်ယာရှင်သစ်နဲ့ ရုပ်ပြကိုယ်စားပြုသူ အမျိုးသမီးဒါရိုက်တာ အမန်ဒါ စတက်ဗလီနဲ့ သူ့လူတွေ ပွေ့ဖက်အောင်ပွဲခံခဲ့ကြပြီး သူတို့ရဲ့ အသင်းကြီးတစ်သင်းအဖြစ်ကို သွားချင်နေတဲ့ ရည်မှန်းချက်တွေအတွက်တော့ စောစောစီးစီး သွင်းယူနိုင်လိုက်တဲ့ ပုံစံက အနည်းနဲ့အများတော့ ကျေနပ်စရာဖြစ်နိုင်ခဲ့မယ်လို့ ထင်ရပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာတော့ စပါးစ်တို့ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ခံစစ်ကနေ အဲရစ် ဒိုင်ယာ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဘယ်တောင်ပံ ကနေ ရသွားတဲ့ ရက်ဂီယွန်က အတွင်းကို ပြန်ထည့်ပေးတာကို ကွင်းလယ်လူ အန်ဒွမ်ဘီလီက နယူးကာဆယ်လ်ခံစစ်သမားတစ်ဦးနဲ့ ကွယ်ပြီး ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဒါလိုး မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးလိုက်ရတာပါ။

နောက်ထပ် ၅ မိနစ်အကြာ ပွဲချိန် ၂၂ မိနစ်မှာတော့ စပါးစ်တို့ ဦးဆောင်ဂိုး ပြန်လည်ရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဟွိုင်ဘယာ့ဂ် ကျော်ချပေးလိုက်တဲ့ ဘောလုံးကို ဟာရီကိန်းက လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဂိုးသမားနဲ့အတွေ့မှာ ကျော်သွင်းနိုင်ခဲ့တာဖြစ်ပြီး ကနဦးမှာ ဒိုင်လူကြီးက အလံထောင်ခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ လူမကျွံခဲ့လို့ ဂိုးအဖြစ် သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

ဒီဂိုးဟာ ဟာရီကိန်းအတွက်တော့ ပြီးခဲ့တဲ့ ရာသီ နောက်ဆုံးပွဲစဉ်က လက်စတာကို သွင်းယူခဲ့တဲ့ ဂိုးအပြီးမှာ ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်မှာ ပြန်လည်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီ ပြိုင်ပွဲစတင်ချိန်ကနေ နှစ်လကျော် စောင့်ဆိုင်းခဲ့ရသလို စပါးစ်အသင်းအတွက်တော့ အပေါင်း လက္ခဏာဆောင်ခဲ့တာပါ။

ပွဲချိန် ၃၁ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ တစ်ကိုယ်တော်သွင်းယူဖို့ ကြိုးစားရမယ့်အစား ဧရိယာထဲမှာ လိမ်ခေါက်ပြီးမှ စန်မက်ဇီမန်ဆီ ပေးခဲ့တဲ့ ဝီလ်ဆန်ကြောင့် နယူးကာဆယ်လ်တို့ တစ်ဂိုးနစ်နာခဲ့ရသလို ပွဲချိန် ၄၁ မိနစ်မှာတော့ ပရိသတ်တစ်ဦး မူးမေ့လဲကျမှုကြောင့် ဒိုင်လူကြီးက ပွဲကို ခေတ္တရပ်နားခဲ့သလို ကစားသမားတွေရဲ့ ဒဏ်ရာရရှိမှုတွေကြောင့်လည်း နာကျင်အချိန်ပို ၇ မိနစ်အထိ သတ်မှတ်ပေးခဲ့ရပါတယ်။

နာကျင်အချိန်ပို ၄ မိနစ်မှာတော့ စပါးစ်တို့ တတိယဂိုးကို သွင်းယူနိုင်ခဲ့ပြီး လူးကပ်စ် မော်ရာက အလယ်မှာ စုနေပြီး လူကျွံဘောဖမ်းကြတဲ့ နယူးကာဆယ်လ်ခံစစ်သမားတွေကို ဖောက်ထွက်သွားခဲ့တဲ့ ဟာရီကိန်းဆီ ထိုးပေးခဲ့ရာမှာ အင်္ဂလန်ကပ္ပတိန်က ဂိုးဧရိယာထဲကို အနိမ့်ဘော ပြန်ချိုးပေးခဲ့ပြီး ဒါကို ဆွန်ဟောင်မင်က အနီးကပ်ကန်သွင်းခဲ့လို့ ပထမပိုင်းအပြီးမှာ သုံးဂိုး-တစ်ဂိုးနဲ့ အိမ်ရှင်တွေ ရှုံးနိမ့်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း စတိဗ် ဘရုစ်အနေနဲ့ အသင်းကို ပြင်ဆင်နိုင်ခြင်းမရှိဘဲ ကစားသမားတွေသဘောဆိုပြီး လွှတ်ထားခဲ့သလိုဖြစ်နေခဲ့ချိန်မှာ စပါးစ်တို့ပဲ ဖိကစားနေခဲ့ပြီး ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတို့ရဲ့ တိုက်စစ်က အတွဲအဖက် မမိခဲ့လို့သာ သက်သာခဲ့ရပြီး အန်ဒွမ်ဘီလီကတော့ ရှေ့တန်းတွေကို ဖန်တီးမှု မပေးစွမ်းနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

စန်မက်ဇီမန်ကတော့ နောက်ပိုင်းမှာ ဘယ်ခြမ်းကို ရွှေ့ပြောင်းကစားခဲ့ပြီး တစ်ကိုယ်တော် ထိုးဖောက်နေခဲ့ပေမယ့် ဂိုးနဲ့တော့ နီးစပ်ခြင်း မရှိခဲ့သလို စပါးစ်တို့ကလည်း အလားတူပဲ ငှက်ပစ်နေခဲ့တာများပြီး ပွဲချိန် မိနစ် ၈၀ က နယူးကာဆယ်လ်နောက်ခံလူ ရစ်ချီရဲ့ လက်ထိဘောကိုတော့ VAR က ပင်နယ်တီပေးဖို့ ပယ်ချသွားခဲ့ပါတယ်။

ပွဲချိန် ၈၃ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဘောလုံးဆွဲပြေးတဲ့ ရက်ဂီယွန်ကို နောက်ကနေ ဖျက်မှုနဲ့ ၅ မိနစ်အတွင်း နှစ်ဝါထိခဲ့တဲ့ ကွင်းလယ်လူ ရှယ်လ်ဗီ အထုတ်ခံခဲ့ရတာကြောင့် နယူးကာဆယ်လ်တို့ ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရပြီး လီဗာပူးလ်ကွင်းလယ်လူဟောင်းအနေနဲ့ ကွင်းထဲမှာ ၂၃ မိနစ်သာ လူစားဝင်ကစားပြီး အနီကတ်ပြခံခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ ချေပဂိုးတစ်ဂိုးပြန်လည်ရယူနိုင်ခဲ့ပြီး ညာခြမ်းမှာ ရခဲ့တဲ့ ဖရီးကစ်ကို တောင်ပံကစားသမား မာဖီက ဖြတ်တင်ပေးရာမှာ စပါးစ်နောက်ခံလူ အဲရစ် ဒိုင်ယာက ခေါင်းတိုက်ဖျက်ထုတ်ဖို့ ကြိုးစားရင်းနဲ့ ချိန်သားလွဲပြီး ဒူးပေါ်ကျလာတဲ့ ဘောလုံးက ဂိုးထဲ ဝင်သွားခဲ့ရာမှာ ဂိုးသမား လိုရစ် မတားဆီးနိုင်ဘဲဖြစ်ခဲ့ရတာပါ။

ဒီနောက်ပိုင်းမှာတော့ လူတစ်ယောက်အသာရထားတဲ့ စပါးစ်တို့ ချေပဂိုး ထပ်မပေးရအောင် ထိန်းသိမ်းကစားသွားခဲ့ပြီး သုံးမှတ်ရအောင် စွမ်းဆောင်သွားနိုင်ခဲ့သလို နယူးကာဆယ်လ်ရဲ့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ အောင်ပွဲခံနိုင်ခဲ့ပြီး နှစ်ပွဲဆက်တိုက် အနိုင်ရရှိမှုနဲ့အတူ ရမှတ် ၁၅ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာဆီ မန်ချက်စတာယူနိုက်တက်ကို ဖြုတ်ချပြီး တက်ရောက်သွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ပြဲကေတာ့ နယူးကာဆယ္လ္အသင္းရဲ႕ ပိုင္ရွင္သစ္ေတြလက္ထဲမွာ ပထမဆုံး ကစားရတဲ့ ပြဲျဖစ္သလို နည္းျပ စတိဗ္ ဘ႐ုစ္အတြက္လည္း နည္းျပဘဝ ပြဲ ၁၀၀၀ ေျမာက္ ကိုင္တြယ္ခြင့္ရတဲ့ ပြဲျဖစ္တာေၾကာင့္ ထူးျခားမႈေတြ ရွိေနခဲ့ၿပီး အိမ္ရွင္ ငွက္က်ားေတြအေနနဲ႔ ေဆာ္ဒီေတြ သေဘာက်ေအာင္ တိုက္စစ္ဦးစားေပး ၄-၁-၄-၁ ပုံစံနဲ႔ ပြဲထြက္လာခဲ့ပါတယ္။

စပါးစ္အသင္းကေတာ့ သူတို႔ရဲ႕ Safe Formation ၄-၂-၃-၁ ပုံစံကိုပဲ သုံးစြဲလာခဲ့ၿပီး တိုက္စစ္မႉး ဟာရီကိန္းကို ျမားဦးမွာထားခဲ့ခ်ိန္မွာ စကစ္ပ္နဲ႔ ဟြိဳင္ဘယာ့ဂ္ ကြင္းလယ္အထိုင္ရဲ႕ေရွ႕က အန္ဒြမ္ဘီလီကို ထားခဲ့သလို ေတာင္ပံေတြမွာေတာ့ ဆြန္ေဟာင္မင္နဲ႔ လူးကပ္စ္ ေမာ္ရာတို႔ ပြဲထြက္လာခဲ့ၾကတာပါ။

ပိုင္ရွင္သစ္ေတြကို မ်က္ႏွာလုပ္ဖို႔ ႀကိဳးစားေနတဲ့ နည္းျပနဲ႔ အသင္းသားေတြေၾကာင့္ ပြဲခ်ိန္ ၂ မိနစ္မွာကတည္းက နယူးကာဆယ္လ္တို႔ ဂိုးစတင္ ရရွိသြားခဲ့ၿပီး ဧရိယာအစပ္ကေန စန္မက္ဇီမန္ ပါးပါးနပ္နပ္ခင္းေပးလိုက္တဲ့ ေဘာလုံးကို ညာေနာက္ခံလူ မန္ကီယိုရဲ႕ ျဖတ္တင္မႈကေန တိုက္စစ္မႉး ကာလမ္ ဝီလ္ဆန္က အနီးကပ္ေခါင္းတိုက္ၿပီး သြင္းယူဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒီဂိုးအတြက္ နယူးကာဆယ္လ္ရဲ႕ ရွယ္ယာရွင္သစ္နဲ႔ ႐ုပ္ျပကိုယ္စားျပဳသူ အမ်ိဳးသမီးဒါ႐ိုက္တာ အမန္ဒါ စတက္ဗလီနဲ႔ သူ႔လူေတြ ေပြ႕ဖက္ေအာင္ပြဲခံခဲ့ၾကၿပီး သူတို႔ရဲ႕ အသင္းႀကီးတစ္သင္းအျဖစ္ကို သြားခ်င္ေနတဲ့ ရည္မွန္းခ်က္ေတြအတြက္ေတာ့ ေစာေစာစီးစီး သြင္းယူႏိုင္လိုက္တဲ့ ပုံစံက အနည္းနဲ႔အမ်ားေတာ့ ေက်နပ္စရာျဖစ္ႏိုင္ခဲ့မယ္လို႔ ထင္ရပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာေတာ့ စပါးစ္တို႔ ေခ်ပဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ၿပီး ခံစစ္ကေန အဲရစ္ ဒိုင္ယာ ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ဘယ္ေတာင္ပံ ကေန ရသြားတဲ့ ရက္ဂီယြန္က အတြင္းကို ျပန္ထည့္ေပးတာကို ကြင္းလယ္လူ အန္ဒြမ္ဘီလီက နယူးကာဆယ္လ္ခံစစ္သမားတစ္ဦးနဲ႔ ကြယ္ၿပီး ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဒါလိုး မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးေပးလိုက္ရတာပါ။

ေနာက္ထပ္ ၅ မိနစ္အၾကာ ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ စပါးစ္တို႔ ဦးေဆာင္ဂိုး ျပန္လည္ရယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဟြိဳင္ဘယာ့ဂ္ ေက်ာ္ခ်ေပးလိုက္တဲ့ ေဘာလုံးကို ဟာရီကိန္းက လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ၿပီး ဂိုးသမားနဲ႔အေတြ႕မွာ ေက်ာ္သြင္းႏိုင္ခဲ့တာျဖစ္ၿပီး ကနဦးမွာ ဒိုင္လူႀကီးက အလံေထာင္ခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာေတာ့ လူမကြၽံခဲ့လို႔ ဂိုးအျဖစ္ သတ္မွတ္ေပးခဲ့တာျဖစ္ပါတယ္။

ဒီဂိုးဟာ ဟာရီကိန္းအတြက္ေတာ့ ၿပီးခဲ့တဲ့ ရာသီ ေနာက္ဆုံးပြဲစဥ္က လက္စတာကို သြင္းယူခဲ့တဲ့ ဂိုးအၿပီးမွာ ပထမဆုံးအႀကိမ္အျဖစ္ ပရီးမီးယားလိဂ္မွာ ျပန္လည္သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ဒီရာသီ ၿပိဳင္ပြဲစတင္ခ်ိန္ကေန ႏွစ္လေက်ာ္ ေစာင့္ဆိုင္းခဲ့ရသလို စပါးစ္အသင္းအတြက္ေတာ့ အေပါင္း လကၡဏာေဆာင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန တစ္ကိုယ္ေတာ္သြင္းယူဖို႔ ႀကိဳးစားရမယ့္အစား ဧရိယာထဲမွာ လိမ္ေခါက္ၿပီးမွ စန္မက္ဇီမန္ဆီ ေပးခဲ့တဲ့ ဝီလ္ဆန္ေၾကာင့္ နယူးကာဆယ္လ္တို႔ တစ္ဂိုးနစ္နာခဲ့ရသလို ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ ပရိသတ္တစ္ဦး မူးေမ့လဲက်မႈေၾကာင့္ ဒိုင္လူႀကီးက ပြဲကို ေခတၱရပ္နားခဲ့သလို ကစားသမားေတြရဲ႕ ဒဏ္ရာရရွိမႈေတြေၾကာင့္လည္း နာက်င္အခ်ိန္ပို ၇ မိနစ္အထိ သတ္မွတ္ေပးခဲ့ရပါတယ္။

နာက်င္အခ်ိန္ပို ၄ မိနစ္မွာေတာ့ စပါးစ္တို႔ တတိယဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး လူးကပ္စ္ ေမာ္ရာက အလယ္မွာ စုေနၿပီး လူကြၽံေဘာဖမ္းၾကတဲ့ နယူးကာဆယ္လ္ခံစစ္သမားေတြကို ေဖာက္ထြက္သြားခဲ့တဲ့ ဟာရီကိန္းဆီ ထိုးေပးခဲ့ရာမွာ အဂၤလန္ကပၸတိန္က ဂိုးဧရိယာထဲကို အနိမ့္ေဘာ ျပန္ခ်ိဳးေပးခဲ့ၿပီး ဒါကို ဆြန္ေဟာင္မင္က အနီးကပ္ကန္သြင္းခဲ့လို႔ ပထမပိုင္းအၿပီးမွာ သုံးဂိုး-တစ္ဂိုးနဲ႔ အိမ္ရွင္ေတြ ရႈံးနိမ့္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း စတိဗ္ ဘ႐ုစ္အေနနဲ႔ အသင္းကို ျပင္ဆင္ႏိုင္ျခင္းမရွိဘဲ ကစားသမားေတြသေဘာဆိုၿပီး လႊတ္ထားခဲ့သလိုျဖစ္ေနခဲ့ခ်ိန္မွာ စပါးစ္တို႔ပဲ ဖိကစားေနခဲ့ၿပီး ဆြန္ေဟာင္မင္နဲ႔ ဟာရီကိန္းတို႔ရဲ႕ တိုက္စစ္က အတြဲအဖက္ မမိခဲ့လို႔သာ သက္သာခဲ့ရၿပီး အန္ဒြမ္ဘီလီကေတာ့ ေရွ႕တန္းေတြကို ဖန္တီးမႈ မေပးစြမ္းႏိုင္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

စန္မက္ဇီမန္ကေတာ့ ေနာက္ပိုင္းမွာ ဘယ္ျခမ္းကို ေ႐ႊ႕ေျပာင္းကစားခဲ့ၿပီး တစ္ကိုယ္ေတာ္ ထိုးေဖာက္ေနခဲ့ေပမယ့္ ဂိုးနဲ႔ေတာ့ နီးစပ္ျခင္း မရွိခဲ့သလို စပါးစ္တို႔ကလည္း အလားတူပဲ ငွက္ပစ္ေနခဲ့တာမ်ားၿပီး ပြဲခ်ိန္ မိနစ္ ၈၀ က နယူးကာဆယ္လ္ေနာက္ခံလူ ရစ္ခ်ီရဲ႕ လက္ထိေဘာကိုေတာ့ VAR က ပင္နယ္တီေပးဖို႔ ပယ္ခ်သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ေဘာလုံးဆြဲေျပးတဲ့ ရက္ဂီယြန္ကို ေနာက္ကေန ဖ်က္မႈနဲ႔ ၅ မိနစ္အတြင္း ႏွစ္ဝါထိခဲ့တဲ့ ကြင္းလယ္လူ ရွယ္လ္ဗီ အထုတ္ခံခဲ့ရတာေၾကာင့္ နယူးကာဆယ္လ္တို႔ ၁၀ ေယာက္တည္းနဲ႔ ကစားခဲ့ရၿပီး လီဗာပူးလ္ကြင္းလယ္လူေဟာင္းအေနနဲ႔ ကြင္းထဲမွာ ၂၃ မိနစ္သာ လူစားဝင္ကစားၿပီး အနီကတ္ျပခံခဲ့ရတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ နယူးကာဆယ္လ္တို႔ ေခ်ပဂိုးတစ္ဂိုးျပန္လည္ရယူႏိုင္ခဲ့ၿပီး ညာျခမ္းမွာ ရခဲ့တဲ့ ဖရီးကစ္ကို ေတာင္ပံကစားသမား မာဖီက ျဖတ္တင္ေပးရာမွာ စပါးစ္ေနာက္ခံလူ အဲရစ္ ဒိုင္ယာက ေခါင္းတိုက္ဖ်က္ထုတ္ဖို႔ ႀကိဳးစားရင္းနဲ႔ ခ်ိန္သားလြဲၿပီး ဒူးေပၚက်လာတဲ့ ေဘာလုံးက ဂိုးထဲ ဝင္သြားခဲ့ရာမွာ ဂိုးသမား လိုရစ္ မတားဆီးႏိုင္ဘဲျဖစ္ခဲ့ရတာပါ။

ဒီေနာက္ပိုင္းမွာေတာ့ လူတစ္ေယာက္အသာရထားတဲ့ စပါးစ္တို႔ ေခ်ပဂိုး ထပ္မေပးရေအာင္ ထိန္းသိမ္းကစားသြားခဲ့ၿပီး သုံးမွတ္ရေအာင္ စြမ္းေဆာင္သြားႏိုင္ခဲ့သလို နယူးကာဆယ္လ္ရဲ႕ စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး ႏွစ္ပြဲဆက္တိုက္ အႏိုင္ရရွိမႈနဲ႔အတူ ရမွတ္ ၁၅ မွတ္နဲ႔ အမွတ္ေပးဇယားရဲ႕ အဆင့္ ၅ ေနရာဆီ မန္ခ်က္စတာယူႏိုက္တက္ကို ျဖဳတ္ခ်ၿပီး တက္ေရာက္သြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.