Match Report Premier League

အဲဗာတန်ကို အဝေးကွင်းမှာ အနိုင်ယူပြီး လျှော့မတွက်ဖို့ ပြောလိုက်တဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့ပွဲမှာ အနိုင်ရရှိရင် အဆင့် ၃ နေရာက မန်ချက်စတာစီးတီးနဲ့ အမှတ်တူနိုင်မယ့် အိမ်ရှင် အဲဗာတန်အသင်းရဲ့ အိပ်မက်တွေကို ဖျက်ဆီးသွားခဲ့ပြီး ဂွတ်ဒီဆန်ပါ့ခ်က ဘင်နီတက်ဇ်တို့အဖွဲ့ရဲ့ မျှော်လင့်ချက်တွေကို လန်ဒန်သားတွေနဲ့ ဒေးဗစ်မွိုက်စ်တို့က ရပ်တန့်သွားခဲ့ကြတာဖြစ်ပါတယ်။

အိမ်ရှင် အဲဗာတန်တို့ကတော့ သူတို့ရဲ့ အကောင်းဆုံး ရရှိနိုင်တဲ့ လူစာရင်းကို ထုတ်သုံးလာခဲ့ပြီး ဂရေး၊ တောင်းဆန်း၊ အီဝိုဘီတို့ကို တိုက်စစ်မှာ ခင်းကျင်းခဲ့ပြီး ဒူကူရေးနဲ့ အယ်လန်တို့ရဲ့ လုပ်အားနှုန်းကောင်းတဲ့ ကွင်းလယ်နဲ့ ဒီညီ၊ ကိုလ်းမန်းတို့ရဲ့ တိုက်စစ်သန် နောက်ခံလူတွေနဲ့ စုဖွဲ့ခဲ့ပေမယ့် ရှေ့က နှေးကွေးလေးလံတဲ့ ရွန်ဒွန်ရဲ့ အထောင်တိုက်စစ်မှာ အရာအားလုံး ပျက်ပြားခဲ့ရတာပါ။

အန်တိုနီယိုနဲ့ ဆိုးချက်ခ်တို့ရဲ့ တိုးအားအတွက် တောင်ပံတွေကနေ ဖြတ်တင်ဘောတွေနဲ့ အထောက်အကူပြုနေတဲ့ ဝက်စ်ဟမ်းရဲ့ တိုက်စစ်ကို အဲဗာတန်ဂိုးသမား ပစ်ခ်ဖို့ဒ်ရဲ့ အဝင်အထွက်မှန်မှန်နဲ့ တားဆီးဖြတ်တောက်နိုင်ခဲ့လို့ ဒေးဗစ် မွိုက်စ်ရဲ့ ဗျူဟာကို ဘင်နီတက်ဇ်က တားဆီးနိုင်တယ်လို့ပဲ ဆိုရမှာဖြစ်သလို ခံစစ်ကစားခဲ့တဲ့ အိမ်ရှင်တွေအတွက် အတိုင်းအတာတစ်ခုအထိ ကျေနပ်စရာတော့ဖြစ်ခဲ့ပါတယ်။

မိုက်ကယ်ကီးန်ရဲ့ ဖျက်ထုတ်မှုနဲ့ မထိဘဲ ဝက်စ်ဟမ်းဘက်က အန်တိုနီယို ဒိုက်ဗင်ထိုးလို့ အဝါကတ်ထိခဲ့သလို ရွန်ဒွန်ကတော့ တောင်ပံက ဖြတ်တင်ဘောတွေမှာ အနည်းဆုံး ခြေတစ်လှမ်းနောက်ကျနေတာကြောင့် သုံးစားလို့ မရခဲ့ဘဲ အမြင့်ဘောတွေမှာလည်း မခုန်နိုင်ခဲ့ချိန်မှာ ခြေထဲကို ထည့်ပေးရင် ဘော်ဒီနဲ့ တောင့်ခံတဲ့ Hold-up Ball တစ်မျိုးပဲ သုံးစားလို့ရခဲ့တာကတော့ အဲဗာတန်အတွက် နစ်နာခဲ့ရတာပါ။

ပွဲချိန် ၃၅ မိနစ်မှာ ဘိုဝင်ရဲ့ ကန်ချက်ကို ပစ်ခ်ဖို့ဒ် ပုတ်ထုတ်ခဲ့တာကို နောက်က လိုက်လာခဲ့တဲ့ ဆိုးချက်က ပိတ်သွင်းယူခဲ့ပေမယ့် လူကျွံဘော ဖြစ်နေခဲ့တာက အဲဗာတန်တို့ ကံကောင်းသွားခဲ့ပြီး မကြာခဏ ဖရိုဖရဲ လုပ်ပြနေတဲ့ ခံစစ်နဲ့တော့ ရစ်ချာလစ်ဆန်နဲ့ ကဲလ်ဗတ်-လူဝင်တို့ ပြန်မလာမချင်း ဘင်နီတက်ဇ်တစ်ယောက် ဘာမှ မျှော်လင့်နိုင်မှာ မဟုတ်ဘဲ ပထမပိုင်းမှာတော့ နှစ်သင်းစလုံး အပြန်အလှန်ဖြုန်းပြီး ဂိုးမရှိသရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ အိမ်ရှင် အဲဗာတန်တို့ ပိုဖိကစားနိုင်ခဲ့ပြီး အီဝိုဘီရဲ့ ကန်ချက် လူထိထွက်ခဲ့သလို တောင်းဆန်းရဲ့ ကောင်းမွန်လှတဲ့ ဖြတ်တင်ဘောကို ကန်သွင်းလို့ရတာကို မကန်ဘဲ ခေါင်းတိုက်ခဲ့တဲ့ ရွန်ဒွန်ရဲ့ ခေါင်းတိုက်ချက်က အားနာဖို့ကောင်းလောက်အောင် လွဲချော်ခဲ့တာကြောင့် မာဆေးဆိုက်သားတွေအတွက် အဖွင့်ဂိုးနဲ့ လွဲချော်ခဲ့ရပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ ဂေါ့ဖရီ ဖျက်ထုတ်ပုံ ညံ့တာကနေ ပစ်ခ်ဖို့ဒ် ကြိုးစားကာကွယ်ခဲ့ရတာက ထောင့်ကန်ဘောပေးခဲ့ရပြီး ဒါကို ဘိုဝင်က ညာခြမ်းကနေ ကန်ပို့ပေးခဲ့ရာမှာ အဲဗာတန်နောက်တန်းတွေရဲ့ ပေါ့လျော့မှုကနေ ဝက်စ်ဟမ်းခံစစ်မှူး အော့ဘွန်နာက ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပြီး ဧည့်သည် လန်ဒန်သားတွေအတွက် အဖွင့်ဂိုး ရှာဖွေပေးနိုင်ခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဧည့်သည်တိုက်စစ်မှူး အန်တိုနီယိုနဲ့ ဘင်ရာမာတို့ရဲ့ ကန်ချက်တွေ လွဲချော်ခဲ့သလို အဲဗာတန်ရဲ့ တိုက်စစ်ကလည်း များများစားစား ဗျူဟာပြောင်းလဲစရာ လူမရှိတော့တာကြောင့် ဘင်နီတက်ဇ်အနေနဲ့ တစ်ဂိုးပေးရရုံနဲ့ အကျပ်ရိုက်ခဲ့ရပြီး အိမ်ကွင်းမှာ ပွဲချိန်အပြည့်မှာ ဝက်စ်ဟမ်းတို့ တစ်ဂိုး-ဂိုးမရှိနဲ့ အဝေးကွင်းမှာ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

ဒီပွဲအရှုံးကြောင့် အိမ်ရှင်တို့အနေနဲ့ တတိယနေရာက မန်ချက်စတာစီးတီးနဲ့ အမှတ်တူ ဂိုးကွာခြားချက်နဲ့ စတုတ္ထနေရာမှာ ရပ်တည်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီး ပြီးခဲ့တဲ့ ပွဲစဉ်က အိမ်ကွင်းမှာ အထိနာခဲ့ရတဲ့ ဝက်စ်ဟမ်းတို့ကတော့ အဲဗာတန်၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ အမှတ်တူ ၁၄ မှတ်နဲ့ ဂိုးကွာခြားချက်အရ အဆင့် ၆ မှာ ရပ်တည်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝက္စ္ဟမ္းအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ အႏိုင္ရရွိရင္ အဆင့္ ၃ ေနရာက မန္ခ်က္စတာစီးတီးနဲ႔ အမွတ္တူႏိုင္မယ့္ အိမ္ရွင္ အဲဗာတန္အသင္းရဲ႕ အိပ္မက္ေတြကို ဖ်က္ဆီးသြားခဲ့ၿပီး ဂြတ္ဒီဆန္ပါ့ခ္က ဘင္နီတက္ဇ္တို႔အဖြဲ႕ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို လန္ဒန္သားေတြနဲ႔ ေဒးဗစ္မြိဳက္စ္တို႔က ရပ္တန႔္သြားခဲ့ၾကတာျဖစ္ပါတယ္။

အိမ္ရွင္ အဲဗာတန္တို႔ကေတာ့ သူတို႔ရဲ႕ အေကာင္းဆုံး ရရွိႏိုင္တဲ့ လူစာရင္းကို ထုတ္သုံးလာခဲ့ၿပီး ဂေရး၊ ေတာင္းဆန္း၊ အီဝိုဘီတို႔ကို တိုက္စစ္မွာ ခင္းက်င္းခဲ့ၿပီး ဒူကူေရးနဲ႔ အယ္လန္တို႔ရဲ႕ လုပ္အားႏႈန္းေကာင္းတဲ့ ကြင္းလယ္နဲ႔ ဒီညီ၊ ကိုလ္းမန္းတို႔ရဲ႕ တိုက္စစ္သန္ ေနာက္ခံလူေတြနဲ႔ စုဖြဲ႕ခဲ့ေပမယ့္ ေရွ႕က ေႏွးေကြးေလးလံတဲ့ ႐ြန္ဒြန္ရဲ႕ အေထာင္တိုက္စစ္မွာ အရာအားလုံး ပ်က္ျပားခဲ့ရတာပါ။

အန္တိုနီယိုနဲ႔ ဆိုးခ်က္ခ္တို႔ရဲ႕ တိုးအားအတြက္ ေတာင္ပံေတြကေန ျဖတ္တင္ေဘာေတြနဲ႔ အေထာက္အကူျပဳေနတဲ့ ဝက္စ္ဟမ္းရဲ႕ တိုက္စစ္ကို အဲဗာတန္ဂိုးသမား ပစ္ခ္ဖို႔ဒ္ရဲ႕ အဝင္အထြက္မွန္မွန္နဲ႔ တားဆီးျဖတ္ေတာက္ႏိုင္ခဲ့လို႔ ေဒးဗစ္ မြိဳက္စ္ရဲ႕ ဗ်ဴဟာကို ဘင္နီတက္ဇ္က တားဆီးႏိုင္တယ္လို႔ပဲ ဆိုရမွာျဖစ္သလို ခံစစ္ကစားခဲ့တဲ့ အိမ္ရွင္ေတြအတြက္ အတိုင္းအတာတစ္ခုအထိ ေက်နပ္စရာေတာ့ျဖစ္ခဲ့ပါတယ္။

မိုက္ကယ္ကီးန္ရဲ႕ ဖ်က္ထုတ္မႈနဲ႔ မထိဘဲ ဝက္စ္ဟမ္းဘက္က အန္တိုနီယို ဒိုက္ဗင္ထိုးလို႔ အဝါကတ္ထိခဲ့သလို ႐ြန္ဒြန္ကေတာ့ ေတာင္ပံက ျဖတ္တင္ေဘာေတြမွာ အနည္းဆုံး ေျခတစ္လွမ္းေနာက္က်ေနတာေၾကာင့္ သုံးစားလို႔ မရခဲ့ဘဲ အျမင့္ေဘာေတြမွာလည္း မခုန္ႏိုင္ခဲ့ခ်ိန္မွာ ေျခထဲကို ထည့္ေပးရင္ ေဘာ္ဒီနဲ႔ ေတာင့္ခံတဲ့ Hold-up Ball တစ္မ်ိဳးပဲ သုံးစားလို႔ရခဲ့တာကေတာ့ အဲဗာတန္အတြက္ နစ္နာခဲ့ရတာပါ။

ပြဲခ်ိန္ ၃၅ မိနစ္မွာ ဘိုဝင္ရဲ႕ ကန္ခ်က္ကို ပစ္ခ္ဖို႔ဒ္ ပုတ္ထုတ္ခဲ့တာကို ေနာက္က လိုက္လာခဲ့တဲ့ ဆိုးခ်က္က ပိတ္သြင္းယူခဲ့ေပမယ့္ လူကြၽံေဘာ ျဖစ္ေနခဲ့တာက အဲဗာတန္တို႔ ကံေကာင္းသြားခဲ့ၿပီး မၾကာခဏ ဖ႐ိုဖရဲ လုပ္ျပေနတဲ့ ခံစစ္နဲ႔ေတာ့ ရစ္ခ်ာလစ္ဆန္နဲ႔ ကဲလ္ဗတ္-လူဝင္တို႔ ျပန္မလာမခ်င္း ဘင္နီတက္ဇ္တစ္ေယာက္ ဘာမွ ေမွ်ာ္လင့္ႏိုင္မွာ မဟုတ္ဘဲ ပထမပိုင္းမွာေတာ့ ႏွစ္သင္းစလုံး အျပန္အလွန္ျဖဳန္းၿပီး ဂိုးမရွိသေရျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ အိမ္ရွင္ အဲဗာတန္တို႔ ပိုဖိကစားႏိုင္ခဲ့ၿပီး အီဝိုဘီရဲ႕ ကန္ခ်က္ လူထိထြက္ခဲ့သလို ေတာင္းဆန္းရဲ႕ ေကာင္းမြန္လွတဲ့ ျဖတ္တင္ေဘာကို ကန္သြင္းလို႔ရတာကို မကန္ဘဲ ေခါင္းတိုက္ခဲ့တဲ့ ႐ြန္ဒြန္ရဲ႕ ေခါင္းတိုက္ခ်က္က အားနာဖို႔ေကာင္းေလာက္ေအာင္ လြဲေခ်ာ္ခဲ့တာေၾကာင့္ မာေဆးဆိုက္သားေတြအတြက္ အဖြင့္ဂိုးနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ေဂါ့ဖရီ ဖ်က္ထုတ္ပုံ ညံ့တာကေန ပစ္ခ္ဖို႔ဒ္ ႀကိဳးစားကာကြယ္ခဲ့ရတာက ေထာင့္ကန္ေဘာေပးခဲ့ရၿပီး ဒါကို ဘိုဝင္က ညာျခမ္းကေန ကန္ပို႔ေပးခဲ့ရာမွာ အဲဗာတန္ေနာက္တန္းေတြရဲ႕ ေပါ့ေလ်ာ့မႈကေန ဝက္စ္ဟမ္းခံစစ္မႉး ေအာ့ဘြန္နာက ေခါင္းတိုက္သြင္းယူႏိုင္ခဲ့ၿပီး ဧည့္သည္ လန္ဒန္သားေတြအတြက္ အဖြင့္ဂိုး ရွာေဖြေပးႏိုင္ခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဧည့္သည္တိုက္စစ္မႉး အန္တိုနီယိုနဲ႔ ဘင္ရာမာတို႔ရဲ႕ ကန္ခ်က္ေတြ လြဲေခ်ာ္ခဲ့သလို အဲဗာတန္ရဲ႕ တိုက္စစ္ကလည္း မ်ားမ်ားစားစား ဗ်ဴဟာေျပာင္းလဲစရာ လူမရွိေတာ့တာေၾကာင့္ ဘင္နီတက္ဇ္အေနနဲ႔ တစ္ဂိုးေပးရ႐ုံနဲ႔ အက်ပ္႐ိုက္ခဲ့ရၿပီး အိမ္ကြင္းမွာ ပြဲခ်ိန္အျပည့္မွာ ဝက္စ္ဟမ္းတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ အေဝးကြင္းမွာ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

ဒီပြဲအရႈံးေၾကာင့္ အိမ္ရွင္တို႔အေနနဲ႔ တတိယေနရာက မန္ခ်က္စတာစီးတီးနဲ႔ အမွတ္တူ ဂိုးကြာျခားခ်က္နဲ႔ စတုတၳေနရာမွာ ရပ္တည္ႏိုင္မယ့္ အခြင့္အေရးကို လက္လႊတ္ခဲ့ရၿပီး ၿပီးခဲ့တဲ့ ပြဲစဥ္က အိမ္ကြင္းမွာ အထိနာခဲ့ရတဲ့ ဝက္စ္ဟမ္းတို႔ကေတာ့ အဲဗာတန္၊ မန္ခ်က္စတာယူႏိုက္တက္တို႔နဲ႔ အမွတ္တူ ၁၄ မွတ္နဲ႔ ဂိုးကြာျခားခ်က္အရ အဆင့္ ၆ မွာ ရပ္တည္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.