Premier League

မော်ရင်ညိုကို ငွေပုံပေးပြီး နတ်ရေကန်ထဲပစ်ချသလို ဖြစ်သွားဖွယ်ရှိတဲ့ ပရီးမီးယားလိဂ်ကလပ်

ပေါ်တူဂီလူမျိုးနည်းပြ ဟိုဆေး မော်ရင်ညိုဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ရိုးမားအသင်းကို စတင်ကိုင်တွယ်ခဲ့ပေမယ့်လည်း နယူးကာဆယ်လ်အသင်းက စတိဗ် ဘရုစ်ရဲ့နေရာမှာ အစားထိုးခန့်အပ်ခြင်းခံရဖွယ်ရှိတဲ့ ထိပ်တန်းနည်းပြတွေထဲမှာ တစ်ဦးအဖြစ် ပါဝင်နေတာဖြစ်ပါတယ်။

အန်တိုနီယို ကွန်တီ၊ ဘရန်ဒန် ရော့ဂျားစ်၊ ဂရေဟမ် ပေါ်တာတို့ဟာ နယူးကာဆယ်အသင်းနည်းပြသစ်ဖြစ်လာနိုင်တဲ့ နည်းပြတွေထဲမှာ ပါဝင်နေတာဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းဟာ လက်ရှိမှာတော့ ကမ္ဘာ့ဘောလုံးလောကမှာ ငွေကြေးချမ်းသာအကြွယ်ဝဆုံးအသင်းဖြစ်နေတာဖြစ်ပါတယ်။

အများစုက နယူးကာဆယ်အသင်းကို ဆော်ဒီလုပ်ငန်းစုက ဝယ်ယူခဲ့ပြီးနောက် ဘရုစ်ကို ချက်ချင်း ထွက်ခွာစေလိမ့်မယ်လို့ ယူဆခဲ့ကြချိန်မှာ အပြောင်းအလဲတွေ ပြုလုပ်သွားမယ်လို့ ဝန်ခံပြောကြားခဲ့တဲ့ အသင်းဒါရိုက်တာ အမန်ဒါ စတေ့ဗ်လေရဲ့ ထောက်ခံမှုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဟိုဆေး မော်ရင်ညိုဟာ နောက်ဆုံး ၆ နှစ်အတွင်း ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါးအသင်းတို့ရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရပေမယ့် ၎င်းရဲ့ ဆုဖလားဗီဒိုထဲမှာ အဓိကလိဂ်ဖလား ၈ ခုနဲ့ ချန်ပီယံလိဂ်ဖလား ၂ ခုကတော့ ရှိနေတာဖြစ်ပါတယ်။

အီတလီသတင်းဌာန La Repubblica က လက်ရှိမှာတော့ နယူးကာဆယ်အသင်းက ခေါ်မယ်ဆိုရင် ရိုးမားနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ မော်ရင်ညို ရောက်လာနိုင်မလားဆိုတာကို ဆွေးနွေးခဲ့ပြီး ပေါ်တူဂီလူမျိုးနည်းပြက ရိုးမားနဲ့ အဆင်ပြေနေသလို ဆိုခဲစေ မြဲစေဆိုတဲ့လူမျိုးလို့ ဖော်ပြခဲ့ပါတယ်။

အဲဒီ ဆွေးနွေးမှုဟာ မန်စီးတီး နောက်ခံကစားသမားဟောင်း ဒန်နီ မေးလ်စ်က talkSPORT ကို “ခင်ဗျား ငွေကြေးနဲ့ အသင်းကို တည်ဆောက်မယ့်အကြောင်းနဲ့ သုံးသလောက်လည်း အောင်မြင်ရမယ်ဆိုတဲ့အကြောင်း ပြောချင်တာဆိုရင် ကျွန်တော်ကတော့ မော်ရင်ညိုနဲ့ ကွက်တိပဲလို့ ပြောရမှာပဲ။ ခင်ဗျား ဟိုဆေးကိုသာ ငွေပုံပေးပြီး သူ လုပ်ချင်တာ လုပ်ခွင့်ပေးလိုက်။ သူက ခင်ဗျားကို အောင်မြင်မှုဆီ အခြားလူတွေအားလုံးထက်ပိုပြီး လျင်လျင်မြန်မြန်နဲ့ လမ်းပြပေးနိုင်ပါလိမ့်မယ်”

“နယူးကာဆယ်က နှေးနှေးလေး သွားနိုင်ပြီး ဒီရာသီမှာ ရှင်ကျန်ရစ်အောင် လုပ်လို့ရတယ်။ နောက်ရာသီကိုတော့ ထိပ်ဆုံးအဆင့် ၁၀ အတွင်း ရာသီပြီးဆုံးပြီး နောက်ရာသီကျရင်တော့ အဆင့် ၆ ပေါ့။ ဒါပေမယ် သူတို့တွေ့ တန်းမဆင်းရဖို့လုပ်နေရာကနေ ထိပ်ဆုံး ၄ သင်းထဲရောက်အောင် နတ်ရေကန်ထဲပစ်ချသလို ဖြစ်ချင်တာဆိုရင်တော့ မော်ရင်ညို လုပ်တာထက် ပိုကောင်းအောင် လုပ်နိုင်တဲ့သူ ကျွန်တော် တစ်ယောက်မှ မတွေ့ဘူး”လို့ ပြောကြားခဲ့အပြီးမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

နယူးကာဆယ်အသင်းနည်းပြ စတိဗ် ဘရုစ်က ၎င်းရဲ့ နောက်ဆုံးကိုင်တွယ်တဲ့ ပွဲစဉ်ဖြစ်ဖွယ်ရှိတဲ့ ပွဲစဉ်မတိုင်မီ “ကျွန်တော်ကတော့ တစ်စုံတရာကို ပြောင်းလဲအောင် လုပ်ဖို့ ကြိုးပမ်းနေပါတယ်။ ကျွန်တော်ကသာ သင့်တော်တယ်။ အရမ်းကောင်းတယ်လို့ သူတို့မြင်တယ်ဆိုရင် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းသွားမှာပါ။ ကျွန်တော် မျှော်လင့်ချက်ကို လက်လွှတ်မှာမဟုတ်ပါဘူး။ အသင်းက သွားနေတဲ့ပုံစံ၊ အနာဂတ်မှာ ဖြစ်လာမယ့် ပုံစံကြောင့် ဘယ်သူကများ နယူးကာဆယ်ကို နည်းပြရမယ့်အခွင့်အရေးကို မလိုချင်ဘဲနေပါ့မလဲ။ ကျွန်တော်လည်း လိုချင်တာ သေချာတာပေါ့။ တခြားလူတွေ လိုချင်တာထက်ကို အဆတစ်ရာလောက် လိုချင်တာ သေချာပါတယ်”

“ဘယ်လိုနည်းပြမျိုးမဆို ကျွန်တော့်နေရာကို ရမယ့် အခွင့်အရေးကို နှစ်သက်ပါလိမ့်မယ်။ ကျွန်တော်ကတော့ ရသလောက် ကာကွယ်သွားမှာပါ။ ကျွန်တော် တနင်္လာနေ့က ပိုင်ရှင်သစ်တွေနဲ့ ၁၀ မိနစ်လောက် စကားနည်းနည်းပါးပါး ပြောခဲ့တယ်။ သူတို့တွေပြောတာက ကျွန်တော် တခြားဘာမှ မကြားရသေးတဲ့အချိန်အထိ ဆက်လုပ်ပါတဲ့။ အဲဒါက ကျွန်တော် လုပ်နိုင်ခဲ့တဲ့အရာဖြစ်ပြီး ကစားသမားတွေက အရမ်းကောင်းမွန်စွာ လေ့ကျင့်ခဲ့ကြပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေပၚတူဂီလူမ်ိဳးနည္းၿပ ဟိုေဆး ေမာ္ရင္ညိဳဟာ ၿပီးခဲ့တဲ့ ေႏြရာသီကမွ ရိုးမားအသင္းကို စတင္ကိုင္တြယ္ခဲ့ေပမယ့္လည္း နယူးကာဆယ္လ္အသင္းက စတိဗ္ ဘ႐ုစ္ရဲ့ေနရာမွာ အစားထိုးခန႔္အပ္ျခင္းခံရဖြယ္ရွိတဲ့ ထိပ္တန္းနည္းျပေတြထဲမွာ တစ္ဦးအျဖစ္ ပါဝင္ေနတာျဖစ္ပါတယ္။

အန္တိုနီယို ကြန္တီ၊ ဘရန္ဒန္ ေရာ့ဂ်ားစ္၊ ဂေရဟမ္ ေပၚတာတို႔ဟာ နယူးကာဆယ္အသင္းနည္းျပသစ္ျဖစ္လာနိုင္တဲ့ နည္းျပေတြထဲမွာ ပါဝင္ေနတာျဖစ္ၿပီး ပရီးမီးယားလိဂ္ကလပ္အသင္းဟာ လက္ရွိမွာေတာ့ ကမၻာ့ေဘာလုံးေလာကမွာ ေငြေၾကးခ်မ္းသာအႂကြယ္ဝဆုံးအသင္းျဖစ္ေနတာျဖစ္ပါတယ္။

အမ်ားစုက နယူးကာဆယ္အသင္းကို ေဆာ္ဒီလုပ္ငန္းစုက ဝယ္ယူခဲ့ၿပီးေနာက္ ဘ႐ုစ္ကို ခ်က္ခ်င္း ထြက္ခြာေစလိမ့္မယ္လို႔ ယူဆခဲ့ၾကခ်ိန္မွာ အေျပာင္းအလဲေတြ ျပဳလုပ္သြားမယ္လို႔ ဝန္ခံေျပာၾကားခဲ့တဲ့ အသင္းဒါရိုက္တာ အမန္ဒါ စေတ့ဗ္ေလရဲ့ ေထာက္ခံမႈကို ရရွိခဲ့တာျဖစ္ပါတယ္။

ဟိုေဆး ေမာ္ရင္ညိဳဟာ ေနာက္ဆုံး ၆ ႏွစ္အတြင္း ခ်ဲလ္ဆီး၊ မန္ခ်က္စတာယူနိုက္တက္၊ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းတို႔ရဲ့ နည္းျပရာထူးကေန ထုတ္ပယ္ျခင္းခံခဲ့ရေပမယ့္ ၎ရဲ့ ဆုဖလားဗီဒိုထဲမွာ အဓိကလိဂ္ဖလား ၈ ခုနဲ႔ ခ်န္ပီယံလိဂ္ဖလား ၂ ခုကေတာ့ ရွိေနတာျဖစ္ပါတယ္။

အီတလီသတင္းဌာန La Repubblica က လက္ရွိမွာေတာ့ နယူးကာဆယ္အသင္းက ေခၚမယ္ဆိုရင္ ရိုးမားနဲ႔ ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနေသးတဲ့ ေမာ္ရင္ညိဳ ေရာက္လာနိုင္မလားဆိုတာကို ေဆြးေႏြးခဲ့ၿပီး ေပၚတူဂီလူမ်ိဳးနည္းျပက ရိုးမားနဲ႔ အဆင္ေျပေနသလို ဆိုခဲေစ ျမဲေစဆိုတဲ့လူမ်ိဳးလို႔ ေဖာ္ျပခဲ့ပါတယ္။

အဲဒီ ေဆြးေႏြးမႈဟာ မန္စီးတီး ေနာက္ခံကစားသမားေဟာင္း ဒန္နီ ေမးလ္စ္က talkSPORT ကို “ခင္ဗ်ား ေငြေၾကးနဲ႔ အသင္းကို တည္ေဆာက္မယ့္အေၾကာင္းနဲ႔ သုံးသေလာက္လည္း ေအာင္ျမင္ရမယ္ဆိုတဲ့အေၾကာင္း ေျပာခ်င္တာဆိုရင္ ကၽြန္ေတာ္ကေတာ့ ေမာ္ရင္ညိဳနဲ႔ ကြက္တိပဲလို႔ ေျပာရမွာပဲ။ ခင္ဗ်ား ဟိုေဆးကိုသာ ေငြပုံေပးၿပီး သူ လုပ္ခ်င္တာ လုပ္ခြင့္ေပးလိုက္။ သူက ခင္ဗ်ားကို ေအာင္ျမင္မႈဆီ အျခားလူေတြအားလုံးထက္ပိုၿပီး လ်င္လ်င္ျမန္ျမန္နဲ႔ လမ္းျပေပးနိုင္ပါလိမ့္မယ္”

“နယူးကာဆယ္က ေႏွးေႏွးေလး သြားနိုင္ၿပီး ဒီရာသီမွာ ရွင္က်န္ရစ္ေအာင္ လုပ္လို႔ရတယ္။ ေနာက္ရာသီကိုေတာ့ ထိပ္ဆုံးအဆင့္ ၁၀ အတြင္း ရာသီၿပီးဆုံးၿပီး ေနာက္ရာသီက်ရင္ေတာ့ အဆင့္ ၆ ေပါ့။ ဒါေပမယ္ သူတို႔ေတြ႕ တန္းမဆင္းရဖို႔လုပ္ေနရာကေန ထိပ္ဆုံး ၄ သင္းထဲေရာက္ေအာင္ နတ္ေရကန္ထဲပစ္ခ်သလို ျဖစ္ခ်င္တာဆိုရင္ေတာ့ ေမာ္ရင္ညိဳ လုပ္တာထက္ ပိုေကာင္းေအာင္ လုပ္နိုင္တဲ့သူ ကၽြန္ေတာ္ တစ္ေယာက္မွ မေတြ႕ဘူး”လို႔ ေျပာၾကားခဲ့အၿပီးမွာ ထြက္ေပၚလာတာျဖစ္ပါတယ္။

နယူးကာဆယ္အသင္းနည္းၿပ စတိဗ္ ဘ႐ုစ္က ၎ရဲ့ ေနာက္ဆုံးကိုင္တြယ္တဲ့ ပြဲစဥ္ျဖစ္ဖြယ္ရွိတဲ့ ပြဲစဥ္မတိုင္မီ “ကၽြန္ေတာ္ကေတာ့ တစ္စုံတရာကို ေျပာင္းလဲေအာင္ လုပ္ဖို႔ ႀကိဳးပမ္းေနပါတယ္။ ကၽြန္ေတာ္ကသာ သင့္ေတာ္တယ္။ အရမ္းေကာင္းတယ္လို႔ သူတို႔ျမင္တယ္ဆိုရင္ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးပမ္းသြားမွာပါ။ ကၽြန္ေတာ္ ေမၽွာ္လင့္ခ်က္ကို လက္လႊတ္မွာမဟုတ္ပါဘူး။ အသင္းက သြားေနတဲ့ပုံစံ၊ အနာဂတ္မွာ ျဖစ္လာမယ့္ ပုံစံေၾကာင့္ ဘယ္သူကမ်ား နယူးကာဆယ္ကို နည္းျပရမယ့္အခြင့္အေရးကို မလိုခ်င္ဘဲေနပါ့မလဲ။ ကၽြန္ေတာ္လည္း လိုခ်င္တာ ေသခ်ာတာေပါ့။ တျခားလူေတြ လိုခ်င္တာထက္ကို အဆတစ္ရာေလာက္ လိုခ်င္တာ ေသခ်ာပါတယ္”

“ဘယ္လိုနည္းျပမ်ိဳးမဆို ကၽြန္ေတာ့္ေနရာကို ရမယ့္ အခြင့္အေရးကို ႏွစ္သက္ပါလိမ့္မယ္။ ကၽြန္ေတာ္ကေတာ့ ရသေလာက္ ကာကြယ္သြားမွာပါ။ ကၽြန္ေတာ္ တနလၤာေန႔က ပိုင္ရွင္သစ္ေတြနဲ႔ ၁၀ မိနစ္ေလာက္ စကားနည္းနည္းပါးပါး ေျပာခဲ့တယ္။ သူတို႔ေတြေျပာတာက ကၽြန္ေတာ္ တျခားဘာမွ မၾကားရေသးတဲ့အခ်ိန္အထိ ဆက္လုပ္ပါတဲ့။ အဲဒါက ကၽြန္ေတာ္ လုပ္နိုင္ခဲ့တဲ့အရာျဖစ္ၿပီး ကစားသမားေတြက အရမ္းေကာင္းမြန္စြာ ေလ့က်င့္ခဲ့ၾကပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.