Premier League

မက်ဆီ ရုန်းကန်နေရတာကို ဝေဖန်ခဲ့ကြတဲ့ ယူနိုက်တက်ဖန်တွေ ဝဋ်လည်ပြီလား

မန်ချက်စတာယူနိုက်တက်နဲ့ ခရစ္စတီယာနို ရော်နယ်ဒိုတို့ဟာ စနေနေ့ညက လက်စတာစီးတီးအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်နဲ့ပတ်သက်ပြီး ဘာမှ အကောင်းမြင်စရာ မရှိခဲ့တာဖြစ်ပြီး အဲဗာတန်နဲ့ အက်စ်တန် ဗီလာတို့ကို အိမ်ကွင်းမှာ သရေသာကစားနိုင်ခဲ့ပြီးနောက် အရှက်ရဖွယ်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ မေဆန် ဂရင်းဝုဒ်ရဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပေမယ့်လည်း နောက်ဆုံးမှာတော့ ကင်းပါဝါကွင်းထဲမှာ ၄ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် မားကပ်စ် ရက်ရှ်ဖို့ဒ်က တစ်ဖက် ၂ ဂိုးစီ ညီမျှစေမယ့် ချေပဂိုး သွင်းယူပေးပြီး မျှော်လင့်ချက် ရောင်ခြည်သမ်းစေခဲ့ပေမယ့်လည်း ၅၄ စက္ကန့်အတွင်း လက်စတာစီးတီးအသင်းက ဂျေမီ ဗာဒီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်သွားခဲ့တာဖြစ်ပါတယ်။

လက်စတာစီးတီးနဲ့ကစားခဲ့တဲ့ စနေနေ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် ကစားသမားအနည်းငယ်ဟာ စိတ်ပျက်ဖွယ် ခြေစွမ်းပြသခဲ့တယ်လို့ ပြောရင် လွန်မယ် မထင်ပေမယ့် ရော်နယ်ဒိုဆီကနေ အရင်တုန်းက စွမ်းဆောင်ရည်မျိုး မရခဲ့ဘူးဆိုတာတော့ အမှန်ပဲဖြစ်ပါတယ်။

လက်စတာနဲ့ပွဲစဉ်အတွက် SofaScore က သတ်မှတ်ခဲ့တဲ့ ရမှတ်မှာ ရော်နယ်ဒိုဟာ ၆.၈ မှတ်သာ ရရှိခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆ ကြိမ် ဆုံးရှုံးခဲ့သလို ဂိုးပေါက်ကန်သွင်းမှုကလည်း ၁ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပြစ်ဒဏ်ကျူးလွန်မှု ၃ ကြိမ်၊ လူကျွံဘော ၁ ကြိမ်၊ အမြင့်ဘော ယှဉ်လုရာမှာ အနိုင်ရရှိမှု သုညကြိမ်နဲ့ မြေပြင်မှာ ဘောလုံးယှဉ်လုရာမှာ ၁ ကြိမ်သာ အနိုင်ရရှိခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ပြီးခဲ့တဲ့အပတ်က လက်ရွေးစင်အသင်းအတွက် ပြသခဲ့တဲ့ စွမ်းဆောင်ရည်နဲ့ အလှမ်းကွာနေခဲ့တာကို တွေ့ရပါတယ်။

ရော်နယ်ဒိုရဲ့ လက်စတာစီးတီးအသင်းနဲ့ပွဲစဉ်က သာမန်အောက်ကျဆင်းနေခဲ့တဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး တွစ်တာလူမှုကွန်ရက်မှာ ပြန်လည်ပြုပြင်ထားတဲ့ ဗီဒီယိုဖိုင်နဲ့အတူ လှောင်ပြောင်ခံနေရပြီး ဘောလုံးပေးပို့ရာမှာ လွဲချော်မှု၊ ဂိုးကန်သွင်းရာမှာ မတိကျမှု၊ ဘောလုံး ဆုံးရှုံးမှုစတဲ့အရာတွေအားလုံးကို စုစည်းထားတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး ရော်နယ်လ်ဒိုဟာ အဲဗာတန်အသင်းနဲ့ပွဲစဉ်တုန်းကအတိုင်း ဆိုးရွားတဲ့ရလဒ်ကြောင့် ပွဲအပြီးမှာ ဥမင်လျှောက်လမ်းထဲကို ဒေါသတကြီး ဆင်းသွားဖို့ ကြိုးပမ်းခဲ့ရာမှာ နည်းပြ ဆိုးလ်ရှားရဲ့ တားဆီးခြင်းခံခဲ့ရပြီး အဝေးကွင်းအထိ လိုက်လံအားပေးခဲ့တဲ့ ပရိသတ်တွေအတွက် လက်ခုပ်တီးပေးဖို့ ပြောကြားခြင်းခံခဲ့ရပါတယ်။

လာမယ့်ဗုဒ္ဓဟူးနေ့မှာ အတ္တလန္တာအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နောက်တဆင့် တက်ရောက်နိုင်ဖို့ မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေချိန်မှာ လက်စတာစီးတီးနဲ့ပွဲစဉ်က ရလဒ်ဆိုးဟာ စိတ်ပျက်စရာဖြစ်ခဲ့ပြီး ပီအက်စ်ဂျီအသင်းနဲ့ ရုန်းကန်နေရတဲ့ မက်ဆီကို လှောင်ပြောင်ခဲ့တဲ့ ယူနိုက်တက်ပရိသတ်တွေအတွက် ဝဋ်ဆိုတာ ဘဝမကူးဘူးဆိုတာကို လက်ခံခဲ့ရတဲ့ပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္နဲ႔ ခရစၥတီယာနို ေရာ္နယ္ဒိုတို႔ဟာ စေနေန႔ညက လက္စတာစီးတီးအသင္းနဲ႔ ကစားခဲ့တဲ့ပြဲစဥ္နဲ႔ပတ္သက္ၿပီး ဘာမွ အေကာင္းျမင္စရာ မရွိခဲ့တာျဖစ္ၿပီး အဲဗာတန္နဲ႔ အက္စ္တန္ ဗီလာတို႔ကို အိမ္ကြင္းမွာ သေရသာကစားနိုင္ခဲ့ၿပီးေနာက္ အရွက္ရဖြယ္ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ ေမဆန္ ဂရင္းဝုဒ္ရဲ့ အဖြင့္ဂိုးနဲ႔ ဦးေဆာင္နိုင္ခဲ့တာျဖစ္ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ ကင္းပါဝါကြင္းထဲမွာ ၄ ဂိုး ၂ ဂိုးနဲ႔ ရႈံးနိမ့္သြားခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းအတြက္ မားကပ္စ္ ရက္ရွ္ဖို႔ဒ္က တစ္ဖက္ ၂ ဂိုးစီ ညီမၽွေစမယ့္ ေခ်ပဂိုး သြင္းယူေပးၿပီး ေမၽွာ္လင့္ခ်က္ ေရာင္ျခည္သမ္းေစခဲ့ေပမယ့္လည္း ၅၄ စကၠန႔္အတြင္း လက္စတာစီးတီးအသင္းက ေဂ်မီ ဗာဒီရဲ့ သြင္းဂိုးနဲ႔ ဦးေဆာင္သြားခဲ့တာျဖစ္ပါတယ္။

လက္စတာစီးတီးနဲ႔ကစားခဲ့တဲ့ စေနေန႔ပြဲစဥ္မွာ မန္ခ်က္စတာယူနိုက္တက္ ကစားသမားအနည္းငယ္ဟာ စိတ္ပ်က္ဖြယ္ ေျခစြမ္းျပသခဲ့တယ္လို႔ ေျပာရင္ လြန္မယ္ မထင္ေပမယ့္ ေရာ္နယ္ဒိုဆီကေန အရင္တုန္းက စြမ္းေဆာင္ရည္မ်ိဳး မရခဲ့ဘူးဆိုတာေတာ့ အမွန္ပဲျဖစ္ပါတယ္။

လက္စတာနဲ႔ပြဲစဥ္အတြက္ SofaScore က သတ္မွတ္ခဲ့တဲ့ ရမွတ္မွာ ေရာ္နယ္ဒိုဟာ ၆.၈ မွတ္သာ ရရွိခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ ၆ ႀကိမ္ ဆုံးရႈံးခဲ့သလို ဂိုးေပါက္ကန္သြင္းမႈကလည္း ၁ ႀကိမ္သာ ျပဳလုပ္နိုင္ခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္ဒိုဟာ ျပစ္ဒဏ္က်ဴးလြန္မႈ ၃ ႀကိမ္၊ လူကၽြံေဘာ ၁ ႀကိမ္၊ အျမင့္ေဘာ ယွဥ္လုရာမွာ အနိုင္ရရွိမႈ သုညႀကိမ္နဲ႔ ေျမျပင္မွာ ေဘာလုံးယွဥ္လုရာမွာ ၁ ႀကိမ္သာ အနိုင္ရရွိခဲ့ၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့အပတ္က လက္ေရြးစင္အသင္းအတြက္ ျပသခဲ့တဲ့ စြမ္းေဆာင္ရည္နဲ႔ အလွမ္းကြာေနခဲ့တာကို ေတြ႕ရပါတယ္။

ေရာ္နယ္ဒိုရဲ့ လက္စတာစီးတီးအသင္းနဲ႔ပြဲစဥ္က သာမန္ေအာက္က်ဆင္းေနခဲ့တဲ့ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး တြစ္တာလူမႈကြန္ရက္မွာ ျပန္လည္ျပဳျပင္ထားတဲ့ ဗီဒီယိုဖိုင္နဲ႔အတူ ေလွာင္ေျပာင္ခံေနရၿပီး ေဘာလုံးေပးပို႔ရာမွာ လြဲေခ်ာ္မႈ၊ ဂိုးကန္သြင္းရာမွာ မတိက်မႈ၊ ေဘာလုံး ဆုံးရႈံးမႈစတဲ့အရာေတြအားလုံးကို စုစည္းထားတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ၾကယ္ပြင့္တိုက္စစ္မႉး ေရာ္နယ္လ္ဒိုဟာ အဲဗာတန္အသင္းနဲ႔ပြဲစဥ္တုန္းကအတိုင္း ဆိုးရြားတဲ့ရလဒ္ေၾကာင့္ ပြဲအၿပီးမွာ ဥမင္ေလၽွာက္လမ္းထဲကို ေဒါသတႀကီး ဆင္းသြားဖို႔ ႀကိဳးပမ္းခဲ့ရာမွာ နည္းၿပ ဆိုးလ္ရွားရဲ့ တားဆီးျခင္းခံခဲ့ရၿပီး အေဝးကြင္းအထိ လိုက္လံအားေပးခဲ့တဲ့ ပရိသတ္ေတြအတြက္ လက္ခုပ္တီးေပးဖို႔ ေျပာၾကားျခင္းခံခဲ့ရပါတယ္။

လာမယ့္ဗုဒၶဟူးေန႔မွာ အတၱလႏၲာအသင္းနဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္မွာ မန္ခ်က္စတာယူနိုက္တက္အသင္းအေနနဲ႔ ေနာက္တဆင့္ တက္ေရာက္နိုင္ဖို႔ မျဖစ္မေန အနိုင္ကစားဖို႔ လိုအပ္ေနခ်ိန္မွာ လက္စတာစီးတီးနဲ႔ပြဲစဥ္က ရလဒ္ဆိုးဟာ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး ပီအက္စ္ဂ်ီအသင္းနဲ႔ ႐ုန္းကန္ေနရတဲ့ မက္ဆီကို ေလွာင္ေျပာင္ခဲ့တဲ့ ယူနိုက္တက္ပရိသတ္ေတြအတြက္ ဝဋ္ဆိုတာ ဘဝမကူးဘူးဆိုတာကို လက္ခံခဲ့ရတဲ့ပြဲစဥ္လည္း ျဖစ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.