Premier League

ဘရန့်ဖို့ဒ်နဲ့ မကန်ခင် ပွဲဆူနေတဲ့ ပရိသတ်တွေရဲ့လုပ်ရပ်ကို အားပေးရခက်၊ ရှုတ်ချရခက်ဖြစ်နေတဲ့ တူဟယ်

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က အရင်တုန်းက အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ပေမယ့်လည်း ဒိုင်လူကြီးအနေနဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာတော့ စွမ်းဆောင်ရည်ကောင်း ပြသနိုင်လိမ့်မယ်လို့ ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့ပါတယ်။

သောမတ်စ် တူဟယ်က ဒိုင်လူကြီး အန်သိုနီ တေလာကို ပစ်မှတ်ထားပြီး ချဲလ်ဆီးပရိသတ်တွေ မကြာသေးမီက ပြုလုပ်နေတဲ့ မဲဆန္ဒခံယူမှုကို တုံ့ပြန်ခဲ့တာဖြစ်ပြီး ၎င်းအနေနဲ့ တေလာရဲ့ ပွဲကြီးကြပ်နိုင်စွမ်းနဲ့ပတ်သက်ပြီး သံသယမရှိဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းပရိသတ် ၈၀၀၀၀ ကျော်ဟာ အသင်းရဲ့ပွဲစဉ်တွေမှာ အငြင်းပွားဖွယ်ဆုံးဖြတ်ချက် အများအပြား ချမှတ်ခဲ့ဖူးတဲ့ ဒိုင်လူကြီး တေလာကို ဘရန့်ဖို့ဒ်နဲ့ပွဲမှာ မကိုင်တွယ်စေဖို့ မဲဆန္ဒ ကောက်ခံခဲ့ကြတာဖြစ်ပြီး တေလာဟာ ပြီးခဲ့တဲ့သြဂုတ်လတုန်းက လီဗာပူးလ်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ရီးစ် ဂျိမ်းစ်ကို အနီကတ်ပြ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

မဲဆန္ဒကောက်ယူမှုကို ဖော်ပြထားတဲ့ အင်စတာဂရမ် ပို့စ်ကို ချဲလ်ဆီးနောက်ခံကစားသမား မားကို့စ် အလွန်ဆိုက နှစ်သက်ကြောင်း ပြသထားပေမယ့် တူဟယ်က ယနေ့ ဘရန့်ဖို့ဒ်နဲ့ ကစားရမယ့် အသင်းရဲ့ပွဲစဉ်ကို တာဝန်ယူဖို့ ပြင်ဆင်နေတဲ့ တေလာအနေနဲ့ ဆက်လက်လုပ်ဆောင်သွားနိုင်မယ်လို့ ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒီလူက ချဲလ်ဆီးအသင်းနဲ့ ဆန့်ကျင်တဲ့ ခိုင်မာတဲ့ အစီအစဉ်တွေရှိတယ်ဆိုတာ အဲဒါက သက်သေပဲ”လို့ မဲဆန္ဒကောက်ယူခြင်းရဲ့ ဖော်ပြချက်မှာ ရေးသားထားပါတယ်။ “ဥပမာအားဖြင့် သူက ကစားသမားတစ်ယောက်ကို အကြောင်းပြချက်မရှိဘဲ ထုတ်ပစ်လိုက်ပြီး ကျွန်တော်တို့ရဲ့ ရလဒ်ကို ခြိမ်းခြောက်ခဲ့တယ်”

“ဒီကိစ္စဟာ စုံစမ်းစစ်ဆေးမှုခံရသင့်တယ်လို့ ကျွန်တော်တို့ အခိုင်အမာယုံကြည်ပြီး အန်သိုနီအနေနဲ့ ချဲလ်ဆီးပွဲစဉ်တွေ ကိုင်တွယ်တာကို ပိတ်ပင်ခံရသင့်ပါတယ်”လို့ ရေးသားထားတာဖြစ်ပါတယ်။ ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်က အဲဒီ ဆန္ဒမဲကောက်ယူမှုနဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ “အဲဒါက အကူအညီဖြစ်မှာမို့လို့လား။ ကျွန်တော် ဒိုင်လူကြီးတွေကို ယုံကြည်မှုရှိပြီး အန်သိုနီ တေလာက မနက်ဖြန် အကောင်းဆုံးစွမ်းဆောင်ရည်ပြသဖို့ ကြိုးပမ်းသွားမယ်လို့ ကျွန်တော် ယုံကြည်မှုရှိပါတယ်။ ကျွန်တော်တို့ အသင်းထဲမှာ ဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်မှာ တစ်စုံတရာရှိနေတယ်ဆိုတဲ့ အတွေးမျိုးတွေ မရှိစေချင်ဘူး”

“ကျွန်တော်တို့ဘာသာ အဲဒီလို အစွဲကနေ လွတ်မြောက်အောင် လုပ်ရမှာဖြစ်ပြီး ဒီပွဲကို အနိုင်ရနိုင်ဖို့ လုပ်ဖို့ လိုအပ်တာကို လုပ်ရမှာပါ။ ကျွန်တော်တို့ ထိပ်တန်း ဒိုင်လူကြီးလိုလားဆိုရင် လိုပါတယ်။ ကျွန်တော်တို့ VAR ဆီကနေ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် ဒါမှမဟုတ် ဆုံးဖြတ်ချက်ပေးစရာမလိုတာမျိုး လိုအပ်လားဆိုရင် လိုအပ်ပါတယ်”

“ကျွန်တော်တို့ ကံကောင်းဖို့လိုလားဆိုရင်လည်း လိုအပ်ပါတယ်။ ကျွန်တော်တို့ အန်သိုနီ တေလာနဲ့အတူ အရာအားလုံးကို ပြောင်းပြန်ဖြစ်သွားအောင် လုပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်”။ အန်သိုနီ တေလာကို ချဲလ်ဆီးအသင်းရဲ့ပွဲစဉ်တွေကို မကိုင်တွယ်ဖို့ မဲဆန္ဒ ကောက်ယူရာမှာ မဲပေးခဲ့လားလို့ မေးမြန်းခဲ့ရာမှာ တူဟယ်က ရယ်မောပြီး “ကျွန်တော် မဲမပေးခဲ့ပါဘူးဗျာ။ မပေးပါဘူး”လို့ ပြောကြားသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းနည္းၿပ ေသာမတ္စ္ တူဟယ္က အရင္တုန္းက အျငင္းပြားဖြယ္ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ခဲ့ေပမယ့္လည္း ဒိုင္လူႀကီးအေနနဲ႔ ဘရန႔္ဖို႔ဒ္နဲ႔ပြဲစဥ္မွာေတာ့ စြမ္းေဆာင္ရည္ေကာင္း ျပသနိုင္လိမ့္မယ္လို႔ ယုံၾကည္မႈရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ေသာမတ္စ္ တူဟယ္က ဒိုင္လူႀကီး အန္သိုနီ ေတလာကို ပစ္မွတ္ထားၿပီး ခ်ဲလ္ဆီးပရိသတ္ေတြ မၾကာေသးမီက ျပဳလုပ္ေနတဲ့ မဲဆႏၵခံယူမႈကို တုံ႔ျပန္ခဲ့တာျဖစ္ၿပီး ၎အေနနဲ႔ ေတလာရဲ့ ပြဲႀကီးၾကပ္နိုင္စြမ္းနဲ႔ပတ္သက္ၿပီး သံသယမရွိဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းပရိသတ္ ၈၀၀၀၀ ေက်ာ္ဟာ အသင္းရဲ့ပြဲစဥ္ေတြမွာ အျငင္းပြားဖြယ္ဆုံးျဖတ္ခ်က္ အမ်ားအျပား ခ်မွတ္ခဲ့ဖူးတဲ့ ဒိုင္လူႀကီး ေတလာကို ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ မကိုင္တြယ္ေစဖို႔ မဲဆႏၵ ေကာက္ခံခဲ့ၾကတာျဖစ္ၿပီး ေတလာဟာ ၿပီးခဲ့တဲ့ၾသဂုတ္လတုန္းက လီဗာပူးလ္နဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာ ရီးစ္ ဂ်ိမ္းစ္ကို အနီကတ္ၿပ ထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။

မဲဆႏၵေကာက္ယူမႈကို ေဖာ္ျပထားတဲ့ အင္စတာဂရမ္ ပို႔စ္ကို ခ်ဲလ္ဆီးေနာက္ခံကစားသမား မားကို႔စ္ အလြန္ဆိုက ႏွစ္သက္ေၾကာင္း ျပသထားေပမယ့္ တူဟယ္က ယေန႔ ဘရန႔္ဖို႔ဒ္နဲ႔ ကစားရမယ့္ အသင္းရဲ့ပြဲစဥ္ကို တာဝန္ယူဖို႔ ျပင္ဆင္ေနတဲ့ ေတလာအေနနဲ႔ ဆက္လက္လုပ္ေဆာင္သြားနိုင္မယ္လို႔ ယုံၾကည္မႈရွိေၾကာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ဒီလူက ခ်ဲလ္ဆီးအသင္းနဲ႔ ဆန႔္က်င္တဲ့ ခိုင္မာတဲ့ အစီအစဥ္ေတြရွိတယ္ဆိုတာ အဲဒါက သက္ေသပဲ”လို႔ မဲဆႏၵေကာက္ယူျခင္းရဲ့ ေဖာ္ျပခ်က္မွာ ေရးသားထားပါတယ္။ “ဥပမာအားျဖင့္ သူက ကစားသမားတစ္ေယာက္ကို အေၾကာင္းျပခ်က္မရွိဘဲ ထုတ္ပစ္လိုက္ၿပီး ကၽြန္ေတာ္တို႔ရဲ့ ရလဒ္ကို ၿခိမ္းေျခာက္ခဲ့တယ္”

“ဒီကိစၥဟာ စုံစမ္းစစ္ေဆးမႈခံရသင့္တယ္လို႔ ကၽြန္ေတာ္တို႔ အခိုင္အမာယုံၾကည္ၿပီး အန္သိုနီအေနနဲ႔ ခ်ဲလ္ဆီးပြဲစဥ္ေတြ ကိုင္တြယ္တာကို ပိတ္ပင္ခံရသင့္ပါတယ္”လို႔ ေရးသားထားတာျဖစ္ပါတယ္။ ခ်ဲလ္ဆီးနည္းၿပ ေသာမတ္စ္ တူဟယ္က အဲဒီ ဆႏၵမဲေကာက္ယူမႈနဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ “အဲဒါက အကူအညီျဖစ္မွာမို႔လို႔လား။ ကၽြန္ေတာ္ ဒိုင္လူႀကီးေတြကို ယုံၾကည္မႈရွိၿပီး အန္သိုနီ ေတလာက မနက္ျဖန္ အေကာင္းဆုံးစြမ္းေဆာင္ရည္ျပသဖို႔ ႀကိဳးပမ္းသြားမယ္လို႔ ကၽြန္ေတာ္ ယုံၾကည္မႈရွိပါတယ္။ ကၽြန္ေတာ္တို႔ အသင္းထဲမွာ ဆုံးျဖတ္ခ်က္ရဲ့ ေနာက္ကြယ္မွာ တစ္စုံတရာရွိေနတယ္ဆိုတဲ့ အေတြးမ်ိဳးေတြ မရွိေစခ်င္ဘူး”

“ကၽြန္ေတာ္တို႔ဘာသာ အဲဒီလို အစြဲကေန လြတ္ေျမာက္ေအာင္ လုပ္ရမွာျဖစ္ၿပီး ဒီပြဲကို အနိုင္ရနိုင္ဖို႔ လုပ္ဖို႔ လိုအပ္တာကို လုပ္ရမွာပါ။ ကၽြန္ေတာ္တို႔ ထိပ္တန္း ဒိုင္လူႀကီးလိုလားဆိုရင္ လိုပါတယ္။ ကၽြန္ေတာ္တို႔ VAR ဆီကေန ေကာင္းမြန္တဲ့ ဆုံးျဖတ္ခ်က္ ဒါမွမဟုတ္ ဆုံးျဖတ္ခ်က္ေပးစရာမလိုတာမ်ိဳး လိုအပ္လားဆိုရင္ လိုအပ္ပါတယ္”

“ကၽြန္ေတာ္တို႔ ကံေကာင္းဖို႔လိုလားဆိုရင္လည္း လိုအပ္ပါတယ္။ ကၽြန္ေတာ္တို႔ အန္သိုနီ ေတလာနဲ႔အတူ အရာအားလုံးကို ေျပာင္းျပန္ျဖစ္သြားေအာင္ လုပ္နိုင္မယ္လို႔ ေမၽွာ္လင့္မိပါတယ္”။ အန္သိုနီ ေတလာကို ခ်ဲလ္ဆီးအသင္းရဲ့ပြဲစဥ္ေတြကို မကိုင္တြယ္ဖို႔ မဲဆႏၵ ေကာက္ယူရာမွာ မဲေပးခဲ့လားလို႔ ေမးျမန္းခဲ့ရာမွာ တူဟယ္က ရယ္ေမာၿပီး “ကၽြန္ေတာ္ မဲမေပးခဲ့ပါဘူးဗ်ာ။ မေပးပါဘူး”လို႔ ေျပာၾကားသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.