Premier League

ရော်နယ်လ်ဒိုရဲ့ချစ်ခြင်း စပရိုက်စ်ကြောင့် အပျော်ကြီးပျော်နေတဲ့ ဂျော်ဂျီနာ

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သူ့ရဲ့ကြင်ယာဖက်ဖြစ်တဲ့ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်အတွက် အံ့အားသင့်စရာ စပရိုက်စ်တိုက်သွားခဲ့ပြီး ဒါဟာ သူတို့စုံတွဲကို စံနမူနာအဖြစ် သတ်မှတ်ထားတဲ့ CR7 ရဲ့ ပရိသတ်အမျိုးသမီးတွေအတွက်လည်း အခုလုပ်ရပ်က အားကျစရာဖြစ်လာခဲ့ပါတယ်။

CR7 ရဲ့ အသက် ၂၇ နှစ်အရွယ် မော်ဒယ်ဖြစ်သူ ဂျော်ဂျီနာအတွက် ပေါင် တသိန်းငါးထောင်တန် Louis Vuitton Malle Vendome ဒီဇိုင်နာထုတ် လက်ဝတ်ရတနာဗီရိုတလုံးကို လက်ဆောင်ပေးခဲ့တာဖြစ်ပြီး ဒါဟာ ဇနီးဖြစ်သူရဲ့ အဖိုးတန်လက်ဝတ်လက်စားတွေကို သိမ်းဆည်းဖို့အတွက်ဖြစ်ပါတယ်။

အဆိုပါဗီရိုဟာ ၄ ပေ ၆ လက်မ အမြင့်ရှိပြီး အံဆွဲ ၈ ထပ်ပါဝင်သလို လှပကျော့ရှင်းတဲ့ ကလေး မော်ဒယ်လေးအတွက် ပေါ်တူဂီသားကြီးရဲ့ အချစ်ကိုလည်း ဖော်ပြရာရောက်ခဲ့သလို သူရဲ့ တန်ဖိုးကြီး ရတနာအဆင်တန်ဆာ၊ လက်စွပ်နဲ့ ဆွဲကြိုးတွေကို အထိအခိုက်မရှိ ထည့်သွင်းသိမ်းထားနိုင်တော့မှာပါ။

ဂျော်ဂျီနာရဲ့ ရတနာပိုင်ဆိုင်မှုကိုကြည့်မယ်ဆိုရင်တော့ ပေါင် ၂.၆ သန်းအထိ တန်ကြေးရှိတယ်လို့ သိရပြီး ကလေးတဦးမိခင်ဖြစ်ပြီး CR7 ရဲ့ အခြားသော ကလေး ၃ဦးကိုလည်း မိခင်စိတ်အပြည့်နဲ့ ကျွေးမွေးပြုစုပျိုးထောင်ပေးနေတဲ့ သူ့အတွက်တော့ ထိုက်တန်တဲ့လက်ဆောင်တခုလည်း ဖြစ်ခဲ့တာက ကြည်နူးစရာအတိပါ။

ဂျော်ဂျီနာအနေနဲ့ Netflix က မကြာမီရိုက်ကူးထုတ်လွှင့်တော့မယ့် သူ့ဘဝအကြောင်းမှတ်တမ်းရုပ်ရှင်ထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဒီရုပ်ရှင်မှာတော့ အောက်ခြေဝန်ထမ်းဘဝကနေ ရုန်းကန်ကြိုးစားလာခဲ့ရပြီး ဒီနေ့မှာ အောင်မြင်ချမ်းသာတဲ့မိခင်အနေနဲ့ ရပ်တည်နိုင်ခဲ့တဲ့ လျှို့ဝှက်ချက်တွေနဲ့ CR7 နဲ့ ဘယ်တော့တရားဝင်လက်ထပ်ဖြစ်မလဲဆိုတဲ့ မေးခွန်းတွေကိုလည်း စိတ်လှုပ်ရှားဖွယ်ရာ ခံစားကြရဦးမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ သူ႔ရဲ႕ၾကင္ယာဖက္ျဖစ္တဲ့ ေဂ်ာ္ဂ်ီနာ ႐ိုဒရီဂြက္ဇ္အတြက္ အံ့အားသင့္စရာ စပ႐ိုက္စ္တိုက္သြားခဲ့ၿပီး ဒါဟာ သူတို႔စုံတြဲကို စံနမူနာအျဖစ္ သတ္မွတ္ထားတဲ့ CR7 ရဲ႕ ပရိသတ္အမ်ိဳးသမီးေတြအတြက္လည္း အခုလုပ္ရပ္က အားက်စရာျဖစ္လာခဲ့ပါတယ္။

CR7 ရဲ႕ အသက္ ၂၇ ႏွစ္အ႐ြယ္ ေမာ္ဒယ္ျဖစ္သူ ေဂ်ာ္ဂ်ီနာအတြက္ ေပါင္ တသိန္းငါးေထာင္တန္ Louis Vuitton Malle Vendome ဒီဇိုင္နာထုတ္ လက္ဝတ္ရတနာဗီ႐ိုတလုံးကို လက္ေဆာင္ေပးခဲ့တာျဖစ္ၿပီး ဒါဟာ ဇနီးျဖစ္သူရဲ႕ အဖိုးတန္လက္ဝတ္လက္စားေတြကို သိမ္းဆည္းဖို႔အတြက္ျဖစ္ပါတယ္။

အဆိုပါဗီ႐ိုဟာ ၄ ေပ ၆ လက္မ အျမင့္ရွိၿပီး အံဆြဲ ၈ ထပ္ပါဝင္သလို လွပေက်ာ့ရွင္းတဲ့ ကေလး ေမာ္ဒယ္ေလးအတြက္ ေပၚတူဂီသားႀကီးရဲ႕ အခ်စ္ကိုလည္း ေဖာ္ျပရာေရာက္ခဲ့သလို သူရဲ႕ တန္ဖိုးႀကီး ရတနာအဆင္တန္ဆာ၊ လက္စြပ္နဲ႔ ဆြဲႀကိဳးေတြကို အထိအခိုက္မရွိ ထည့္သြင္းသိမ္းထားႏိုင္ေတာ့မွာပါ။

ေဂ်ာ္ဂ်ီနာရဲ႕ ရတနာပိုင္ဆိုင္မႈကိုၾကည့္မယ္ဆိုရင္ေတာ့ ေပါင္ ၂.၆ သန္းအထိ တန္ေၾကးရွိတယ္လို႔ သိရၿပီး ကေလးတဦးမိခင္ျဖစ္ၿပီး CR7 ရဲ႕ အျခားေသာ ကေလး ၃ဦးကိုလည္း မိခင္စိတ္အျပည့္နဲ႔ ေကြၽးေမြးျပဳစုပ်ိဳးေထာင္ေပးေနတဲ့ သူ႔အတြက္ေတာ့ ထိုက္တန္တဲ့လက္ေဆာင္တခုလည္း ျဖစ္ခဲ့တာက ၾကည္ႏူးစရာအတိပါ။

ေဂ်ာ္ဂ်ီနာအေနနဲ႔ Netflix က မၾကာမီ႐ိုက္ကူးထုတ္လႊင့္ေတာ့မယ့္ သူ႔ဘဝအေၾကာင္းမွတ္တမ္း႐ုပ္ရွင္ထဲမွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားတာျဖစ္ၿပီး ဒီ႐ုပ္ရွင္မွာေတာ့ ေအာက္ေျခဝန္ထမ္းဘဝကေန ႐ုန္းကန္ႀကိဳးစားလာခဲ့ရၿပီး ဒီေန႔မွာ ေအာင္ျမင္ခ်မ္းသာတဲ့မိခင္အေနနဲ႔ ရပ္တည္ႏိုင္ခဲ့တဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြနဲ႔ CR7 နဲ႔ ဘယ္ေတာ့တရားဝင္လက္ထပ္ျဖစ္မလဲဆိုတဲ့ ေမးခြန္းေတြကိုလည္း စိတ္လႈပ္ရွားဖြယ္ရာ ခံစားၾကရဦးမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.